Channel Myanmar

Lao Rodriguez

Mallari (2023) 6.7
Mallari (2023)  ၂၀၂၃ ခုနှစ်ကထွက်ရှိထားတဲ့ Mallari ရုပ်ရှင်ဟာ Horrorအမျိုးအစားဖြစ်ပါတယ်။ အောက်လမ်းအတတ်၊ရက်ရက်စက်စက်လူသတ်ခန်းတွေနဲ့အတူ သရဲတွေကိုပါအချိန်ခရီးသွားနိုင်တဲ့ဇာတ်ကောင်တွေနဲ့အတူ ပေါင်းစပ်ကြည့်ရှု့ရမှာဖြစ်ပါတယ်။အသံပိုင်းဆိုင်ရာ၊ အထူးပြုလုပ်ချက်တွေ၊ ရုပ်ရှင်ရိုက်ကူးမှု၊တည်းဖြတ်မှုနဲ့ သရုပ်ဆောင်ပိုင်းတွေအတွက် ဆုပေးပွဲတွေမှာအမည်တင်သွင်းခံခဲ့ရသလို ဆုတွေလည်းအများကြီးရထားတဲ့သရဲကားဖြစ်လို့ Horror ဖန်တွေအကြိုက်ဖြစ်စေမှာကတော့သေချာပါတယ်။ဖိလစ်ပိုင်နိုင်ငံရဲ့ပထမဆုံးမှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ဆက်တိုက်လူသတ်သမား Severino Mallari အကြောင်း ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားပြီး ရုပ်ရှင်ထဲမှာ ၁၈၁၂၊ ၁၉၄၈ နဲ့ ၂၀၂၃ဆိုတဲ့အချိန်ကာလသုံးခုပါဝင်တဲ့အနက် ၁၉၄၀ နဲ့ ၂၀၂၃ အချိန်ကာလကအဖြစ်အပျက်တွေကတော့ စိတ်ကူးယဉ်ဖန်တီးမှုသာဖြစ်ပါတယ်။ ဖိလစ်ပိုင်ကို စပိန်တွေအုပ်စိုးချိန် ၁၉ ရာစုကနာမကျန်းဖြစ်နေတဲ့မိခင်အတွက် လူ ၅၇ ယောက်သတ်ဖြတ်ခဲ့တဲ့ဖာသာ Severino Mallari ဟာ ကြိုးမိန့်ပေးခံခဲ့ရပါတယ်။Mallari မိသားစုက မတူညီတဲ့အချိန်ကာလသုံးခုမှာရှိနေတဲ့Juan Severino၊ Johnrey နဲ့ Jonathan ဆိုတဲ့မျိုးဆက်သုံးခုအကြောင်း ရိုက်ကူးပြသထားပါတယ်။၁၈၁၂ က Severino က အစေခံတွေရဲ့ပြုစားတာခံလိုက်ရတဲ့မိခင်အသက်ကိုကယ်ဖို့ မကောင်းတဲ့လူတွေကိုအပြစ်ပေးတာဆိုတဲ့အကြောင်းပြချက်နဲ့ လူ ၅၇ ယောက်ကိုသတ်ပြီးမိခင်ကိုစားစေခဲ့ပါတယ်။၁၉၄၈ က Mallari မျိုးဆက်တစ်ဦးဖြစ်တဲ့ Johnrey ...
movie

Mallari (2023)

Keys to the Heart (2023) 6.4
Keys to the Heart (2023) Keys to the Heart (2023) ================== IMDb Rating - 6.4/10ဒီဇာတ်လမ်းလေးကတော့ ဖိလစ်ပိုင်မိသားစုဇာတ်လမ်းလေးပါ။ တစ်ယောက်တည်းနေရတဲ့ လက်ဝှေ့ထိုးသမားဂျိုမာက အားက စားရုံမှာ အလုပ်လုပ်ရင်း ပြဿနာတက်ပြီး အလုပ်အထုတ်ခံလိုက် ရတယ်။ အလုပ်ထုတ်ခံရလို့ မူး​အောင်သောက်တဲ့ညမှာပဲ ကားပါ အတိုက်ခံလိုက်ရလို့ ဆေးရုံရောက်သွားပါတယ်။သူနဲ့ကွဲနေတာကြာပြီဖြစ်တဲ့ အမေမှာလည်း နောက်အိမ်ထောင်နဲ့ ရထားတဲ့ အော်တစ်ဆန်(autism)ရောဂါရနေတဲ့ သားတစ်ယောက် ရှိပါတယ်။ ဂျိုမာရဲ့ အမေတူ အဖေကွဲညီလေးပေါ့။ ပိုက်ဆံအခက် အခဲလည်းရှိတာကြောင့် သွားစရာနေရာမရှိတဲ့အဆုံး ဂျိုမာဟာ သူ မမြင်ချင်တဲ့ သူ့အမေအိမ်မှာ နောက်အလုပ်မရမချင်း လိုက်နေရပါ တော့တယ်။ ဂျိုမာ သူ့အမေကို အဆက်အသွယ်မလုပ်ဘဲ မုန်းနေတဲ့ အချက်ကတော့ သူငယ်ငယ်က သူ့အမေသူ့ကို အရက်သမားလူရမ်း ကားဖြစ်တဲ့အဖေနဲ့ စွန့်ပစ်ခဲ့ပြီး နောက်အိမ်ထောင်ပြုခဲ့လို့ပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ အနေ​ဝေးခဲ့တဲ့ မိသားစုဝင်တွေ ပြန်လည်ဆုံဆည်းပြီး ဘယ်လိုမေတ္တာတရားတွေ ပေါက်ဖွားလာမလဲဆိုတာကို နွေးထွေးဖွယ် ကြည့်ရှုရမယ့် Drama ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.5 GB) / (589 MB) Quality............WEB-RIP 1080p / ...
movie

Keys to the Heart (2023)

2023
Buy Bust (2018) N/A
Buy Bust (2018) BuyBust (2018)ဒီဇာတ်လမ်းကတော့ ပြီးခဲ့တဲ့ သြဂုတ်လကမှ ရုံတင်ခဲ့တဲ့ ဖိလစ်ပိုင်အက်ရှင်ဇာတ်ကြမ်း အသစ်စက်စက်ပါ။ ဇာတ်ကြမ်းလို့ဆိုနိုင်ပေမဲ့ မင်းသမီးကို အသားပေးထားတာမို့ မြင်နေကျ မင်းသားဟီးရိုးလုပ်တဲ့ အက်ရှင်ကားတွေနဲ့တော့ နည်းနည်းကွာမှာပါ။ ဇာတ်လမ်းကျောရိုးက လက်ရှိဖိလစ်ပိုင်ရဲ့ နာမည်ကျော် မူးယစ်ဆေးနှိမ်နင်းရေးတိုက်ပွဲကြီးကို အခြေခံထားတယ်ဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းမှာ ဖိလစ်ပိုင်မူးယစ်ဆေးဝါးနှိမ်နင်းရေး အထူးတပ်ဖွဲ့က အဖွဲ့တစ်ဖွဲ့ဟာ ဖမ်းဆီးရခက်တဲ့ နာမည်ကျော် မူးယစ်ရာဇာတစ်ယောက်ရဲ့ စခန်းကို ဝင်စီးပြီး မူးယစ်ရာဇာကိုပါ ဖမ်းဆီးမယ့် စစ်ဆင်ရေးတစ်ခု အစပြုခဲ့ကြပါတယ်။ စစ်ဆင်ရေးနာမည်က Buy-Bust...သူလျိုတစ်ယောက်ရဲ့ အကူအညီနဲ့ ဝင်စီးဖို့ ထွက်လာတဲ့ သူတို့အဖွဲ့ဟာ စစ်ဆင်ရေးအစမှာပဲ ထောင်ချောက်ဆင်ခံရပြီဆိုတာ သိလိုက်ရပါတယ်။ အချိန်ယူပြီးစနစ်တကျလေ့ကျင့်ထားခဲ့ကြတဲ့ သူတို့အဖွဲ့ဝင်တွေ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲ၊ ကျွမ်းကျင်ထက်မြတ်တဲ့ မန်နင်းဆိုတဲ့ အဓိကဇာတ်ကောင် အမျိုးသမီးတပ်ဖွဲ့ဝင်ကရော ဘယ်လိုတွေ ရုန်းကန်ရှင်သန်သွားမလဲ၊ မူးယစ်ရာဇာရဲ့ အာဏာစက်ထဲရောက်နေတဲ့ ဒေသခံတွေနဲ့ရော ဘယ်လို ပဋိပက္ခဖြစ်ကြမလဲ၊ သူတို့ဘက်က အကျင့်ပျက်ခြစားနေတဲ့ သူလျိုကရော ဘယ်သူဖြစ်မလဲ၊ နောက်ဆုံး ဘယ်သူတွေ အသက်ရှင်ကျန်ရစ်ခဲ့မလဲ ...
movie

Buy Bust (2018)

2018