Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Larry Drake
7.0
Green Lantern: First Flight (2009)
Green Lantern: First Flight 2009 IMDb 7.0/10 Genre: Animation/Action/AdventureGreen Lantern ဆိုတဲ့ Ryan Reynolds ရဲ့ ၂၀၁၁ က ရုပ်ရှင်ကို ကြည့်ဖူးကြမှာပါ။ ဒါက မူလပထမ ကာတွန်းရုပ်ရှင် Green Lantern ဖြစ်ပါတယ်။ Green Lantern တစ်ဖြစ်လဲ ဟဲလ်ဂျော်ဒန်ဟာ ကမ္ဘာမြေပေါ်မှာ လေ့ကျင့်ပျံသန်းနေတုန်း အစိမ်းရောင် ရောင်ခြည်တန်းတွေရဲ့ ခေါ်ဆောင်ရာနောက်ပါသွားပါတယ်။ပျက်ကျလာတဲ့ ယာဥ်ပျံပေါ်မှာပါလာတာက Lantern Corps ရဲ့ ထိပ်သီးတစ်ယောက်ပါ။ သူမသေဆုံးခင် စွမ်းအင်လက်စွပ်ကို ဟဲလ်ဂျော်ဒန်ဆီ လွှဲပေးလိုက်ပြီးနောက်မှာ တာဝန်တွေ ဝတ္တရားတွေက ဟဲလ်ဂျော်ဒန်အတွက် ဖြစ်လာပါတော့တယ်။ ကစဥ့်ကလျား စကြဝဠာကြီးမှာ ဟဲလ်ဂျော်ဒန် တစ်ယောက် အသားကျပါ့မလား။ တာဝန်တွေကို ထမ်းဆောင်နိုင်ပါ့မလားဆိုတာကို စောင့်ကြည့်ရတော့မှာပါFile size… 1.4 GB / 678 MB Quality… BluRay ...
movie
Green Lantern: First Flight (2009)
6.7
Dark Night of the Scarecrow (1981)
Dark Knight တို့ Scarecrow တို့မြင်လို့ ဆရာဘတ်တို့ ဇာတ်ကားထင်သွားရင်တော့ မဟုတ်ပါဘူးခင်ဗျာ ဒီဇာတ်ကားကတော့ 1981 ခုနစ်က ရိုက်ကူးထားတဲ့ Horror ကားတစ်ကားဖြစ်ပါတယ်ဘတ်ဘာဆိုတဲ့ကောင်လေးဟာ အရွယ်ရောက်နေပေမဲ့ စိတ်က ကလေးစိတ်ပဲရှိနေသူတစ်ဦးဖြစ်ပါတယ်။ မြို့နေလူကြီးတစ်ချို့ကတော့ ဘတ်ဘာကို ကျပ်မပြည့်တဲ့ကောင်ဆိုပြီး တစ်ခုခုဖြစ်တိုင်း ဘတ်ဘာကိုပဲ အပြစ်ဖို့နှိပ်စက်လေ့ရှိပါတယ်။ ဘတ်ဘာဟာ သူနဲ့ ကလေးတွေကို ရွယ်တူလိုပဲ မြင်တဲ့အတွက် ကလေးတွေနဲ့ပဲ ပေါင်းပါတယ်။တစ်ရက်မှာတော့ ဘတ်ဘာနဲ့ အတူဆော့နေကျ ကောင်မလေးတစ်ယောက် မတော်တဆဖြစ်တာကို မြို့ထဲမှာတော့ ကျပ်မပြည့်တဲ့ ဘတ်ဘာဟာ ကောင်မလေးကို သတ်လိုက်တယ်လို့ သတင်းထွက်သွားပါတော့တယ်။ အစကတည်းက တစ်ခုခုဖြစ်ရင် ဘတ်ဘာကိုပဲ မဲနေတဲ့ မြို့ခံလူ လေးယောက်ဟာ ဘာမှစုံစမ်းမနေဘဲ ဘတ်ဘာကို လိုက်ရှာကြရင်း စာခြောက်ရုပ်ထဲမှာပုန်းနေတဲ့ ဘတ်ဘာကို ရက်ရက်စက်စက် ပစ်သတ်လိုက်ကြပါတော့တယ်။အဲဒီနောက် သက်သေမလုံလောက်တာကြောင့် အမှုကနေလည်း လွတ်သွားပါသေးတယ်။ အမှုကလွတ်သွားတဲ့ သူတို့လေးယောက်ဟာ ဘတ်ဘာ ဝင်ပုန်းသွားတဲ့ ...
movie
Dark Night of the Scarecrow (1981)
5.7
Battle Creek Brawl (1980)
သရုပ်ဆောင်အက်ရှင်မင်းသားကြီးဂျက်ကီချမ်းငယ်ငယ်ကဇာတ်ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ဂျက်ကီချမ်းရဲ့ ဇာတ်ကားတွေရဲ့ထုံးစံအတိုင်းပဲ အက်ရှင်ခန်းတွေ အတိုက်အခိုက်တွေ ဟာသာတွေဝေဝေဆာဆာနဲ့ ပရိတ်သတ်တွေအမောပြေရဦးမှာပါ။ဇာတ်ကားထဲမှာမင်းသားကအလုပ်မရှိအကိုင်မရှိ (ဒါပေမယ့်ကောင်မလေးတော့ရှိပါတယ်)ပါ အဖေဖြစ်သူဖွင့်ထားတဲ့ဆိုင်ကို လူဆိုးတွေလာပြီး ဆက်ကြေးကောက်ရာကစလို့ သူတတ်ထားတဲ့ကွန်ဖူးပညာကို လူဆိုးအဖွဲ့ဘက်ကခေါင်းဆောင်က တွေ့ပြီးသဘောကျသွားခဲ့ပါတယ်။အဲ့ဒီနောက် ချီကာဂိုမှာကျင်းပမယ့် battle creek brawlမှာ ဂျက်ကီချမ်းကိုသူ့ဘက်ကနေ ဝင်ပြိုင်အောင် အကြပ်ကိုင်ဖို့ နည်းလမ်းရှာပါတော့တယ်.........ကဲ .. အညွှန်းဖတ်ပြီးပြီဆိုရင်တော့ 1980 ခုနှစ်တွေဆီက အနုပညာတွေကိုတဖန်ပြန်ခံစားလိုက်ကြပါဦး....... File size…(1.8 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Nay Chii
movie
Battle Creek Brawl (1980)
1980
7.3
The Karate Kid (1984)
'' တပည့်ဆိုးဆိုတာ မရှိဘူး၊ ဆရာဆိုးပဲ ရှိတယ်'' '' တိုက်ခိုက်တာကိုဘာလို့လေ့ကျင့်ရတာလဲ၊ တိုက်ခိုက်ဖို့မလိုအောင်ပေါ့''ဂျက်ကီချန်းရဲ့ Karate Kid ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ အဲဒီရုပ်ရှင်ရဲ့ မူရင်းဗားရှင်း ဂန္ဓဝင်ရုပ်ရှင်ကားကြီးကို ပြန်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်မှာ ကရာတေးဆရာကြီး မီယာဂီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Pat Morita ဟာ အကောင်းဆုံးဇာတ်ပို့ဆု အော်စကာဆန်ခါတင်ဝင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာ fight scene တွေထက် မှတ်သားစရာ စကားတွေ သင်ခန်းစာယူစရာ အကြောင်းအရာတွေက ပိုပြီး စိတ်ဝင်စားဖို့တောင်ကောင်းပါသေးတယ်။ Action,Drama,Family ရုပ်ရှင်တွေထဲမှာတော့ ကြည့်ကိုကြည့်သင့်တဲ့ ကားပါပဲ။ File size…(2.2 GB)/(1.1 GB)/(500 Mb) Quality….Bluray rip 1080p / 720p / 480p Format…mp4 Duration….02:06:00 Genre...Drama, Action, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie
The Karate Kid (1984)
6.0
Pathology (2008)
Pathology (2008) IMDb - 6.0/10_____Rotten - 45% "Forensics အသိပညာနဲ့ လူသတ်ကြည့်မလား" ~~~~~~~~~~~~~~~~~~~~~~~~~ တစ်ခါတလေ တွေးကြည့်ဖူးတယ် ။ " မှုခင်းဆေးပညာ တတ်မြောက်တဲ့သူတစ်ဦးသာ ပိပိရိရိ လူသတ်နိုင်ရင် အဲ့အမှုကာလကို ဘယ်လောက်ထိစစ်ဆေးရမလဲ " ဆိုတာပဲ။ တကယ် ရူးလွင့်လွင့် အတွေးပါပဲ။ဒီကားကတော့ ဟစ်ပိုကရေးတီး ကျမ်းကို ဇာတ်ကားအစမှာ ညွှန်းဆိုပြပြီး မလုပ်သင့်တဲ့ ကျင့်ဝတ်များ ( တနည်းအားဖြင့် ) လူသေတွေနဲ့ ကစားပွဲတွေ ဖန်တီးကြတဲ့ ကားမျိုးဖြစ်တယ်။အမျိုးအစားက #18+Rated ကားမျိုးဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ သည်းထိတ်ရင်ဖို ကြည့်ချင်တဲ့သူတွေအတွက်ကတော့ တကယ်မိုက်ပါတယ်။ Autopsy of Jane Doe ကားထက် ပို ကြောက်ဖို့ကောင်းပါတယ်။ဒီဇာတ်ကားမှာတော့ ရင်ခွဲရုံတွေ /သေဆုံးမှုစစ်ဆေးတာတွေက အမှန်တကယ် တည်ဆောက်ခြင်းတွေနဲ့တူတယ်။ သွေးသံတရဲရဲနဲ့ အမှောင်ခန်းတွေက လည်း စိတ်ခြောက်ခြားဖို့ကောင်းပါတယ်။အဲ့ဒီနောက် ဦးခေါင်းခွံခွာပြီး ဦးနှောက်လေးကို အတုံးအခဲလိုက် ကိုင်တွယ်ယူပုံက သာမန်လူအဖို့ကျောချမ်းစေမယ် လို့ ယူဆမိပါတယ်။ နံရိုးတွေ ကို ညှပ်ကိရိယာတွေနဲ့ ချိုးယူပုံတွေက ...
movie
Pathology (2008)
2008
6.4
American Pie 2 (2001)
American Pie 2 (2001) IMDb - 6.4/10_____Rotten - 52% နာမည်ကျော်ကျောင်းသားဟာသဇာတ်ကားတွေဖြစ်တဲ့ American Pie ရဲ့ နံပါတ်(၂)ဇာတ်ကားပါ။ အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကို ဟာသရောနှောပြီး အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။ American Pie ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=american+pie မှာ Download လုပ်လို့ရပါတယ်။ File size...(904 MB) Quality...Blu-ray Rip 720p Format...mp4 Duration....01:50:40 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung နမူနာကြည့်ရန်
movie
American Pie 2 (2001)
2001
6.3
Bean (1997)
ကဲ ဒီတစ်ခါတော့ ပရိသတ်ကြီးအတော်များများ သဘောကျ ချစ်ခင်ကြတဲ့ မင်းသားကြီး ရိုဝင် အက်ကင်ဆန် ရဲ့ အထိမ်းအမှတ်ဇာတ်ကောင် Mr.Bean ရဲ့ ပေါက်ကားတစ်ကားကို တင်ပေးလိုက်ပါတယ်။ ၁၉၉၇ မှာထွက်ခဲ့တဲ့ ဒီကားကို အတော်များများ ကြည့်ဖူးကြမှာ မှန်ပေမယ့် ရုပ်သံအရည်အသွေးကောင်းကောင်း မြန်မာစာတန်းထိုးနဲ့ မရှိသေးတဲ့ အတွက် တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ဘဝမှာ မမျှော်လင့်ပဲ ဘယ်လိုအခက်အခဲတွေ ကြုံတတ်တယ်...မိသားစုဆိုတာ လူတစ်ယောက်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာရယ်...တာဝန်ယူတတ်တဲ့စိတ်ဟာ လုပ်ငန်းခွင်မှာ ဘယ်လောက်အဓိက ကျတယ်ဆိုတာတွေကို ဟာသတွေအများကြီးနဲ့ ချပြထားတာဖြစ်ပါတယ်ပန်းချီပြခန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ Mr.Bean တစ်ယောက် မထင်မှတ်ပဲ အမေရိကန်နိုင်ငံသို့ လုပ်ငန်းကိစ္စဖြင့် စေလွှတ်ခံရပြီး သူ့ရဲ့ထုံးစံအတိုင်း အလွဲတွေ ပေါက်ကရတွေ လုပ်မိပုံကို ရိုက်ကူးပြသထားပါတယ်။ ဒေါ်လာသန်းချီ တန်တဲ့ ပန်းချီကားကို ဘယ်သို့ဘယ်ပုံ ဖျက်ဆီးမိလဲဆိုတာ ရယ် Mr.Beanအနေနဲ့ သူ့အမှားတွေကို ပြန်လည်ချေဖျက်ပြပြီး မထင်မှတ်တာတွေ လုပ်ပြနိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလှ သလို လူတစ်ယောက်မှာ မိသားစုနဲ့ တာဝန်ယူစိတ်ဟာ ဘယ်လောက်အရေးပါတယ်ဆိုတဲ့ သင်ခန်းစာကိုပါ ကောင်းကောင်းကြီးပေးစွမ်းနိုင်ခဲ့တဲ့ ...
movie
Bean (1997)
1997