Channel Myanmar

Laetitia Dosch

Chicken for Linda! (2023)
Chicken for Linda! (2023)  ဒီတစ်ခါမှာတော့ ချစ်စရာ ပြင်သစ် animation ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်လင်ဒါဆိုတဲ့ ကလေးမလေးက ငယ်ငယ်လေးကတည်းက ဖခင်ကိုဆုံးရှုံးလိုက်ရပြီး အမေဖြစ်သူ ပူလတ်နဲ့ နှစ်ယောက်တည်း နေထိုင်ပါတယ်တစ်နေ့မှာတော့ မေမေက လင်ဒါ့ကို သူ့လက်စွပ်ခိုးတယ်လို့ စွပ်စွဲပြီး အပြစ်ပေးတဲ့ အနေနဲ့ သဘောဆိုးတဲ့ လင်ဒါရဲ့ အန်တီ့အိမ်မှာ တစ်ညသွားထားပါတယ်တကယ်တမ်း လက်စွပ်ကို သမီးလေးခိုးတာမဟုတ်မှန်း သိသွားတဲ့အခါ သူ့ညီမအိမ်ကနေ သမီးကို သွားပြန်ခေါ်လာပြီး သမီးလိုချင်တာတစ်ခု ပြန်လုပ်ပေးဖို့ ကတိပေးလိုက်ပါတယ်အဖေ့ကို မမှတ်မိတော့ပေမယ့် လင်ဒါလေးဟာ အဖေချက်တဲ့ ထူးရှယ်ကြက်သားဟင်းကို စားချင်တယ် ပြောလာလို့ ကြက်သားရှာဝယ်ပေမယ့် အလုပ်သမားသပိတ်ကြောင့် ဆန္ဒပြပွဲတွေဖြစ်ပြီး ဈေးတိုင်းပိတ်ထားတဲ့အခါမှာ ဘယ်လိုတွေ ဆက်လက်ကြုံရမလဲ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုပေးပါဦး File size…(1.4 GB)/(712 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:13:00 Genre... Animation, Comedy,Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

Chicken for Linda! (2023)

Acid (2023) 5.3
Acid (2023) Acid (2023)အကယ်၍များဆိုတဲ့ စကားလုံးကို တော်တော်များများကြားဖူးကြမှာပါ။ အကယ်၍များ ကမ္ဘာကြီးပျက်ခဲ့ရင်တို့ အကယ်၍များ မီးမိုးတွေရွာခဲ့ရင်တို့ အကယ်၍များ အကုန်ရေခဲသွားရင်တို့ အကယ်၍များ အက်စစ်မိုးတွေရွာခဲ့ရင်တို့ပေါ့။ဒီလိုမျိုး ဘေးအန္တရာယ်တွေကျရောက်လာရင်ဘယ်လိုလုပ်ကြမလဲဆိုတာမျိုးလဲ စိတ်ကူးပြီးစဉ်းစားမိခဲ့ကြဖူးမှာပါ။ ဒါကိုကလဲ ကမ္ဘာ့ကပ်ဘေးဇာတ်လမ်းတွေရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။ နောက်ဆုံးထွက်ထားတဲ့ Moon Fall ဇာတ်ကား သိပ်ပြီးမအောင်မြင်ခဲ့ပေမဲ့ လူကြည့်တော့များတုန်းပါပဲ။ ဒါပေမဲ့နောက်ပိုင်း ခုလို World Apocalypse ဇာတ်လမ်းတွေရှားပါးနေချိန်မှာ ရေငတ်တုန်းရေတွင်းထဲကျဆိုသလို ပြင်သစ်ကရိုက်ထားတဲ့ Apocalypse ကမ္ဘာပျက်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာကြီးရဲ့ ဖန်လုံအာနိသင်ကြောင့် အပူချိန်တွေမြင့်တက်လာပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အခြားဓာတုပစ္စည်းတွေ လေထုထဲကို စွန့်ပစ်မှုများလာတဲ့အတွက် တိမ်ထုထဲက မိုးရေတွေမှာ အက်စစ်ပါဝင်လာမှုပမာဏ မြင့်မားလာပါတယ်။ ကမ္ဘာကြီးဟာလဲ စစ်တိုက်နေရတာနဲ့အချိန်တွေကုန်နေပြီး သဘာဝပတ်ဝန်းကျင်ကို လျစ်လျှုရှုထားကြပါတယ်။ ဒါပေမဲ့ ခုလိုအက်စစ်ပမာဏတွေများလာတဲ့ မိုးရေတွေဟာ အက်စစ်မိုးများအဖြစ်နဲ့ ကမ္ဘာပေါ်ကိုပြန်လည်ရွာချလာပါတယ်။ အရင်ကအက်စစ်မိုးတွေဟာ အပင်တွေကို ပျက်စီးစေတာလောက်ပဲ အန္တရာယ်ရှိပေမဲ့ ခုမှာတော့ သက်ရှိတွေကိုပါ သေစေနိုင်လောက်တဲ့အထိ အက်စစ်ပမာဏများပြားလာပါတယ်။ အက်စစ်မိုးတွေ ကြောင့်မြစ်ချောင်းတွေကရေတွေ တွင်းရေတွေဟာလဲ သောက်သုံးလို့မရတော့ပါဘူး။ ဒီလိုသဘာဝဘေးအန္တရာယ်တွေကြားမှာ မိသားစုတစ်စု အက်စစ်မိုးတွေကြား ဘယ်လို လွှတ်မြောက်အောင် အသက်လုပြီး ကြံဆပြီး ဘေးကင်းရာဒုက္ခသည်စခန်းကို သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ K.Hein ဖြစ်ပါတယ်)Genre..... Drama, Sci-fi Quality…. 1080p ...
movie

Acid (2023)

2023
Employee of the Month (2021)
Employee of the Month (2021) ***ဒီကားကြည့်ပြီး လစာတိုးမပေးတဲ့ သူဌေးကို အပြတ်ရှင်းပြီး အလောင်းဘယ်လိုဖျောက်ရမလဲဆိုတဲ့ အကြံတွေဘာတွေ ရသွားမယ်ဆိုရင်တော့ CM က တာဝန်မယူပါဘူးနော်။***ဒီတစ်ခေါက်မှာတော့ IMDB 5.8/10, Rt 77% ရရှိထားတဲ့ Emplyoee of the month ဆိုတဲ့ Crime/Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သန့်ရှင်းရေးသုံးပစ္စည်းတွေ ရောင်းတဲ့ ကုမ္ပဏီဝန်ထမ်းဖြစ်သူ အင်းနစ်က ဘက်စုံတော်ပြီး အနေအေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဥပဒေရေးရာကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေမဲ့ ရုံးမှာတော့ နေရာတကာ သူပဲလုပ်နေရရှာပြီး အစုံသုပ်ဖြစ်လို့နေရှာတာပါ။ အလုပ်ဝင်လာတာ ၁၇ နှစ်တောင် ရှိပြီဖြစ်ပေမဲ့ တခြားအမျိုးသားဝန်ထမ်းတွေသာ တစ်နှစ်ပြီး တစ်နှစ်လစာတိုးသွားတယ်၊ သူမမှာတော့ နဂိုအတိုင်း လစာမတိုးလို့ အလုပ်ရှင်ပတ်ထရစ်ကို သူ့ကိုလစာတိုးပေးဖို့ ဝင်ပြောရာကနေ မထင်မှတ်ထားတဲ့ ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့ပါတော့တယ်။အဲဒါကတော့ အင်းနစ်နဲ့ အလုပ်သင်အသစ်ကလေး မယ်လိုဒီရဲ့လက်ချက်နဲ့ သူတို့ရဲ့အလုပ်ရှင်ပတ်ထရစ် သေဆုံးသွားတာပါပဲ။ တမင်လုပ်တာမဟုတ်ပေမဲ့ သေတဲ့လူက သေသွားပြီမို့ အလောင်းဖျောက်ဖို့ ကြိုးစားကြရတာပေါ့လေ။ သန့်ရှင်းရေးသုံးပစ္စည်းတွေကို ဘယ်နေရာမှာ ...
movie

Employee of the Month (2021)

Playlist (2021) 6.3
Playlist (2021) Playlist(2021) ==========IMDb Rating - 6.3/10ဒီရုပ်ရှင်ရဲ့ထူးခြားချက်က ကာတွန်းစာအုပ်ကိုဖြူမည်းရုပ်သံနဲ့ပြန်ရိုက်ထားတာပဲ ဂျပန်မန်ဂါတွေကို Anime အဖြစ်ပြန်အသက်သွင်းထားသလိုပေါ့... ပြင်သစ် Indie ရုပ်ရှင်တစ်ခုဖြစ်ပြီး ဒါရိုက်တာကိုယ်တိုင်ကလည်း ကာတွန်းဆရာပါ သူ့ကာတွန်းကိုရုပ်ရှင်အဖြစ် သူကိုယ်တိုင်ပဲ ပြန်အသက်သွင်းထားတာပါ။ဇတ်လမ်းအကြောင်းကို ပြောရရင် ကာတွန်းဆရာ မဖြစ်ချင်ပေမယ့် ဖြစ်ချင်တိုင်းမဖြစ်တဲ့ ဘဝကြီးမှာ လည်ပတ်နေရတဲ့ အထွေအထူးစိတ်ဝင်စားစရာမရှိတဲ့ ဆိုဖီရဲ့ဘဝအကြောင်းပါ.... ဇာတ်လမ်းက ကျွန်တော်တို့ဘဝတွေနဲ့အနီးစပ်ဆုံး reality show တစ်ခုကိုကြည့်နေရသလိုပဲ စကားလုံးအသုံးတွေအနည်းငယ်ကြမ်းမယ်....သာမန်အပျင်းပြေရုံကြည့်စရာရုပ်ရှင်တစ်ခုတော့ မဟုတ်တဲ့အတွက် လူတိုင်းအတွက်လို့တော့ ကျွန်တော် မညွှန်းချင်ဘူး...ဒါပေမယ့် ကျွန်တော် ကတော့ ပြင်သစ်သီချင်းဆွဲဆွဲငင်ငင်တွေ  lofi သီချင်းအကြောင်းတွေ ကာတွန်းလောကရဲ့ အကိုးအကားတွေအကြောင်းကို သိရတဲ့အတွက် သဘောကျမိတယ်။ ဘဝက ကောင်းတာတွေနဲ့ ဆိုးတာတွေကို ရောစပ်ထားတဲ့ Playlist တစ်ခုလိုပဲတဲ့၊ ဘာကအရင်လာမလဲ မသိနိုင်တာကိုက ဘဝရဲ့ဆန်းကြယ်မှုတစ်ခုပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size -(844 MB) / (438 MB) / (208 MB) Quality – WebRip -(1080p) /  (720p) ...
movie

Playlist (2021)

2021