Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kyle Richards
South Park: The End of Obesity (2024)
ယခုအခါမှာတော့ South Park ရဲ့ special episode တစ်ခုဖြစ်တဲ့ The end of obesity ဆိုတဲ့ အပိုင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်... South Park ဆိုတာကတော့ လက်တွေ့ကမ္ဘာမှာဖြစ်နေတဲ့အကြောင်းအရာတွေအပေါ်မူတည်ပြီး လှောင်ပြောင်သရော်တဲ့ adult animation ဖြစ်ပါတယ်...ဇာတ်လမ်းအကြောင်းကတော့ ကတ်ဒ်မန်းဆိုတဲ့လူငယ်လေးဟာအဝလွန်ရောဂါဖြစ်နေတဲ့အတွက် Ozempic ဆိုတဲ့ဆေးကိုသုံးဖို့ဆရာဝန်ကညွှန်းပါတယ်... semaglutide ပါဝင်တဲ့ Ozempic ဆေးဟာ ဈေးကြီးလွန်းတဲ့အတွက် ကတ်ဒ်မန်းတို့မိသားစုမတတ်နိုင်ပါဘူး... အာမခံကုမ္ပဏီကလည်း လူနာမှာ ဆီးချိုရောဂါရှိမှသာ ဆေးဖိုးကိုကျခံပေးမှာဖြစ်ပါတယ်...Ozempic ဆေးဟာ ဆီးချိုရောဂါအတွက်သာ FDA ထောက်ခံချက်ရရှိထားတာဖြစ်ပြီး အဝလွန်ရောဂါအတွက်မထောက်ခံထားလို့ပါ....တစ်ဖက်မှာလည်း သက်လတ်ပိုင်းအမျိုးသမီးတွေအကြား Ozempic, Mounjaro, Zepbound စတဲ့အဆီချဆေးတွေဟာ ရေပန်းစားလာခဲ့ပါတယ်...လူသုံးများလွန်းလို့ဆေးပြတ်တောက်တဲ့အထိပါဖြစ်လာပါတယ်.... ဒီတော့ ကတ်ဒ်မန်းဟာသူ့ရဲ့အဆီချဆေးရဖို့ဘယ်လိုလုပ်မလဲ....သူ့သူငယ်ချင်းတွေကဘယ်လိုကူညီကြမလဲ....ဆေးကိုအလွန်အကြူးသုံးစွဲနေတဲ့သက်လတ်ပိုင်းအမျိုးသမီးအုပ်စုကရော နောက်ထပ်ဆေးထပ်ရဖို့ဘယ်လိုလုပ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှူကြပါခင်ဗျာ....South Park ရဲ့ ဒီ End of obesity ဆိုတဲ့အပိုင်းဟာ တကယ့်လက်တွေ့ဘဝက semaglutide ဆေးနဲ့ပတ်သက်ပြီးလူကြိုက်များမှု...ဆေးပြတ်တောက်မှုအကြောင်းကိုရိုက်ပြထားတာပါ (၂၀၂၃-၂၀၂၄ ...
movie
South Park: The End of Obesity (2024)
Beautiful Wedding (2024)
Beautiful Wedding(2024) ============ Romance, Comedyဒီခေတ်စကားနဲ့ပြောရရင် အတော်ဆိုးတဲ့ Red Flag နှစ်ယောက်ရဲ့ အရမ်းလှပတဲ့ မင်္ဂလာပွဲလေးကိုကြည့်ရှုရမှာဖြစ်ပါတယ် ဒါပေမယ့် သာမန်ချစ်ကြိုက်ကွဲငြား ဇာတ်လမ်းမျိုးတော့မဟုတ်ပါဘူး အလွဲအလွဲအချော်အချော်နဲ့ ဆုံလာမိတဲ့ လူနှစ်ယောက်ကနေ ဘဝရဲ့ဖူးစာဖက်တွေဖြစ်သွားတဲ့အကြောင်းပါပဲ လက်စ်ဗေးဂတ်စ်မှာ one night stand အဖြစ်မူးရူးသောင်းကျန်းပြီး မနက်အိပ်ယာနိုးတဲ့အချိန်မှာ လက်ထပ်လက်မှတ်ထိုးပြီးသားဖြစ်နေတဲ့ ထရက်ဗစ်နဲ့ အက်ဘီဟာ သူငယ်ချင်းစုံတွဲဖြစ်တဲ့ မဲရ်နဲ့ ရှက်ပလီတို့နဲ့အတူ ပျားရည်ဆမ်းခရီးအဖြစ် မက္ကဆီကိုကို ထွက်လာပါတယ် သူတို့အိမ်ထောင်ရေးကို ထပ်ပြီးရှေ့ဆက်မလား အဆုံးသတ်မလား တစ်ယောက်ကိုတစ်ယောက် အဖြေရှာအကဲခပ်ဖို့အတွက် ထွက်လာခဲ့ကြတဲ့ ခရီးဆိုလည်းမမှားပါဘူး....ဒီခရီးမှာ ထင်ထားသလို အဆင်ချောနေတာတော့မဟုတ်ပါဘူး ဖဲရိုက်တော်တဲ့ အက်ဘီက ဒေါ်လာသန်းနဲ့ချီပြီး ကာစီနိုဝိုင်းမှာ ဖဲနိုင်လာတာကို မကျေနပ်တဲ့ လူမိုက်ဂိုဏ်းတစ်ခုကလည်း နောက်ကနေလိုက်လာပါတော့တယ်... အက်ဘီနဲ့ ထရက်ဗစ်ရဲ့ မင်္ဂလာအစစ်အမှန်ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့ Romance ဇာတ်လမ်းတွေမှာ မြင်ဖူးနေကျ သရုပ်ဆောင်တွေဖြစ်တဲ့ Dylan Sprouse , Virginia Gardner , Austin North တို့က ပါဝင်အားဖြည့်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ...
movie
Beautiful Wedding (2024)
The Watcher in the Woods (1980)
ဒစ္စနေးကနေ ထုတ်ပေမဲ့ အရမ်းကြောက်ဖို့ကောင်းတဲ့ ဟော်ရာကားအမေရိကန်မိသားစုဖြစ်တဲ့ ပေါလ်နဲ့ဟယ်လင်တို့ဟာ သမီးနှစ်ဦးနဲ့အတူ အင်္ဂလန်ကျေးလက်ပိုင်းက စံအိမ်ကြီးတစ်ခုကိုပြောင်းရွှေ့လာခဲ့ကြပါတယ်။ရောက်ရောက်ချင်းနေ့မှာပဲ သမီးနှစ်ယောက်ဟာ ပတ်လည်ဝိုင်းနေတဲ့ တောအုပ်ထဲမှာသွားကစားကြရင်းထူးခြားတဲ့ အမျိုးအမည်မသိတဲ့ခံစားချက်ကိုရရှိခဲ့သလို သမီးကြီးဖြစ်တဲ့ ဂျန်က အိမ်ကြီးပေါ်ကိုရောက်တော့လည်း မှန်ထဲမှာ သူ့အရိပ်ပေါ်မလာဘဲ မျက်လုံးစည်းခံထားရတဲ့ မိန်းကလေးတစ်ယောက်အရိပ်ပေါ်လာတာကိုမြင်တွေ့ခဲ့ရပါတယ်။တဖြည်းဖြည်းပတ်ဝန်းကျင်နဲ့ရင်းနှီးလာရင်း သိခဲ့ရတာက သူတို့ခြံဝင်းကြီးထဲက ဧည့်သည်ဆောင်မှာနေထိုင်တဲ့ သူတို့ရဲ့အိမ်ရှင် အယ်လ်၀ုဒ်ဆိုတဲ့အမျိုးသမီးကြီးမှာ တစ်ချိန်က ဂျန်နဲ့ရွယ်တူဆယ်ကျော်သက်သမီးလေးရှိခဲ့ပြီး ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တယ်ဆိုတာကိုပါပဲ။ဒီလိုနဲ့ ဂျန်ရော သမီးငယ် အယ်လီပါ ထူးခြားတဲ့ အရိပ်အယောင်တွေအသံတွေရဲ့ခြောက်လှန့်မှုကိုဆက်တိုက် တွေ့ကြုံခံစားလာရပြီး မမြင်နိုင်တဲ့တစုံတရာဟာ သူတို့ကိုဆက်သွယ် အကူအညီတောင်းနေတယ်ဆိုတာကိုသိလာရပါတော့တယ်။ သူတို့ကိုခြောက်လှန့်နေတဲ့အရာဟာ ပျောက်ဆုံးနေတဲ့မိန်းကလေးရဲ့တစ္ဆေဖြစ်မလား? အဲ့ဒီခြောက်လှန့်မှုတွေဟာ သူတို့ညီအစ်မနဲ့ဘယ်လိုပတ်သက်နေမလဲ? သူတို့ကိုဆက်သွယ်တောင်းခံလာတဲ့ အကူအညီကိုရောပေးအပ်နိုင်ပါ့မလားဆိုတာကို ဆက်လက်ရှုစားကြပါ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre...Fantasy, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie
The Watcher in the Woods (1980)
5.3
Halloween Ends (2022)
Halloween Ends (2022) ===================ဟောလိုးဝင်းဆိုတဲ့ ရုပ်ရှင်တွေဟာ စုစုပေါင်း ၁၃ ကားတောင်ထွက်ရှိခဲ့တဲ့ ဂန္ဓဝင်ဟော်ရာကားတွေပဲဖြစ်ပါတယ်။ မျက်နှာဖုံးကြီးနဲ့ ဓားမြှောင်ရှည်တစ် ချောင်းနဲ့ မိုက်ကယ်မိုင်ယာစ်ရဲ့ ပုံရိပ်ဟာ ဟော်ရာကားတွေရဲ့ အထိမ်းအမှတ် တစ်ခုလို့တောင် ပြောလို့ရပါတယ်။အခုလည်း ၂၀၂၂ ဟောလိုးဝင်းအတွက် တစ်ကားထွက်ရှိလာပါပြီ။ ဒီကားမှာတော့ မိုက်ကယ်မိုင်ယာစ်ရဲ့လက်က လွတ်ခဲ့တဲ့ မြေးအဘွားနှစ်ယောက်ရယ်၊ တစ်မြို့လုံးက မုန်းကြတဲ့ ကောင်လေးတစ်ယောက်ရယ်အကြောင်းကို အခြေခံထားပါတယ်။ လှည့်ကွက်နဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့ ပိုးစိုးပက်စက်တွေ လုပ်တာကို ကြည့် ချင်ရင်တော့ ဒီဟော်ရာရုပ်ရှင်က ကြည့်လို့အလွန်ကောင်းမှာပါပဲ။ ဒါရိုက်တာကလည်း ဟောလိုးဝင်း ၂၀၁၈ နဲ့ ၂၀၂၁ ရဲ့ ပရိုဂျူဆာပါပဲ။ ဒီတော့ အဆက်အစပ်လေးနဲ့ကြည့် ရမှာပေါ့။ အားပေးလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.43 GB) / (580 MB) / (320 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 51mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Mr.Anderson Encoder..........SWM
movie
Halloween Ends (2022)
2022
6.9
Halloween Kills (2021)
Halloween Kills (2021)အားလုံးစောင့်မျှော်နေကြတဲ့ Halloween Kills ထွက်ရှိလာပါပြီ ...၂၀၁၈ ခုနှစ်က ထွက်ရှိတဲ့ခဲ့ Halloween ရဲ့တိုက်ရိုက်အဆက်ဖြစ်ပြီးတော့ ရင်ဖိုစိတ်လှုပ်ရှားစရာ အကောင်းဆုံး ရိုက်ကွက်တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်ဗျ..ဘိုဂီမန်း နာမည်ခံ မိုက်ကယ်မိုင်ယာ ဆိုတဲ့သူက ဟန်ဒန်ဖီးဒ်မြို့လေးကို ခြောက်လန့်နေတာ နှစ် ၄၀ ကြာပါပြီ။ မိုက်ကယ်ကြောင့် ဘယ်လောက်တောင် စိတ်ဒဏ်ရာရခဲ့လဲဆိုရင် ဟောလိုးဝင်းနေ့မှာ မိုက်ကယ်မိုင်ယာနာမည်ကို မပြောရဲသလောက်ပဲ... ပြီးတော့ မိုင်ယာအိမ်ဆိုလည်း စိတ္တဇအိမ်ဆိုပြီးတော့ ရှောင်ကြတာအခုထိပါပဲ။မိုက်ကယ်အဓိကပစ်မှတ်ထားတာတော့ လော်ရီစထရိုက်ဒါဆိုတဲ့အမျိုးသမီး၊ အနှစ် (၄၀)ကြာတာတောင် မပြေနိုင်တဲ့ကျောင်းတော်ရန်ငြိုးတွေပေါ့။ ဒီတစ်ခါ မိုက်ကယ်ကြောင့် သေခဲ့ရသူတွေ၊ မသေဘဲလွတ်မြောက်ခဲ့သူတွေက အကြွေးဟောင်းရော အကြွေးသစ်ပါ ရောသမမွှေပြီး သတ်လို့မသေနိုင်တဲ့ ဇာတ်လိုက်ကျော်ဘိုဂီမန်းကို ဟောလိုးဝင်းမှာ ဘယ်လိုစာရင်းရှင်းကြမလဲဆိုတာတော့ ကြည့်ရှုလိုက်ပါတော့ဗျာ ။ ။အညွှန်းကို JoJoVa က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ JoJoVa နဲ့ MTA ပဲ ဖြစ်ပါတယ်။Quality….WEB-DL 1080p and 720p File size…1.6GB and 1.1GB Format…mp4 Duration….1h 48min Subtitle….Myanmar Subtitle (Hardsub) Translator ..... JoJoVa ...
movie
Halloween Kills (2021)
2021