Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lanny Flaherty
7.9
Bound by Honor (aka) Blood In, Blood Out (1993)
ဒီရုပ်ရှင်ကတော့ ၁၉၉၃ ခုနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်အမျိုးအစားက Crime/Thriller ဆိုပေမယ့်လည်း Drama ပါရောနေတဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး Runtime ကလည်း ၃ နာရီတောင်ကြာတာမလို့ အတော်လေးကိုကြည့်ရတာအရသာရှိမယ့် ရုပ်ရှင် ဖြစ်ပါတယ်။ မက္ကစီကိုဂိုဏ်းတွေအကြောင်းစိတ်ဝင်စားတဲ့လူတွေ မက္ကစီကိုပုံစံ အင်္ဂလိပ်လိုစကားပြောတာတွေကိုကြိုက်နှစ်သက်သူတွေအဖို့ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အတော်လေးကိုစွဲမက်ဖွယ်ကောင်းပြီးအတော်လေးလည်းကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ဇာတ်ညွှန်း:မစ်ကလို ပါကိုနဲ့ ခရုဇ်ဇီတိုတို့သုံးယောက်ဟာ ညီအကိုဝမ်းကွဲတွေဖြစ်သလိုအရမ်းလည်းချစ်ကြတဲ့ လူသုံးယောက်ဖြစ်ပါတယ်။ ခရုဇ်ဇီတိုက ပါရမီပါတဲ့ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး ပါကိုကတော့အကြမ်းပတမ်းလမ်းဘေးဂိုဏ်းကလူတစ်ယောက်ဖြစ်ပါတယ်။ မစ်ကလိုကတော့သုံးယောက်ထဲမှာအငယ်ဆုံးနဲ့ ဘာမှမသိသေးတဲ့လူတစ်ယောက်ဖြစ်ပြီး သူဟာ အမေရိကန်မှာဖွားတဲ့လူဖြူမက္ကစီကိုဖြစ်နေပါတယ်။ ဒါပေမယ့်ဘဝဆိုတာဘယ်လိုမှထင်မထားသလိုဖြစ်တတ်တယ်ဆိုတာ အကုန်သိကြမယ်ထင်ပါတယ်။ခရုဇ်ဇီတိုဟာဆေးစွဲပြီးအမှားကြီးတစ်ခုကိုကျူးလွန်မိတယ်။ သူ့ရဲ့ပါရမီပန်းချီပညာကလည်းဆေးနောက်ကိုပါသွားတယ်။ သူလုပ်ခဲ့တဲ့အမှားကအရိပ်မည်းကြီးလိုနောက်ကနေထပ်ကြပ်မကွာလိုက်နေပါတော့တယ်။ပါကိုကတော့ လမ်းဘေးမှာပေတေနေတဲ့ကောင်လေးကနေပြီး မူးယစ်ရဲအရာရှိတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။မစ်ကလိုကတော့ကံဆိုးစွာနဲ့ ထောင်ထဲရောက်သွားခဲ့ပါတယ်။ ကံကြမ္မာဇာတ်ဆရာကသူတို့သုံးယောက်ကိုမထင်မှတ်ထားလောက်အောင်ကြိုးဆွဲခဲ့ပါတယ်။မစ်ကလိုတစ်ယောက်ထောင်ထဲရောက်ပြီး ထောင်ထဲမှာ ဂိုဏ်းတွေနဲ့တွေ့ခဲ့ပြီးအရှုပ်တော်ပုံထဲရောက်သွားခဲ့ပါတယ်။ အတော်လေးကိုဆွဲမက်ဖွယ်ကောင်းတဲ့ရုပ်ရှပ်ရှင်မလို့လက်လွှတ်မခံသင့်တာတော့အမှန်ပါပဲ။ File size…(4.8 GB)/(2.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….03:00:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LuciferMaximoff
movie
Bound by Honor (aka) Blood In, Blood Out (1993)
6.7
Cold in July (2014)
မိသားစုကိုချစ်မြတ်နိုးတဲ့ Richard Dane ကညနက်သန်းခေါင် သူ့အိမ်ထဲကို ကျူးကျော်ပြီးဝင်လာတဲ့Freddy Russell ဆိုတဲ့သူကို မတော်တဆသတ်မိသွားတဲ့အခါ၊ထင်မှတ်မထားတဲ့အဖြစ်ကြောင့် Freddy အဖေ ထောင်ထွက်လူမိုက်ကြီးက Richard Dane တို့မိသားစုကို လက်စားချေဖို့ကြံစည်လာတဲ့အခါ...Richard တယောက် ကြံရာမရဖြစ်ပြီး ရဲတပ်ဖွဲ့ကိုအကူအညီတောင်းပါတော့တယ်။ ဒါပေမဲ့ Freddy အဖေကိုရဲတွေက လူမသိသူမသိလုပ်ကြံဖို့ ကြိုးစားတဲ့အခါ ဒီနောက်ကွယ်မှာတော့ FBI ရဲ့ ဘယ်လိုပူးပေါင်းကြံစည်မှုတွေ၊လှည့်ကွက်တွေရှိနေတာလဲ။ Richard Dane တယောက်ဘယ်လိုလှည့်စားခံခဲ့ရတာလဲ။Richard က Freddy အဖေကိုကယ်ထုတ်ပြီးသူတို့နှစ်ယောက်ပူးပေါင်းလိုက်ကြတဲ့အခါ Freddy အစစ်ကိုရှာပုံတော်ဖွင့်ကြမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းက အစပိုင်းမှာရိုးရိုးရှင်းရှင်းစတင်ထားတယ်ဆိုပေမဲ့ နောက်ပိုင်းမှာတော့အထူးစုံထောက်ကြီး Johnson ကပါ ပူးပေါင်းပါဝင်လာတဲ့အခါရာဇဝတ်မှုအရှုပ်တော်ပုံကြီးကို တဆင့်ပြီးတဆင့် ဖော်ထုတ်သွားကြမှာဖြစ်ပါတယ်။ အချိန်ပေးပြီး ကြည့်ရကျိုးနပ်စေမယ့်မှုခင်းစုံထောက်ဇာတ်ကားကောင်းဖြစ်လို့ အသည်းတအေးအေးကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…1.38GB / 656MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre …..Crime , Thriller Subtitle….Myanmar Subtitle (Hard ...
movie
Cold in July (2014)
7.7
Miller’s Crossing (1990)
IMDb 7.7/10 ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ Miller's crossing ဆိုတဲ့ ဂန်းစတားရုပ်ရှင်ပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ မြို့မှာအကြီးဆုံးဂိုဏ်းရဲ့ ခေါင်းဆောင် Leo ဟာ တခြားဂိုဏ်းခေါင်းဆောင် Caspar တောင်းဆိုတာကို ငြင်းလွှတ်လိုက်တာကနေစထားပါတယ်။ Caspar တောင်းဆိုတာကတော့ Leo ကောင်မလေးရဲ့မောင်ဖြစ်သူ Bernie က သူ့ကို သစ္စာဖောက်သွားလို့ သူ့လက်ထဲထည့်ဖို့ပါ တောင်းဆိုတာပါ။ အဲတော့ Leo ကမပေးဘူးပေါ့။ Leo ရဲ့ အယုံကြည်ရဆုံး Tom ကတော့ တခြားဂိုဏ်းခေါင်းဆောင်တစ်ယောက်ကို စိတ်ကွက်အောင်လုပ်ဖို့ထက် Bernie ကိုပေးလိုက်ဖို့ အကြံပေးပါတယ်။ အဲလိုနဲ့ Tom တစ်ယောက် ဂိုဏ်းနှစ်ဂိုဏ်းကြားက ပါဝါဘက်ညီမှု ပြိုပျက်သွားတာကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာကြည့်ရှုခံစားကြရမှာပါ File size…(1.9 GB)/(900 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:55:00 Genre...Drama, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie
Miller’s Crossing (1990)
7.2
Natural Born Killers(1994)
Natural Born Killers(1994)====================== မစ်ကီနဲ့ မယ်လိုရီ တို့ဟာ ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာကိုယ်စီနဲ့ကြီးပြင်းလာခဲ့သူတွေဖြစ်ပါတယ် မစ်ကီနဲ့ မယ်လိုရီတို့ အချင်းချင်းတွေ့ဆုံမိချိန်မှာတော့ နှစ်ယောက်ပေါင်းပြီး မယ်လိုရီရဲ့ အနိုင်ကျင့်တတ်တဲ့မိဘတွေကိုသတ်ကာ နှစ်ယောက်သားထွက်ပြေးခဲ့ကြပါတော့တယ်ဒါပေမယ့် ငယ်ငယ်ကစိတ်ဒဏ်ရာရှိခဲ့သူတွေဖြစ်တာကြောင့်နှစ်ယောက်ပေါင်းမိချိန်မှာတော့ တစ်ဖြည်းဖြည်း စိတ္တဇ လူသတ်စုံတွဲအဖြစ်ပြောင်းလဲလာပါတော့တယ် သူတို့ဟာ သူတို့ကားရပ်တဲ့နေရာတိုင်း အနားမှာရှိသမျှလူအကုန်သတ်ပစ်တတ်ကြပြီး သူတို့သတ်သွားတဲ့ဇာတ်လမ်းကိုပြန်ပြောနိုင်ဖို့ လူတစ်ယောက်ကိုတော့ချန်ခဲ့တတ်တဲ့စုံတွဲအဖြစ် နာမည်ကြီးပါတယ် အဲ့အချိန်မှာပဲ မီဒီယာရဲ့မြောှက်ထိုးပင့်ကော်လုပ်မှုကြောင့် တစ်နိုင်ငံလုံးဟာ ဒီရာဇဝတ်စုံတွဲကိုထောက်ခံအားပေးလာကြတဲ့အချိန်မှာတော့ မစ်ကီနဲ့မယ်လိုရီတို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရှုရမှာဖြစ်ပါတယ်သရုပ်ဆောင်တွေကတော့ မင်းးသားကြီး Woody Harrelsonနဲ့မင်းသမီး Juliette Lewisပဲဖြစ်ပါတယ် ဒါ့အပြင် မင်းသားRobert Downey Jrကလည်း သတင်းထောက် ဝိန်းဂေးလ်အနေနဲ့ပါဝင်အားဖြည့်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. File size…2.81GB / 1.26GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ..... Action / Crime / Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Natural Born Killers(1994)
6.8
Men in Black 3 (2012)
ဒီ MIB 3 မှာလဲ အရင်လို Agent K နဲ့ J ကို ပြန်မြင်ကြရအုံးမှာပါပဲ အရမ်းဆိုးရွားလွန်းလို့ အာကသ ထဲမှာ အဆင့်ဆင့် ပိတ်လှောင်ထားတဲ့ အကျဉ်းထောင်ထဲက ဘိုးရစ် ဆိုတဲ့ ဂြိုလ်သားတစ်ကောင် ရှိပါတယ် သူနဲ့ အေးဂျင့် ကေ မှာ ရန်ညိုး ရန်စ တစ်ခု ရှိနေတယ်...အေးဂျင့် ကေ ကြောင့် ဘိုးရစ် ရဲ့ လက်တစ်ဖက် ပြတ်သွားဖူးပါတယ် နောက်ဆုံးမှာ အေးဂျင့်ကေ က မသတ်ပဲ အရှင်ဖမ်းပြီး အကျဥ်းထောင်မှာ လုံခြုံရေး တင်းကျပ်စွာ ချူပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်...တစ်ရက်မှာတော့ ဘိုးရစ် တစ်ယောက် အပြင်က အကူအညီ နဲ့ အကျဉ်းထောင်က လွတ်မြောက်သွားပြီး အေးဂျင့် ကေ ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်...သူလက်စားချေမယ့် အစီအစဉ်ကတော့ အေးဂျင့် ကေ ဘိုးရစ်ကို မဖမ်းခင် အချိန်ကို ပြန်သွားပြီး သတ်ဖို့ပါပဲ... ဘိုးရစ် ရဲ့ အစီအစဉ် အောင်မြင်သွားတယ် ...
movie
Men in Black 3 (2012)
2012
4K HEVC
6.7
Signs (2002)
Signs (2002) ~ IMDb - 6.7/10, RT - 74%, Letterboxd - 3.4/5 ~Horror / Thriller ရုပ်ရှင်တွေကို သဘောကျတဲ့လူတွေအနေနဲ့တော့ ဒါရိုက်တာ M. Night Shyamalan ကို မသိတဲ့လူ မရှိလောက်ပါဘူး။ ရုပ်ရှင်နဲ့ လူမတွဲမိရင်တောင် သူ့ကားအများစုကို ကြည့်ဖူးပြီးသားဖြစ်ကြမှာပါပဲ။ Shyamalan ဟာ The Sixth Sense, Unbreakable Trilogy, The Village, The Happening နဲ့ Old အစရှိတဲ့ ကားတွေကိုရိုက်ခဲ့တဲ့သူပါပဲ။Signs ဟာ Shyamalan ရဲ့ မာစတာပိစ်တစ်ကားအဖြစ် Horror ဖန်တွေ သမုတ်ကြတဲ့ ရုပ်ရှင်တစ်ကားဖြစ်သလို Mel Gibson, Joaquin Pheonix တို့ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့အတူ မင်းသား Rory Culkin, ...
movie
Signs (2002)
2002
6.2
Waterworld (1995)
Water World (1995) =====================ကမ္ဘာ့ဝန်ရိုးစွန်းဒေသ ပိုလာရေခဲပြင်ကြီးအရည်ပျော်သွားခဲ့ပြီးနောက် ကမ္ဘာမြေမျက်နှာပြင်အားလုံးနီးပါးဟာရေအောက်ကိုရောက်သွားခဲ့ပြီး အဲ့ဒီလိုရေကမ္ဘာကြီးမှာ ခြောက်သွေ့ကုန်မြေဆိုတာ နိဗ္ဗာန်ဘုံဒဏ္ဍရီတစ်ခုဖြစ်လာခဲ့ပါတယ်။အရာအားလုံးပျောက်ဆုံးကာ အစာရေစာလဲရှားပါးချိန် ခေတ်ဟောင်းကမ္ဘာကြီးရဲ့လက်ကျန်လေးများနဲ့အသက်ဆက်ရှင်နေရချိန် လှေတစ်စင်းနဲ့ကမ္ဘာပင်လယ်ပြင်ကြီးထဲရွက်လွှင့်စွန့်စားသွားလာကြသူတွေကံကောင်းထောက်မစွာ ရေနံတင်သင်္ဘောကြီးပေါ်ရှာတွေ့ပြီး အရှင်တစ်ခင်တစ်ယောက်လိုအသက်ဆက်ရှင်ကာနယ်မြေချဲ့တဲ့ သူတို့ပေါ်လာတိုင်းမီးခိုးတန်းကြီးမြင်ရတဲ့ Smokers ခေါ်သူတွေနဲ့ ကာကွယ်သူမဲ့နေသူတွေကိုကျွန်ပြုခိုင်းစေကြတဲ့ Slavers တွေဆိုပြီးရှိကြတယ်။သူတို့အားလုံးရဲ့ရည်းမှန်းချက်က ခြောက်သွေ့မြေကိုရှာတွေ့ဖို့ပါပဲ။ အဲ့ဒီခြောက်သွေ့မြေကိုသွားရာလမ်းညွှန်းမြေပုံကိုကလေးတစ်ယောက်ရဲ့နောက်ကျောမှာရေးဆွဲထားတဲ့သီတင်းကနေစလို့ အဲ့ဒီကလေးဆီကခြောက်သွေ့ကုန်းမြေဆီသွားရာမြေပုံကိုရယူဖို့ကြိုးစားကြရင်း ဘာမထီသွေးအေးသန္ဓေပြောင်းလူသားကြီးနဲ့ရင်ဆိုင်ကြရတဲ့ စွန့်စားခန်းရုပ်ရှင်ကြီးဖြစ်ပါတယ်။ဒီဇတ်ကားက သိပ်ညွှန်းစရာတောင်မလိုပါဘူး အားလုံးကြည့်ဖူးပြီးသား အားလုံးနဲ့လဲရင်းနီးပြီးသားဖြစ်မှာပါ။စုတ်ပြတ်နေတဲ့အဝတ်အစားတွေနဲ့ငါးကြေးခွံတွေကိုအင်္ကျီချုပ်ဝတ်ကြရင်း ရေကမ္ဘာမှာပွဲကြမ်းကြတဲ့ဇတ်ကားဆိုတာလူတိုင်းမှတ်မိပြီးသားပါ။1995 ကဇတ်ကားဖြစ်ပေမဲ့ ကွန်ပျုတာအထူးပြုလုပ်ချက်တွေလဲအဆင်မမြင့်ဘဲရိုက်ကူးထားပုံက အခုချိန်ပြန်ကြည့်တာတောင်မရိုးနိုင်စရာပါပဲမင်းသားကြီး Kevin Costner ပါဝင်ထားပြီး အကောင်းဆုံးဆု အဆိုးဆုံးဆုနဲ့ ဇကာတင်စာရင်းများစွာလဲဝင်ခဲ့တဲ့အားလုံးမှင်သက်စရာခံစားချက်တွေရစေမယ့် 6.2 ရထားတဲ့ဇတ်ကားကိုအားလုံးပြန်ကြည့်ရင်း ရေငတ်လိုက်ကြပါစို့လား။Translated by : Myo Myint Maung Encoded by : YK File Size : 2.5GB and 1.2 GB Quality : 1080p Blu-ray and 720p
movie
Waterworld (1995)
1995
6.2
Sommersby(1993)
Sommersby(1993)အညွှန်း********************(zawgyi)ဂျက်သည် ၆ နှစ်ကြာမျှ ကွယ်ပျောက်ပြီးမှ ရွာသို့ပြန်ရောက်လာသည်....ထောင်ကျနေသသဖြင့် ပျောက်ကွယ်နေရခြင်းဖြစ်သည်ဟု သူကပြောပြသည်....သူ့ဇနီးနှင့် ကလေးဖြစ်သူက ဂျက်ကို အံအားသင့်စွာဖြင့်ကြိုဆိုကြသည်....ဂျက်ကိုသဘောကျသည်ဖြစ်စေ သဘောမကျသည်ဖြစ်စေ တစ်ရွာလုံးကတော့ ၀ိုင်းဝန်းကြိုဆိုကြသည်.... ဒီနေရာမှာ ဘာထူးထူးဆန်းလာလဲဆိုတော့ ဂျက်ရှိစဉ်ကထဲက မွေးထားတဲ့ခွေးက စိမ်းစိမ်းကားကား ထိုးဟောင်ခဲ့တယ်...ပြီးတော့ ဖိနပ်ဆိုင်မှာ ဖိနပ်ချုပ်တော့လည်း ဖိနပ်အတိုင်းကို မှတ်မိနေတဲ့ဆိုင်ရှင်က ဆိုက်သေးသွားတယ်နော်လို့မှတ်ချက်ချပြန်တယ်.... ဂျက်ရှိစဉ်ကထဲက သေဆုံးတဲ့သူတစ်ယောက်ရှိတယ်..ဒါကိုလည်းစကားမှားပြီးပြောမိပြန်တယ်....သူဟာ ဂျက်နဲ့တထေရောထဲတူတဲ့သူဖြစ်ပေမယ့် ဂျက်အတုလား အစစ်လား တကယ့်ကို ဝေခွဲရခက်ပါတယ်... ဒီကားနဲ့ပတ်သက်ပြီးဇာတ်ကြောင်းက ဒီလောက်ပဲပြောပါရစေ...အတွေးပေါင်းများစွာနဲ့ လှပသောရုပ်ရှင်ကြောင့် ခံစားမှုသီးခြားကမ္ဘာထဲကို ပို့ဆောင်ပေးတဲ့ကားမျိုးမို့ပါ... ဒီကားဟာ ရစ်ချက်ဂီယာနဲ့ မင်းသမီးကြီး ဂျိုဒီဖော့်စ်စတာတို့ အဓိကသရုပ်ဆောင်ထားပါတယ်.. ရစ်ချက်ဂီယာလို့ မသိကြပေမယ့် Pretty Woman ဇာတ်ကားနဲ့ ကျွန်တော်တို့မြန်မာပရိတ်သတ်တွေရင်းနှီးကြမှာပါ...ဒီကားကိုကြည့်ရင် ဂျက်ရဲ့အပြုအမူ လုပ်ကိုင်ဆောင်ရွက်ပုံတွေ စကားပြောပုံတွေကို အသေးစိတ်ဂရုစိုက်ကြည့်စေချင်တယ်... ဂျက်ဘာကြောင့်ဒီလိုလုပ်တာလဲ..ဘာဖြစ်လို့ ဒီလိုလမ်းတွေကိုရွေးချယ်ခဲ့တာလဲ... ဇာတ်ကားကြည့်ပြီးတဲ့အချိန်မှာ ခင်ဗျားတို့ကို အတွေးပေါင်းများစွာ ချန်ပေးခဲ့လိမ့်မယ်... ဂျက်လုပ်တာမှန်ရဲ့လား....ငါသာဆိုရင် ဒီလမ်းကိုရွေးချယ်နိုင်ပါ့မလား.... တခြားရွေးချယ်စရာတစ်ခုဆိုရင်ရော အဆင်ပြေနိုင်ပါ့မလား...ဆိုတာမျိုးတွေပေါ့... ခံစားကြည့်ကြပါ....ခင်ဗျားတို့ နှလုံးသားကို မဖမ်းစားနိုင်ဘူးဆိုရင် သေချာတယ် ခင်ဗျားတို့နှလုံးသားဟာ ကျောက်သားတွေနဲ့ဖွဲ့စည်းထားလို့ပါပဲ....(unicode)ဂျက်သည် ၆ နှစ်ကြာမျှ ကွယ်ပျောက်ပြီးမှ ရွာသို့ပြန်ရောက်လာသည်....ထောင်ကျနေသသဖြင့် ပျောက်ကွယ်နေရခြင်းဖြစ်သည်ဟု သူကပြောပြသည်....သူ့ဇနီးနှင့် ...
movie
Sommersby(1993)
1993