Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Laura Edwards
5.8
Footloose (2011)
ဒီဇာတ်ကားလေးကတော့ အားလုံးလည်းကြားဖူးနေလောက်တဲ့ သံစဉ်တွေနဲ့ဇာတ်ကားလေးဖြစ်ပါတယ်..footloose ဆိုတဲ့ ၁၉၈၄ ကဇာတ်ကားကို remakeပြန်ရိုက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားလေးလည်းဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကတော့ဘုန်းမောက်ဆိုတဲ့ နယ်မြို့ကဦးလေးဆီကို တစ်ကောင်ကြွက်ဘဝနဲ့ရောက်လာတဲ့ ရန်မက်ကောမက်ဆိုတဲ့ကောင်လေးတစ်ယောက် သူဟာမြို့ကိုရောက်ရောက်ချင်းမှာပဲထူးခြားတဲ့ကန့်သတ်ချက် ဥပဒေတွေနဲ့ကြုံရပါတော့တယ် လွတ်လပ်ပါတယ်ပါတီတွေနေညမပြတ်လုပ်နေပါတဲ့ဆိုတဲ့ အမေရိကန်နိုင်ငံထဲကဒီမြို့လေးထဲမှာ အကကခွင့်ကိုရော လူငယ်တွေညထွက်ခွင့်ကိုပါပိတ်ပင်ထားတာပါ အကဟာသူ့ဘဝအတွက်အရမ်းအရေးပါတဲ့အရာတစ်ခုဖြစ်နေတဲ့ ရန်မက်ကောမက်အတွက်တော့ဒါကအဓိပ္ပာယ်မရှိတဲ့ပိတ်ပင်မှုတစ်ခုလိုဖြစ်နေပြီး ဘုန်းမောက်ကကျောင်းသားတော်တော်များများကလည်း မကြိုက်ကြပါဘူး ဒီလိုနဲ့သူဒါတွေကိုဆန့်ကျင်ရင်း နောက်ဆုံးကျောင်းသားတွေလွတ်လပ်ခွင့်ရမလား သီချင်းတွေ အကတွေ ဒရမ်မာတွေ ပုန်ကန်မှုတွေနဲ့musical drama ကားကောင်းလေးကိုကြည့်ရှူရမှာပဲဖြစ်ပါတယ်မင်းသားအဖြစ် လက်တွေ့ဘဝမှာလည်းအကသမားတစ်ယောက်ဖြစ်တဲ့ Kenneth Edgar Wormald နဲ့ Dancing withthe Stars ကဒိုင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး JulianneAlexandra Hough တို့ကိုကြည့်ရှူရမှာလည်းဖြစ်ပါတယ်.. File size…2.22GB / 1.10GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre …..Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Footloose (2011)
Alvin and the Chipmunks (2007)
ငယ်ဘဝတုန်းက တိရစ္ဆာန်လေးတွေနဲ့ လူတွေ တွဲဖက်ရိုက်ခဲ့ကြတဲ့ရုပ်ရှင်တွေ အများကြီးကြည့်ဖူးခဲ့မှာပါ။အဲဒီတုန်းက 3D effectဘာညာလည်းမသိနားမလည်သေးတဲ့ အရွယ်ဆိုတော့ တိရစ္ဆာန်အစစ်လေးတွေကို သေချာသင်ပေးပြီး ရိုက်ထားသလို ထင်ခဲ့ရတဲ့အကြိမ်ရေလည်း မနည်းပါဘူး။ ဒီလိုဇာတ်ကားတွေထဲမှာ Alvinတို့ရှဉ့်လေးသုံးကောင်ရဲ့ ဇာတ်ကားတွေလည်း အပါအဝင်ပါပဲ။သူတို့ရဲ့ ငမွှေထိုးလုပ်ပုံ၊ ဗရုတ်ကျပုံတွေ၊ သူတို့အသံနဲ့ ဆိုထားတဲ့သီချင်းတွေက ငယ်ဘဝရဲ့အမှတ်တရ ဖြစ်ခဲ့သလို နောက်ပိုင်းမှာနာမည်ကြီးသီချင်းအများစုကို Chipmunks versionလို့ ပြန်ပြီးဖန်တီးလာတဲ့အထိ ဒီရှဉ့်လေးတွေရဲ့ လွှမ်းမိုးမှုက တစ်ကမ္ဘာလုံးအတိုင်းအတာထိ ရှိခဲ့တာပါ။ ဒီဇာတ်ကားက Alvin, Simonနဲ့ Theodoreဆိုတဲ့ chipmunkရှဉ့်လေးသုံးကောင်ကို စတင်မိတ်ဆက်ပေးခဲ့တဲ့ ဇာတ်ကားပါ။မအောင်မြင်တဲ့ တေးရေးဆရာ ဒေးဗစ်ဆီဗီးလ်ဆီကို ဒီရှဉ့်လေးသုံးကောင်က ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာပါ။ဖိအားများနေတဲ့ ဒေ့ဗ်တစ်ယောက် ရှဉ့်လေးတွေနဲ့ စတွေ့ချိန် သူတို့ရဲ့သောင်းကျန်းမှုကို မခံနိုင်လို့ မောင်းထုတ်ခဲ့ပေမဲ့ မထင်မှတ်ဘဲသူတို့ရဲ့ talentဖြစ်တဲ့ သီချင်းဆိုတာကို ကြားလိုက်ရပြီးနောက်Chipmunkတွေအတွက် ပင်တိုင်သီချင်းရေးပေးသူ ဖြစ်လာပြီးအောင်မြင်မှုတွေ ရလာခဲ့ပါတယ်။ ဒါကိုမနာလိုတဲ့ တေးသံသွင်းပိုင်ရှင်က ဒေ့ဗ်ဆီကနေ ရှဉ့်တွေကိုလုယူဖို့ အမျိုးမျိုးအဖုံဖုံကြိုးစားခဲ့ပြီး သူ့ရဲ့ကိုယ်ကျိုးအတွက်ပဲကြည့်ကာ ရှဉ့်လေးတွေကို အသုံးချဖို့ ...
movie
Alvin and the Chipmunks (2007)
2007
6.5
Step Up (2006)
Channing Tatum ဆိုတဲ့ဘဲကြီးဆို မသိတဲ့သူ မရှိလောက်ပါဘူး။ဒီဘဲကြီး ငယ်စဉ်ကရိုက်ခဲ့တဲ့ အကဖက်စပ် လူငယ်ကားတွေပေါ့။ဒီကားက Step up Franchise ရဲ့အစပါ။ ၂၀၀၀ ခုနစ်ကနာမည်ကြီးခဲ့တဲ့teenage ကားတွေထဲကတစ်ခုပေါ့။အမေရိကန်အကရုပ်ရှင်တွေရဲ့ခေတ်ကဒီကားတွေက စတာပေါ့။အကကြိုက်တဲ့သူတွေ၊ အကအခုန် ဝါသနာကြီးသူတွေတော့ လက်လွှတ်မခံသင်တဲ့ ဇာတ်ကားတွေပါပဲ။မင်းသမီး Jenna Dewan ဆိုတာကလည်း ခန္ဓာကိုယ်အချိုးအစားပြေပြစ်တဲ့သူမို့ သူ(မ)ရဲ့ ရင်ခုန်စရကကွက်လေးတွေနဲ့တင်ဇာတ်ကားကကြည့်ရတာတန်နေပါပြီ။ ပထမကားရဲ့အစကတော့ ဒီလိုပါ။တစ်ကားစီဖြတ်ကြည့်လို့ရပေမဲ့ ဇာတ်လမ်းအားလုံးကို ကြည့်ထားတာအကောင်းဆုံးပါ။ဖြစ်နိုင်ရင် အစဉ်လိုက်ကြည့်ဖို့ recommend ပေးပါတယ်။ပထမဆုံးအနေနဲ့ မယ်ရီလန်းအနုပညာကျောင်းက မြို့ထဲကကျောင်းကြီးတွေထဲက တစ်ကျောင်းပါ။အဲ့ကျောင်းမှာ တက်နေတဲ့ ကျောင်းသူမလေးနိုရာကတော့ အကကိုဝါသနာပါပြီး ဘဝတစ်ခုလုံး ရင်းနှီးပုံအပ်ထားတဲ့စိတ်အားထက်သန်တဲ့ အကကျောင်းသူလေးပေါ့။သူ(မ) သူ(မ)အတွက်အရေးအကြီးဆုံးဖြစ်တဲ့ ကျောင်းရဲ့ Senior Showcase မှာ အကောင်းဆုံးဖျော်ဖြေတင်ဆက်နိုင်ဖို့ အားခဲနေတာပါ။တစ်ဖက်က တိုင်လာကတော့သူငယ်ချင်းတွေနဲ့ လမ်းမထက်မှာ ပျော်ပါးအချိန်ကုန် ဖြတ်သန်းနေရင်းအကပညာမှာပါရမီပါလာတဲ့ အညတရသားလေးပါ။သူတို့နှစ်ဉီးရဲ့ဇာတ်လမ်းကတော့ သူ့သူငယ်ချင်းတစ်စုနဲ့ မယ်ရီလန်းကျောင်းပိုင်ပစ္စည်းတွေကို ဖျက်ဆီးကျောင်းထဲခိုးဝင် လက်သရမ်းမြူးထူးမှုဖြစ်ရပ်ကနေ စတင်ခဲ့ပါတယ်။ တရားရုံးကနေ ပြစ်ဒဏ်ချမှတ်ခံရပြီးလူမှုအကျိုးဆောင်အနေနဲ့ ...
movie
Step Up (2006)
Justin Bieber’s Believe(2013)
Justin Bieber's Believe (2013) ======================================== ယနေ့ကျရောက်တဲ့ March လ ၁ရက်နေ့ဟာ Justin Drew Bieber ရဲ့ မွေးနေ့ဖြစ်ပါတယ်။အသက် ၂၈နှစ်ပြည့်သွားပြီဖြစ်တဲ့ Justin ဟာ မိန်းမတောင်ရသွားပြီဖြစ်လို့Baby သီချင်းကို သီဆိုနေခဲ့တဲ့ ဆယ်ကျော်သက်ကလေးလေး မဟုတ်တော့ပါဘူး။ဒါပေမဲ့လည်း သူ့ကိုမြင်တိုင်း nostalgic ဖြစ်ပြီး သူ့သီချင်းတွေကိုရရမရရ ဝါးချပြီးအော်ဆိုနေခဲ့တဲ့ ကိုယ့်ကိုယ်ကို ပြန်အမှတ်ရမိပါတယ်။မနှစ်ကတည်းက ဒီကားလေးကို တင်ပေးမယ်ပြောထားပေမဲ့ နောက်ကျလက်စနဲ့သူ့မွေးနေ့ရောက်မှ တင်တော့မယ်လို့ စိတ်ကူးမိတာနဲ့ အခုမှ တင်ဖြစ်သွားတာပါ။ကျွန်တော် ကလေးဘဝတုန်းက ဒီ Documentary ကိုကြည့်ဖူးပေမဲ့ ပြောစကားတွေကိုရောသီချင်းတွေကိုရော ဘာဆိုဘာမှ နားမလည်ခဲ့ပါဘူး။ဒါပေမဲ့လည်း Justin ကို အတော်ရူးသွပ်ခဲ့သူမို့ အခေါက်ခေါက်အခါခါပြန်ကြည့်ခဲ့ပါတယ်။ ဒါကြောင့် အခုလို ဘာသာပြန်တင်ဆက်ခွင့်ရတဲ့အတွက်Belieber တစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူမိပါတယ်။ဒီ Documentary လေးဟာ လွန်ခဲ့တဲ့ဆယ်နှစ်က Believe Album ထွက်ရှိပြီးTour လုပ်နေတဲ့အချိန်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အောင်မြင်မှုနဲ့ နေသားကျလာတဲ့အချိန်ဖြစ်သလိုဝေဖန်မှုများစွာ ...
movie
Justin Bieber’s Believe(2013)
2013