Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Landung Simatupang
5.0
24 Jam Bersama Gaspar (2024)
24 Hours with Gaspar (2024) ========================= Original Title: 24 Jam Bersama Gaspar Genre – Action, Crime, Dramaဂက်စပါဆိုတာ ငယ်စဉ်ကတည်းက မိဘတွေမရှိပဲ အဖိုးကြီးတစ်ယောက်ရဲ့ ပြုစုပျိုးထောင်မှုနဲ့ ကြီးပြင်းခဲ့ရတဲ့ အလွတ် စုံထောက်တစ်ယောက်ပါ။ ငယ်စဉ်ကတည်းက စုံထောက်ဝတ္ထုတွေ ဖတ်ပြီး ရူးသွပ်ခဲ့လို့ ကြီးတော့လည်း ဆက်လုပ်နေတာပေါ့။ သူ့မှာ ထူးခြားတာက သူ့ နှလုံးက ဘယ်ဖက်မှာမရှိပဲ ညာဖက်မှာပဲ ရှိနေတာပါ အဲဒါလေးကို စက်အထိန်းလေးနဲ့ ထိန်းထားရတာပေါ့။ ဒီလိုနဲ့ လူအများအပြား သေဆုံးမှုတစ်ခုနောက်ကို အမှုလိုက်ရင်း သူ ငယ်စဉ်တုန်းက အင်မတန်ချစ်ခင်ရတဲ့ ငယ်သူငယ်ချင်း ထူးခြားစွာ ပျောက်ဆုံးနေတဲ့အမှုနဲ့ ဆက်စပ်နေတဲ့ ရာဇဝတ်ခေါင်းဆောင်တစ်ယောက်ကို ခြေရာခံမိသွားပါတော့တယ်။ ဒီမှာတင် နှလုံးက အထိန်းက စက်ချို့ယွင်းခဲ့ပြီး အသက်ရှင်ဖို့ ၂၄ နာရီပဲ လိုတော့မယ့်အချိန် အဲဒီလူဆိုးခေါင်းဆောင်ကြီးကို လက်စားချေဖို့ ...
movie
24 Jam Bersama Gaspar (2024)
5.5
The Haunted Hotel (2023)
cm ပရိသတ်ကြီးကို အင်ဒိုနီးရှား သရဲကားကောင်းကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးကို ဂျာဗားကျွန်းဆွယ်စကားနဲ့"Panggonan Wingit" လို့လည်း ခေါ်ပါတယ်။ဇာတ်ကြောင်းက ရိန်နာနဲ့ ဖေးဆိုတဲ့ ညီအစ်မနှစ်ယောက်ကဖခင် ဆုံးပါးပြီးနောက်မှာ ဟိုတယ်တစ်လုံးကို အမွေရရှိခဲ့ပါတယ်။ ဒီဟိုတယ်ရဲ့ တတိယထပ်မှာအခန်းနံပါတ်မရှိတဲ့ အခန်းတစ်ခန်းရှိနေတာပါ။ဒီဟိုတယ် တတိယထပ်ကို မသွားဖို့ အဖွားဖြစ်သူကပြောထားပေမယ့် ရိန်နာတစ်ယောက် ညဘက်ကြီးငိုကြွေးသံတွေကြားလို့ ဒီအခန်းထဲကို ဝင်လိုက်တဲ့အခါအခန်းထဲမှာ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေတဲ့မိန်းကလေးတစ်ယောက် ရှိနေတာကို တွေ့လိုက်ရပါတယ်။အဲဒီနောက်မှာတော့ ရိန်နာတို့ ညီအစ်မနှစ်ယောက်ကံကြမ္မာက ဘာတွေ ပြောင်းလဲသွားမလဲ။ဒီကျိန်စာသင့်အခန်းထဲက မိန်းကလေးက ဟိုတယ်နဲ့ဘာတွေပတ်သတ်မှု ရှိနေတာလဲ....။ File size…1.37GB / 665MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 50m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie
The Haunted Hotel (2023)
5
24 Hours with Gaspar (2024)
24 Hours with Gapar (2024)ဒီရုပ်ရှင်ကို အင်ဒိုနီးရှား ဒါရိုက်တာက ရိုက်ကူးပြီး Netflix က ဖြန့်ချီပေးထားတာပါ။ IMDb rating – 5/10 ရရှိထားပါတယ်။ အရာရာပျက်ဆီးနေတဲ့ အနာဂတ် ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပြီး တမူထူးခြားတဲ့ Action, Drama, Crime ဇာတ်လမ်းမျိုးကို ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂတ်စပါဆိုတဲ့ စုံထောက်တစ်ယောက်ဟာ နှလုံးက ညာဖက်မှာ ရောက်နေပြီး အသက်ရှင်ဖို့ အချိန် ၂၄ နာရီပဲ ကျန်ပါတော့တယ်။ အဲတော့ သူ မသေခင်လေးမှာပဲ ငယ်ငယ်က ပျောက်ဆုံးသွားခဲ့တဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူ ကီရာနာ့ကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ စုံစမ်းရင်း ဝမ်အာလီဆိုတဲ့ လူဆိုးတစ်ယောက်နဲ့ ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်။ အဲဒါနဲ့ ဂတ်စပါလည်း အဖွဲ့တစ်ဖွဲ့စုပြီးတော့ ဝမ်အာလီ့ဆိုင်ကို ဝင်လုဖို့လုပ်ပါတယ်။ ဂတ်စပါဟာ ငယ်ငယ်က နားထောင်ခဲ့တဲ့ နတ်သမီးပုံပြင်တွေကို ယုံကြည်သူ ဖြစ်ပြီးတော့ ဝမ်အာလီ့ဆီမှာ ရောက်နေတဲ့ ဘူးအနက်လေးဟာ ဆုတောင်း ပြည့်အောင် လုပ်ပေးနိုင်မယ်လို့ ထင်မြင်နေပါတယ်။ ...
movie
24 Hours with Gaspar (2024)
2024
7.3
The Dancer (2011)
The Dancer (2011) aka Sang Penari1960 ခုနှစ်များဝန်းကျင်က အင်ဒိုနီးရှားနိုင်ငံ၊ ကျေးလက်တောရွာလေးက ရိုးရာကချေသည်တစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားပြီးတော့ IMDb 7.3 ရထားတဲ့ ကားလေးပါ။ Nomination 7 ခုနဲ့ ဆု 4 ဆု ရထားတဲ့ ဇာတ်ကားပါ။ကချေသည်တစ်ယောက်ရဲ့ စွန့်လွှတ်ရပုံ၊ ကျေးလက်ဓလေ့ထုံးတမ်းတွေ၊ ပညာမတတ်၊ စာမဖတ်တတ်တဲ့ ရွာသားတွေရဲ့ မသိနားမလည်ပုံတွေ၊ ရွာသားတွေရဲ့ မသိနားမလည်မှုကို အခွင့်ကောင်းယူတတ်တဲ့သူတွေ အကြောင်းကို လွမ်းမောဖွယ်ရာ ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ Srintil နဲ့ Rasus က Dukuh Paruk ဆိုတဲ့ရွာလေးမှာ အတူတူကြီးပြင်းလာကြတဲ့ ငယ်ပေါင်းကြီးဖော် ချစ်သူတွေပါ။ Srintil ရဲ့ အဖေရောင်းတဲ့ ပြောင်းဖူးခေါပုတ်ကို စားမိလို့ ရွာကလူတွေနဲ့ ရွာကတန်ဖိုးထားရတဲ့ ကချေသည် သေဆုံးသွားတဲ့အတွက် Srintil ဟာ သူ့မိသားစုအတွက် ပြန်ပေးဆပ်ဖို့ ကချေသည်လုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ Rasus ကတော့ Sritil ကချေသည်လုပ်တာကို သဘောမတူပါဘူး။ သူ့ချစ်သူ အဲလိုဖြစ်သွားလို့ စိတ်နာပြီး စစ်ထဲဝင်သွားတဲ့အချိန်မှာ သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်သွားမှာလဲဆိုတာကို ...
movie
The Dancer (2011)
2011
5.1
Mangkujiwo (2020)
Mangkujiwo 2020မင်းသမီးချောလေး Yasamin Jasem ပါဝင်သရုပ်ဆောင်ထားတဲ့ လူသတ်သရဲကားလေးတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအစမှာတော့ တစ်ရွာလုံးက စုန်းမလို့သမုတ်ပြီး နွားတင်းကုပ်ထဲစွန့်ပစ်ထားတဲ့ ကန်တီဆိုတဲ့အမျိုးသမီးကိုတွေ့ရမှာပါ မျက်နှာက လူရုပ်မထွက်တာရော နိမိတ်ဆိုးတွေပါပေါ်နေလို့ ရွာသူကြီးကအစကြောက်လန့်ပြီးပိတ်လှောင်ခြင်းခံထားရတဲ့သူပေါ့အူမာဆိုတာကတော့ ထူးဆန်းတဲ့စွမ်းအင်တွေနဲ့မွေးဖွားလာသူတစ်ယောက် ရှိသမျှနတ်ဆိုးတွေကိုပူဇော်ပသပြီးမွေးဖွားလာခဲ့တာကြောင့် အန္တရာယ်ကျလာတိုင်း လူစိတ်ပျောက်သွားပြီး ထူးကဲတဲ့စွမ်းအားတွေထွက်လာတတ်သူ.. တစ်နေ့ လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေဖြစ်သွားရာကတစ်ဖက်အဖွဲ့ကလိုက်နှုတ်ပိတ်ကြရင်း သူမဒီလို မွေးဖွားလာရခြင်းရဲ့ဘဝနောက်ကြောင်းတွေသိရှိသွားခဲ့တဲ့အခါ... ဘာတွေဆက်ဖြစ်သွားမလဲ စုန်းမအဖြစ်သမုတ်ခံနေရတဲ့ ကန်တီ့ဘဝဇာတ်လမ်းအမှန်ကရော ဘာဖြစ်နိုင်မလဲဆိုတာကတော့ အခုပဲဒေါင်းကြည့်လိုက်ကြပါရှင် File size…860MB / 487MB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie
Mangkujiwo (2020)
2020
7.5
Photocopier (2022)
အရှေ့တောင်အာရှရုပ်ရှင်လောကမှာ ထိုင်းရုပ်ရှင်တွေ ဦးဆောင်နေတာများပေမယ့် 2021 ရုပ်ရှင်ပွဲတော်တွေမှာ ဆု ၁၂ ဆုနဲ့ ရှားရှားပါးပါး IMDB 7.5 လောက်ရထားတဲ့ အင်ဒိုနီးရှား လူငယ် Thriller ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဆာရန်နီဆိုတဲ့ ကောင်မလေးက နွမ်းပါးတဲ့မိသားစုကဖြစ်ပြီး ကွန်ပြူတာသိပ္ပံကို စကောလားရှစ်ပညာသင်ကြေးနဲ့တက်ရောက်ရမယ့် သူဖြစ်ပါတယ် သူက မာတာဟာရီဆိုတဲ့ ကျောင်းတွင်းပြဇာတ်အဖွဲ့ရဲ့ ဝက်ဆိုဒ်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး နောက်ကွယ်ကနေ နည်းပညာပံ့ပိုးသူပါ... တစ်နေ့သူတို့ပြဇာတ်အဖွဲ့ကျောင်းကပွဲမှာ ဆုရပြီး ဂျပန်ကိုအာရှ တက္ကသိုလ်ပြဇာတ်ပြိုင်ပွဲ စေလွှတ်ခံရတာကြောင့် အဖွဲ့ဝင်တွေအားလုံး ပျော်မဆုံးဖြစ်နေကြပါတယ်...ဒါကိုအောင်ပွဲခံတဲ့အနေနဲ့ ပြဇာတ်ရေးဆရာ ရာမာရဲ့အိမ်မှာ အောင်ပွဲခံ ပါတီလုပ်ကြပြီး ဆာရန်နီလည်း မိဘတွေ မသွားခိုင်းတဲ့ကြားက အတင်းသွားခဲ့ပါတယ်...သူတစ်ညလုံးကဲခဲ့ပြီးနောက်နေ့ မှာတော့ အိမ်ကိုဘယ်လိုပြန်ရောက်နေလဲမသိနိုင်တော့ပါဘူး ပိုဆိုးတာက သူပါတီမှာကဲပြီး အမြင်မတော်တဲ့ပုံတွေကို တစ်ယောက်ယောက်က အွန်လိုင်းမှာတင်သွားပါတယ်...ဒီသတင်းကို စကောလားရှစ်ဘုတ်အဖွဲ့လည်းသိပြီး ဆုကိုပယ်ချလိုက်တဲ့အပြင် အိမ်ပေါ်ကပါ နှင်ချခံလိုက်ရပါတယ်.. ဆာရန်နီတစ်ယောက် သူတစ်ညတာ သတိလွတ်သွားတာကြောင့် ရုတ်တရက်အားလုံးဆုံးရှုံးသွားတာကို ဘယ်လိုအဖတ်ပြန်ဆယ်မလဲ နောက်ကွယ်က သူပုံတွေတင်လိုက်တဲ့သူကရော ဘယ်သူလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖို့ကောင်းကောင်းနဲ့ လူငယ်ဆန်ဆန် ဖြစ်တတ်တဲ့အမှားပေါင်းများစွာကို အာရှအငွေ့အသက်ဆန်ဆန်နဲ့ရိုက်ကူးထားပါတယ်( ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကို Thiha Yan Naing ကရေးသားထားပါတယ်) File ...
movie
Photocopier (2022)