Channel Myanmar

Laura Greenwood

The Brothers Grimm (2005) 5.9
The Brothers Grimm (2005)  "The Brothers Grimm" ရုပ်ရှင်ကတော့သည် 2005 ခုနှစ်မှာ ဒါရိုက်တာ Terry Gilliam ရိုက်ကူးထားတဲ့စိတ်ကူးယဉ် စွန့်စားခန်းဇာတ်ကားဖြစ်ပါတယ်။ဒီကားထဲမှာ ဟောလိဝုဒ်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့Matt Damon၊ Heath Ledger နဲ့ Lena Headey တို့ကအဓိငပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဂျိတ်နဲ့ဝီလ် ဂရင်းမ်ညီနောင်ဟာ တနယ်ကနေတနယ်ခရီးသွားလာပြီး မြို့သူမြို့သားတွေကို ထူးခြားဆန်းကြယ်တဲ့မိစ္ဆာသတ္တဝါတွေရဲ့ရန်က ကာကွယ်ပေးတဲ့နည်းနဲ့လိမ်ညာလုပ်ကြံဖန်တီးပြီး ပိုက်ဆံရှာကြတာဖြစ်ပါတယ်။ဒါပေမဲ့ ဂရင်းမ်တို့ညီနောင်ဟာ အမှန်တကယ် သရဲခြောက်တဲ့တောအုပ်ထဲကိုရောက်တဲ့အခါမှာတော့ တကယ့်မှော်ဆန်တဲ့ကျိန်စာနဲ့ ကြုံတွေ့ရတဲ့အခါမှာ သူတို့ရဲ့ဘဝက မထင်မှတ်ထားတဲ့အလှည့်အပြောင်းတခုဘယ်လိုဖြစ်လာမှာလဲဆိုတာရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းတခုဖြစ်ပါတယ်။ File size…2.76GB / 1.53GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

The Brothers Grimm (2005)

V for Vendetta (2005) 8.2
V for Vendetta (2005) V For Vendetta (2005) IMDB - 8.2/10_____Rotten - 73%    နိုဝင်ဘာ၅ရက်နေ့ဟာဗြိတိန်နိုင်ငံမှာတော့နိုင်ငံရေးအခြေခံအားလပ်ရက်တရက်ပဲဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာကျေးဇူးတော်နေ့ဆိုပြီးကျင်းပကြတယ်လို့လည်းဆိုကြပါတယ်။ အဲဒီနေ့ကိုGuyFawkesနေ့လို့လည်းခေါ်ခဲ့ကြပါတယ်။ အဲဒီနေ့လေးရဲ့ဖြစ်လာပုံကတော့၁၆၀၅ခုနှစ်နိုဝင်ဘာလ၅ရက်နေ့မှာGuyFawkesဆိုတဲ့ ကတ်တလစ်ဂိုဏ်းဝင်တယောက်ဟာသူ့အဖွဲ့ဝင်တွေနဲ့အတူ ကတ်တလစ်ဧကရာဇ်ကိုပြန်လည်နန်းတင်ဖို့အတွက်အင်္ဂလန်ဘုရင်ဂျိမ်း(JameI)ကိုလုပ်ကြံဖို့ကြံစည်ခဲ့ပါတယ်။ ယမ်းအိုးတွေများစွာကိုပါလီမန်အဆောက်အအုံရဲ့မြေအောက်ခန်းထဲကိုသယ်ဆောင်ပြီးဖောက်ခွဲလုပ်ကြံဖို့ကြိုးစားခဲ့ကြတာပါ။ သို့ပေမယ့်ကံမကောင်းချင်တော့အမည်မသိသတင်းပေးစာတစောင်ကြောင့် သူ့တို့အားလုံးအဲဒီနေ့မှာပဲအဖမ်းခံခဲ့ရပြီးဇန်နဝါရီလ၃၁ရက်မှာကွပ်မျက်ခံခဲ့ရပါတယ်။    ဟောဒီဇာတ်ကားလေးမှာလည်းအဲဒီဖြစ်စဉ်ကိုအခြေခံထားပြီးတရားမျှတမှုဆိုတာဘာလဲ။ ဖိနှိပ်ခံရတဲ့အချိန်မှာဘယ်လိုတုံပြန်ကြမလဲ။ နိုင်ငံတနိုင်ငံရဲ့အာဏာဟာဘယ်သူ့ဆီမှာရှိသင့်လဲ။ အဲဒါတွေထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တချက်ကတော့ ကမ္ဘာကျော်ဟက်ကာအဖွဲ့Anonymousအဖွဲ့သုံးတဲ့မျက်နှာဖုံးရဲ့မူလဇစ်မြစ်ကဘယ်ကလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့အဲဒီမျက်နှာဖုံးကိုအသုံးပြုကြတာလဲ၊ အဲဒီမျက်နှာဖုံးလေးရဲ့တကယ်ဆိုလိုရင်းအစစ်အမှန်ကဘာလဲဆိုတာကိုတွေ့ရဦးမှာပါ။ ဇာတ်ကားကိုတော့ဇာတ်ကြောင်းလေးတွေပြောပြီးမမိတ်ဆက်တော့ပါဘူး။ ကိုယ်တိုင်ကြည့်ပြီးအားရပါးရခံစားစေချင်လို့ပါ်။ သုံးတဲ့စကားလုံးတွေဒိုင်ယာလော့တွေဟာလည်းတကယ်ကိုအနှစ်ပါတာကိုတွေ့ရမှာပါ။ စိတ်ကိုဖျော်ဖြေပေးရုံပေးမယ့်ကားလေးလုံးဝမဟုတ်ရပါဘူး။ ကြည့်ရတာတကယ်ကိုအကျိုးရှိစေမှာဖြစ်ပြီးတကယ်လည်းကြည့်သင့်တဲ့ဇာတ်ကားလေးတကားဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာ။ Ratingမြင့်ကားလေးတကားဖြစ်ပြီးimdb rating 8.2ထိရထားပါတယ်။    (မူရင်းဇာတ်ကားရဲ့အနှစ်သာရမပျက်အောင်အကောင်းဆုံးဘာသာပြန်ထားပါတယ်။ တခုခုမှားယွင်းသွားတာရှိရင်ဘာသာပြန်သူအနေနဲ့တောင်းပန်ပါတယ်ဗျာ။) (ဘာသာပြန်သူကတော့ The Fridays ပဲဖြစ်ပါတယ်)    File size…(900 MB) and 3GB Quality…Blu-Ray Rip 720p and HEVC 1080p 5.1 Format…mp4 Duration….02:12:00 Subtitle….Myanmar Subtitle (Hardsub) Translator…..The Fridays Encoder….CM
movie

V for Vendetta (2005)

2005
HEVC 1080p 5.1