Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kylie Delre
A View To Kill For (2023)
မိသားစုနဲ့ပိုက်ဆံကြားလွန်ဆွဲတဲ့ဖြစ်ရပ်ဆိုး အမွေအတွက်နဲ့တလွဲတွေဖြစ်ကုန်တဲ့ ဖြစ်ရပ်မျိုးတွေဖြစ်နေတာမြင်ဖူးကြမယ်ထင်ပါတယ်။ A View to Kill For ရုပ်ရှင်ဟာဒီသဘောကိုအကောင်းဆုံးပြသသွားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ မိသားစုနဲ့ပိုက်ဆံ ချစ်ခြင်းနဲ့ငွေကြေးကြားက သဘောကိုရိုက်ပြသွားတာဖြစ်ပါတယ်။မော်လီနဲ့သူ့မိသားစုဟာငွေရေးကြေးရေးမပြည့်သုံပဲ အခက်အခဲတွေရင်ဆိုင်နေရပါတယ်။ ဒါပေမယ့်ကံတရားဆိုတာတစ်ဆစ်ချိုးတတ်ပြီး ကောင်းတဲ့ဘက်ကိုဦးတည်သွားတတ်ပါတယ်။ မော်လီတို့မိသားစုမှာလည်းအဲလိုပဲဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် မော်လီပေါ့လေ။ သူ(မ)ရဲ့မမြင်တောင်မမြင်ဖူးတဲ့ဖခင်ဟာ ငွေကြေးများစွာနဲ့အိမ်ကြီးကိုပါ အမွေပေးခဲ့ပါတယ်။ တစ်ခါမှတောင်မမြင်ဖူးတဲ့ဖခင်ဆီကအမွေရခဲ့တာက တကယ်ကိုကံကောင်းခြင်းပါပဲ။ ဒါမှမဟုတ်ကံကောင်းတာရောဟုတ်ရဲ့လား...ဘလန်ကာဘေး ဆိုတဲ့အိမ်ကြီးရှိရာကိုတစ်မိသားစုလုံးပြောင်းရွှေ့သွားခဲဲ့ကြပါတယ်။ ခက်တာက သူတို့ကိုကြိုဆိုတဲ့လူသိပ်မရှိဘဲ ဘလန်ကာဘေးဟာလူရွတ် လူချမ်းသာ လူ့ကန့်လန့်တွေနေတဲ့ မြို့ဖြစ်နေပါတယ်။ ဘယ်လိုများဆက်ဖြစ်မှာလဲ။ ရုတ်တရတ်ရလာတဲ့အမွေအပေါ်ကိုလူတိုင်းကကြည်ဖြူနေမှာလား။ မကြိုဆိုတဲ့ပတ်ဝန်းကျင်မှာ မော်လီတစ်ယောက်ဘယ်လိုခရီးဆက်မှာလဲ။ မထင်မှတ်ထားတဲ့ အချိုးအကွေ့လည်းပါတာကြောင့် အဆုံးထိကြည့်ဖို့အကြံပေးပါရစေ။ File size…(1.4 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff
movie
A View To Kill For (2023)
Women (2021)
ဒီတစ်ခေါက်တော့ မိန်းကလေးတွေကိုအဓ္ဓမဖမ်းဆီးချုပ်နှောင်တဲ့အကြောင်းရိုက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးမယ်ဗျာ။ ဇာတ်ကားနာမည်ကတော့ Womenလို့ခေါ်ပြီး သူက 2021မှာထွက်ရှိခဲ့တဲ့ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်လမ်းကတော့ သတ်ဖြတ်ခံထားရတဲ့ မိန်းကလေးတစ်ဦးရဲ့ရုပ်အလောင်းကိုရှာတွေ့မိရာကနေ စပါတယ်။ဒီလိုနဲ့ အမှုကိုစုံစမ်းစစ်ဆေးသူဖြစ်တဲ့ စုံထောက်ဟော့ခ်ဟာဒီနားပတ်ဝန်းကျင်မှာ ဒီလိုမိန်းကလေးပျောက်ဆုံးတဲ့အမှုတွေဖြစ်ခဲ့ဖူးတာကို သတိထားမိပြီး သဲလွန်စရှာပါတော့တယ်။တိုက်ဆိုင်စွာနဲ့ပဲ ပျောက်ဆုံးသွားတဲ့မိန်းကလေးတွေဟာစာသင်တဲ့ပရော်ဖက်ဆာတစ်ဦးဖြစ်တဲ့ ဘရက်ဒ်လီဂီလ်မိုးရဲ့ကျောင်းသူတွေဖြစ်ခဲ့ဖူးကြတာကိုဟော့ခ်သိလိုက်ရပါတော့တယ်။ ဒီလိုနဲ့ အဓိကသံသယရှိသူဖြစ်လာတဲ့ ဘရက်ဒ်လီကိုချည်းကပ်ဖို့ကြံရပါတော့တယ်။ဒီမိန်းကလေးတွေကိုရော ဘာရည်ရွယ်ချက်နဲ့ ဖမ်းနေတာလဲ၊ တရားခံကရောဘရက်ဒ်လီဟုတ်ပါ့မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။မှုခင်းစုံထောက်ကားကြိုက်သူတွေနဲ့လျှို့ဝှက်သည်းဖိုကြိုက်တတ်သူတွေအတွက်ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ဗျာ။ File size… 1.6 GB / 566 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Spencer Potato
movie
Women (2021)
5.1
My Husband’s Seven Wives (2024)
My Husband's Seven Wives (2024) ==========================ဒီဇာတ်လမ်းကတော့ Maggie ဆိုတဲ့အမျိုးသမီးတစ်ယောက် အမှတ်မထင်ဘဲ အလုပ်ခရီးသွားနေတဲ့ သူ့ယောက်ျားAlanရဲ့ ကားကို သူစိမ်းအိမ်မှာတွေ့ရာကနေ အဲဒီအိမ်ရှင်အမျိုးသမီး Pamက သူ့ယောက်ျားနဲ့လက်ထပ်ထားတာကို သိလိုက်ရတာ ပါပဲ။ ပိုမဖြစ်နိုင်စရာကောင်းတာက Maggie နဲ့ Pam တို့ သူတို့ ပျောက်သွားတဲ့ပိုက်ဆံတွေအတွက် Alan ရဲ့ ဘဏ်ရှင်းတမ်းတွေ ကိုလိုက်ရှာလေ Alan မှာ တစ်ခြားလက်ထပ်ထားတဲ့ဇနီးသည်တွေ တစ်ယောက်ပြီးတစ်ယောက် ထပ်ပေါ်လာတာပါပဲ။နောက်တော့ Maggie၊ Pamနဲ့ ကျန်တဲ့ Alanရဲ့ဇနီးသည်တွေအကုန် ပေါင်းပြီး Alan ကို လက်စားချေရင်း Alanခိုးသွားတဲ့ သူတို့ပိုက်ဆံ တွေကိုပြန်ရှာဖို့ ဘယ်လိုကြိုးစားကြမလဲကို စိတ်ဝင်စားဖွယ် ကြည့်ရှု ရမဲ့ Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.56 GB) / (600 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 40Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Thwal Htoo Zin Encoder..........SWM
movie
My Husband’s Seven Wives (2024)
2024
6.8
The Family Man (2000)
The Family Man (2000) ================== 2000 ခုနှစ်ဖွားတွေနဲ့သက်တူရွယ်တူဖြစ်တဲ့ “The Family Man” ဆိုတဲ့ကားလေးက မင်းသားကြီး Nicolas Cageရယ် တစ်ခေတ်တစ်ခါကအလှပဂေးလေး Téa Leoni နဲ့ Don Cheadle တို့ပါဝင်သရုပ်ဆောင်ထားတဲ့ IMDb 6.8 ရ စိတ်ကူးယဉ်အချစ်ဟာသဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။လူတွေအသုံးများတဲ့ စကားလုံးတွေထဲမှာ “အကယ်၍များ ..” ဆိုတဲ့စကားလည်း အပါအဝင်ပဲမလား။ နောင်တရလို့ပြောမိတာပဲဖြစ်ဖြစ် အတိတ်မှာကိုယ်မလုပ်ဖြစ်ခဲ့တဲ့တစ်စုံတစ်ရာကို “အကယ်၍များ ငါသာလုပ်ဖြစ်ခဲ့ရင် ..” ဆိုပြီး စူးစမ်းလိုစိတ်နဲ့ပြောတာမျိုးပဲဖြစ်ဖြစ် ပြောဖူးခဲ့ကြတယ်မလား ..?ကောလိပ်တည်းကချစ်ခဲ့ကြတဲ့ ဂျက်ခ် နဲ့ ကိတ်တို့ချစ်သူနှစ်ဦး .. တစ်နေ့မှာဂျက်ခ်တစ်ယောက် လန်ဒန်ကို သွားဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။ ကိတ်ကမသွားဖို့အမျိုးမျိုးတားခဲ့ပေမယ့် ဘဝတိုးတက်ရေးအတွက်စိတ်အားထက်သန်လွန်းနေတဲ့ဂျက်ခ်ကို မတားနိုင်ခဲ့ရာကနေ သူတို့နှစ်ဦး ဝေးကွာသွားခဲ့ကြပါတယ်။ဒီလိုနဲ့ နှစ်ပေါင်း ၃၀ကြာအပြီးမှာတော့ ဂျက်ခ်တစ်ယောက် Wall Street အလုပ်အမှုဆောင်ကုမ္ပဏီရဲ့ ဥက္ကဌကြီးဖြစ်လာပြီပဲဖြစ်ပါတယ်။ ခရစ္စမတ်အကြိုနေ့လိုရက်မျိုးမှာတောင်အနားမယူနိုင်ဘဲ အလုပ်လောဘကြီးလွန်းလှတဲ့ ဂျက်ခ်တစ်ယောက် ကက်ရှ်လို့ခေါ်တဲ့အမျိုးသားတစ်ဦးနဲ့ အပေးအယူလုပ်မိရာကနေ လွန်ခဲ့တဲ့နှစ် ၃၀ “အကယ်၍များ အဲဒီနေ့က သူသာကိတ်ကိုထားခဲ့ပြီး လန်ဒန်ကိုမထွက်သွားခဲ့ရင် ..” ...
movie
The Family Man (2000)
2000