Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Larry Day
Longing (2024)
Longing ( 2024 )အစ္စရေးဒါရိုက်တာ Savi Gabizonရဲ့ ရုပ်ရှင်ပါ။ အစ္စရေးဒါရိုက်တာဆိုတာ ထည့်ပြောရတာကတော့ ဒီရုပ်ရှင်က အမေရိကန်ရုပ်ရှင်တွေနဲ့ကွဲပြားတယ်ဆိုတဲ့အချက်ကြောင့်ပါပဲ။ သရုပ်ဆောင်တွေကတော့ Richard Gereနဲ့ Diane Kruger။ တော့စတားကြီးနဲ့ နာမည်ကြီးမင်းသမီးပေါ့။ ပြောရရင် ဒီကားက ရစ်ချက်ဂီရိရဲ့ ဒီအရွယ်နဲ့တော်တော်လေးလိုက်ဖက်တယ်။ ဇာတ်ကြောင်းကလည်း ရိုးရိုးလေးပဲ ဒါပေမဲ့ တော်တော်လည်းစိတ်ဝင်စားဖို့ကောင်းတယ်။ ပြောရရင် တစ်ဘက်တစ်လမ်းကနေ Shuji Iwaiရိုက်တဲ့ဇာတ်လမ်းတွေရဲ့ အငွေ့အသက်မျိုးကိုတောင် ဖမ်းမိတယ်။တစ်ကိုယ်တည်းနေတဲ့ အသက်၆၀ လူကြီးတစ်ယောက်ကို သူ့မှာ ကလေးရှိကြောင်း သူ့ရည်းစားဟောင်းက လာပြောတယ်။ ဒါပေမဲ့ လာပြောတဲ့အချိန်က အဲဒီကလေးသေပြီးတဲ့အချိန်။ ဒီလိုနဲ့ အဲဒီလူကြီးက သူ့ကလေးရဲ့ နာရေးပွဲကိုသွားရင်း သူ့ကလေးရှင်သန်ဖြတ်သန်းခဲ့ဖူးတဲ့ သမိုင်းကို ခြေရာကောက်ရင်း မရှိတော့တဲ့ လူတစ်ယောက်ရဲ့ ဘဝကို ချစ်တဲ့စိတ်နဲ့ ပြန်လည်ခံစားကြည့်တဲ့အကြောင်းပါပဲ။ ဒီရုပ်ရှင်ဟာ Ratingတွေတော့ မကောင်းပါဘူး။ ဒါပေမဲ့လည်း သူ့အကြောင်းအရာရော အငွေ့အသက်ရော ပေးနိုင်တဲ့ခံစားချက်ရောက အသိအမှတ်ပြုဖို့တန်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ရှင်သန်ခြင်းတို့ ချစ်ခြင်းတို့ဆိုတာ ရိုးရှင်းတယ်ထင်ရပေမဲ့ ကျွန်တော်တို့ ဘယ်တော့မှ နားလည်လာမယ့်အရာတွေမဟုတ်ဘူး။ အဓိပ္ပာယ်မရှိဘူးလို့ထင်ရရင်တောင်ရှင်သန်ကြည့်လိုက်ဖို့ အချစ်ဟာ ဝေဝါးလွန်းနေရင်တောင် ချစ်ကြည့်လိုက်ဖို့ကလွဲ ကျွန်တော်တို့အတွက် ...
movie
Longing (2024)
2024
Montréal Girls (2023)
ဒီတစ်ခေါက်မှာတော့ IMDB 6.2/10 ရရှိထားတဲ Comedy/Romance ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Montréal ဆိုတာက ကနေဒါက နာမည်ကြီးမြို့ကြီးတစ်ခုဖြစ်ပြီး ဇာတ်ကားနာမည် Montréal Girls ဆိုတာကတော့ အဲဒီမြို့က ကောင်မလေးတွေကို ညွှန်းဆိုထားတာပါ။ရာမီက ဆေးကျောင်းတက်ဖို့ သူ့ရဲ့အန်ကယ်အိမ်ကို ရောက်လာခဲ့ပြီး တီးဝိုင်းလုပ်တဲ့ သူ့ဝမ်းကွဲအစ်ကိုရဲ့ ကောင်းမှုနဲ့ Montréal က ခေတ်ဆန်တဲ့ ကောင်မလေးတွေနဲ့ သိကျွမ်းခဲ့ပါတယ်။ ထင်မထားတဲ့အချိန်မှာ ပေါ်လာပြီး ရုတ်တရက် ပျောက်ပျောက်သွားတတ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရာ့ဇ်ရယ်၊ ရာမီပြောသမျှကို နားထောင်ပေးပြီး အနုပညာကို ချစ်မြတ်နိုးတဲ့ ဒက်ဇီရယ်၊ ကိုယ့်အားကိုယ်ကိုးပြီး ယုံကြည်ရာကို ရဲရဲဝံ့ဝံ့လျှောက်ရဲတဲ့ ဆိုဖီယာရယ်ပေါ့။ကဗျာဆရာဖြစ်ချင်တဲ့ သူ့ရဲ့အိပ်မက်ကို ချောင်ထိုးပြီး ဆုံးပါးသွားတဲ့မိခင်ဖြစ်သူရဲ့ဆန္ဒကိုလိုက်လျောရင်း ဖခင်ဖြစ်သူကိုလည်း ကြောက်လို့ ဆေးကျောင်းလာတက်နေရပေမဲ့ ဘဝရဲ့ ဦးတည်ချက်ပျောက်ဆုံးသလိုဖြစ်နေတဲ့ ရာမီက သူ့ဘဝကို ပြောင်းလဲပစ်ဖို့ သတ္တိတွေ ရှိလာနိုင်မှာလား၊ ကောင်မလေးတွေထဲက ဘယ်သူကရော ရာမီ့ရဲ့ကဗျာတွေအတွက် ဈာန်နတ်သမီးဖြစ်လာနိုင်မလဲ၊ ...
movie
Montréal Girls (2023)
6.8
I’m Not There (2007)
တကယ့်ဟောလီးဝုဒ် ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ Heath Ledger, Christian Bale, Cate Blanchett နှင့် အခြားသောနာမည်ကြီးသရုပ်ဆောင်များ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ထားပြီး အမေရိကန်သီချင်းရေးဆရာ အဆိုတော် Bob Dylan အကြောင်းကို ကျောရိုးယူရိုက်ကူးထားတဲ့ ဒါရိုက်တာ Todd Haynes ရဲ့ Experimental Biographical Film လေးဖြစ်ပြီး IMDb Rating 6.8/10 ရရှိထားပါတယ်။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့အလှကို ရင်သပ်ရှုမောဖွယ်ကြည့်ရတဲ့ Nomadland ဆိုတဲ့ဇာတ်ကားလေးကို သွားပြန်သတိရပြီး တော်တော်လေး melancholy ဖြစ်တဲ့ဇာတ်ကားလေးမို့ Filmphile တို့ကို မဖြစ်မနေ ကြည့်စေချင်ပါတယ်။ဇာတ်လမ်းအကျဉ်း —-------------------- အမေရိကန် ဖောခ့်တေးဂီတအဆိုတော် ဂျက်ရိုလန်ရဲ့ ဘဝအကြောင်း၊ အနုပညာလမ်းကြောင်းတစ်လျှောက် အနိမ့်အမြင့်ဘဝဇာတ်ခုံအကြောင်းကို ဂျက်ရိုလန်အကြောင်းကို ပြန်ရိုက်ထားတဲ့ရုပ်ရှင်မှာပါဝင်ထားတဲ့ ရော်ဘီကလာခ့်၊ နာမည်တစ်လုံးနဲ့ လက်ဦးဖော့ခ်ဂီတအဆိုတော် ဂျုဒ်ကွင်းန်၊ ရစ်ဒယ်ဆိုတဲ့မြို့ငယ်လေးမှာ လာရောက်ပုန်းခိုနေတဲ့ ဝရမ်းပြေး ဘီလီမက်ကာတီ၊ ဂီတာလေးတစ်လက်နဲ့ အမေရိကန်ပြည်ထောင်စုကို ...
movie
I’m Not There (2007)
6.4
Upside Down (2012)
Upside Down (2012)_____IMDb - 6.4/10 ဒီရုပ်ရှင်ကားလေးကို V Day Feb 14 မှ တင်ဖို့ ဘာသာပြန်သူက ပြောထားပါတယ်... ရုပ်ရှင်ကား ရဲ့ အစ မှာတော့ ကျနော်တို့လို ကမ္ဘာကြီးမဟုတ်ပဲ ဆွဲငင်အား ၂ ခု နဲ့ ကမ္ဘာ ၂ ခုဖြစ်နေပါတယ်.. သူတို့ အခေါ်အဝေါ်ကတော့ အပေါ် နဲ့ အောက်ဘက် တဲ့... တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ် မြင်နေရပါတယ်... ဒါပေမယ့် တစ်ဖက်နဲ့ တစ်ဖက် သွားလည်ခွင့် လုံး၀ မရှိပါဘူး... တစ်ရက်မှာတော့ ကောင်လေး တစ်ယောက်ဟာ အပေါ် သို့ အောက်ဘက် က ကောင်မလေး တစ်ယောက်ကို ချစ်မိသွားပါတယ် အဲ့ဒီဘက်ကိုလဲ ခိုးခိုးပြီးသွားလည်ပါတယ်... သူတို့ ၂ ဦး ပေါင်းစည်းဖို့ ကမ္ဘာ နှစ်ခုကိုလဲ ပေါင်းစည်းဖို့ကြိုးစားပါတော့တယ်.. V Day အတွက် ပြည့်စုံတဲ့ အချစ်ဇတ်လမ်းလေး တစ်ခုရရှိမယ်လို့ ရည်ညွှန်းလိုက်ပါရစေ....ဒီကားလေးကို ဘာသာပြန်သူကတော့ MT (UCSY) ဖြစ်ပါတယ် (သစ်ဆန်းခန့်)File ...
movie
Upside Down (2012)
2012
5.3
The Covenant (2006)
ဒီဇာတ်ကားလေးကတော့ witch ကားလေးပါ အစ်ဝစ်ခ်ျမြို့မှာ ပေါ်ပြူလာဖြစ်တဲ့ ကောင်လေး ၄ ယောက်ရှိပါတယ် အချစ်ဆုံးသူငယ်ချင်းလေးယောက်ကို အစ်ဝစ်ခ်ျရဲ့သားတွေလို့သိကြပါတယ် သူတို့လေးယောက်ဟာ ၁၇ ရာစုက witch တွေကနေ ဆင်းသက်လာတဲ့ မှော်ပညာပိုင်ဆိုင်ထားတဲ့ ဆယ်ကျော်သက်ကောင်လေးတွေပါ သူတို့ ၁၈ နှစ်ပြည့်တဲ့အချိန်မှာ သူတို့စွမ်းအားတွေကို အဆင့်မြှင့်တင်ပေးခြင်းခံရပါတယ် သိပ်မကြာခင်သူတို့ကျောင်းကို ပဉ္စမမြောက်မိသားစုက ကောင်လေးတစ်ယောက်ပေါ်လာပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ကြည့်ရှုကြပါဦးနော် Magic တို့ သဘာဝလွန်တို့ ကြိုက်တတ်တဲ့ ပရိသတ်တွေကိုဆွဲဆောင်နိုင်မယ့် ဇာတ်ဝင်ခန်းလေးတွေလည်းပါလို့ အားပေးကြပါဦးလို့ (ဘာသာပြန်သူကတော့ ကိုကျော်ကျော်ပါ) File Size : (600 MB) and (320 MB) Quality : Bluray 720p Running Time : 1hr 37minutes Format : Mp4 Genre : Action, Fantasy, Horror Translated By ကျော်ကျော် (CU - Mdy) Encode By ...
movie
The Covenant (2006)
2006
7.1
Race (2016)
Race (2016) IMDb - 7.1/10_____Rotten - 62% ဒီဇာတ်ကားလေးဟာ IMDB 7.1/ 10 အထိ ရရှိထားပြီး အတ္ထုပ္ပတ္တိဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းမျိုးပါ။ ပြည်နယ်လေးတစ်ခုကနေ အိုလံပစ်ပြိုင်ပွဲအထိ လာရောက်ယှဉ်ပြိုင်ခဲ့သူ ဂျက်စီ အိုဝန်အဖို့ လောကဓံ ကြားမှာ ကူးခပ်ခဲ့ရပုံကို အဓိကတင်ဆက်ထားပါတယ်။ လူဖြူ လူမည်းခွဲခြားခံရမှုကြား ဒေါသတွေကို မြိုသိပ်/ ရည်မှန်းချက်တစ်ခုကိုသာအာရုံစူးစိုက်မှု အပြည့်ဖြင့် အနိုင်ယူခဲ့ပုံကလည်း အတုယူ အားကျဖွယ်ကောင်းလှပါတယ်။ ဒါ့ပြင် နည်းပြဆရာတစ်ဦးရဲ့စေတနာ / ပြိုင်ဘက်ကောင်းတွေရဲ့အားကစားစိတ်ဓာတ် ပြည့်ဝမှုတွေနဲ့ သမိုင်းနောက်ခံဇာတ်ကွက်ကိုပါ လေ့လာခွင့်ရမယ့် ဇာတ်ကားကောင်းမို့ ကြည့်ရှုရကျိုး နပ်မှာပါ။ CM ပရိသတ်များ အားပေးလိုက်ကြပါဦး။ (ဇာတ်ကားအညွန်းရေးသူကတော့ လင်းခယံပဲ ဖြစ်ပါတယ်) File Size : 952 MB Quality : Blu ray 720P Running Time : 2hr 14 minute Format : Mp4 Genre : Biography,Drama,sport Encoder : Joker.phs
movie
Race (2016)
2016