Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kyle Mosonyi
6.3
The Good Neighbor (2016)
The Good Neighbor ဒီဇာတ်ကားကတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး လူငယ်တွေရဲ့ စူးစမ်းလေ့လာမှုနဲ့အဖိုးကြီးတယောက်ရဲ့ ဘဝနေထိုင်မှုပုံစံကြားက မထင်မှတ်တဲ့အားပြိုင်မှုတွေကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ ဒီကားကိုဒါရိုက်တာ Kasra Farahani က ရိုက်ကူးထားတာဖြစ်ပြီးဝါရင့်ဂန္တဝမင်းသားကြီး James Caan က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။Ethan ဟာ နည်းပညာတတ်ကျွမ်းတဲ့ အထက်တန်းကျောင်းသားဦးဖြစ်ပြီး သူ့အမေနဲ့အတူတူ နေထိုင်နေတာပါ။သူနေတဲ့ လမ်းတဖက်ခြမ်းမှာတော့ Harold ဆိုတဲ့ လူ့ဂွစာအဖိုးကြီးတဦးနေထိုင်နေဝာာဖြစ်ပြီး ဒီအဖိုးကြီးကလူတိုင်းအပေါ် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတတ်သလိုနေကုန်နေခမ်း အရက်သောက်မူးရူးပြီး အိပ်ပျော်နေတတ်သူပါ။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေရင်ခွေးကိုတောင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တတ်သူပဲဖြစ်ပါတယ်။Ethan နဲ့ သူ့ရဲ့သူငယ်ချင်း Sean တို့ဟာ ကျောင်းပရောဂျက်တခုလုပ်ဆောင်ဖို့ရှိနေပြီး သူတို့က ကမ္ဘာကျော် Little Albertစမ်းသပ်မှုကို လူတိုင်းအမြင်ကပ်ကြတဲ့ အဖိုးကြီး Haroldအပေါ်အသုံးချကြမှာဖြစ်ပါတယ်။ဒီစမ်းသပ်မှုမှာတော့ အဖိုးကြီးရဲ့အိမ်ထဲကို ခိုးဝင်ပြီးကင်မရာတွေတပ်ဆင်ပြီး သူ့အိမ်မှာ သရဲခြောက်နေတယ်လို့ယုံကြည်လာအောင် လုပ်ဆောင်ကြမှာဖြစ်ပြီးတော့အဖိုးကြီးရဲ့ တုန်လှုပ်ခြောက်ခြားတဲ့ တုံ့ပြန်မှုတွေကိုကွန်ပျူတာကနေတဆင့် စောင့်ကြည့်ကြမှာဖြစ်ပါတယ်။ဒါပေမဲ့ ဒီစမ်းသပ်မှုက ထင်ထားသလို ဖြစ်လာပါ့မလား။အရင်က ...
movie
The Good Neighbor (2016)