Channel Myanmar

LaNisa Renee Frederick

Strange World (2022)
Strange World (2022)  ဒီနှစ်ထဲမှာထွက်ရှိထားတဲ့ ဝေါ့လ်ဒ်ဒစ္စနေးရဲ့ သိပ္ပံစိတ်ကူးယဉ် animation ဇာတ်ကားကောင်းလေးတစ်ကားလာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေဂါကလေ့ဒ်ဟာ အဗာလိုနီးယားဆိုတဲ့ပြည်က နာမည်ကြီးစူးစမ်းရှာဖွေသူတစ်ယောက်ပါ။ အဗာလိုနီးယားဟာ ‌တောင်အထပ်ထပ်ကာရံထားတဲ့ တိုင်းပြည်တစ်ခုဖြစ်ပြီး အဲ့ဒီတောင်တွေရဲ့ဟိုဘက်မှာ ဘာတွေရှိမလဲဆိုတာ ဘယ်အဗာလိုနီးယားပြည်သူမှမသိကြသလို သိရအောင်စူးစမ်းတဲ့ စူးစမ်းရှာဖွေသူတိုင်းဟာလည်း မအောင်မြင်ခဲ့ကြပါဘူး။ အဲ့လိုခက်ခဲကြမ်းတမ်းပြီး မရေရာတဲ့စိတ်ကူးအိပ်မက်ကို မက်နေသူကတော့ ဂျေဂါကလေ့ဒ်ပဲဖြစ်ပါတယ်။ ဂျေဂါကလေ့ဒ်ဟာ ဇွဲကြီးကြီးထားကြိုးစားပြီး တောင်တန်းတွေကို ဖြတ်ကျော်နိုင်ဖို့ ကြံစည်အားထုတ်ခဲ့ရမှာ တစ်နေ့မှာတော့ မထင်မှတ်ထားတာတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ‌တောင်တန်းတွေကိုကျော်နိုင်မယ့် မိုးကုပ်စက်ဝိုင်းကို လှမ်းမြင်ရချိန်မှာ သူ့ရဲ့လက်ထောက်လည်းဖြစ်၊ သားလဲဖြစ်တဲ့ ဆာချာကလေ့ဒ်ဟာ ထူးဆန်းပြီးလက်လက်ထနေတဲ့ အပင်တစ်မျိုးကိုတွေ့ခဲ့ပါတယ်။ အဲ့ဒီမှာပဲ ဂျေဂါရဲ့အိပ်မက်ကို အကောင်အထည်မဖော်သေးပဲ အဆိုပါအပင်ကို အဗာလိုနီးယားဆီပြန်ပို့သင့်၊ မပို့သင့် အငြင်းပွားရာကနေ သားအဖနှစ်ယောက် သဘောထားကွဲလွဲပြီး ဂျေဂါကတစ်ဘက်၊ သားဖြစ်သူ ဆာချာနဲ့ အဖွဲ့သားတွေကတစ်ဘက် ဖြစ်သွားကြပါတော့တယ်။ အဲ့ဒီမှာပဲ ခေါင်းမာတဲ့ဂျေဂါဟာသူတစ်ဦးတည်း ခရီးဆက်ထွက်ပြီး သားဖြစ်သူနဲ့အဖွဲ့သားတွေကို အိမ်ပြန်စေပါတယ်။ အဲ့နောက်ပိုင်း ဂျေဂါရဲ့သတင်းမကြားရတော့သလို သားဖြစ်သူဆာချာဟာလည်း သူတွေ့ရှိခဲ့တဲ့ အဆိုပါလက်လက်ထနေတဲ့ ...
movie

Strange World (2022)