Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lara Amersey
5.2
Locked in My House (2024)
Locked in My House (2024) =======================စိတ်၀င်စားစရာကောင်းတဲ့ Thriller ဆန်ဆန် ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအမြတ် ထုတ်တဲ့ ကြောင်သူတော်တစ်ယောက်ကို ဝိုင်းပညာပေးမဲ့ ဇာတ်လမ်း မျိုးပါ။ ပါမောက္ခကဲရစ်နဲ့ ခင်ပွန်းဖြစ်သူဂျွန်ဟာ သာယာတဲ့အိမ်ထောင်ရေးပိုင် ဆိုင်ထားတဲ့ ဇနီးမောင်နှံပါ။ ဒါပေမဲ့ သူတိုမှာ သားသမီးမထွန်းကားသေး ပါဘူး။ အဲဒါကြောင့် သားသမီးရရှိရေးအတွက် fertility clinic တစ်ခုကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ဇာတ်လမ်းစတာပါပဲ။တစ်နေ့တော့ ဂျွန် ခရီးသွားနေခိုက် ကဲရစ်တစ်ယောက်တည်း ချိန်းဆိုထား တဲ့ဆေးခန်းကို သွားရောက်စမ်းသပ်ခံခဲ့ပါတယ်။ အဲဒီမှာ ဒေါက်တာမဲရစ်ခ် ဆိုတဲ့ ဆရာ၀န်ရဲ့မူမမှန်တဲ့ စမ်းသပ်မှုကြောင့် ကဲရစ် ရှော့ခ်ရသွားပါတော့ တယ်။ မတရားမှုကို ငြိမ်ခံမနေတတ်တာကြောင့် လိင်ပိုင်းဆိုင်ရာနှောင့် ယှက်မှုနဲ့ ရဲစခန်းမှာ သွားတိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သက်သေမခိုင်လုံတာကြောင့် ဘာမှလုပ်လို မရခဲ့ပါဘူး။ အဲဒီနောက် ဒေါက်တာမဲရစ်ခ်ရဲ့လိင်နှောင့်ယှက်မှု ကို ခံရသူဟာ သူတစ်ယောက်တည်းမဟုတ်မှန်း ကဲရစ်သိလာပြီး ဘ၀တူအ မျိုးသမီးတွေ စုမိသွားပါတယ်။ ဒီလိုနဲ့ ကဲရစ်ဟာ မိန်းမသားများစွာရဲ့ဘ၀ကို စိတ်ဒဏ်ရာကြီးကြီးပေးခဲ့တဲ့ မဲရစ်ခ်ကို ကိုယ်တိုင်သက်သေရှာဖွေပြီး အပြစ် ပေးဖို စွန့်စွန့်စားစား ကြိုးပမ်းပါတော့တယ်...။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ...
movie
Locked in My House (2024)
2024
6.2
Land of the Dead (2005)
Land of the Dead (2005)Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့နောက် Old but gold zombie ကားကောင်းတစ်ကားကို CM fanတွေ မကြည့်ဖူးမရှိရအောင် တင်ဆက်ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်ဘေးတစ်ခုကြောင့် တစ်ကမ္ဘာလုံးက လူအများစု ဖုတ်ကောင်တွေ ဖြစ်သွားတဲ့နောက် လူကုံထံတွေက လုံခြုံရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီးနေထိုင်ကြပါတယ်၊ ကပ်ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲတွေကိုတော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုးတွေနဲ့ အနီးဆုံးမှာပဲ ပေးနေပါတယ်၊ ရိက္ခာကိုတော့ ကြေးစားလူစွန့်စားတွေကို ငှားရမ်းပြီး ဖုတ်ကောင်တွေပြည့်နေတဲ့ မြို့ပျက်ငယ်တွေမှာ ရှာဖွေခိုင်းပြီး အသက်ဆက်နေကြတာပါ။ရိုင်လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ ကြေးစားအဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာတော့ ဖုတ်ကောင်တွေက လမ်းလျှောက်တတ်တဲ့ လူသေကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်နေ့မှာတော့ ဆင့်ကဲပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသားတွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ ...
movie
Land of the Dead (2005)