Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Laura Clifton
The Alamo (2004)
IMDb rating - 6/10 Award - 1 nomination ဒီကားလေးကတော့ 1836ခုနှစ်မှာဖြစ်ခဲ့တဲ့ တက္ကဆက်ပြည်လွတ်လပ်ရေးမှာအရေးပါခဲ့တဲ့ အမေရိကန်သမိုင်း၀င်စစ်ပွဲတစ်ခုအကြောင်းရိုက်ထားတာပါ။အမေရိကန်တက္ကဆက်ပြည်နဲ့ မက္ကဆီကန်နယ်ကြားက သာသနာပြုနေရာ ချာ့ခ်ျကျောင်းတစ်ခုဖြစ်တဲ့ အလာမိုခံတပ်ကို တက္ကဆက်သားတွေဖြစ်ကြတဲ့ ဂျင်မ်ဘိုဝီနဲ့ ဒေဗီခရော့ကတ် ကာနယ်ထရာဗစ်တို့ မက္ကဆီကန်အာဏာရှင်ဆန်တာအန်နာရဲ့သိမ်းပိုက်မှုကနေ ကာကွယ်တဲ့သမိုင်း၀င်ဖြစ်ရပ်ကို စိတ်၀င်စားစရာကြည့်ရမှာပါ။ reviewတွေအရတော့ သမိုင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်ဖော်ပြထားတယ်လို့လဲဆိုပါတယ်။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။File size…(1.1 GB) Quality….Webrip 720p Format…mp4 Duration….02:17:00 Genre... Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe
movie
The Alamo (2004)
6.2
Happy Death Day 2U(2019)
Happy Death Day 2U(2019) IMDb.....6.2 ဒီကားက 2017 တုန်းကထွက်ရှိခဲ့တဲ့ Happy Death Day ရဲ့အဆက်ဇာတ်ကားလေးဖြစ်ပါတယ်။ပထမကားမှာ တက္ကသိုလ်ကျောက်းသူလေးတစ်ယောက် ရုတ်တရက်သူ့မွေးနေ့မှာ မနက်အိပ်ရာနိုးလာတော့ပုံမှန်လိုပဲတနေ့တာကုန်ဆုံးပေမဲ့ အဲဒီနေ့ညမှာ လူသတ်သမားတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။Happy Birthday မဖြစ်ဘဲ Happy Death Day ဖြစ်လာရတဲ့အကြောင်းအရင်းကတော့သူအသတ်ခံရပြီးပေမဲ့ အဲ့ဒီနေ့ သူ့မွေးနေ့မှာပဲ ပြန်နိုးလာပြန်ပြီး အရာရာတိုင်းကတပုံစံတည်းဖြစ်နေပါတယ်။ပြောရရင် သူ့မွေးနေ့မှာပဲ ပြန်ပြန်နိုးလာပြီး ညရောက်ရင်အသတ်ခံရလိုက် နိုးလာလိုက်နဲ့ Happy Death Dayကိုဆင်နွဲခဲ့ရတာပါ။ ပထမကားမှာ သူ့ကိုသတ်တဲ့လူကိုဖော်ထုတ်နိုင်ပြီး ဇာတ်သိမ်းသွားပေမဲ့ ဒီဒုတိယကားမှာတော့သူ့လိုဖြစ်တဲ့နောက်တစ်ယောက်ပေါ်လာပါတယ်။ အစကတော့ သူ့လိုနောက်တစ်ယောက်ဆိုပြီးကူညီပေးပေမဲ့ ကောင်းကြိုးထက်ဆိုးကြိုးများပြီးသူပါအရင်လိုပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့အရာရာက အသတ်ခံရတာကလွဲလို့ အရင်လိုမဟုတ်တော့ပါဘူး။ဘာတွေကွဲပြားသွားမလဲဆိုတာတော့ စိတ်ဝင်စားစရာပါ။ ေ့ရှကားမှာတော့ ဘာလို့နေ့တစ်နေ့ထဲမှာပိတ်မိနေရတာလဲဆိုတာကို ထည့်မပြထားဘဲ Mystery ဆန်ဆန်ထားခဲ့ပေမဲ့ ဒီကားမှာတော့ အေကြာင်းအရင်းကိုဖော်ပြထားပါ။ အဲ့ပြသနာအရင်းအမြစ်ကိုဖြေရှင်းမှပဲ သူလွတ်မြောက်နိုင်မှာပါ။ခုကားမှာတော့ Mystery ထက် Sci-Fi ဖက်နွယ်ပြီးသွားတဲ့အတွက် ပထမကားနဲ့မတူ အရသာအနည်းငယ်ကွဲသွားပါလိမ့်မယ်။ေ့ရှကားကြည့်ဖူးတဲ့သူတွေလည်း ဆက်အားပေးလို့ ...
movie
Happy Death Day 2U(2019)
2019
6.5
Happy Death Day (2017)
Thillerဇာတ်ကားကောင်းလေးကြည့်ချင်သူများအတွက်ကားအသစ်လေးပါ။Before I Fallဆိုတဲ့ကားလေးနဲ့ပုံစံတူလေးပါပဲ။ဒီကားလေးမှာကတော့ပိုပြီးစိတ်လှုပ်ရှားစရာကောင်းပြီးMysteryဆန်တဲ့ပုံစံကိုတွေ့ရမှာပါ။လူ့ရုပ်သကန်ကိုသေချာပြဆိုနိုင်တဲ့ဇာတ်ကားမျိုးတွေပါ။လူဆိုတာမျိုးကဘာမှမဖြစ်ခင်မှာတော့ဘာမှမဖြစ်သလိုပေါ့ပေါ့နဲ့ကိုယ့်ယူဆချက်နဲ့ကိုယ်နေထိုင်ကြပေမယ့် တကယ်တမ်းအကျဉ်းကျပ်ထဲရောက်ချိန်မှာတော့ပြောင်းလဲလာတတ်ကြတာပါပဲ။ဇာတ်လမ်းလေးကိုအရင်ပြောချင်ပါတယ်။ထရီဇာဆိုတဲ့ကောလိပ်ကျောင်းသူလေးတစ်ယောက်ဟာတနင်္လာနေ့တစ်မနက်မှာကာတာဆိုတဲ့ကျောင်းသားအဆောင်လေးထဲမှာနိုးထလာခဲ့ပါတယ်။ညဖက်ပါတီမှာအသေသောင်းကျန်းပြီးယောကျာ်လေးတစ်ယောက်ရဲ့အခန်းမှာရောက်မနက်အိပ်ရာနိုးရတယ်ဆိုတာကိုကြည့်ခြင်းအားဖြင့်ထရီဇာရဲ့ဇာတ်ကောင်သဘာဝကိုသိနိုင်ပါတယ်။ခေတ်ဆန်ဆန်ပိုက်ဆံရှိမိဘအသိုင်းအဝိုင်းကလာပြီးကိုယ်စိတ်ထင်သလိုလုပ်နေတဲ့ကျောင်းသူလေးတစ်ယောက်ပါပဲ။ဒီနေရာမှာဇာတ်ကားကိုစိတ်ဝင်စားစေတာကတော့အဲဒီနေ့ဟာသူ့မွေးနေ့ဖြစ်နေပါတယ်။မနက်နိုးလာကတည်းကညအထိပုံမှန်လိုပဲဖြတ်သန်းလာခဲ့ပေမယ့်ညနက်ပိုင်းပါတီကိုသွားတဲ့လမ်းရောက်တဲ့အချိန်မှာပဲသူ့ဘဝစကြမ်းပြီလို့ပြောရမှာပါပဲ။ညဖက်ပါတီကိုသွားရင်လမ်းမှာလူတစ်ယောက်ရဲ့လက်ချက်နဲ့အသတ်ခံလိုက်ရတာပါ။ဇာတ်လမ်းကအဲဒီမှစတာပါ။သူအသတ်ခံလိုက်ရပြီးရုတ်တရတ်ပြန်နိုးလာပါတယ်။နိုးလာတဲ့နေရာကလည်းမနက်ကသူနိုးလာတဲ့အခန်းသူနိုးလာတဲ့ပုံစံအတိုင်းသူ့မွေးနေ့မှာပဲသူပြန်နိုးလာခဲ့တာပါ။အိပ်မက်လိုလိုဘာလိုလိုနဲ့ဦးနှောက်ခြောက်နေရင်းထရီဇာတစ်ယောက်အဲဒီညမှာလူသတ်သမားလက်ချက်နဲ့နောက်တစ်ခါအသတ်ခံလိုရပြီးတဲ့အခါမှာတော့ သူပြန်လည်နိုးထလာချိန်မှာHappy Birthday မဟုတ်ပဲ Happy Death Dayဖြစ်နေပြီး ရက်တစ်ရက်ထဲမှာပဲပိတ်မိနေတော့တာပါပဲ။ထရီဇာတစ်ယောက် အဲဒီတစ်ရက်တည်းမှာပဲအဖန်တလဲလဲနိုးထလာလိုက်သေဆုံးလိုက်နဲ့သံသရာလည်နေရင်း လူတွေအကြောင်း၊သူ့အကြောင်းကိုသူပိုသိလာပါတော့တယ်။သူ့ပတ်ဝန်းကျင်ကလူတွေအကြောင်းပိုသိလာတယ်။ဟန်ဆောင်မှုတွေကြားကလူတွေရဲ့မျက်နှာဖုံးတွေကိုလည်းမြင်လာပါတယ်။တဖြေးဖြေးနဲ့စိတ်ညစ်လာတဲ့ထရီဇာတစ်ယောက်၊ ဘဝမှာသူ့စိတ်တိုင်းကျလုပ်ချင်ရာလုပ်ခဲ့တဲ့ထရီဇာတစ်ယောက် အခုတော့သူလိုချင်တာမနက်ဖြန်ဆိုတဲ့ဆုတောင်းပဲရှိပါတော့တယ်။ဒါဟာကျွန်တော်တို့သတိမပြုမိတာဒါရိုက်တာပြလိုက်တာပါပဲ။မနက်ဖြန်ပေါင်းများစွာရှိတဲ့အချိန်တုန်းကတန်ဖိုးမထားပဲအီလေးဆွဲခဲ့ပေမယ့် အဲဒီမနက်ဖြန်ကိုလက်လွှတ်လိုက်ရချိန်တစ်နည်းအားဖြင့် နောက်ထပ်အခွင့်အရေးမရှိတော့ချိန်မှာတမ်းတကြတာသဘာဝပါပဲ။ဒီကားလေးကတော့ စိတ်လှုပ်ရှားစရာ၊စဥ်းစားစရာလေးတွေနဲ့တင်ဆက်ထားတဲ့အတွက်တစ်မျိုးတစ်ဖုံခံစားမှုရစေမှာပါ။လူသတ်သမားကရောဘယ်သူလဲ၊ ဘာကြောင့်သူ့ကိုသတ်ရတာလဲ၊ Happy Birthdayနေ Happy Death Day ဖြစ်သွားရှာတဲ့ထရီဇာတစ်ယောက်ရောအဲဒီသံသရာထဲကလွတ်မြောက်နိုင်မှာလားဆိုတာတော့ဆက်ကြည့်လိုက်ပါဦး။ဇာတ်ကားအဆုံးသတ်ကယုတ္တိမတန်ဘဲအငြင်းပွားစရာရှိပေမယ့်စဉ်းစားစရာ၊စိတ်လှုပ်ရှားစရာခံစားမှုရသတွေကတော့အပြည့်အဝပေးမှာဖြစ်ပါတယ်။(ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ)----------------------------------------------------------------------------------Thillerဇာတ္ကားေကာင္းေလးၾကည့္ခ်င္သူမ်ားအတြက္ကားအသစ္ေလးပါ။Before I Fallဆိုတဲ့ကားေလးနဲ႕ပံုစံတူေလးပါပဲ။ဒီကားေလးမွာကေတာ့ပိုျပီးစိတ္လႈပ္ရွားစရာေကာင္းျပီးMysteryဆန္တဲ့ပံုစံကိုေတြ႕ရမွာပါ။လူ႔ရုပ္သကန္ကိုေသခ်ာျပဆိုႏိုင္တဲ့ဇာတ္ကားမ်ဳိးေတြပါ။လူဆိုတာမ်ဳိးကဘာမွမျဖစ္ခင္မွာေတာ့ဘာမွမျဖစ္သလိုေပါ့ေပါ့နဲ႕ကိုယ့္ယူဆခ်က္နဲ႕ကိုယ္ေနထိုင္ၾကေပမယ့္ တကယ္တမ္းအက်ဥ္းက်ပ္ထဲေရာက္ခ်ိန္မွာေတာ့ေျပာင္းလဲလာတတ္ၾကတာပါပဲ။ဇာတ္လမ္းေလးကိုအရင္ေျပာခ်င္ပါတယ္။ထရီဇာဆိုတဲ့ေကာလိပ္ေက်ာင္းသူေလးတစ္ေယာက္ဟာတနလၤာေန႕တစ္မနက္မွာကာတာဆိုတဲ့ေက်ာင္းသားအေဆာင္ေလးထဲမွာႏိုးထလာခဲ့ပါတယ္။ညဖက္ပါတီမွာအေသေသာင္းက်န္းျပီးေယာက်ာ္ေလးတစ္ေယာက္ရဲ႕အခန္းမွာေရာက္မနက္အိပ္ရာႏိုးရတယ္ဆိုတာကိုၾကည့္ျခင္းအားျဖင့္ထရီဇာရဲ႕ဇာတ္ေကာင္သဘာ၀ကိုသိႏိုင္ပါတယ္။ေခတ္ဆန္ဆန္ပိုက္ဆံရွိမိဘအသိုင္းအ၀ိုင္းကလာျပီးကိုယ္စိတ္ထင္သလိုလုပ္ေနတဲ့ေက်ာင္းသူေလးတစ္ေယာက္ပါပဲ။ဒီေနရာမွာဇာတ္ကားကုိစိတ္၀င္စားေစတာကေတာ့အဲဒီေန႕ဟာသူ႕ေမြးေန႕ျဖစ္ေနပါတယ္။မနက္ႏိုးလာကတည္းကညအထိပံုမွန္လိုပဲျဖတ္သန္းလာခဲ့ေပမယ့္ညနက္ပိုင္းပါတီကိုသြားတဲ့လမ္းေရာက္တဲ့အခ်ိန္မွာပဲသူ႕ဘ၀စၾကမ္းျပီလို႕ေျပာရမွာပါပဲ။ညဖက္ပါတီကိုသြားရင္လမ္းမွာလူတစ္ေယာက္ရဲ႕လက္ခ်က္နဲ႕အသတ္ခံလိုက္ရတာပါ။ဇာတ္လမ္းကအဲဒီမွစတာပါ။သူအသတ္ခံလိုက္ရျပီးရုတ္တရတ္ျပန္ႏိုးလာပါတယ္။ႏိုးလာတဲ့ေနရာကလည္းမနက္ကသူႏိုးလာတဲ့အခန္းသူႏိုးလာတဲ့ပံုစံအတိုင္းသူ႕ေမြးေန႕မွာပဲသူျပန္ႏိုးလာခဲ့တာပါ။အိပ္မက္လိုလိုဘာလိုလုိနဲ႕ဦးေႏွာက္ေျခာက္ေနရင္းထရီဇာတစ္ေယာက္အဲဒီညမွာလူသတ္သမားလက္ခ်က္နဲ႕ေနာက္တစ္ခါအသတ္ခံလိုရျပီးတဲ့အခါမွာေတာ့ သူျပန္လည္နိုးထလာခ်ိန္မွာHappy Birthday မဟုတ္ပဲ Happy Death Dayျဖစ္ေနျပီး ရက္တစ္ရက္ထဲမွာပဲပိတ္မိေနေတာ့တာပါပဲ။ထရီဇာတစ္ေယာက္ အဲဒီတစ္ရက္တည္းမွာပဲအဖန္တလဲလဲႏိုးထလာလိုက္ေသဆံုးလိုက္နဲ႕သံသရာလည္ေနရင္း လူေတြအေၾကာင္း၊သူ႕အေၾကာင္းကိုသူပိုသိိလာပါေတာ့တယ္။သူ႕ပတ္၀န္းက်င္ကလူေတြအေၾကာင္းပိုုသိလာတယ္။ဟန္ေဆာင္မႈေတြၾကားကလူေတြရဲ႕မ်က္ႏွာဖံုးေတြကိုလည္းျမင္လာပါတယ္။တေျဖးေျဖးနဲ႕စိတ္ညစ္လာတဲ့ထရီဇာတစ္ေယာက္၊ ဘ၀မွာသူ႕စိတ္တိုင္းက်လုပ္ခ်င္ရာလုပ္ခဲ့တဲ့ထရီဇာတစ္ေယာက္ အခုေတာ့သူလိုခ်င္တာမနက္ျဖန္ဆိုတဲ့ဆုေတာင္းပဲရွိပါေတာ့တယ္။ဒါဟာကၽြန္ေတာ္တို႕သတိမျပဳမိတာဒါရိုက္တာျပလိုက္တာပါပဲ။မနက္ျဖန္ေပါင္းမ်ားစြာရွိတဲ့အခ်ိန္တုန္းကတန္ဖိုးမထားပဲအီေလးဆြဲခဲ့ေပမယ့္ အဲဒီမနက္ျဖန္ကိုလက္လႊတ္လိုက္ရခ်ိန္တစ္နည္းအားျဖင့္ ေနာက္ထပ္အခြင့္အေရးမရွိေတာ့ခ်ိန္မွာတမ္းတၾကတာသဘာ၀ပါပဲ။ဒီကားေလးကေတာ့ စိတ္လႈပ္ရွားစရာ၊စဥး္စားစရာေလးေတြနဲ႕တင္ဆက္ထားတဲ့အတြက္တစ္မ်ဳိးတစ္ဖံုခံစားမႈရေစမွာပါ။လူသတ္သမားကေရာဘယ္သူလဲ၊ ဘာေၾကာင့္သူ႕ကိုသတ္ရတာလဲ၊ Happy Birthdayေန Happy Death Day ျဖစ္သြားရွာတဲ့ထရီဇာတစ္ေယာက္ေရာအဲဒီသံသရာထဲကလြတ္ေျမာက္ႏိုင္မွာလားဆိုတာေတာ့ဆက္ၾကည့္လိုက္ပါဦး။ဇာတ္ကားအဆံုးသတ္ကယုတၱိမတန္ဘဲအျငင္းပြားစရာရွိေပမယ့္စဥ္းစားစရာ၊စိတ္လႈပ္ရွားစရာခံစားမႈရသေတြကေတာ့အျပည့္အ၀ေပးမွာျဖစ္ပါတယ္။(ဘာသာျပန္သူကေတာ႔ သူရဇာနည္ေအာင္ပါ) File Size : (752 MB) Quality : WEB-DL 720p Running Time : ...
movie
Happy Death Day (2017)
2017