Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Langley Kirkwood
7.2
Dredd (2012)
Dredd (2012)IMDb Rating (7.1) / Rotten Tomatoes (80%)The Boys ထဲက Oi....ဘီလီဘွတ်ချာကြီး Karl Urban အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားတဲ့ Dredd (2012) ဆိုတဲ့ အက်ရှင် Sci-Fi ရုပ်ရှင်တစ်ကား တင်ဆက်ပေးချင်ပါတယ်။ နာမည်ကြီး Judge Dredd ကာတွန်းဇာတ်ကောင်ကို အခြေခံထားတဲ့ ဇာတ်လမ်းပါပဲ။ ဒီဇာတ်လမ်းသွားက အနာဂတ်ကာလ၊ မယ်ဂါစီးတီဝမ်းမြို့ကြီးမှာ တရားရေးရာအကဲဖြတ်၊ တရားသူကြီးနှင့် ကွပ်မျက်သုတ်သင်သူများအဖြစ် တစ်ယောက်တည်းက တာဝန်အားလုံးကို ထမ်းဆောင်ရတဲ့ တရားသူကြီးတွေကို မိတ်ဆက်ပေးထားပါတယ်။ဇာတ်ကားရဲ့ အဓိကဇာတ်ကောင် Judge Dredd ဆိုတာ အလိုအလျောက် တရားစီရင်နိုင်တဲ့ တရားသူကြီးတစ်ယောက်ပါ။ သူက မယ်ဂါစီးတီဝမ်းရဲ့ အန္တရာယ်အများဆုံးနေရာတွေကို တာဝန်ယူထားရသူပေါ့။ သူနဲ့အတူ သူ့ရဲ့ အကဲဖြတ်ခံ လူသစ် Judge Anderson (Olivia Thirlby) တို့က မူးယစ်ဆေးလူဆိုးအဖွဲ့နှင့် ထိပ်တိုက်ပွဲတွေ နွှဲရတဲ့ဇာတ်ကြောင်းပါပဲ။နာမည်ကြီး မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် Ma-Ma (Lena Headey) က ...
movie
Dredd (2012)
4K HEVC
5.1
Tiger House (2015)
ကဲ အခုတစ်ခါတော့ ပရိတ်သတ်ကြီး အတွက်သည်းထိပ်ရင်ဖို ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်ကားလေးကတော့ မမျှော်လင့်ထားတဲ့ နေရာကိုရောက်သွားပြီးတော့မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြုံတွေ့ရတတ်ပုံကို သည်းထိတ်ရင်ဖိုအသားပေး ရိုက်ကူးထားတာဖြစ်ပါတယ်မြန်မာစကားပုံတစ်ခုတောင် ရှိသေးတာပဲ" အစားမတော် တလုပ် အသွားမတော် တလှမ်းတဲ့ "ဇာတ်လမ်း အကျဉ်းလေးကတော့ ကယ်လီဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ဟာတစ်ညမှာ သူ့ရည်းစားအိမ်ကို သွားရောက်လည်ပတ်ရာမှသူ့ရည်းစားနဲ့ မတွေ့ဘဲ မထင်မှာထားတဲ့ အခြေအနေတစ်ခုကိုကြုံတွေ့လိုက်ရာမှ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော....။ File size…(1 GB) Quality….BluRay 1080p Format…mp4 Duration….01:23:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Tiger House (2015)
2015
6.7
The Salvation (2014)
classic westernကားကောင်းကောင်းကြည့်ချင်တယ်...actionခန်း သေနတ်ပစ်ခန်းကောင်းကောင်းတွေလည်းပါရမယ်..ဇာတ်လမ်းကလည်း Drama Thrillerလေးမှဆိုရင် ဒီကားကိုကြည့်ဖြစ်အောင်ကြည့်ပါဗျာ...။သရုပ်ဆောင်ထားတဲ့ မင်းသားတွေကလည်း ခပ်အေးအေးနဲ့ ဇာတ်ရုပ်နဲ့လိုက်ဖက်လွန်းပါတယ်...။Danish မင်းသားကြီး Mads Mikkelsenရဲ့ သရုပ်ဆောင်ဟန်တွေကိုဒီမှာမြင်တွေ့ရဦးမယ့်အပြင် မင်းသားကြီး Mikael Persbrandtကလည်းအားဖြည့်ပါဝင်ထားပါတယ်...။မင်းသမီးEva Greenဆိုရင် တစ်ကားလုံးစကားတစ်ခွန်းမှမပြောဘဲလူကြမ်းမကြီးအသွင်နဲ့ သရုပ်ဆောင်ပြသွားပါသေးတယ်...။စကားများများမပြောဘဲ ရိုက်ကွင်းရိုက်ကွက်နဲ့ ဇာတ်အိမ်ထဲမျှောပြီးခံစားရမယ့်ကားမျိုးပါ...။ဇာတ်ကြောင်းကလည်းရိုးရိုးရှင်းရှင်းပါပဲ...သားနဲ့ဇနီးက ဗီလိန်တွေသတ်ဖြတ်တာကိုခံလိုက်ရလို့ တုန့်ပြန်လက်စားချေတဲ့ဖခင်တစ်ယောက်ရဲ့ဇာတ်လမ်းပါ...။ခံစားကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်ဗျ...။ File size…1.44GB / 671MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
The Salvation (2014)
7.3
Invictus (2009)
IMDB 7.3/10, RT 76 %, ဆု ၁၂ ဆုနဲ့ ဇကာတင် (အော်စကာဆုအပါအဝင်) ၃၈ ခု ဝင်ခဲ့တဲ့ Sport/Drama အမျိုးအစား ဖြစ်ရပ်မှန်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Morgan Freeman (The Shawshank Redemption)နဲ့ Matt Damon (The Martian)တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး တောင်အာဖရိကရဲ့ပထမဆုံး လူမည်းသမ္မတ နယ်လ်ဆင်မန်ဒယ်လာရဲ့ လူဖြူ၊ လူမည်း ပြည်သူတစ်ရပ်လုံးကချစ်တဲ့သမ္မတအဖြစ် ကြိုးပမ်းပုံကို ပုံဖော်ရိုက်ကူးထားတာပါ။ဇာတ်လမ်းရဲ့ စ လယ် ဆုံး သုံးပါးလုံးက ခိုင်မာတဲ့ ဖြစ်ရပ်မှန် သမိုင်းနောက်ခံဖြစ်တယ်ဆိုတာနဲ့ အရည်အချင်းပြည့်ဝပြီး ပီပြင်အောင် သက်ဝင်ခံစားနိုင်တဲ့ သရုပ်ဆောင်တွေရယ်၊ ပါဝင်တဲ့ဇာတ်ကောင်တိုင်းက အပြင်လောကမှာ တကယ်ရှိတဲ့ဇာတ်ကောင်တွေကို ပုံဖော်ထားတာရယ်၊ ခမ်းနားကြီးကျယ်တဲ့ ပြိုင်ပွဲရိုက်ချက်တွေရယ်ကြောင့် review ကောင်းများစွာကို ရရှိထားတဲ့ ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ဇာတ်ကားရဲ့နာမည် Invictus ...
movie
Invictus (2009)
Collision (2022)
Collision (2022)အာဖရိက ရုပ်ရှင်တွေကို စင်တင်ပေးဖို့ ကြိုးစားနေတဲ့ Netflix ရဲ့ ကြိုးစားအားထုတ်မှုလေးပါ။ ဒီဇာတ်ကားလေးကတော့ တောင်အာဖရိကနိုင်ငံ ဂျိုဟန်ဘတ်မြို့ကို အခြေတည်ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအစမှာတော့ ယာဉ်တိုက်မှု တစ်ခုနဲ့ အစပြုထားပြီး အဲဒီနောက်မှာတော့ ဂျိုဟန်ဆိုတဲ့ ကုမ္ပဏီလုံခြုံရေးခေါင်းဆောင်က ဘဏ္ဍာစီမံမှူးအဖြစ် ရာထူးတိုးဖို့ ကြိုးစားနေတာတွေ့မြင်ရမှာပါ။ ခေတ်ကာလကတော့ လူဖြူလူမည်း ခွဲခြားမှုတွေ ရှိနေဆဲအပြင် ဂျိုဘတ်မြို့သားတွေက နိုင်ဂျီးရီးယန်းတွေနဲ့ ဇင်ဘာဘွေနိုင်ငံသားတွေကိုပါ မကျေမနပ် ဖြစ်နေကြတဲ့ အချိန်လေးပေ့ါ။ ဂျိုဟန်ရဲ့ ဇနီးနဲ့ ဂျစ်ကန်ကန်သမီး နစ်ကီတို့က အမေရိကန်သွားဖို့ ကိစ္စနဲ့ ပတ်သက်ပြီး စကားများနေကြပါတယ်။ နစ်ဟာ အမေရိကား ခရီးကို လုံးဝစိတ်မဝင်စားဘဲ ကျောင်းလစ်ပြီး လူမည်း ရည်းစား ဆီဆဲလ်နဲ့ အတူ ကလပ်တက် ဆေးရှူ လုပ်ဖို့လောက်ပဲ စိတ်ဝင်စားပါတယ်။တစ်ဖက်မှာတော့ ဘရာဆိုးဆိုတဲ့ လူဆိုးဂိုဏ်း ခေါင်းဆောင်တစ်ယောက်ကို အမေချစ်သား အနေနဲ့လည်း မျက်နှာနှစ်ဖက်နဲ့ တွေ့မြင်ရမှာပါ။ ပိုက်ဆံငါးသန်း မရှာနိုင်ရင် သူ့ရဲ့ ...
movie
Collision (2022)
2022
7.3
The Mauritanian (2021)
The Mauritanian (2021)===================IMDb Rating - 7.3/102001 ခုနှစ် စက်တင်ဘာ ၁၁ရက်နေ့တုန်းက အယ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့က အမေရိကန်ကိုအကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်သွားတဲ့အကြောင်း ဟိုးလေးတကျော်ဖြစ်ခဲ့တာ ကြားဖူးကြမှာပါ၊9/11 လို့ သိကြပါတယ်၊ဒီဇာတ်ကားကတော့ အဲ့ဒီအကြမ်းဖက်အဖွဲ့ထဲမှာ ဦးဆောင်ပါဝင်သူဆိုပြီး နာမည်တပ်ခံထားရတဲ့ မောရီတေးနီးယန်း နိုင်ငံသား မိုဟာမဒူအိုဆလာဟီ အကြောင်းရိုက်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။သံသယရှိသူအနေနဲ့ တကယ်ပဲ အကြမ်းဖက်လုပ်ရပ်တွေကို ရက်ရက်စက်စက်လုပ်ခဲ့တာလားဆိုတာကိုနှစ်ဖက်ရှေ့နေများက ရှာဖွေစစ်ဆေးကြရင်း နောက်ကွယ်က ဖုံးထားတဲ့အရာတွေ ပေါ်လာတဲ့အခါဘာတွေ ဆက်ဖြစ်ကြမှာလဲ၊မိုဟာမဒူဘက်က ခုခံပြောဆိုပေမယ့် ရှေ့နေအနေနဲ့ Jodie Foster က သရုပ်ဆောင်ထားပြီးတော့အစိုးရရှေ့နေ တစ်ဖြစ်လဲ အကြမ်းဖက်မှုမှာ ကျဆုံးသွားရတဲ့ လေယာဉ်မှူးရဲ့ သူငယ်ချင်းအနေနဲ့Benedict Cumberbatch (Doctor Strange, Sherlock Home, Stephen Hawking စတဲ့နာမည်ကြီးဇာတ်ကားတွေရဲ့ အဓိကသရုပ်ဆောင်) က သရုပ်ဆောင်ထားပါတယ်၊(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jerrica ပဲဖြစ်ပါတယ်။) Quality – 1080p, 720p ...
movie
The Mauritanian (2021)
2021
6.6
Mia and the White Lion (2019)
ဒီကားလေးကတော့တိရိစ္ဆာန်တွေချစ်တဲ့ကောင်မလေးတွေ လက်မလွှတ်သင့်ပါဘူးနော်ခြင်္သေ့ဖြူနဲ့ကောင်မလေးနှစ်ယောက်ကြားကသံယောဇဉ်တွေချစ်ခြင်းတရားတွေ ယုံကြည်မှုတွေကိုငိုရလောက်အောင်ထိကိုရိုက်ထားတဲ့ကားကောင်းလေးတကားပါအင်္ဂလန်ကနေတောကြီးဖြစ်တဲ့တောင်အာဖရိကကိုပြောင်းလာလို့မိသားစုကိုစိတ်ဆိုးနေတဲ့ကောင်မလေးတယောက်အဖေအလုပ်လုပ်ကိုင်တယ့်ခြင်္သေ့မွေးမြူရေးစခန်းကနေခြင်္သေ့ဖြူလေးတကောင်ရောက်လာပြီးနောက်မှာ သူဘယ်လိုတွေပြောင်းလဲသွားမလဲအိမ်မွေးသတ္တဝါမဟုတ်တဲ့ဒီခြင်္သေ့ကိုသူဘယ်လိုအခက်အခဲတွေနဲ့စောင့်ရှောက်လဲသူ့အဖေရဲ့မလုပ်ကခြင်္သေ့မွေးမြူရေးတင်မဟုတ်ပဲတခြားလုပ်ငန်းပါပါနေပြီးအန္တရာယ်ရှိလာတဲ့အခါသူခြင်္သေ့ကိုဘယ်လိုတွေကယ်တင်ပြီးဘာတွေဆက်လုပ်မလဲဆိုတာ...ဒီကားလေးကတောင်အာဖရိကမှာတရားဝင်ခွင့်ပြုပေးထားတဲ့ခြင်္သေ့အမဲလိုက်လုပ်ငန်းတွေကိုဆန့်ကျင်တိုက်ဖျက်ဖို့ရည်ရွယ်ချက်နဲ့ရိုက်ကူးထားတာဖြစ်ပါတယ် File Size : (1 GB) & ( 400 MB)Quality : BluRay 720pRunning Time : 1 hr 21 minFormat : Mp4Genre : DramaSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie
2018