Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Laith Nakli
7.0
Problemista (2023)
အယ်လီဟန်ဒရိုဟာ သူ့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အလ်ဆာဗိုဒေါကနေ နယူးယောက်ကို ပြောင်းရွှေ့လာခဲ့ပါတယ် သူ့ရဲ့အိမ်မက်ကဝောာ့ အရုပ်ဒီဇိုင်နာတစ်ယောက်ဖြစ်ချင်တာဖြစ်ပြီး အလုပ်လျှောက်တဲ့အခါမှာတော့ သူဟာ အငြင်းခံခဲ့ရပါတယ် ။ဒီလိုနဲ့ ရရာအလုပ်ကိုလုပ်ရင်း အယ်လီဟန်ဒရိုဟာ အလုပ်ဗီဇာရရှိနိုင်ရေးအတွက် ကြိုးစားနေရတာပါ။ သူဟာ အလုပ်ဗီဇာရရှိမှ အမေရိကမှာ ဆက်နေလို့ရမှာဖြစ်ပြီး မရခဲ့ရင်တော့ သူ့ရဲ့ မွေးရပ်မြေကို ပြန်သွားရမှာပါ အခွင့်အလမ်းတွေရချင်လို့ နိုင်ငံခြားကိုထွက်လာပြီး အဆင်မပြေမှုပေါင်းများစွာကြားထဲက အယ်လီဟန်ဒရိုတစ်ယောက် ဘယ်လိုရုန်းကန်သွားမှာလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comedy ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.8 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie
Problemista (2023)
6.3
Swallow (2019)
ဒီရုပ်ရှင်ကတော့ တော်တော် ရင်ဖိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ ရုပ်ရှင်လေးပါ။အစပိုင်းကနေ အဆုံးထိ သင့်ကို တဖြည်းဖြည်းချင်း ဆွဲငင်သွားမှာပါ။ဇာတ်လမ်းကတော့ Hunterဆိုတဲ့ မိန်းကလေးရဲ့ဘဝကိုအခြေတည်ပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။Hunterကတော့ လုံးဝပြီးပြည့်စုံတဲ့ သူချမ်းသာမိသားစုကလူတစ်ယောက်နဲ့ လက်ထပ်ထားတဲ့ သတို့သမီးအသစ်လေးပါ။သူမက လက်ခံမှုရှိပြီး ညင်သာတဲ့ မိန်းကလေးပါ။ဒါပေမယ့် Hunterက သူမရဲ့နေ့ရက်တိုင်းကို ခင်ပွန်းဖြစ်သူရဲ့ခြောက်ကပ်ကပ် ခေတ်မီအိမ်ကြီးထဲမှာအဆုံးမရှိတဲ့သစ်တောကြီးကို ငေးကြည့်ရင်း ကုန်ဆုံးရတယ်။အဲ ပြဿ နာတွေကတော့ Hunter တစ်ယောက် သက်မဲ့ပစ္စည်းတွေကိုစားစရာလိုမြိုချချင်တဲ့ စိတ်ကစဉ့်ကလျားရောဂါ ရှိလာတဲ့အခါမှာ စတော့တာပါပဲ။ရုပ်ရှင်အမျိုးအစားကတော့ Drama/Thriller ပါ။စိတ္တဇသည်းထိတ်ရင်ဖိုဇာတ်လမ်းကို လှလှပပလေးရိုက်ကူးထားမို့thriller ချစ်သူတွေအတွက် ဒီရုပ်ရှင်ကို ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။ File Size : ( 893 MB , 245 MB) Quality : WEB-DL ...
movie
Swallow (2019)
6.5
12 Strong (2018)
စစ်ကားကောင်းကောင်းမှ ကြည့်ချင်တယ်ဆိုတဲ့ စစ်ကားကြိုက်ပရိသတ်တွေအတွက် 12 Strong ဆိုတဲ့ ရုံတင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ဒီရုပ်ရှင်ဟာ Doug Stanton ရဲ့ဖြစ်ရပ်မှန်ဝတ္ထု Horse Soldiers ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်မှာဆိုရင်တော့ 9/11 အဖြစ်အပျက်အပြီး အာဖဂန်နစ္စတန်ကို ပထမဆုံးစေလွှတ်ခံရတဲ့ အမေရိကန်တပ်ဖွဲ့အကြောင်ကို အဓိကထားပြီး ပြသထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ကပ္ပတိန်မစ်ချ်နယ်လ်ဆန်ဦးဆောင်ပြီး တပ်သား ၁၂ ယောက်သာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်စစ်ခေါင်းဆောင်တစ်ယောက်နဲ့ ပူးပေါင်းပြီး တာလီဘန်နဲ့ အယ်လ်ကေဒါးတွေလက်ထဲကျရောက်နေတဲ့ မြို့၊ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းကြရတာဖြစ်ပါတယ်။တာလီဘန်တွေနဲ့ ယှဉ်ရင် လက်နက်အင်အား၊ လူအင်အားလဲ မမျှသလို နယ်မြေလဲမကျွမ်းကျင်ကြတဲ့ နယ်လ်ဆန်တို့အဖွဲ့ သူတို့ရဲ့မစ်ရှင်တွေကို အောင်နိုင်ပါ့မလား၊သူတို့ရဲ့မဟာမိတ် စစ်ခေါင်းဆောင်ဆိုတာလဲ ယုံကြည်ရရဲ့လား ဆိုတဲ့ သို့လော သို့လောတွေ အများကြီးပါဝင်ပါတယ်။ပုံမှန်ဆိုရင် နှစ်စဉ် ပထမဆုံးလမှာ ရုံတင်တဲ့ရုပ်ရှင်ကားတွေက ဂွမ်းလေ့ရှိပေမယ့် ဒီကားကတော့ ရုံတင်တဲ့အခါ တော်တော်လေး ချီးကျူးခံခဲ့ရတဲ့ကားတစ်ကားဖြစ်ပါတယ်။တာလီဘန်တွေ ဘယ်လောက်ရက်စက်သလဲဆိုတာကိုသေချာပြသွားနိုင်ခဲ့သလို အာဖဂန်ပြည်သူတွေရဲ့ သနားစရာကောင်းတဲ့ဘဝအခြေအနေတွေကိုလဲ သေချာရိုက်ကူးပြသွားခဲ့ပါတယ်။ဝေဖန်ရေးဆရာတွေ ...
movie
12 Strong (2018)
2018
6.2
The Wall (2017)
The Wall (2017) IMDb - 6.2/10_____Rotten - 65% ဒီကားလေးကတော့ယခုနှစ်၂၀၁၇၅လပိုင်းထွက်ကားသစ်လေးပါ။ စစ်ကားလို့ထင်ရပေမယ့်ဒီကားလေးကတမူထူးခြားပါတယ်။ အဲဒါထက်အဓိကသရုပ်ဆောင်နှစ်ယောက်မှာလဲနပန်းသမားကြီးJohnCenaပါဝင်သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ။ ဒီကားလေးကပုံမှန်စစ်ကားအတိုက်အခိုက်ကားတွေကနေကွဲထွက်နေတာပါ။ အပစ်အခတ်တွေထက်စကားပြောခန်းပိုပြီးပါတာတွေ့ရမှာပါ။ ပုံမှန်ကြည့်နေကျအမေရိကန်စစ်ကားတွေလိုစစ်တပ်ဆိုင်ရာအမြင်ထက်စစ်ပွဲအကြောင်းကို တဖက်ရှုထောင့်ကနေဖော်ပြပေးထားတာပါ။ ကြည့်လိုက်ရင်တော့တမျိုးကြီးဖြစ်နေပေမယ့်မကောင်းတဲ့တမျိုးကြီးတော့မဟုတ်ပါဘူး။ တွေးစရာလေးတော့ရမယ်ထင်ပါတယ်။ ဇာတ်ကားလေးကို၂၀၀၇ခုနှစ်စစ်ပွဲအပြီးပြန်လည်ထူထောင်ရေးကာလအီရတ်နိုင်ငံတနေရာမှာဇာတ်အိမ်တည်ထားပါတယ်။ အမေရိကန်စစ်တပ်လက်ဖြောင့်သမားနှစ်ဦးဖြစ်တဲ့အိုက်ဇက်နဲ့လက်ထောက်တပ်ကြပ်ရှိန်းတို့ဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တနေရာမှာပစ်ခတ်မှုဖြစ်တဲ့အတွက်အကူအညီခေါ်လို့သွားရောက်စုံစမ်းထောက်လှမ်းခဲ့ပါတယ်။ အချိန်အတော်ကြာအောင်စောင့်ကြည့်ပေမယ့်ဘာမှမထူးခြားတာကြောင့်တပ်ကြပ်ရှိန်းတယောက် အောက်ကိုဆင်းကြည့်တာမှစပြီးဲဂိုလ်ဆိုးဝင်တာပါပဲ။ Jubaလို့ခေါ်တဲ့အသံတိတ်သေနတ်သမားဆိုတဲ့အတိုင်းအမေရိကန်လက်ဖြောင့်သမားတွေထက်တောင် ကျွမ်းကျင်သူနဲ့ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ ရှိန်းတယောက်အပစ်ခံရပြီးနောက်အိုက်ဇက်လည်းနောက်ကလိုက်ကူဖို့ဆင်းသွားပါတယ်။ ဒါပေမယ့်သူလည်းအပစ်ခံလိုက်ရပြီးနှစ်ယောက်သားရန်သူလက်ဖြောင့်သမားရဲ့ထိန်းချုပ်မှုအောက်မှာရောက်သွားပါတယ်။ ဇာတ်လမ်းလေးကိုတော့အဲလိုလေးကျောရိုးတည်ထားပါတယ်။ ဇာတ်ကွက်ထက် စကားပြောခန်းကပိုပြီအခရာကျတဲ့အတွက်ဇာတ်ကားကိုကြည့်ပါမှပိုပြီးအရသာရှိမယ်လို့ပြောချင်ပါတယ်။ ဒီကားထဲမှာပါတဲံJubaဆိုတဲ့အသုံးအနှုန်းဟာတကယ့်လက်တွေ့မှာလည်းအီရတ်စစ်မြေပြင်မှာအမေရိကန်စစ်သားများစွာရဲ့ အသက်ကိုခြွေယူနိုင်ခဲ့တဲ့အသံတိတ်သေနတ်သမားတယောက်ကိုသုံးနှုန်းတဲ့စကားဖြစ်ပါတယ်။ အပစ်အခတ်ကိုဦးစားပေးတာမဟုတ်လို့အကြမ်းပတမ်းတွေတွေ့ရမှာမဟုတ်ပါဘူး။ Ratingအနေနဲ့ကလည်း6.2ထိရထားပါတယ်ဗျာ။ (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်ကတော့ Thura Zarni Aung ပါ ) File Size : (700 MB) Quality : 720p Bluray Running Time : 1hr 28minutes Format : Mp4 Genre : Action, Drama, Thriller, War Subtitle : Myanmar Subtitle (Hard Sub) Translated By Thura Zarni Aung Encode By Thanhtike Zaw
movie
The Wall (2017)
2017