Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
L. Warren Young
6.5
Cinnamon (2023)
ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက် စိတ်ကူးတွေနဲ့ တကယ့်လက်တွေ့ဘဝ တကယ်လုပ်နေရတဲ့အလုပ်တွေက ထပ်တူမကျတဲ့အခါမှာ နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့ဘဝက တဖြည်းဖြည်းနဲ့ ပျော်ရွှင်မှုတွေကင်းမဲ့လာပါတယ် ။ တချို့သောသူတွေအတွက်ကတော့ ဘဝပေးအခြေအနေကြောင့် ပျော်ရာမှာမနေရ ၊ တော်ရာမှာနေရ ဆန္ဒနဲ့ဘဝထပ်တူမကျဘဲ လက်ရှိနေရာကနေ ရုန်းမထွက်နိုင်တဲ့သူတွေ ရှိနေပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ Jodi ဆိုတဲ့ ကောင်မလေးတယောက် သူ့အိပ်မက်က အဆိုတော်နဲ့သရုပ်ဆောင်ဖြစ်ချင်တယ် ဒါပေမယ့် လက်ရှိသူ့ဘဝအခြေအနေအရ ဓာတ်ဆီဆိုင်မှာ အရောင်းဝန်ထမ်းလုပ်ပြီး ဘဝရဲ့နေ့ရက်တွေကို စိတ်ညစ်ညစ်နဲ့ ကုန်ဆုံးနေတဲ့သူတယောက် တရက်မှာတော့ အဲဒီဘဝထဲကနေ သူ့ကိုဆွဲထုတ်ပေးမယ့်သူတယောက်နဲ့ ကြုံဆုံလာပါတော့တယ်။ဒါပေမဲ့ တကယ့်တကယ် သူ့အိပ်မက်တွေအမှန်တကယ်ဖြစ်ပေါ်လာဖို့ ထင်သလောက်မလွယ်တဲ့အခါမှာ သူတို့၂ ယောက်ပေါင်းကာ သူအလုပ်လုပ်နေတဲ့ဆိုင်ကို ဓားပြတိုက်ပြီး ထွက်ပြေးဖို့ကြံစည်ကြပါတော့တယ် ။ ဒါပေမယ့် ကြံစည်ထားသလိုဖြစ်မလာဘဲ ၂ ယောက်လုံး အသက်ဘေးအန္တရာယ်နဲ့ ကြုံလာရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးမှာ ကြည့်ရှုအားပေးကြပါဦးခင်ဗျာ ။ File size…(650 Mb) Quality….Webrip 720p Format… mp4 Duration…. 01:31:00 Genre... ...
movie
Cinnamon (2023)
5.8
Footloose (2011)
ဒီဇာတ်ကားလေးကတော့ အားလုံးလည်းကြားဖူးနေလောက်တဲ့ သံစဉ်တွေနဲ့ဇာတ်ကားလေးဖြစ်ပါတယ်..footloose ဆိုတဲ့ ၁၉၈၄ ကဇာတ်ကားကို remakeပြန်ရိုက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားလေးလည်းဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကတော့ဘုန်းမောက်ဆိုတဲ့ နယ်မြို့ကဦးလေးဆီကို တစ်ကောင်ကြွက်ဘဝနဲ့ရောက်လာတဲ့ ရန်မက်ကောမက်ဆိုတဲ့ကောင်လေးတစ်ယောက် သူဟာမြို့ကိုရောက်ရောက်ချင်းမှာပဲထူးခြားတဲ့ကန့်သတ်ချက် ဥပဒေတွေနဲ့ကြုံရပါတော့တယ် လွတ်လပ်ပါတယ်ပါတီတွေနေညမပြတ်လုပ်နေပါတဲ့ဆိုတဲ့ အမေရိကန်နိုင်ငံထဲကဒီမြို့လေးထဲမှာ အကကခွင့်ကိုရော လူငယ်တွေညထွက်ခွင့်ကိုပါပိတ်ပင်ထားတာပါ အကဟာသူ့ဘဝအတွက်အရမ်းအရေးပါတဲ့အရာတစ်ခုဖြစ်နေတဲ့ ရန်မက်ကောမက်အတွက်တော့ဒါကအဓိပ္ပာယ်မရှိတဲ့ပိတ်ပင်မှုတစ်ခုလိုဖြစ်နေပြီး ဘုန်းမောက်ကကျောင်းသားတော်တော်များများကလည်း မကြိုက်ကြပါဘူး ဒီလိုနဲ့သူဒါတွေကိုဆန့်ကျင်ရင်း နောက်ဆုံးကျောင်းသားတွေလွတ်လပ်ခွင့်ရမလား သီချင်းတွေ အကတွေ ဒရမ်မာတွေ ပုန်ကန်မှုတွေနဲ့musical drama ကားကောင်းလေးကိုကြည့်ရှူရမှာပဲဖြစ်ပါတယ်မင်းသားအဖြစ် လက်တွေ့ဘဝမှာလည်းအကသမားတစ်ယောက်ဖြစ်တဲ့ Kenneth Edgar Wormald နဲ့ Dancing withthe Stars ကဒိုင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး JulianneAlexandra Hough တို့ကိုကြည့်ရှူရမှာလည်းဖြစ်ပါတယ်.. File size…2.22GB / 1.10GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre …..Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Footloose (2011)
6.9
The Color Purple (2023)
The Color Purple (2023)~ IMDb - 6.9/10, RT - 82%, Meta - 72% ~ကျွန်တော်တို့ရဲ့ ဂန္ထဝင်ကြီး စတီဗင်စပီးဘာ့ဂ်ဟာ ၁၉၈၅မှာ The Color Purple ကို ရိုက်ခဲ့ဖူးတယ်။ ဒီကားက အဲဒီကားနဲ့ ဇာတ်လမ်းအတူတူပဲ။ ဒါပေမဲ့ Remake ရိုက်တယ်ဆိုတာထက် Musical ဗားရှင်းအဖြစ်နဲ့ ပြန်အသက်သွင်းတယ်လို့ပဲ သုံးချင်တယ်။ မူရင်းကတော့ Alice Walker ရဲ့ ပူလစ်ဇာဆုရထားတဲ့ ဝတ္ထု။ မြူဇစ်ကယ်အနေနဲ့အသက်သွင်းထားတယ်ဆိုတော့လည်း စပီးဘာ့ဂ်ဗားရှင်းနဲ့ မတူဘဲ ပြုတ်ကျန်ခဲ့တဲ့နားတွေလည်းရှိတယ်။ ဒါပေမဲ့ ပိုခမ်းနားသွားတာလည်းရှိတယ်။ ဒါတော့ ခေတ်အရရော မြူဇစ်ကယ်အနေနဲ့ရောဖြစ်နေလို့ နည်းနည်းပိုလှပစေချင်လို့လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ လူမဲအမျိုးသမီးတွေရဲ့ အဖိနှိပ်ခံဘဝအကြောင်းကို အဓိကထားပြတဲ့ရုပ်ရှင်ဆိုတော့ စပီးဘာ့ဂ်ဗားရှင်းက ပိုပြီးပနံသင့်မယ်လို့တော့ မြင်တယ်။ ဘယ်ဒါရိုက်တာတွေ ဘယ်လိုပဲကောင်းကောင်း ကျွန်တော်တို့အချစ်ကို မပေးပစ်နိုင်စေတဲ့ ...
movie
The Color Purple (2023)
2023
4K HEVC
7.0
We Are Marshall (2006)
Huntingtownဆိုတဲ့ မြို့ငယ်လေးမှာ Marshallလို့အမည်တွင်တဲ့ တက္ကသိုလ်တစ်ခုရှိပါတယ်။ ကျောင်းကိုယ်စားပြု American Footballအသင်းဖြစ်တဲ့ The Herd ပြိုင်ပွဲဝင်ချိန်တိုင်း မြို့သူမြို့သားတွေဟာ မြို့လုံးကျွတ်အားပေးခဲ့ကြပြီး သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြတယ်။ ငယ်ရွယ်နုပျိုတဲ့ လူငယ်တွေကလည်း မြို့ရဲ့ဂုဏ်သိက္ခာအတွက် အင်တိုက်အားတိုက်ကြိုးစားကြတယ်။ ဒါပေမယ့် မမျှော်လင့်တဲ့ ကံကြမ္မာဆိုးဟာ HuntingTownနဲ့ Marshallအတွက် ခြောက်ခြားစရာဖြစ်ရပ်ဆိုးကြိးတစ်ခုကို သယ်ဆောင်လာခဲ့ပါတယ်။ဒီနာကျင်ကြေကွဲရတဲ့ ဒဏ်ရာတွေကို ခံစားနေရတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ မြို့ခံလူထုဟာ ဘောလုံးအသင်းကို ဘယ်လိုဆက်ပြီး တည်တံ့အောင်ကြိုးစားကြမလဲ၊ မိုင်၃၀၀ကျော်အဝေးက နည်းပြဂျက်လန်ရေးကရော Marshallနဲ့ ဘယ်လိုများရေစက်ဆုံလာမလဲ။We are Marshallလို့ ကြွေးကြော်လိုက်တိုင်း သူတို့ရဲ့နာကျင်ဆုံးရှုံးမှု၊ အသင်းသားစိတ်ဓာတ်၊ အချင်းချင်းတန်ဖိုးထားမှု၊ လက်မလျှော့တဲ့ စိတ်အားထက်သန်မှု တွေကို ခံစားမိစေမယ့် ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။၂၀၀၆ခုနှစ်က ထွက်ရှိခဲ့ပြီး ၁၉၇၀ခုနှစ်ကို ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ဟာ တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်တစ်ကားထက်ပိုတဲ့ ဒီရုပ်ရှင်မှာ နာမည်ကြီး အနုပညာရှင်များဖြစ်တဲ့ The Wedding Planner,How to ...
movie
We Are Marshall (2006)
6.3
Trespass (1992)
ဒီတစ်ခေါက်တော့ CM ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးရှိတဲ့ကြည့်ပျော်ရှုပျော် Action ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။1992 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDB လည်း 6.3/10 ရထားပါတယ်။ ဇာတ်လမ်းအားဖြင့် ဒွန် နဲ့ ဗင့်(စ်)ဆိုတဲ့ မီးသတ်သမားနှစ်ယောက်ဟာမီးလောင်နေတဲ့ တိုက်ခန်းတစ်ခုကို ဝင်ကယ်ဆယ်ရေးလုပ်ရင်းသေခါနီးအဖိုးကြီးတစ်ယောက်ဆီကနေ ရတနာမြေပုံတစ်ခုရရှိခဲ့ပါတယ်။သေချာစုံစမ်းကြည့်တဲ့အခါ အဲ့ဒီအဖိုးကြီးဟာ လွန်ခဲ့တဲ့နှစ်(၅၀)ကဘုရားကျောင်းတစ်ခုကိုဓားပြတိုက်ခဲ့တဲ့သူဖြစ်ပြီး ဒေါ်လာသန်းချီတန်တဲ့ တိုက်ရာပါ ရွှေသားပစ္စည်းတွေကို ဖွက်ထားတဲ့သူဖြစ်နေပါတယ်။ဒါနဲ့ပဲ ဒွန် နဲ့ ဗင့်(စ်)တို့ဟာ အဖိုးကြီးရဲ့ မြေပုံမှာပါတဲ့ အဆောက်အဦးအဟောင်းကြီးဆီကို ယုံတစ်ဝက်မယုံတစ်ဝက်နဲ့ ချီတက်ခဲ့ပါတော့တယ်။တစ်ဖက်မှာလည်း ဆေးရောင်းတဲ့ လူမဲဂိုဏ်းတစ်ဂိုဏ်းဟာ ဂိုဏ်းထဲကသစ္စာဖောက်တစ်ယောက်ကိုရှင်းဖို့အတွက် အဆိုပါ အဆောက်အဦးဟောင်းကြီးကိုပဲ ရွေးချယ်ထားပါသေးတယ်။ ဒီလိုနဲ့ ရွှေရှာဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တဲ့ ဒွန်နဲ့ ဗင့်(စ်)ဟာ မမျှော်လင့်ဘဲလူသတ်မှုတစ်ခုရဲ့မျက်မြင်သက်သေတွေ ဖြစ်လာပါတယ်။တစ်ဖက်ဂိုဏ်းကလည်း သူတို့လည်ပင်းကို ကြိုးကွင်းစွပ်နိုင်မယ့် ဒွန် နဲ့ ဗင့်(စ်)ကို အပျောက်ရှင်းဖို့ ကြိုးစား၊ဒွန် နဲ့ ဗင့်(စ်)ကလည်း အသက်ရှင်ဖို့ ရုန်းကန်နဲ့ဒီဇာတ်ကားဟာ မထင်မှတ်ထားတာတွေနဲ့ ကြွတက်လာပါတော့တယ်။လူနည်းနည်း၊သေနတ်တွေများများ၊အဆောက်အဦးဟောင်းကြီးတစ်ခုနဲ့ရွှေထည်ပစ္စည်းတွေပါတဲ့ ...
movie
Trespass (1992)
7.7
The Blind Side (2009)
The Blind Side (2009)IMDb Rating (7.7) / Rotten Tomatoes (66%)မင်းသမီး ဆန်ဒရာဘူးလော့ခ် (Sandra Bullock ) အော်စကာဆု ရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပြီးတော့ရိုက်ကူးစဉ်က Budget $29 million သာကုန်ကျခဲ့ပေမယ့် Box Office ဝင်ငွေ $309.2 million ထိရရှိခဲ့တာကြောင့်အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတာကြောင့် ပိုပြီးထိရှခဲ့ရတဲ့ဇာတ်ကားလဲ ဖြစ်ပါတယ်။American football ကစားသမား Michael Oher ရဲ့ဇာတ်ကြောင်းဖြစ်ပြီးတော့အိမ်ခြေမဲ့ လူမည်းကလေးတစ်ယောက် နာမည်ကျော်အားကစားသမားဖြစ်လာဖို့ဘယ်လောက်ထိ ရုန်းကန်လှုပ်ရှားခဲ့ရတယ်ဆိုတာကို တင်ဆက်ထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ကြည့်ဖူးသူတိုင်း အကြိုက်ဆုံးရုပ်ရှင်စာရင်းထဲ ထည့်လိုက်ရတဲ့ထိ ကောင်းမွန်ပြည့်စုံတဲ့ရုပ်ရှင်ဖြစ်တာကြောင့်မကြည့်ရသေးရင် လက်လွတ်မခံသင့်ပါကြောင်း။ File size…(3.2 GB)/ (1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….02:08:33 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by HaDes
movie
The Blind Side (2009)
2009
1080p HEVC
6.3
Anchorman 2: The Legend Continues (2013)
ရွန်ဘွန်ဂနီပြန်လာပါပြီ ဒီအပိုင်း၂မှာတော့ ရွန်ဟာ ဗရိုနီကာနဲ့အိမ်ထောင်ကျပြီး သားလေးတစ်ယောက်ပါ ရထားပါပြီ မိန်းမဖြစ်သူနဲ့ အတူတူတကွ သတင်းတင်ဆက်သူအဖြစ် လုပ်ကိုင်နေရင်းမှ အထက်လူကြီးက ဝန်ထမ်းလျှော့တဲ့ ကာလမှာ သူ့မိန်းမကို ရာထူးတိုးပေးပြီး သူ့ကိုတော့ အလုပ်ဖြုတ်လိုက်ပါတော့တယ် ဒီမှာတင် မိန်းမဖြစ်သူနဲ့ အချေအတင်စကားများကြပြီး ရွန်တစ်ယောက် အိမ်ပေါ်ကဆင်းကာယစ်ထုပ်ကြီးတစ်ယောက်ဖြစ်လာပါတော့တယ် အဏ္ဏဝါပြတိုက်တစ်ခုမှာ တင်ဆက်သူလုပ်နေတဲ့ယစ်ထုပ်ကြီး ရွန် အဲ့အလုပ်ကပါ အလုပ်ပြုတ်ပြီးသူ့ဘာသာသူသတ်သေဖို့ကြံတဲ့အထိ ဘဝကို အရှုံးပေးလိုက်ပါတယ် သို့သော်လဲ တစ်မိုးအောက်တစ်ယောက်ရွန်ကို လူတစ်ယောက်က သတင်းကြေငြာဖို့လာခေါ်ပါတယ် အဲ့ခေတ်အခါက၂၄ နာရီလုံး သတင်းကြေငြာတဲ့ ရုပ်သံလိုင်းတွေကမရှိသေးဘဲ စွန့်ဦးထုတ်လွှင့်ဖို့ ရွန်ကိုလာငှါးတာပါ အဲ့မှာတင်ပဲရွန်တစ်ယောက် ထိုအလုပ်ကိုလက်ခံပြီး သူ့ရဲ့ တစ်ကွဲတစ်ပြားစီဖြစ်နေတဲ့ သူငယ်ချင်း၃ယောက်ကိုပါပြန်ခေါ်လို့ နယူးယော့မြို့ကြီးမှာ သတင်းတင်ဆက်သူအဖြစ် ပြန်လာရောက်ရှိလာပါပြီ အလွဲတွေနဲ့ ရွန်တစ်ယောက် နယူးယော့မှာ ဘယ်လိုတွေတွေ့ကြုံဦးမလဲ ဆိုတာကို ဆက်လက်ကြည့်ရှူခံစားရယ်မောလိုက်ပါဦး... --------------------------------------------------------Translated by Waizin WayneEncoded by sithu
movie
Anchorman 2: The Legend Continues (2013)
2013
5.1
SuperFly (2018)
SuperFly (2018)_______IMDb - 5.1/10 အတ္တလန်တာမြို့မှာမူးယစ်ဆေးဝါးရောင်းတဲ့ ပရိစ်ဆိုတဲ့သူဟာသူများတွေထက်အကွက်မြင်ပြီးတစ်ခါမှရဲမှတ်တမ်းမရှိဘူးတဲ့ ဘီးကျဲတစ်ယောက်ပေါ့ သူဟာ မမျှော်လင့်တဲ့တိုက်ခိုက်မှုတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီးအဲ့ဒီလောကထဲကနေထွက်သွားဖို့အတွက်စီစဉ်ခဲ့တယ်။ အဲ့ဒီလိုနဲ့သူ့သူငယ်ချင်းအက်ဒီနဲ့ပေါင်းပြီးနောက်ဆုံးတစ်ခေါက်အချီကြီးရနိုင်မဲ့အကြံကိုအကောင်အထည်ဖော်ခဲ့တယ်။ သူ့ရဲ့ဘောစ့်ကိုကွက်ကျော်ရိုက်ပြီးသူ့ကိုမူးယစ်ဆေးများများထောက်ပံ့ပေးနိုင်မဲ့ မက်ဆီကိုမူးယစ်ရာဇာတွေနဲ့ချိတ်ဆက်ဖြစ်ခဲ့တာပေါ့။ အဲ့ဒီလိုနဲ့တစ်ဖက်ကမူးယစ်ရာဇာတွေ အတ္တလန်တာမြို့ထဲက သူ့ကိုမကြည်တဲ့မူးယစ်ဂိုဏ်းတွေ လာဘ်စားတဲ့ရဲတွေနဲ့ပြသနာတွေရင်ဆိုင်လာတဲ့အခါသူဘယ်လိုတွေဖြေရှင်းမလဲဆိုတာကိုတင်ဆက်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Box officeမှာUS $20millions ကျော်ရရှိထားတဲ့Actionကားကောင်းတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုမျိုးခန့် ပါ) File Size : (850 MB) Quality : Blu-Ray 720p Running Time : 1hr 56min Format : Mp4 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-Replica Translated by Myo Khant Encoded by Thanhtike Zaw
movie
SuperFly (2018)
2018
5.3
Step Sisters (2018)
ဒီကားထဲမှာတော့ ဂျမဲလာဆိုတဲ့လူမဲမလေးဟာ အရမ်းတော်တဲ့သူ့ချစ်သူနဲ့အတူ ဟားဘက်ကိုတက်ချင်ခဲ့ပါတယ်။ဒါပေမဲ့ အမြဲလိုလို ပြည့်စုံဖို့ကြိုးစားနေတဲ့ သူ့အမေက ဂျီပီအေ ၄.၀ ကျော်မှ သူ့ကို တက်ခွင့်ရအောင်ထောက်ခံပေးမယ်လို့ပြောလို့ အရမ်းစိတ်ညစ်ပြီး လူဖြူပါတီကိုသွားမိရာက ဇာတ်လမ်းလေးစခဲ့ပါတယ်။လူဖြူမတွေကို လူမဲအက ကတတ်အောင်ကြိုးစားနိုင်ရင် ဟားဘက်တက္ကသိုလ်ကိုတက်ခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လူဖြူအရိုင်းမလေးတွေကို အကသင်ပေးခဲ့ပါတယ်။ဒီလိုအကသင်ပေးရင်း ကြုံရတဲ့အခက်အခဲတွေနဲ့ လူမျိုးရေးခွဲခြားတတ်တဲ့သူ့သူငယ်ချင်းတွေနဲ့ အမေကြား ဗျာများခဲ့ချိန်မှာ အကောင်းဆုံးလို့ထင်ထားတဲ့ သူ့ချစ်သူက သူ့ဘက်မှာမရှိဘဲ သူ့ကိုတကယ်မချစ်နိုင်မှန်းသိခဲ့ပါတယ်။အဲဒီအချိန်မှာ ဟာသတွေပြောပြီး ကြင်နာတတ်တဲ့ လူမဲကောင်လေးနဲ့ ဇာတ်လမ်းတွေဖြစ်ခဲ့ပါတယ်။ဒီလို လူငယ်တွေကြားဖြစ်တတ်တဲ့ ပြဿနာလေးတွေကို သင်ခန်းစာပြရိုက်ထားတဲ့ ဇာတ်မြူးဟာသကားလေးတစ်ကားပါ။လူမဲအကကို အသားပေးရိုက်ထားတာဖြစ်တဲ့အတွက် အလန်းစားအကတွေအကြောင်းကတော့ ထည့်ပြောဖို့တောင်လိုမယ်မထင်ပါဘူး။နောက်ဆုံးမှာ လူမဲမလေး ဂျမဲလာတစ်ယောက် ဟားဘက်ကိုတက်ခွင့်ရရဲ့လား သူ့ချစ်သူအသစ်နဲ့ရော ဘယ်လို ရင်ခုန်စရာလေးတွေရှိခဲ့လဲဆိုတာတော့ ဒီကားလေးထဲမှာ ကြည့်လိုက်ကြပါဦး။လုံးဝစိတ်မပျက်စေရမယ့် ကားကောင်းလေးဆိုတာ အာမခံလိုက်ပါရစေ။ File Size : (900 MB) and (366 MB) Quality : WEBRip ...
movie
Step Sisters (2018)
2018