Channel Myanmar

Lars Rudolph

Buffalo Soldiers (2001) 6.7
Buffalo Soldiers (2001)  ဒီဇာတ်ကားကတော့ Joker ရုပ်ရှင်ရဲ့ Joker ကြီးအဖြစ်လူသိများကြတဲ့ ကျွန်တော်တို့ရဲ့ အော်စကာဆုရမင်းသားကြီးJoaquin Phoenix က အဓိကဇာတ်ကောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-ဒီဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလအနောက်ဂျာမဏီက အမေရိကန်စစ်စခန်းတစ်ခုကို ဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်။ စခန်းအတွင်းမှာ ‌အကျင့်ပျက်စစ်သားတွေနဲ့ မှောင်ခိုမှုတွေ၊ မူးယစ်ဆေးအရောင်းအဝယ်တွေနဲ့ပျက်စီးနေကြတယ်။ ဇာတ်လိုက်မင်းသား အက်ဝု က စခန်းတွင်းရှိသမျှပစ္စည်းအကုန် စခန်းမှူးမသိအောင်မှောင်ခိုထုတ်ရောင်းနေပြီးဘိန်းချက်ဆေးရောင်းကအစ အကုန်လုပ်တဲ့သူပါ။ တစ်နေ့မှာတော့စည်းကမ်းတင်းကြပ်တဲ့ အထက်အရာရှိတစ်ယောက် ရောက်လာတဲ့အခါမှာတော့ .....ဒီဇာတ်ကားမှာတော့ အက်ဝုတို့ ဘော်ဒါတစ်သိုက် စခန်းထဲမှာဘယ်လိုတွေမွှေကြမလဲ၊ ဘယ်လိုတွေသောင်းကြမ်းကြမလဲဆိုတာComedy အမျိုးအစားဇာတ်ကားဖြစ်တာနဲ့အညီ ခွက်ခွက်လှန်ရယ်ရင်းကြည့်ရှုကြရမှာပါ။ File size…1.61GB / 717MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

Buffalo Soldiers (2001)

Soul Kitchen (2009) 7.2
Soul Kitchen (2009) ရပ်ကွက်ထဲက အခြေခံလူတန်းစားတွေအတွက် ဈေးနှုန်းသက်သာပြီး အဆင်ပြေတဲ့ Soul Kitchen လို့ နာမည်ပေးထားတဲ့ စားသောက်ဆိုင်ပိုင်ရှင် ဂျာမန်-ဂရိ စားဖိုမှုး ဇီနော့စ် ရဲ့ အချစ် အလွမ်း ဟာသ ဘဝ ဒုက္ခ တွေကို ဟာသလေးနှောပြီးရိုက်ထားတဲ့ Commedy/ Drama ဇာတ်ကားကောင်းလေးတစ်ကားပါ....ဇာတ်အိမ်လေးကတော့ Soul Kitchen စားသောက်ဆိုင်မှာ ကိုယ်တိုင်ပိုင်ရှင် ကိုယ်တိုင် စားဖိုမှုးလုပ်နေတဲ့ ဇီနော့စ် ဟာတနေ့တော့ သူ့ကောင်မလေးက အလုပ်ကိစ္စနဲ့ ပြည်ပကိုထွက်သွားခဲ့တယ်သူလိုက်သွားဖို့လုပ်တော့...- ဆိုင်ကိုလက်လွှဲခဲ့ဖို့အကြံထုတ်ရ.... - သူ့ဆိုင်ကို ရတဲ့နည်းနဲ့ လုဖို့ကြိုးစားနေတဲ့ ငယ်သူငယ်ချင်း လူလည်ပန်ကာ ရန်ကနေလည်းကြောက်ရ..... - တစ်ပိုင်းလွတ်ငြိမ်းချမ်းသာနဲ့ ထောင်ကနေထွက်လာတဲ့ လက်ကြောမတင်းတဲ့ သူ့အစ်ကိုလောင်းကစားသမားရန်ကိုလည်း ကြောက်ရနဲ့ လူရိုး လူမှန် ဒေါသသမား ဇီနော့စ် တစ်ယောက် ဘယ်လို ဟာသအလွဲတွေကိုလုပ်ဦးမလဲဆိုတာကိုတော့.....ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.4GB)/(1.2 GB) Quality….Blu-Ray 1080p / ...
movie

Soul Kitchen (2009)

Run Lola Run (1998) 7.7
Run Lola Run (1998) Run Lola Run (1998)IMDb - 7.7/10 နဲ့ Rotten Tomatoes - 93% ရထားတဲ့ ဂျာမန်ကားလေးပါ။ ဒီကားဟာ ထွက်ထွက်ချင်းတုန်းက ဂျာမနီမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့အပြင် ဂျာမန်ရုပ်ရှင်ခေတ်သစ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။ ဥရောပကားလည်းဖြစ် Experimental နည်းနည်းပါတာကြောင့် အသွားနှေးပြီး နားမလည်နိုင်စရာတွေ ကြည့်ရတော့မယ်လို့ ထင်လိုက်မိမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။ရုပ်ရှင်နာမည်အတိုင်းပဲ ရှင်းပါတယ်၊ လိုလာဆိုတဲ့ မိန်းကလေး အသားကုန်ပြေးနေတာကို တစ်ကားလုံးနီးပါး တွေ့မြင်ရမှာပါ...။ ဒါပေမယ့် လိုလာလေး ဘာကြောင့်ပြေးရတာလဲ ဘယ်နှကြော့ပြန် ပြေးရမှာလဲ ဘယ်လိုလူတွေကို ဆုံတွေ့ခဲ့ပြီး ဘယ်လိုအကြောင်းအရာတွေကို တူးဆွမိခဲ့မှာလဲ...။ တစ်ကြိမ်ကြည့်ရင် တစ်ကြိမ်ဆိုသလို မတူတာတစ်ခုကို တွေ့နိုင်မှာပါ။ တစ်ကြိမ်ပဲကြည့်မယ်ဆိုရင်လည်း စိတ်လှုပ်ရှားမှု အပြည့်ရနိုင်မှာပါ။ဆုတွေ တစ်သီကြီးရထားတဲ့ ဒီကားနဲ့ပတ်သက်ရင် ပြောချင်တာတွေ အများကြီးရှိပေမယ့် မပြောဘဲထားတာဟာလည်း ကြည့်ဖြစ်ဖို့ အကြောင်းအရင်းတစ်ခုဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အခုပဲ လိုလာလေးကို ...
movie

Run Lola Run (1998)

1998
Look Who’s Back 7.1
Look Who’s Back  2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ IMDB 7.2 ရထားတဲ့ဂျာမန် သရော်ဟာသ အမျိုးအစား ရုပ်ရှင်ကို ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ဒီရုပ်ရှင်ဟာ ၂၀၁၂ တုန်းက ဂျာမနီမှာ အုပ်ရေသန်းချီ ရောင်းချခဲ့ရပြီး နိုင်ငံပေါင်းများစွာက ဘာသာပြန်ဆိုခဲ့တဲ့ စာအုပ်တစ်အုပ်ကိုအခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရော စာအုပ်ဟာ နှစ်သက်သူ မနှစ်သက်သူများနဲ့ ဝေဖန်သံများ ဆူညံနေခဲ့တာပါ။ဘာကြောင့်လဲဆိုတော့ တစ်ကမ္ဘာလုံးမှာ လူသိ်အများဆုံး လူတွေထဲက တစ်ယောက်အကြောင်းဖြစ်နေလို့ပါ။လက်ရှိခေတ်မှာ ဟစ်တလာ ပြန်ရှင်လာခဲ့တဲ့ အကြောင်းပါပဲ။ ဒီရုပ်ရှင်ထဲမှာ ၂၀၁၄ ခုနှစ် ဘာလင်မြို့မှာ ဟစ်တလာ ပြန်ရှင်လာခဲ့ပါပြီ။ဟစ်တလာရဲ့ ခေတ်သစ်ကမ္ဘာအပေါ် အမြင် နဲ့ သူ့ရဲ့ အံမဝင်မှုတွေကို ပြသထားတာပါ။ တီဗီအပေါ်အမြင် ကွန်ပြူတာနဲ့ အင်တာနင်အပေါ်အမြင် စသည်ဖြင့်ပေါ့။ဒါပေမယ့် ဟစ်တလာတစ်ယောက် အခြေအနေ အရပ်ရပ်ကို သုံးသပ်မိလာချိန်မှာတော့ သူရဲ့ မူလရည်မှန်းချက်တွေကို ပြန်ဖော်ဆောင်ဖို့ ဂျာမနီနိုင်ငံသားတွေကို တီဗီ ဖေ့ဘု ...
movie

Look Who’s Back

2015