Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Laura Ramsey
5.9
The Ruins (2008)
၂၀၀၈ ခုနှစ်ကထွက်ရှိထားတဲ့ Thriller ရုပ်ရှင်ကားတစ်ကားပါ။ အမေရိကန် Thriller တွေရဲ့ Logic အတိုင်းပဲ မသွားသင့်တဲ့နေရာကိုသွားမိလို့၊ မစပ်စုသင့်တဲ့အရာတွေကိုစပ်စုမိလို့ ဒုက္ခနဲ့ လှလှတွေ့ကြတဲ့ အမေရိကန် ခရီးသွား သူငယ်ချင်း အုပ်စုတစ်ခုအကြောင်းကို ရိုက်ကူးပြသထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက ပျောက်ဆုံးပျောက်ကွယ်သွားတဲ့ မာယာလူမျိုးတွေရဲ့ ကျောင်းဆောင်ဟောင်းကြီးတွေကို ကျောထောက်နောက်ခံထားပြီးရိုက်ကူးထားတာဖြစ်လို့ ရှေးဟောင်း မာမီဆန်ဆန် ရုပ်ရှင်မျိုးကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ရတာ အပျင်းပြေမှာစေမှာပါ။အေမီတို့ သူငယ်ချင်းအုပ်စုဟာ မက္ကဆီကိုကို အပန်းဖြေလာရင်း မက်သီးယပ်စ်ဆိုတဲ့ ဂျာမနီလူမျိုးတစ်ယောက်နဲ့တွေ့ဆုံခဲ့ကြပါတယ်။ မက်သီးယပ်စ်က သူ့ရဲ့အစ်ကိုဖြစ်သူကိုရှာဖို့ မာယာလူမျိုးတွေရဲ့ ရှေးဟောင်းကျောင်းဆောင်ကိုသွားရှာဖို့ပြောရင်း တောကြီးမျက်မဲထဲက ကျောင်းဆောင်ပျက်ကြီးဆီကိုသွားဖို့အကြောင်းဖန်လာပါတော့တယ်။ ရိုးရာမပျက် မသွားသင့်တဲ့ နေရာဆို သွားရမှကျေနပ်တဲ့ လူငယ်တစ်အုပ်စု ဘယ်လိုမျိုးဒုက္ခတွေ၊ ကြောက်မက်ဖွယ်ရာကိစ္စတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမလဲ? ကျောင်းဆောင်ထဲမှာ ဘယ်လိုအရာတွေက သူ့တို့ကို စောင့်ကြိုနေမလဲ? ဒီလိုဒုက္ခတွေကနေ ဘယ်လိုကြံစည်လွတ်မြောက်လာကြမလဲဆိုတာတော့ ဆက်လက်ရှုစားကြပါဦးခင်ဗျာသွေးထွက်သံယိုမြင်ကွင်းတွေပါတဲ့အတွက် ကြောက်တတ်သူများနဲ့ ရောဂါအခံရှိသူများ မကြည့်ကြဖို့ သတိပေးပန်ကြားအပ်ပါတယ်ခင်ဗျာ File ...
movie
The Ruins (2008)
5.0
Venom (2005)
သည်းထိပ်ရင်ဖို horrorကား၊ သေပြေးရှင်ပြေး ပြေးရတဲ့ကားတွေကိုမှကြိုက်နှစ်သက်ရင် ဒီကားလေးကလည်း တစ်မျိုးတစ်မည်တော့ ခံစားရမှာပါ....။ဇာတ်လမ်းလေးကတော့ ဗူဒူးစုန်းအတတ် ဓလေ့တစ်ခုကို အမှီပြုပြီးဇာတ်အိမ်တည်ထားတာပါ...။ဗူဒူးစုန်းပညာမှာ လူသတ်သမားတွေ၊ဆိုးယုတ်သူတွေရဲ့ ဝိညာဥ်တွေ၊ နတ်ဆိုးတွေရဲ့ဝိညာဥ်တွေကို အပင်းထုတ်သလိုထုတ်ပြီး သူတစ်ပါးကို ဒုက္ခမပေးနိုင်အောင်သေချာစီမံသိမ်းဆည်းထားတတ်တဲ့ ဓလေ့တစ်ခုလည်းရှိတယ်....။ဥပမာ- ပုလင်းတစ်လုံးထဲဖြစ်ဖြစ်၊ အိုးတစ်ခုတည်းဖြစ်ဖြစ် ထည့်သိမ်းပြီးတစ်နေရာရာမှာမြှုပ်နှံထားတတ်ကြတယ်ပေါ့...။အကယ်၍များအဲ့ဒီနတ်ဆိုးဝိညာဥ်တွေ လွတ်ထွက်သွားရင်တော့တစ်ယောက်ယောက်ကို ပူးကပ်ပြီး ကောင်းကောင်းကြီးဒုက္ခပေးတော့တာပါပဲ....။အခုဇာတ်လမ်းလေးကလည်း ဒီလိုအကြောင်းအရာလေးကိုမှ ရိုက်ကွင်းရိုက်ကွက်ကောင်းကောင်းနဲ့ ရိုက်ကူးထားတာမို့ ကြည့်ရှုလို့ကောင်းမယ့် သည်းထိပ်ရင်ဖိုကားလေးတစ်ကားပဲဖြစ်ပါတယ်.... File size…1.51GB / 802MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 27m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Venom (2005)
5.3
Are You Here (2013)
ဒီဇာတ်လမ်းမှာတော့ Owen Wilson နဲ့ ZachGalifianakis တို့က သူတို့နဲ့ အလိုက်ဖက်ဆုံးဇာတ်ကောင်တွေကို အသီးသီး သရုပ်ဆောင်ထားကြတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်.Owen Wilson ကလည်း သူအပိုင်နိုင်ဆုံး Womanizerဇာတ်ကောင်အဖြစ်နဲ့ Steve Dallas အဖြစ်ပါဝင်ထားသလို Zach Galifianakis ကလည်းအူကြောင်ကြောင်ကျပ်မပြည့် လူနားမလည်တဲ့စကားတွေထထပြောတဲ့ Weirdo ပုံစံမျိုးကို ကြိုးစားစရာမလိုဘဲပြောင်မြောက်ပီပြင်နေခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဘန်ဘိတ်ကာ ရဲ့အဖေ သေဆုံးသွားရာကနေ စပြီး. စတိဗ်အနေနဲ့သူငယ်ချင်းဖြစ်သူကို မိဘအိမ်ရှိရာ ကျေးလက်ကိုလိုက်ပို့ပေးတာကနေ စခဲ့ပါတော့တယ်.အသုဘကို လာရင်းနဲ့ပဲ. အဖေ့ရဲ့ နောက်အိမ်ထောင်မိထွေး၊ အစ်မဖြစ်သူ တယ်ရီ တို့နဲ့အတူသေတမ်းစာကို ဖတ်ကြားရမယ့်အချိန်ကို ရောက်လာပြီးမထင်မှတ်ထားဘဲ ဧကများစွာကျယ်တဲ့လယ်ယာမြေအပြင် မြို့ပေါ်က ကုန်စုံဆိုင်ကိုပါအမွေရခဲ့ချိန်မှာတော့..ဘန်အနေနဲ့. သူ့ဘဝရဲ့ ရည်ရွယ်ချက်အသစ်ကိုရှာဖွေချိန်တန်ပြီဟု ယူဆပြီး လယ်ယာမြေနဲ့ စတိုးဆိုင်ကိုပြောင်းလဲဖို့ ကြိုးစားချိန်မှာတော့ သူ့ရဲ့လုပ်ရည်ကိုင်ရည်အပေါ်မူတည်ပြီး အိမ်ခြံမြေပိုင်ဆိုင်ခွင့်အတွက်အစ်မဖြစ်သူ နဲ့ တိုက်ပွဲဝင်ရပုံများ၊ လူအများလိုက်မမီနိုင်တဲ့ အကြံဉာဏ်တွေကို လူအများ နားလည်အောင်စည်းရုံးရပုံများ၊ စတိဗ် ...
movie
Are You Here (2013)
6.5
A Rose for Her Grave: The Randy Roth Story(2023)
A Rose for Her Grave: The Randy Roth Story(2023)*********************************************“လူယုံသတ်လို့သေ”၊ “ကျွန်ယုံတစ်ဖက်ကန်း သားသမီးယုံ စုံလုံကန်း”၊ “နောက်ကျောကို ဓါးနဲ့ထိုး” ဒီစကားတွေဟာ လူတစ်ယောက်အပေါ် ယုံကြည်မှုထားတာ လွဲမှားပုံ၊ကိုယ်ယုံတဲ့သူက ကိုယ့်ကိုပြန်ဒုက္ခပေးပုံတွေကို ပြဆိုနေတာပါ။ဒီနေ့ခေတ်တိုးတက်နေတဲ့ခေတ်ကြီးမှာ လည်း ကိုယ့်ကို ယုံကြည်အောင်ချဉ်းကပ်ပြီးမှ၊ကိုယ်နဲ့အတူတူအကြာကြီးနေပြီးမှကိုယ့်ကို ပြန်အသုံးချရုံမက သူ့အကျိုးအတွက်ကိုယ့်ကို ဒုက္ခပေးသွားတဲ့လူစားတွေ ဒုနဲ့ဒေးဖြစ်ပါ တယ်။ အထူးသဖြင့် အယုံလွယ်တတ်တဲ့ မိန်းကလေးတွေအတွက်အပေါ်ယံနဲ့ ယုံကြည်ဖို့ မလွယ်ပါဘူး။ ဇာတ်လမ်းအကြောင်း ပြောရရင်တော့ စင်ဒီ (ခေါ်) စင်သီယာဟာ သူ့ရဲ့ အမျိုးသား ဆုံးသွားတဲ့အတွက်ချမ်းသာတဲ့မုဆိုးမလေးအဖြစ် သားတစ်ယောက်နဲ့ ကျန်ခဲ့ပါတယ်။သူ ငယ်ချင်းဖြစ်သူ လော်ရီ ရောက်လာပြီး အတူလာနေပေးပါတယ်။အစပိုင်းမှာ ပျော်ပျော် ရွှင်ရွှင်ဖြစ်နေပေမယ့် အမျိုးသားတစ်ယောက် သူတို့သုံးဦးသားဘဝထဲကို ဝင်ရောက်လာ ချိန်မှာတော့ မထင်မှတ်ထားတဲ့ကိစ္စတွေဖြစ်ပေါ်လာပါတယ်။ဘယ်သူက ယုံကြည်ရမလဲ၊ ဘယ်သူက မယုံကြည်ရတာလဲဆိုတာ ကွဲကွဲပြားပြားသိလာရပါတော့တယ်။ဘယ်သူ့ကိုမှ အလွယ်တကူ ယုံကြည်မှုမရှိသင့်တာကို ပြသထားတဲ့ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။File Size ...
movie
A Rose for Her Grave: The Randy Roth Story(2023)
7.1
Lords of Dogtown(2005)
Lords of Dogtown(2005)**********************Heath Ledger ရဲ့ အလန်းကားများစွာထဲက တစ်ကားဖြစ်ပါတယ်..အားကစားတွေထဲက စကိတ်စီးတာကလည်းတစ်ခေတ်ထခဲ့သလို ခုထိလည်းရိုးမသွားသေးပါဘူး၊ ဒီဇာတ်ကားကတော့ စကိတ်ကိုရူးရူးမူးမူးစွဲလမ်းခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက်အကြောင်းဖြစ်ရပ်မှန်လေးပါပဲ။ ဇာတ်လမ်းလေးကတော့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ လူငယ်ခြေတက် ဆယ်ကျော်သက်ကောင်လေးတစ်စု ရေလွှာစီးလိုက် စကိတ်စီးလိုက်ပျော်ပျော်နေကြတယ်ပေါ့လေ။ တိုနီ၊ဂျေး နဲ့ စတေဆီတို့ပါပဲ။ စကိတ်စီးတာကလည်းခေတ်ထလာတော့ စီးပွားရေးသမားတွေက ကောင်လေးတွေကိုသုံးပြီးငွေရှာဖို့ကြံ၊ ကောင်လေးတွေကလည်း စကိတ်စီးနေရရင်ပြီးရောဆိုတဲ့ ငယ်ဘဝကနေ ငွေရေးကြေးရေ၊ အချစ်ရေးတွေပါ စိတ်နှစ်ရမယ့်အရွယ်ရောက်လာခဲ့တဲ့အခါမှာတော့..... လူငယ်သဘာဝပျော်ပျော်နေတာတွေ၊ စကိတ်စီးတာတောင် သူများခြံထဲဘယ်လိုခိုးဝင်စီးခဲ့တာတွေ၊ သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲတာတွေ၊မိသားစုလိုသံယောဇဉ်တွေကိုပါမြင်တွေ့ရမယ့် ဖြစ်ရပ်မှန်ကားကောင်းလေးပါပဲFile Size :(1.8 GB)(931 MB) and (230 MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:48:00 Genre : Biography , Drama , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Lords of Dogtown(2005)
6.3
She’s the Man (2006)
ဒီဇာတ်ကားကိုမကြည့်ရသေးရင် ကြည့်ဖို့တိုက်တွန်းပါတယ်...ကျွန်တော်ကြည့်ဖူးသမျှ Teen Comedy ဇာတ်ကားတွေထဲမှာတော့ အတော်လေးအကြိုက်ပိုမိတဲ့ဇာတ်ကားပါ..ဆယ်ကျော်သက်တွေရဲ့ ခံယူချက် ယုံကြည်ချက်တွေကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ပုံဖော်ထားနိုင်ပြီး ဟာသလေးတွေဖန်တီးထားတာလဲ ထိမိပါတယ်...လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး သရုပ်ဆောင်ထားကြလို့ ကိုယ်တိုင်အူမြူးစွာ ကြည့်ရှုခံစားရမှာပါ..။ File size…(2.3 GB) and (1.2 GB) Quality….HDTV Rip 1080p and 720p Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thet Naing(MAI)
movie
She’s the Man (2006)
1080p Untouched
7.1
Kill the Irishman (2011)
movie
Kill the Irishman (2011)
2011
5.3
The Covenant (2006)
ဒီဇာတ်ကားလေးကတော့ witch ကားလေးပါ အစ်ဝစ်ခ်ျမြို့မှာ ပေါ်ပြူလာဖြစ်တဲ့ ကောင်လေး ၄ ယောက်ရှိပါတယ် အချစ်ဆုံးသူငယ်ချင်းလေးယောက်ကို အစ်ဝစ်ခ်ျရဲ့သားတွေလို့သိကြပါတယ် သူတို့လေးယောက်ဟာ ၁၇ ရာစုက witch တွေကနေ ဆင်းသက်လာတဲ့ မှော်ပညာပိုင်ဆိုင်ထားတဲ့ ဆယ်ကျော်သက်ကောင်လေးတွေပါ သူတို့ ၁၈ နှစ်ပြည့်တဲ့အချိန်မှာ သူတို့စွမ်းအားတွေကို အဆင့်မြှင့်တင်ပေးခြင်းခံရပါတယ် သိပ်မကြာခင်သူတို့ကျောင်းကို ပဉ္စမမြောက်မိသားစုက ကောင်လေးတစ်ယောက်ပေါ်လာပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ကြည့်ရှုကြပါဦးနော် Magic တို့ သဘာဝလွန်တို့ ကြိုက်တတ်တဲ့ ပရိသတ်တွေကိုဆွဲဆောင်နိုင်မယ့် ဇာတ်ဝင်ခန်းလေးတွေလည်းပါလို့ အားပေးကြပါဦးလို့ (ဘာသာပြန်သူကတော့ ကိုကျော်ကျော်ပါ) File Size : (600 MB) and (320 MB) Quality : Bluray 720p Running Time : 1hr 37minutes Format : Mp4 Genre : Action, Fantasy, Horror Translated By ကျော်ကျော် (CU - Mdy) Encode By ...
movie
The Covenant (2006)
2006