Channel Myanmar

Lam Chi-Tai

The Eye 2 (2004)
The Eye 2 (2004) ဒီဇာတ်ကားကတော့ Shu Qi (ရှုကြည်)အဓိကပါဝင်သရုပ်ဆောင်ထားပြီး IMDb 5.6/10ရရှိထားတဲ့ horrorဇာတ်ကားလေးတစ်ကားပါ။ဇာတ်လမ်းအညွှန်းကိုပြောရရင်တော့ ရှုကြည်ဟာ သူ့ရည်းစားကသူနဲ့လမ်းခွဲသွားတဲ့အတွက် စိတ်ဓာတ်ကျပြီးတော့ အိပ်ဆေးတွေသောက်ပြီးသတ်သေဖို့လုပ်ရာကနေစပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သူ့ကိုတွေ့တဲ့သူကတွေ့သွားပြီး ဆေးရုံကိုအမြန်ပို့ကာ အချိန်မှီကယ်လိုက်နိုင်ပေမယ့် အဲဒီနေ့ကစပြီး သူ့ရဲ့ဘဝဟာ အပြောင်းလဲကြီးပြောင်းလဲသွားပါတယ်။အဲဒါကဘာလဲဆိုတော့ သေခါနီးဖြစ်ရာကနေပြန်ရှင်လာပြီးနောက် သူ့မျက်လုံးကပုံမှန်မဟုတ်တော့ပဲ တစ္ဆေသရဲတွေကိုမြင်လာရတာပါ။ အဲဒီထဲကမှ သူသွားလေရာကိုလိုက်ပြီးခြောက်လှန့်တတ်တဲ့ ထူးဆန်းတဲ့အမျိုးသမီးတစ္ဆေတစ်ကောင်လဲရှိပါသေးတယ်။ ဒီလိုမျိုး နေ့တိုင်းခြောက်ခြားစွာကုန်ဆုံးနေရင်းကနေ သူ့မှာအရင်ရည်းစားနဲ့ကိုယ်ဝန်ရှိနေကြောင်းပါသိလိုက်ရတဲ့အခါ ခံနိုင်ရည်‌ရှိပါတော့မလားဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။File size…(1.9 GB)/(959 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

The Eye 2 (2004)

Legacy of Rage (1986) 6.0
Legacy of Rage (1986)  ဒီတစ်ခေါက်ကတော့ ကွန်ဖူးအက်ရှင်ကားကြိုက်တဲ့ သူတွေအတွက် အပျင်းပြေစေမယ့် ရုပ်ရှင်လေးတစ်ကားပါ ၁၉၈၆ ခုနှစ်ကထွက်ခဲ့ပြီး ကွန်ဖူးရုပ်ရှင်လောကရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Bruce Lee ရဲ့ သားဖြစ်သူ Brandon Lee ခေါင်းဆောင်မင်းသားအနေနဲ့ ပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့ သာမာန် ကွန်ဖူးအက်ရှင် ဇာတ်လမ်းဆိုပေမယ့် Brandon lee ရဲ့ သရုပ်ဆောင်ကွက်တွေနဲ့ တိုက်ခိုက်ရေးဟန်တွေမှာ ဖခင်ဖြစ်သူရဲ့ ပုံရိပ်တွေကို ထင်ဟပ်နေတာကြောင့် Bruce Lee ကိုလေးစားအားကျရတဲ့သူတွေအတွက်တော့ အလွမ်းပြေစေမှာပါ။ Crow ဇာတ်ကားနဲ့ အောင်မြင်မှုတော်တော်ရခဲ့တဲ့ Brandon Lee ကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့လည်း ဒိရုပ်ရှင်ကြည့်ပြီး သူ့ကို ပြန်လည်အမှတ်ရစေဖို့ ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။T Hmue မှ ဘာသာပြန်၊ အညွှန်းရေးသည် File size…(1.8 GB)/(1 GB) Quality….Blu-Ray  1080p / 720p Format…mp4 Duration….01:30:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

Legacy of Rage (1986)

Once Upon a Time in China IV (1993) 5.9
Once Upon a Time in China IV (1993)  ဒီလေးကားမြောက် ဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်ဟာ ခြင်္သေ့သိုင်းအကကို သူမတူအောင် ယှဉ်ပြိုင်နိုင်ခဲ့တာမို့ ထူးချွန်ပြောင်မြောက်စွာ အနိုင်ရခဲ့ပြီး ခြင်္သေ့ဘုရင်လို့ ခေါ်ဆိုချီးမြှောက်ခံခဲ့ရပါတယ်။ ဒါကြောင့် တရုတ်ပြည်နဲ့ ပြည်ပနိုင်ငံ (၈) နိုင်ငံတို့ စုပေါင်းပြီး ယှဉ်ပြိုင်ကြမဲ့ ခြင်္သေ့အကပြိုင်ပွဲမှာ ဝမ်ဖေးဟုန်ဟာ တရုတ်ပြည်ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ဒါပေမဲ့ တကယ်တော့ ဒီပြိုင်ပွဲက နိုင်ငံရပ်ခြားတပ်မတော်တွေက တရုတ်ပြည်တွင်းကို ဖြည်းဖြည်းချင်း ကျူးကျော်ဝင်ရောက်လာပြီး တရုတ်ကို သိမ်းပိုက်ဖို့ ကြံစည်နေတဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ တရုတ်ဖက်ကလည်း ပေါ်တင် ချေပလို့မရတဲ့အတွက် ပြိုင်ပွဲမှာ နိုင်ငံ့ရပ်တည်ချက်ကို ပြရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မီးအိမ်နီ မျိုးချစ် အမျိုးသမီး ကွန်ဖူး အဖွဲ့အစည်းက တရုတ်ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံခြားသားတွေကို သတ်ဖြတ်ချေမှုန်းပြီး တော်လှန်ပါတော့တယ်။ဒါကြောင့် ဒီဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်တစ်ယောက် တရုတ်ပြည်ကို ကာကွယ်ပြီး နိုင်ငံခြားတပ်မတော်နှင့် မီးအိမ်နီ မျိုးချစ်အဖွဲ့အစည်းကြားမှာ တင်းမာမှုတွေ ပြင်းထန်လာပြီး ...
movie

Once Upon a Time in China IV (1993)

The Longest Nite (1998) 7.2
The Longest Nite (1998) The Longest Nite (1998) ================= IMDb Rating - 7.2/10Johnnie To ရိုက်တဲ့ Electionလို ဟောင်ကောင်ဂန်းကားတွေကို ကြိုက်တဲ့လူတွေအတွက် ဒီကားက ရွှေပဲ။ ဇာတ်အိမ်ကလည်း ထူး တယ်။ မကာအိုမှာ ဂိုဏ်း၂ဂိုဏ်းအပြိုင်ကြဲနေတယ်။ သူတို့အထက် က လူတစ်ယောက်က သူတို့ဂိုဏ်း၂ဂိုဏ်းကို ကစားဖို့လုပ်တယ်။ တိုနီလျောင်ရဲ့ကာရိုက်တာရဲမှူးက မကောင်းတဲ့ရဲဆိုတော့ တစ်ဂိုဏ်း ဘက်ကပါပြီး မကောင်းတာလုပ်သမျှကို ဖြေရှင်းပေးနေကျကောင်။ ဒီတော့ သူနဲ့ကြည်နေတဲ့ ဂိုဏ်းဘက်က ဝင်ပါရင်း ဒီဂိုဏ်း၂ဂိုဏ်းကို ကစားနေတဲ့လူရဲ့ ကစားကွက်ထဲသူပါပါသွားတယ်။ဒီလိုနဲ့ သူ့ဘဝရဲ့အဆိုးဆုံးညဖြစ်လာရော။ အဲဒီညတစ်ညကို ရိုက်ပြ ထားတာ။ တစ်ညကိုပဲ ရိုက်ပြထားတယ်ဆိုပေမဲ့ သူ့နာမည်အတိုင်း အရှည်ဆုံးညပဲ။ ပြောရရင် ဂန်းကားပဲကြိုက်ကြိုက်၊ မှုခင်းကားပဲ ကြိုက်ကြိုက်၊ ဟောင်ကောင်ကားတွေပဲကြိုက်ကြိုက် ကြည့်ကို ကြည့်သင့်တဲ့ တကယ့်ကားကောင်းပဲ။ ကားကောင်းဆိုတာကို မပြော လည်းပိုသေချာနေတဲ့အချက်က ဒီကားဒါရိုက်တာနာမည်ခံက Patrick Yauပေမဲ့ တကယ်တမ်း ဒီကားတစ်ကားလုံး နီးပါးကို Johnnie To ရိုက်ခဲ့တာပါလို့ နောက်ပိုင်းမှာ ဒီကားရဲ့ဇာတ်ညွှန်းကို အဓိကပြန်ပြင်ခဲ့ တဲ့လူနဲ့ Johnnie Toနဲ့ ဒီကားကိုပူးတွဲထုတ်လုပ်ခဲ့တဲ့လူ Wai Ka-faiက ပြောခဲ့တယ်။သူလည်းခေတော့မခေဘူး။ Johnnie ...
movie

The Longest Nite (1998)

1998