Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Laith Wallschleger
Temptation Under the Sun (2022)
ဒီထရိုက်မြို့မှ စုံထောက်မလေး"ကာဆေဒီခရူးဇ်"ဟာ အာဏာရှိအကောင်ကြီးကြီးတစ်ယောက်ရဲ့အမှုကို အလွတ်မပေးဘဲ စုံစမ်းစစ်ဆေးနေတာကြောင့် သူမကိုခဏပထုတ်ချင်တာကြောင့် အားလပ်ရက်ခရီးတစ်ခုစေလွှတ်ခြင်းခံလိုက်ရပါတယ် သူမကို ကာရေဘီယာပင်လယ်နားက စိန့်လုခ်ဆိုတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို အပန်းခရီးထွက်ခိုင်းခဲ့တာပါ အဲ့ကျွန်းပေါ်မှာ ခရီးသွားဧည့်သည်တွေအတွက် လှေငှားတဲ့အလုပ်လုပ်တဲ့ "ထရာဗစ်ကင်း"ဆိုတဲ့ လူနဲ့ဆုံမိပြီး ရင်ခုန်သံတွေနိုးကြားခဲ့ပါတယ်ဒါပေမဲ့ တစ်ရက်မှာ ထရာဗစ်ရဲ့ရည်းစားဟောင်းဖြစ်တဲ့ "မင်နာဗာ"တစ်ယောက်အသတ်ခံလိုက်ရတာနဲ့ပက်သက်ပြီး အဲ့ကျွန်းရဲ့ရဲမှူးက တရားခံဟာ "ထရာဗစ်"ဖြစ်တယ်လို့ သတ်မှတ်ပြီး ဖမ်းခေါ်သွားခဲ့ပါတယ် အဲ့တော့ အမှုတစ်ခုကိုအမှန်တရားမပေါ်မချင်းလိုက်လံဖော်ထုတ်တတ်တဲ့ စုံထောက်မလေးဟာ ထရာဗစ်မှာအပြစ်မရှိကြောင်းသက်သေပြဖို့နဲ့ တရားခံအစစ်ကိုရှာဖွေဖို့အတွက်ကူညီပေးပါတော့တယ်မင်နာဗာကို သတ်တဲ့တရားခံကတကယ်ပဲ ထရာဗစ်လား ဒါမှမဟုတ် အခြားတစ်ယောက်လား....... သတ်ရတဲ့အကြောင်းပြချက်ကရော ဘာဖြစ်မလဲ...... ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် File size…(1.7 GB)/(888 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre... Thriller, TV Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
Temptation Under the Sun (2022)
Fear the Night (2023)
ညီအစ်မနှစ်ယောက်ဖြစ်တဲ့ ဘက်စ်နဲ့ တက်စ်တို့ဟာ ၎င်းတို့ရဲ့ လက်ထပ်ခါနီး ၀မ်းကွဲညီမဖြစ်သူ ရို့စ်အတွက် မိန်းကလေးတွေချည်းစုပြီး ပါတီကျင်းပပေးဖို့ရာအကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ ရို့စ်ရဲ့ တောင်းဆိုမှုကြောင့် တက်စ်တို့ညီအစ်မဟာ ၎င်းတို့ မိဘတွေပိုင်တဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာက လယ်ကွင်းတစ်ခုထဲက အိမ်မှာ ဘက်ခလာပါတီကျင်းပပေးဖို့အတွက် ရို့စ်ရဲ့သူငယ်ချင်းတွေအပါအ၀င် မိန်းကလေးရှစ်ယောက်နဲ့အတူ ချီတက်လာကြပါတယ်။လယ်ကွင်းအိမ်ကိုရောက်ရှိသွားတဲ့အချိန်မှာတော့ တက်စ်ဟာ ခြံစောင့်တွေနဲ့ပတ်သက်ပြီး သင်္ကာမကင်းဖြစ်နေပေမယ့် ညီမဖြစ်သူ ဘက် က ရို့စ်ရဲ့ပါတီကိုမဖျက်ဆီးဖို့ပြောဆိုမှုကြောင့် နှုတ်ဆိတ်နေလိုက်ရပါတယ်။ ဒီလိုနဲ့ မိန်းကလေးတစ်သိုက်ဟာ သောက်စားပျော်ပါးရင်းနဲ့ ညဘက်အရောက်မှာတော့ မျက်နှာဖုံးတွေတပ်ထားတဲ့ အမည်မသိလူတစ်စုဟာ မြားတွေနဲ့ပစ်ခတ်ပြီး တိုက်ခိုက်လာတဲ့အခါမှာတော့ တက်စ်တို့တသိုက် ဒီလူသတ်သမားတွေလက်က ဘယ်လိုလွတ်အောင်ကြိုးစားကြမလဲ၊ လူသတ်သမားတွေကရော ဘယ်သူတွေလဲ၊ ဘာရည်ရွယ်ချက်ကြောင့် ဘလိုင်းကြီး မြားတွေနဲ့လာပစ်ပြီး သတ်ဖြတ်ဖို့ကြိုးစားကြတာလဲဆိုတာကို ကြည့်ရှုရမဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (ညစ်ညမ်းတဲ့အသုံးအနှုန်းတွေများစွာပါ၀င်တာကြောင့် မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်ပါဘူး) File size…(1.1 GB)/(570 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Thriller Subtitle….Myanmar Subtitle ...
movie
Fear the Night (2023)
5.7
Wait With Me (2023)
Wait With Me (2023)ဒီကားလေးကတော့ သိပ်မကြာသေးခင်ကမှ Passionflix ကနေ အသစ်စက်စက်ထွက်ရှိထားတဲ့ စာရေးဆရာမ အေမီဒေါ်စ်ရဲ့ Young Adult Genre "Wait With Me" စာအုပ်စီးရီးထဲက ပထမဆုံးစာအုပ်ဖြစ်တဲ့ "Wait With Me"ကို စာအုပ်ဖုံးများရှင် မော်ဒယ်ပရိုဂျူဆာမင်းသား အန်ဒရူးဘီရာနက်၊ ဓာတ်ပုံဆရာဒါရိုက်တာမင်းသမီး မက်ဒီဆင်လော်လောတို့နှစ်ယောက်နဲ့အတူ အချိတ်အဆက်မိမိ ပုံဖော်ရိုက်ကူးထားတဲ့ လူငယ်အကြိုက် ခပ်ကြမ်းကြမ်း အချစ်ဇာတ်လမ်းကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ဒီကားထဲမှာ မင်းသမီးကိတ်ထ်စမစ်သ်က ကားပြင်ဆရာဖြစ်တဲ့ မင်းသားမိုင်လ်ဟတ်ဆန်အလုပ်လုပ်တဲ့ တာယာဂိုထောင်မှာ သူမရဲ့ရောင်းအားအကောင်းဆုံးစာအုပ်ရဲ့ အဆက်စာအုပ်ကိုရေးဖို့ဈာန်ဝင်အောင်လို့ အဲဒီနေရာကို အကြောင်းအမျိုးမျိုးပြပြီး အဝင်အထွက်လုပ်နေလေ့ရှိပါတယ်။ အဲဒီကနေ တဖြည်းဖြည်း မိုင်လ်နဲ့အနေနီးသွားပြီး ရင်းနှီးမှုအတိုင်းအတာတစ်ခုကိုကျော်သွားတဲ့အခါမှာ ခံစားချက်တွေနက်ရှိုင်းလာကြပြီးနောက် ကိတ်ထ်ဖုံးကွယ်ထားတဲ့အကြောင်းတစ်ခုကို မိုင်လ်သိသွားတဲ့အခါ ဘယ်လိုတွေဖြစ်လာကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ စာရေးဆရာမ အေမီက "Wait With Me"စာအုပ်ကို ရုပ်ရှင်ထဲကအတိုင်း တာယာဂိုထောင်မှာ ရေးခဲ့တာပါတဲ့။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie
Wait With Me (2023)
2023