Channel Myanmar

Lance Henriksen

Alien³ (1992) 6.4
Alien³ (1992)  Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie

Alien³ (1992)

1992
Aliens (1986) 8.4
Aliens (1986)   Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie

Aliens (1986)

1986
Madhouse (2004)
Madhouse (2004) ဒီဇာတ်ကားကတော့ စိတ္တဇဆေးရုံမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ် ကလော့ဒ်စတီဗင်စ်ဆိုတဲ့ အလုပ်သင်တစ်ယောက်က စိတ္တဇဆေးရုံမှာတာဝန်ကျခဲ့ပါတယ် သို့ပေမဲ့အဲ့နေရာက အထောက်ပံ့တွေ အဆောက်ဦးတွေက သိပ်အဆင်မပြေခဲ့ပါဘူး အဲ့ဒါကြောင့် သူကအဲ့ဆေးရုံကို ပိုကောင်းအောင်ပြုပြင်ချင်ပါတယ်ဒါမဲ့ဆေးရုံအုပ်က လက်မခံခဲ့ပါဘူး ပြီးတော့ ဆေးရုံအုပ်က အရမ်းထူးဆန်းနေတော့ စိတ်ထဲဘဝင်မကျဖြစ်လာခဲ့ပါတယ် ထို့အပြင်မှာဆေးရုံကလူနာတွေကလည်း တိုးတက်လာတာရှိမနေခဲ့ပါဘူး သူနာပြုဟန်းဒရစ်ဆိုသူကလည်း လူနာတွေကို ဂရုစိုက်သလိုနဲ့နှိပ်စက်တတ်ပါ‌သေးတယ် အဲ့ဒါကြောင့်စတီဗင်စ်ရဲ့ ဆေးရုံအပေါ်သံသယတွေက ကြီးထွားလာခဲ့ပါတယ်သူစုံစမ်းရင်းကနေ မထင်မှတ်တာတွေသိလာခဲ့တော့ အဲ့ဒါဘာအကြောင်းတွေလည်း ပြီးတော့ဇာတ်လမ်းကအရမ်းထင်မှတ်မထားသလိုဖြစ်လာခဲ့တာကြောင့် ကြည့်ရှူသူတွေအတွက်ဟာခနဲဟင်ခနဲ ဖြစ်သွားစေမဲ့ဇာတ်ကားမျိုးပါ ရင်ခုန်စိတ်လှုပ်ရှားစရာဟော်ရာဆိုတာမျိုးထက် တစိမ့်စိမ့်နဲ့စိတ်ဝင်စားစရာကောင်းအောင်ဇာတ်အိမ်တည်ထားတာကြောင့် လက်လွတ်မခံသင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်File size…(1.6 GB)/(792 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre... Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe 
movie

Madhouse (2004)

Superman: Brainiac Attacks (2006)
Superman: Brainiac Attacks (2006) Superman: Brainiac Attacks (2006) IMDb: 5.8/10 Rotten Tomatoes: 60% Genre: Action/Sci-fi/Animationဇာတ်ညွှန်း ဘရိန်းနီးရာ့ခ်တစ်ယောက် ကမ္ဘာကိုတဖန်ပြန်ရောက်လာခဲ့ပြီး လက်စ်လူသာ ပိုင်ဆိုင်တဲ့ လက်စ်ဓာတ်ခွဲခန်းတစ်ခုကို အနုကြမ်းဝင်စီးခဲ့ပါတယ်။ ဓာတ်ခွဲခန်းမှာရှိသမျှ အသိဉာဏ်တွေအားလုံးကို စုပ်ယူနေတဲ့အချိန်မှာ စူပါမန်းရောက်လာပြီး ဘရိန်းနီးရာ့ခ်ကိုအနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း စူပါမန်းမသိခဲ့တာက ဘရိန်းနီးရာ့ခ်ရဲ့ အစိတ်အပိုင်းလေးတစ်ခုကျန်ခဲ့တယ်ဆိုတာပါပဲ။အဲဒါကိုပထမဦးဆုံးမြင်ခဲ့တဲ့လူကတော့ လက်စ်လူသာဖြစ်ပါတယ်။ လက်စ်လူသာဟာလည်းခေသူမဟုတ်တော့ ဘရိန်းနီးရာ့ခ်ကိုအသက်ပြန်သွင်းခဲ့ပြီး အရင်ကထက်ပိုကောင်းတဲ့ ဝတ်စုံတစ်ခုကိုပေးခဲ့ပါတယ်။နောက်ထပ်ကျန်ခဲ့တဲ့အရာတစ်ခုကတော့ စူပါမန်းရဲ့ ဒီအန်အေပဲဖြစ်ပါတယ်။ လက်စ်လူသာနဲ့ ဘရိန်းနီးရာ့ခ်တို့နှစ်ယောက်လက်တွဲပြီး စူပါမန်းကိုဘယ်လိုမျိုးတိုက်ခိုက်မှာလဲ။ ကမ္ဘာကိုအုပ်စိုးချင်နေတဲ့လူနှစ်ယောက်လက်တွဲလိုက်ခြင်းက မက်ထရိုပိုလစ်မြို့ကိုရော၊ ကမ္ဘာကိုရော ဘယ်လောက်ထိ အန္တရာယ်များစေလဲ။ File size…    1.2 GB /  544 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 16m Genre ..... Animation/Action/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff
movie

Superman: Brainiac Attacks (2006)

On Fire (2023)
On Fire (2023)  ဒီဇာတ်ကားက သဘာဝဘေးအန္တရာယ်ဇာတ်လမ်းမျိုးတွေကို နှစ်သက်သူတွေ ကြည့်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမည်ဆိုရင် အဆုတ်ရောဂါကို ခံစားနေရတဲ့ဖခင် ၊ကိုယ်ဝန်ရှစ်လရှိပြီဖြစ်တဲ့ ဇနီးဖြစ်သူနဲ့ သားတစ်ယောက်တို့နဲ့ ဒေဗ့်တို့မိသားစုဟာ တောအုပ်ကလေးတစ်ခုအနီးက ကားအိမ်ကလေးမှာနေထိုင်ကြပါတယ်။ယောက္ခမဖြစ်သူဟာ အဆုတ်ရောဂါခံစားနေရသော်လည်း မကြာခဏဆေးလိပ်ခိုးသောက်တတ်သောကြောင့် ချွေးမဖြစ်သူနဲ့ သိပ်ပြီးအဆင်မပြေသည့်အပြင် ဆေးကုသစရိတ်တွေကြောင့်လည်း မိသားစု စီးပွါးရေးအကျပ်အတည်းကို ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ကမ္ဘာကြီး ပူနွေးလာမှုကြောင်း ကမ္ဘာတစ်ဝှမ်းမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုတွေ ဖြစ်ပွါးနေရာမှ သူတို့နေထိုင်ရာမြို့လေးဆိီသို့လည်း တောမီးအန္တရာယ်ရောက်လာသောအခါ သူတို့မိသားစု မီးဘေးအန္တရာယ်ကို ဘယ်လိုရင်ဆိုင်ကြမလဲ။ ဘေးလွတ်ရာကို အချိန်မီရွှေ့ပြောင်းနိုင်ပါမလား......စသည်ဖြင့် အခက်အခဲတွေကို ကျော်လွှားပုံကို ရင်တထိပ်ထိပ်နဲ့ ကြည့်ရမည့် ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ File size…(1.5 GB)/(732 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Drama, Action, Thriller, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

On Fire (2023)

The Terminator (1984) 8.1
The Terminator (1984) ကဗျာဆရာတစ်ယောက်ရေးတဲ့ အလွမ်းက‌ဗျာတွေက သူကိုယ်တိုင်အသည်းကွဲဖူးမှ ပိုကောင်းသတဲ့။ ဒါရိုက်တာတစ်ယောက် ဇာတ်ကားရိုက်မယ်ဆိုရင်ရော ဘယ်လိုဖြစ်မှ ဇာတ်လမ်းတွေ ပိုကောင်းမလဲ။ဂြိုဟ်စိမ်းစိမ်းကြီးပေါ်က ဂြိုဟ်သားပြာပြာတွေအကြောင်း ရိုက်ခဲ့သူ၊ တိုက်တန်းနစ်သင်္ဘောကြီး ဘယ်လိုနစ်သွားသလဲ ရိုက်ပြခဲ့သူ ဂျိမ်းစ် ကန်မရွန်း ကတော့ ဟောဒီ Terminator ဇာတ်ကားကြီးကို သူ့ရဲ့ အဖျားအိပ်မက် ကယောက်ကယက်ကနေ စိတ်ကူးရခဲ့ပြီး ထုတ်ဝေသူဆီ အိုင်ဒီယာရောင်းစားခဲ့သူပါ။ သူကိုယ်တိုင် ရိုက်ကူးရမှဖြစ်မယ်ဆိုတဲ့ သဘောတူညီမှုလည်း ပါတာပေါ့။ဘာပဲဖြစ်ဖြစ် သူ့အိပ်မက်ကနေပြီး ကျွန်တော်တို့ကလေးဘဝရဲ့ အစိုးမိုးနိုင်ဆုံး ဇာတ်ကားကြီးတစ်ကား ထွက်ပေါ်လာတာပါပဲ။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတစ်ကားက အခုလို IMDb 8.1 ရခဲ့တာ၊ ခရမ်းချဉ်သီးပုပ် 100 အပြည့်ရခဲ့တာ ဆိုတာတွေက နွေခေါင်ခေါင် မိုးကြိုးပစ်ချတာထက် ပိုရှားပါးတဲ့အဖြစ်ပါပေါ့။ထင်မှတ်မထားဘဲ Box Office မှာ နှစ်ပတ်တိတိ ထိပ်တန်းဖြစ်ခဲ့တာ၊ ကန်မရွန်း နဲ့ အာနိုး ကို အောင်မြင်ကျော်ကြားသူတွေအဖြစ် တွန်းတင်ပေးခဲ့တာ၊ အမြတ်ငွေ သောက်သောက်လဲရခဲ့တာတွေက ...
movie

The Terminator (1984)

1984
Dog Day Afternoon (1975) 8.0
Dog Day Afternoon (1975)  Dog Day Afternoon ဆိုတဲ့ ၁၉၇၅ ထွက် ဇာတ်ကားဟာ နယ်နယ်ရရကားမဟုတ်ပါဘူး။ ၁၉၇၆ ခုနှစ်အတွက် အကောင်းဆုံးဇာတ်ညွှန်းအတွက်အော်စကာဆုရရှိခဲ့ပြီး တခြား အော်စကာဆု ၄ ခုအတွက်လည်း ဆန်ခါတင်စာရင်းထဲ ပါဝင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒါ့အပြင်တခြားကချီးမြှင့်တဲ့ဆုတွေလည်း အများကြီး သိမ်းပိုက်နိုင်ခဲ့ပြီး ဟောလိဝုဒ်ရဲ့နာမည်ကျော် Al Pacino က အဓိက ဦးဆောင် ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်လေးက တွေးကြည့်ရင် ရိုးတယ်ထင်ရပေမဲ့ ကြည့်တဲ့အခါမှာထိုင်ရာမထ အစအဆုံး ဆွဲခေါ်သွားမဲ့ ဖြစ်ရပ်မှန် ဇာတ်ကား တစ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင် Soony နဲ့ Sal ဆိုတဲ့သူငယ်ချင်း ၂ ယောက် နယူးယောက် ဘရွတ်ကလင်းက ဘဏ်တစ်ဘဏ်ကိုဓားပြတိုက်ခြင်းနဲ့ စတင်ခဲ့ပါတယ်။ ၁၀ မိနစ်နဲ့ ပြီးသွားရမဲ့ သူတို့ရဲ့ အစီအစဥ်ကသူတို့ထင်သလို ၁၀ မိနစ်နဲ့ မပြီးဘဲ နာရီပေါင်းများစွာကြာမြင့်တဲ့ ဓားစာခံအခြေအနေကို ကူးပြောင်းသွားတဲ့အခါမှ ...
movie

Dog Day Afternoon (1975)

The Edge of Her Mind Anthology (2022) 6.6
The Edge of Her Mind Anthology (2022) The Edge of Her Mind Anthology (2022)အမျိုးသမီးတွေရိုက်ထားတဲ့ အမျိုးသမီးတို့အကြောင်း... အမျိုးသမီးတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ပြဿနာတွေကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်အတိုလေးတွေ စုစည်းထားတာဖြစ်ပါတယ်။Xin (Heart), Café Abundance, Fragile Storm, Utopia, Over The Moon, Count Back From Ten, Uncertainship နဲ့ Mermaid လို့ခေါ်တဲ့ သူမစိတ်ရဲ့ အစွန်အဖျားလေး ၈ခုပါ,ပါတယ်။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တာမို့ စိတ်အနှောင့်အယှက်ဖြစ်စရာအခန်းတွေလည်းပါတဲ့အပြင် အခုလိုမျိုး ကားတိုလေးတွေဆိုတော့ တစ်ကားစီ နား,နားပြီး ကြည့်လို့ရပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ချင်းစီက ကိုယ်တိုင်ကိုယ်ကျနဲ့ ဆက်စပ်ကြည့်လို့ရပြီး တမူထူးခြားပါတယ်။ အကြိုက်မိဆုံးကတော့ Fragile Storm ပါ။ဒါဟာ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပဲဆိုပေမယ့် အမျိုးသားတွေလည်း ကြည့်ရှုနိုင်ပါတယ်။ ဘာလို့ဆို ကျားကျားမမ ကိုယ်ပိုင်အတွေ့အကြုံတွေဟာ ယှဉ်တွဲနေကြတာဖြစ်ပြီး တကယ်တမ်းဆို အဲဒီလောက်ထိ မခြားနားဘူးဆိုတာ ...
movie

The Edge of Her Mind Anthology (2022)

Phantom (2013) 5.9
Phantom (2013) (၁၉၆၂) ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကျူးဘားဒုံးပျံအရေးအခင်းက ဆိုဗီယက်ပြည်ထောင်စုနဲ့ယူအက်စ်ကို နျူကလီးယားစစ်ပွဲဖြစ်ဖို့ ကိုက်အနည်းငယ်အကွာကို တွန်းပို့ခဲ့တယ်ဆိုရင် (၁၉၆၈) ခုနှစ်မေလမှာ ဖြစ်ပျက်ခဲ့တဲ့ ရုရှားဒုံးပစ်ရေငုပ်သင်္ဘောကြီး ရုတ်တရက်ပျောက်ဆုံးသွားခြင်းက တစ်ကမ္ဘာလုံးကို တတိယကမ္ဘာစစ်ဖို့ လက်မအနည်းငယ်အလိုထိ တွန်းပို့ပေးခဲ့တယ်လို့ ဆိုရပါမယ်။ဒီဇာတ်လမ်းဟာဆိုရင် ဖြစ်ရပ်မှန်အပေါ်မှာ တစ်စိတ်တစ်ပိုင်းအခြေတည် ရိုက်ကူးထားတာဖြစ်ပြီး အတိတ်ကမတော်တဆမှုတစ်ခုကြောင့် အတိတ်ရဲ့အရိပ်တစ္ဆေခြောက်လှန့်ခြင်းကိုခံနေရတဲ့ ဇာတ်လိုက်ကပ္ပတိန်ဖြစ်သူ ဒယ်မီဟာ သူရဲ့နောက်ဆုံးမစ်ရှင်အဖြစ် သူတစ်ချိန်ကကွပ်ကဲခဲ့ဖူးတဲ့ ဘီ (၆၇) ရေငုပ်သင်္ဘောကြီးနဲ့အတူ ပင်လယ်ပြင်ခရီး စတင်ခဲ့ရပါတော့တယ်ကိုယ်ကိုယ်တိုင်တောင် ဘာမှန်းသိခွင့်မရှိတဲ့ မစ်ရှင်တစ်ခုအတွက် အစားထိုးဝန်ထမ်း ထူးဆန်းတဲ့လူတစ်စုနဲ့အတူ ပင်လယ်ပြင်ခရီးထွက်လာတဲ့ သင်္ဘောအရာရှိတစ်စုအတွက် ထူးဆန်းတဲ့အဖြစ်အပျက်တွေက စောင့်ကြိုနေတဲ့အခါ ဒီသင်္ဘောအရာရှိတစ်စုအနေနဲ့ လွတ်မြောက်ဖို့ဘယ်လိုကြိုးစားကြမလဲ ပျောက်ဆုံးသွားမဲ့ ဒီရေငုပ်သင်္ဘောကြီးဆီကနေ ဘယ်သူတွေအသက်ရှင်ရက် လွတ်မြောက်လာနိုင်မလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်IMDB rating အနေနဲ့ 5.9 အထိရရှိထားပြီး စစ်ကားဖြစ်တာမို့ လူတိုင်းကြိုက်လောက်မဲ့အထဲမှာမပါပေမဲ့ Thriller ဆန်ဆန်စစ်ကားတွေ သဘောကျတတ်တဲ့သူတွေအတွက်တော့ စိတ်ကျေနပ်မှုအပြည့်အဝရစေမဲ့ ဇာတ်အိမ်ခိုင်ခိုင်စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်ခင်ဗျာ File size…(1.6 ...
movie

Phantom (2013)

The Artifice Girl (2023) 6.6
The Artifice Girl (2023) The Artifice Girl (2023)Artificial Intelligence AI ဥာဏ်ရည်တု၊ ဖန်တီးဥာဏ်ရည်၊ အသက်မဲ့ဦးနှောက် စသဖြင့်ခေါ်ကြတဲ့နည်းပညာဟာ ဟိုးအရင်ထဲနေအခုထိ စာအုပ်ပေါင်းများစွာဇာတ်လမ်းပေါင်းများစွာရဲ့ အဓိကဇာတ်ဆောင်ဖြစ်ခဲ့တယ်။ လူသားတွေဖန်တီးထားတဲ့ ဥာဏ်ရည်က တစ်နေ့မှာလူသားဥာဏ်ရည်ကိုကျော်လွန်သွားမလားဆိုတဲ့ ဆွေးနွေးမှုတွေလဲအများကြီးပါပဲ။ တကယ်တမ်းတော့ အဲ့အတွက်အဖြေကရှိပြီးသားပါ။ နည်းပညာတိုးတက်မှုအရ တစ်ချိန်မှာတော့ကျော်ကိုကျော်သွားမှာပါပဲ။ အဲ့ဒီတစ်ချိန်က လက်ရှိရှိနေတဲ့လူတွေသက်တမ်းမှာဟုတ်မဟုတ်တော့မပြောနိုင်ဘူးပေါ့။ တကယ့်မေးခွန်းက ဒီဥာဏ်ရည်တုတွေမှာ စိတ်ဝိဥာဥ်တွေ ခံစားနားလည်နိုင်တဲ့အသိတွေရောရှိလာမလား။ ဒီဇာတ်ကားထဲကဥပမာတစ်ခုအရပြောရရင် လူတစ်ယောက်ကို အမဲကင်နဲ့ ဆဲလ်မန်ငါးဘာစားရမလဲမေးရင် သူက သူစားဖူးတဲ့အတွေ့အကြုံအရ သူ့ခံစားချက်အရဖြေမှာပဲ။ ဥာဏ်ရည်တုကိုအဲ့ဒါမေးရင်တော့ သူ့အတွေ့အကြုံခံစားချက်ဆိုတာမရှိတော့ ဒီအစားအသောက်တွေနဲ့ပတ်သက်ပြီးဒေတာတွေ rating ရှာမယ် နှိုင်းယှဥ်သုံးသပ်မယ် ပြီးတော့မှအဖြေပေးမယ်။ ပြီးတော့သူ့ကိုဖန်တီးတဲ့သူကမေးရင် သူ့အတွက်အဲ့လူကိုလိုအပ်တာကြောင့် အဲ့ဒီလူအတွက်ကျန်းမာစေမယ့် ဆဲလ်မန်ကိုသူညွှန်းမယ်ပေါ့။ ဒါတွေအားလုံးကတွက်ချက်မှုပါပဲ။ တစ်ချို့ဇာတ်လမ်းတွေမှာဆိုရင် ဒီဥာဏ်ရည်တုတွေက ခံစားချက်တွေရသွားပြီး လောကကြီးကိုသိမ်းပြီးလူသားတွေကိုပါပြန်ထိန်းချုပ်မလားဆိုတဲ့အယူအဆတွေရှိပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဥာဏ်ရည်တုတွေကိုအဲ့လိုအန္တရာယ်ရှိတဲ့ပုံအဖြစ်ပုံဖော်မထားပဲ လူသားတွေအနေနဲ့ဒီဥာဏ်ရည်တုတွေကို ဘယ်လိုဆက်ဆံသင့်တယ် သူတို့အတွက်ရောကိုယ်ပိုင်အခွင့်အရေးတွေဆုံးဖြတ်နိုင်မှုတွေရသင့်လားဆိုတဲ့ ကိုယ့်ကျင့်တရားပိုင်းဆိုင်ရာတွေကို ဆွေးနွေးမှုပုံစံ အငြင်းအခုံပုံစံနဲ့ဖော်ပြသွားလိုက်တာ ဆွဲခေါ်အားကောင်းချက်ကတော့ ပျင်းစရာဆိုတာမရှိဘဲ သူတို့ဆွေးနွေးမှုထဲကိုယ်ပါမြောပါသွားရတာပါပဲ။ဒီဇာတ်လမ်းမှာတော့ ဂယ်ရက်ဆိုတဲ့လူတစ်ယောက်က အွန်လိုင်းချက်တင်ခန်းတွေက ကလေးလိင်အမြတ်ထုတ်သူတွေ လူကုန်ကူးသူတွေကိုဖော်ထုတ်နိုင်ဖို့ ချယ်ရီဆိုတဲ့ ကလေးလေးပုံစံဥာဏ်ရည်တုကိုဖန်တီးခဲ့ပါတယ်။ ချယ်ရီက ချက်တင်ခန်းတွေမှာဒီလူတွေနဲ့စကားပြောပြီး သံသယရှိစရာလူတွေဆိုရင် သူတို့အချက်အလက်တွေကို တာဝန်ရှိသူတွေဆီပို့ပေးတာပေါ့။ ဒါပေမဲ့တဖြေးဖြေးချယ်ရီ့ရဲ့တိုးတက်မှုတွေက ဂယ်ရက်ထင်ထားတာထက်အများကြီးပိုမြန်ဆန်ပြီး သူတို့ကိုကူညီပေးဖို့ ICWL ဆိုတဲ့အဖွဲ့အစည်းကို ချယ်ရီက ဂယ်ရက် ...
movie

The Artifice Girl (2023)

2023
When a Stranger Calls(2006) 5.7
When a Stranger Calls(2006) "Have you checked the children?" ဆိုတဲ့ လူထူးလူဆန်းတစ်ယောက်ရဲ့ အသံသြသြကြီးကို ဖုန်းထဲကနေ ကြားလိုက်ရတဲ့အခါ ခေါင်းနားပန်းကြီးပြီး ထိတ်လန့်သွားရှာမယ့် ဆယ်ကျော်သက်အရွယ် က​လေးထိန်း မိန်းကလေးငယ်တစ်ယောက်ရဲ့ ခံစားချက်ကို အပြည့်အဝ သိချင်ရင်တော့ "When a stranger calls" လို့အမည်ရတဲ့ ၂၀၀၆ ခုနှစ်ထွက် horror-suspense- thriller ရုပ်ရှင်ကို ကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။ ၄င်းဟာ ၁၉၇၉ မှာ ထွက်ရှိခဲ့တဲ့ "When a stranger calls" ရုပ်ရှင်ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂျေးလ် ဂျွန်ဆန် (Camilla Belle) ဟာ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး အချိန်ပိုင်းကလေးထိန်းအလုပ်ကိုလည်း တွဲဖက်လုပ်ကိုင်ပါတယ်။ တစ်ညနေခင်းမှာ သူမဟာ လူနေအိမ်ခြေ နည်းပါးသောအရပ်မှာ သီးခြားတည်ရှိတဲ့ အလွန်လှပတဲ့ စံအိမ်ကြီးတစ်ခုမှာ ကလေးထိန်းရဖို့ အကြောင်းဖန်လာပါတယ်။ သဘောအလွန်ကောင်းတဲ့ အိမ်ရှင်ဇနီးမောင်နှံဟာ အိပ်ပျော်နေတဲ့ ...
movie

When a Stranger Calls(2006)

Alpha Rift (2021) 5.5
Alpha Rift (2021) Alpha Rift (2021) ==============ဒီဇာတ်ကားကတော့ 21 ရာစုကြီးမှာ မှော်ခေါင်းဆောင်းတစ်ခု ကြောင့် ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်မယ့် သူရဲကောင်းတစ်ဦး ပေါ်ထွက်လာတဲ့ comedy, sci-fi ဇာတ်ကားဖြစ်ပါတယ်။နိုလန်ဆိုတဲ့ ကောင်လေးက သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ စပ်တူ ဖွင့်ထားတဲ့ ဂိမ်းဆိုင်ပိုင်ရှင်ဖြင်ပြီး ကလေးများအကြိုက် နိုဘယ် မန်းပုံပြင်တွေအကြောင်းကို နေ့တိုင်းပြောပြရင်း ဘဝကို အေးဆေး ဖြတ်သန်းနေတဲ့သူတစ်ယောက်ပါ။ တစ်နေ့ သူ့ဆိုင်ကို မှော်ခေါင်း ဆောင်းတစ်ခု ရောက်လာပြီး ယူဆောင်းလိုက်မိတဲ့အချိန်မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီ အကျဥ်းကျခံထားရတဲ့ နတ်ဆိုးရဲ့တမန် တော်ဝိညာဥ်နဲ့ ဆက်စပ်မိသွားပါတော့တယ်။နောက်တစ်ရက်မှာတော့ နိုလန်ရဲ့အဖေအမြဲပြောပြနေတဲ့ နိုဘယ်မန်း ပုံပြင်တွေက ပုံပြင်သက်သက်မဟုတ်ဘဲ တကယ့်လက်တွေ့ဘဝမှာ ရှိကြောင်းသိလိုက်ရပြီး နိုလန်ကလည်း နိုဘယ်မန်းတွေရဲ့သွေးသား ဖြစ်ကြောင်း သိလိုက်ရတဲ့အချိန်မှာတော့ နိုလန်က နိုဘယ်မန်းရဲ့သွေး သားလား၊  သူနဲ့ နတ်ဆိုးက ဘယ်လိုရန်ငြိုးတွေရှိခဲ့ကြတာလဲ၊ နောက် ဆုံးမှာ နိုလန်တစ်ယောက် နတ်ဆိုးတွေကို တိုက်ထုတ််နိုင်ပါ့မလား ဆို တာကို ဆက်လက်စောင့်ကြည့်ပေးကြပါဦး။ ဒီဇာတ်ကားက ပေါ့ပေါ့ ပါးပါးနဲ့ ဟာသဆန်ပြီး Fanasty, Sci-Fi ကားတစ်ကားဖြစ်တာမို့ အားလုံးကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်)File Size..........(1.87 GB) / (784 ...
movie

Alpha Rift (2021)

2021
[18+] Color of Night (1994) 5.2
[18+] Color of Night (1994) Color of Night (1994)Erotic ကားပေမဲ့ ဒီရုပ်ရှင်ကို ရိုက်တဲ့သူက Richard Rush ပါ။ ၁၉၈၀တုန်းက The Stunt Man ကားနဲ့ အော်စကာမှာ ဒါရိုက်တာဆုတွေ ဇာတ်ညွှန်းဆုတွေ ဝင်ခဲ့တဲ့ဘဲပေါ့။ သရုပ်ဆောင်တွေက‌တော့ ဘရုစ်ဝီလီစ်နဲ့ မာစတာပိစ်ကားတွေ အပေါသားရှိတဲ့ ပြင်သစ်မှာ "The Lover"လို့ခေါ်တဲ့ ခုဂန္ထဝင်ဖြစ်နေလောက်တဲ့ ပြင်သစ်အချစ်ကားကို ဟောင်ကောင်ရုပ်ရှင်လောကရဲ့ ဘစ်တိုနီလို့ခေါ်တဲ့ တိုနီလျောင်ခဖိုင်နဲ့ တွဲဖက်သရုပ်ဆာင်ဖူးတဲ့ အလှလေးပါပဲ။ သူပျိုမျစ်တုန်းက အဲဒီကာလမှာ နာမည်ကြီးအောင်မြင်နေတဲ့ ဘရုစ်ဝီလီစ်နဲ့ ရိုက်ထားတဲ့ကားဆိုတော့ ကြည့်ကို ကြည့်သင့်တဲ့ကားပါပဲ။လူနာတစ်ယောက်ကို ကုသနေရင်းတန်းလန်းမှာ တုန်လှုပ်စရာပုံစံနဲ့ ဆုံးရှုံးလိုက်ရတဲ့ စိတ်ဝေဒနာအတိုင်ပင်ခံ ဘေးလ်ကာပါတစ်ယောက် သူကိုယ်တိုင်ရလိုက်တဲ့ စိတ်ဝေဒနာကို ကုစားဖို့ စိတ်ကုဆရာဝန်ပဲဖြစ်တဲ့ သူ့သူငယ်ချင်းဘော့ဘ်မိုးရ် နေထိုင်ရာ လော့စ်အိန်ဂျလိစ်မြို့ကို ထွက်လာခဲ့တယ်။ မိုးရ်ကုသပေးနေတဲ့ တစ်မျိုးစီမတူကွဲပြားကြတဲ့ ဝေဒနာရှင်ငါးယောက်ပါ တိုင်ပင်ဆွေးနွေးဝိုင်းမှာ အတူပါဝင်ရင်းနဲ့ နာလန်ထူဖို့ ဘေးလ်ကြိုးစားနေချိန်မှာပဲ ...
movie

[18+] Color of Night (1994)

1994
AVP: Alien vs. Predator (2004) 5.6
AVP: Alien vs. Predator (2004)  Predator ဆိုတဲ့ ရုပ်ဆိုးဆိုး ဂြိုလ်သားတွေကိုတော့ ရင်းနှီးနေမှာပေါ့နော်သူတို့တွေဟာ လူသားတွေထက် ခေတ်လွန်သိပ္ပံနည်းပညာတွေ တတ်မြောက်ထားတဲ့ သတ္တဝါတွေပါ။သူတို့ အမဲလိုက်တဲ့ ဂြိုလ်သားတွေ ရှိပါသေးတယ် အဲ့ဒီအကောင်တွေကိုတော့ Alien လို့ ခေါ်ပြီးရိုင်းစိုင်း ဆိုးသွမ်းပြီး အမြဲတမ်း သတ်ချင် ဖြတ်ချင်စိတ်ပဲ ရှိနေတဲ့ ကောင်တွေပါ…ဒီဇာတ်လမ်းမှာတော့ Predator တွေနဲ့ Alien တွေကြား ဝင်ပါရမယ့် လူသားတွေအကြောင်း ကို ကြည့်ရမှာဖြစ်ပါတယ်ဇာတ်လမ်း ပုံစံကတော့ သူဌေးကြီးတစ်ဦးဟာ သူမသေခင် နာမည် တစ်ခု ကျန်ရှိခဲ့ဖို့ အတွက် ကမ္ဘာ့ ပထမဦးဆုံး လူမျိုးတွေတည်ဆောက်ခဲ့တယ်လို့ယူဆရတဲ့ ပိရမစ် တစ်ခု ကို ရှာဖို့ အတော်ဆုံး လူတွေကို စုစည်းပြီး ရှာဖွေဖို့ ကြိုးပမ်းမှာပါ..ဒါပေမယ့် အဲ့ဒီ ပိရမစ် ကို ရှာဖွေတွေ့ရှိခဲ့တာ သူတို့ အဖွဲ့ တစ်ခုထဲ မဟုတ်ခဲ့ဖူးဆိုတာကို နောက်ကျမှ သိကြမှာ ဖြစ်ပြီးPredator ...
movie

AVP: Alien vs. Predator (2004)

2004
1080p HEVC
Scream 3 (2000) 5.6
Scream 3 (2000) Scream 3 2000 ===========ဒါကတော့ တတိယမြောက်ကား ဖြစ်ပြီးတော့ အမှန်အတိုင်းပြောရရင် Scream franchise ထဲမှာ rating အနည်းဆုံးကား ဖြစ်ပါတယ်။ ဒါပေမယ့် scream ရဲ့ အရသာကိုတော့ မ‌ပျောက်အောင် ထိန်းထားနိုင်တာကြောင့် horror, mystery ဖန်တွေအတွက်တော့ ကြည့်ပျော်ရှုပျော်ရှိတဲ့ ကားတစ်ကားဖြစ်နေတုန်းပါပဲ။ ဒီကားကတော့ scream 2 အပြီး ၂ နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီကားမှာတော့ ဆစ်ဒနေဟာ လူသူကင်းဝေးရာနေရာမှာ ခြေရာဖျောက်ပြီး သွားနေနေပါတယ်။ အဲဒီအချိန် hollywood မှာလည်း သရဲမျက်နှာလူသတ်မှုတွေကို အခြေခံထားတဲ့ stab 3 ရှပ်ရှင်ကားကို ရိုက်ကူးရေးစနေပါပြီ။ အဲဒီအချိန်မှာ နောက်ထပ် သရဲမျက်နှာလူသတ်သမားပေါ်လာပြီး လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။ ဒီတစ်ခေါက်မှာတော့ သရဲမျက်နှာလူသတ်သမားက stab 3 ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ အရင်လူသတ်မှုမှာ အသက်ရှင်ကျန်ခဲ့သူတွေကိုပါ ပစ်မှတ်ထားနေပါတယ်။ IMDB 5.6 ရထားပြီး tomatometer 40% ရထားပါတယ်။ ဒီကားဟာ scream trilogy ရဲ့ နောက်ဆုံးကားဖြစ်ပြီး အတိတ်ကကြောင်းတွေကို ဖြေရှင်းထားလို့ scream ဖန်တွေကတော့ ကြည့်သင့်တယ်လို့ ပြောပါစေ။ Scream 6 ...
movie

Scream 3 (2000)

2000
Jennifer’s Body (2009) 5.3
Jennifer’s Body (2009) ဒီဇာတ်ကားကတော့ မင်းသမီး မီဂန်ဖောက်ရဲ့ နာမည်ကြီး Horror ဇာတ်ကားပါ...Megan Fox အပြင် Amanda Seyfried လဲပါပါသေးတယ်...Horror ကားကောင်းလေးတစ်ကားဖြစ်တာနဲ့အညီ ကြည့်ရတာလည်း တော်တော့်ကိုကောင်းတဲ့ကားလေးကားလေးတစ်ကားလို့ဆိုထိုက်တယ်ဗျ။ ၂၀၀၉ ခုနှစ်ရဲ့ အချောလေးနှစ်ယောက် သူပြိုင်ကိုယ်ပြိုင်ဇာတ်ကောင်စရိုက်ယှဉ်ပြိုင်မှုတွေကလည်း နင်လား ငါလားနဲ့ကိုကြည့်ရတာအရသာတွေ့လှသလို မျက်စိပသာဒလည်းတော်တော်ဖြစ်တယ်ပေါ့လေ။ဂျနီဖာဟာတစ်‌ကျောင်းလုံးရဲ့အချစ်တော်အချောလေးဗျ။ အချောလေးဆိုတဲ့အတိုင်း အထက်‌တန်းကျောင်းပထမနှစ်လောက်တည်းကစပြီး ဘာညာကိစ္စနဲ့ပက်သက်လို့အတွေ့အကြုံရှိဖူးတယ်ပေါ့လေ။ပင်တိုင်ရည်းစားလေးရှိပေမဲ့ တစ်ခါတလေသဘောကျတဲ့ကောင်ချောလေးတွေတွေ့ရင် ကောက်ကောက်စားတတ်တဲ့ကောင်မလေးပေါ့။နိဒီကတော့ ဂျနီဖာရဲ့အချစ်ဆုံးသူငယ်ချင်းမလေးပေါ့ဗျာ။ ငယ်ငယ်တည်းကခင်လာကြတယ်ပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့စရိုက်တွေကတော့ ဆန့်ကျင်ဖက်တွေပါ.. တစ်ယောက်က တစ်ကျောင်းလုံးရဲ့အလှပဂေးဖြစ်သလို ခေတ်ရှေ့ကိုနှစ်ဆလောက်ပြေးနေတဲ့သူ ၊ တစ်ယောက်ကတော့စာကြမ်းပိုးဗိုင်းကောင်းကျောက်ဖိ လူမသိသူမသိလေးဆိုတော့ ဇာတ်ကောင်ပိုင်းအရဆို ဆန့်ကျင်ဖက်နှစ်‌ယောက်ကသူငယ်ချင်းတွေဖြစ်နေတယ်ဆိုပါတော့ဗျာ။ဇာတ်လမ်းစတာကတော့ သူတို့ရဲ့နယ်မြို့လေး‌ဆီကိုမြို့ကြီးပြကြီးကရော့ခ်ဂီတတီးဝိုင်းအဖွဲ့ရောက်လာတဲ့အခါ ခေါင်းဆောင်အဆိုတော် ကောင်ချောလေးပါမှန်း သိလိုက်တဲ့ဂျနီဖာက တစ်စခန်းထရာက စပါတယ်...သူစခန်းထတာမှာ အဖော်ပါဖို့ နိဒီကိုပါခေါ်ပြီး ရှိုးပွဲသွားကြရင်း ဘယ်လိုကြောက်မက်ဖွယ်အဖြစ်အပျက်တွေကြုံကြရမလဲဆိုတာ.....။Unrated Version နဲ့တင်ဆက်ထားပြီး အဖော်အချွတ်နဲ့ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေပါလို့ မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို San Thu Aung မှ တင်ဆက်ထားပါတယ်။)  File size…(1.8 GB) / (999 MB)/ (500 MB) Quality…BluRay Unrated 1080p/720p/480p Format…mp4 Duration….01:47:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Jennifer’s Body (2009)

Hard Target (1993)
Hard Target (1993) အခုတင်ဆက်မယ့်အက်ရှင်ဇာတ်ကားကြီးရဲ့ မင်းသားကတော့ တစ်ခြားသူမဟုတ်ပါဘူး မင်းသားကြီးဗန်ဒိန်းပါ။ဗန်ဒိန်းက အက်ရှင်၊ဇာတ်ကြမ်းသာမက ဟန်ပန်အမူအရာတွေပါပိုင်နိုင်တဲ့ legend ကြီးတစ်ယောက်ရယ်ဆိုလဲ မမှားပါဘူး။အခုတင်ဆက်မယ့် ၁၉၉၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Hard Target ထဲမှာဆိုရင်လဲ ဗန်ဒိန်းရဲ့နုပျိုမှုတွေနဲ့ ကေဝဲကြီးနဲ့ အလွန်ပဲမိုက်ပါတယ်။ဇာတ်လမ်းတစ်ခုမှာ ဇာတ်ဆောင်မင်းသားကအသက်ဆိုရင် မင်းသမီးကလည်းသွေးကြောပါပဲ။အက်ရှင်ဇာတ်ကားကောင်းလေးကိုခံစားရင်း ဇာတ်ကားရဲ့အဓိကသွေးကြောသဖွယ်ဖြစ်တဲ့မင်းသမီးချောလေး ရန်စီဘက်တလာကိုပါရှု့စားနိုင်ဦးမယ့်ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်လေးကိုပြောရမယ်ဆိုရင်တော့...ဆင်းရဲသူတွေဟာ တစ်ဒေါ်လာလောက်တောင်ပြူးပြဲရှာနေရချိန်မှာချမ်းသာတဲ့သူတွေအတွက်ကျ ဒေါ်လာသိန်းချီဟာအမှိုက်သာသာဆိုလောက်ဆိုတဲ့အတိုင်းချမ်းသာတဲ့သူ‌ တွေဟာ‌ဒေါ်လာသိန်းချီပေးပြီး လူသတ်အမဲလိုက်ပွဲကစားလေ့ရှိကြပါတယ်။အဲလိုလူသတ်အမဲလိုက်ပွဲကျင်းပရာမြို့ကို နတ်တာရှာဆိုတဲ့မိန်းက‌လေးတစ်ယောက်ရောက်လာပြီးစစ်ပြန်ကြီး ဘုဒရိုစ်ဆိုသူနဲ့တွေ့တဲ့အခါသူတို့နှစ်ယောက်ဘယ်လိုအရှုပ်ထုပ်ထဲရောက်သွားမလဲဘာတွေဆက်ဖြစ်သွားမလဲဆိုတာမကြည့်ဖူးတဲ့သူတိုင်းအတွက်အလွန်ကြည့်လို့ကောင်းစေမယ့်old but gold အက်ရှင်ကားလေး Hard Target ကိုခံစားရင်ခုန်ပေးကြပါဦးခင်ဗျာ။  File size…(2 GB) and (1.2 GB) Quality….Unrated Blu-Ray 1080p 5.1 CH & 720p (HEVC Encode) Format…mp4 Duration….01:37:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie

Hard Target (1993)

HEVC 1080p 5.1
The Quick and the Dead (1995) 6.4
The Quick and the Dead (1995) (Unicode)ကြမ်းကြမ်းရမ်းရမ်း မိုက်မိုက်ကန်းကန်း မြင်းတွေစီးပြီး သေနတ်တွေနဲ့ ပစ်ကြခတ်ကြ တဲ့ အနောက်ပိုင်းရုပ်ရှင်တွေကို ကြည့်ချင်သူများအတွက်၁၉၉၅ ခုနှစ်ထွက်ရှိထားတဲ့ The Quick and the Dead ဆိုတဲ့ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်အစိုးရရဲ့ ဥပဒေမစိုးမိုးဘဲ လူမိုက်တွေ ကိုသာ ဆက်ကြေးပေးနေရတဲ့ မြို့လေးတစ်မြို့မှာ သေနတ်ယှဉ်ပစ်တဲ့ ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ် …အနိုင်ရရှိတဲ့သူဟာ ဒေါ်လာ ၁၂၃၀၀၀ ကိုပိုင်ဆိုင်ရမှာဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်က သေနတ်သမားတွေ လာရောက်လက်စွမ်းပြလေ့ရှိတာပေါ့တစ်ရက်မှာ အဲ့ဒီကစားပွဲကို မိန်းကလေးတစ်ယောက်ရောက်ရှိလာခဲ့ပုံက ကျားတောထဲရောက်လာတဲ့ သမင်မလေး တစ်ကောင်လိုပါပဲ …သို့သော် မိန်းကလေးဟာ သမင်မလေးဖြစ်မလား ကျားသစ်မလေးဖြစ်မလားဆိုတာ ပရိသတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုခံစားတော်မူကြပါIMDb – 6.4/10 ရရှိထားပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Sharon Stone , Russell Crowe တို့အပြင်Leonardo DiCaprio လည်းပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအညွှန်းနဲ့ ...
movie

The Quick and the Dead (1995)

D-Railed (2018) 3.9
D-Railed (2018) ခရီးသည်အုပ်စုတစ်စု အပျော်စီးရထားပေါ်မှာပါလာခဲ့ကြသည်...ရထားပေါ်မှာအပျော်ကစားနည်းများကစားရင်းရင်ခုန်စိတ်လှုပ်ရှားရမည်ဟုမျှော်မှတ်ခဲ့ကြသော်လဲစိတ်ညစ်ဖွယ်အဖြစ်အပျက်များနဲ့သာတွေ့ကြုံခဲ့ရပါတယ်...တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို ရထားကပါလမ်းချော်ပြီးမြစ်ထဲပြုတ်ကျသွားသောအခါ...သူတို့ဘာတွေဆက်ဖြစ်ကြမလဲ...သူတို့ကိုကယ်ဆယ်မယ့်သူတွေရောရောက်လာမှာလား...မရောက်လာဘူးဆိုရင်ရော သူတို့အသက်ဆက်လက်ရှင်သန်အောင်ဘယ်လိုတွေကြိုးပမ်းရုန်းကန်ကြရမှာလဲဒီကားလေးထဲမှာကြည့်လိုက်ရအောင်လား File Size : (754 MB) & (279 MB)Quality : WEB-DL 720pRunning Time : 1 hr 20 minFormat : Mp4Genre : ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by Pone ThoneEncoded by Moe Myint Lwin
movie

D-Railed (2018)

2018
Pentagram (2019) 3.7
Pentagram (2019) ဒီကားကတော့ Pentagramလို့ဆိုတဲ့အတိုင်းနတ်ဆိုးကိုပူဇော်တာနဲ့ပတ်သတ်တဲ့ကားလေးပါ။ဆေးစွဲနေတဲ့မိန်းကလေးဟိုလီရယ်၊သူ့ကိုအမြဲကူညီစောင့်ရှောက်နေတဲ့သူ့အစ်ကိုလုခ်ရယ်၊သရဲပုံပြင်တွေပြောပြီး နေရာတကာဆရာကြီးလုပ်တတ်တဲ့မက်စ်နဲ့ကူညီချင်စိတ်ရှိတဲ့လော်ရန့်တို့ ခပ်ဆိုးဆိုးလူငယ်၎ယောက်ဟိုလီဆေးဖြတ်ဖို့အတွက် အယ်လ်အေကိုထွက်လာခဲ့တယ်။လမ်းတစ်လျှောက်ကစားသောက်ဆိုင်တွေကိုဓားပြတိုက်လာရင်းပေါ့။တစ်နေရာရောက်တော့ အကြောင်းတစ်ခုကြောင့်ကားပျက်ရာကနေအဖြစ်ဆိုးတွေကြုံရမယ့်အိမ်အိုကြီးတစ်လုံးထဲ ဝင်ရောက်မိပါတော့တယ်။ပြီးတော့ သူတို့အကုန်ကျိန်စာမိပြီး အိမ်အပေါ်ထပ်ကနတ်ဆိုးနဲ့ပတ်သတ်တဲ့pentagramထဲပိတ်မိသွားပါတော့တယ်။အဲ့ကနေလွတ်မြောက်ဖို့တစ်ခုတည်းသောနည်းလမ်းကလူတစ်ယောက်ကိုစတေးရမှာဖြစ်တဲ့အကြောင်းသိသွားတဲ့အချိန်မှာတော့သူတို့လွတ်မြောက်ဖို့အတွက် ဘာတွေလုပ်ကြမလဲ၊မိမိသေရေးရှင်ရေးနဲ့ပတ်သက်လာတဲ့အခါဘယ်လိုတွေလုပ်မိကြမယ်ဆိုတာ ဒီကားမှာကြည့်ရှုရမှာဖြစ်ပါတယ်။ File Size : (752 MB) & (284 MB)Quality : WEB-DL 720pRunning Time : 1 hr 20 minFormat : Mp4Genre : HorrorSubtitle : Myanmar Subtitle (Hard Sub)Translated by Moe LayEncoded by Moe Myint Lwin
movie

Pentagram (2019)

2018