Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kwon Byung-gil
A Moment to Remember (2004)
A Moment to Remember (2004)*********************************အချစ်စစ်ဆိုတာကို သိမြင်ဖို့ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ပါတယ်။အချစ်ကို အကြိုက်နဲ့ ရောထွေးနေတဲ့ အရေခြုံအချစ်တွေလည်းရှိသလိုဘာကြောင့် ညာကြောင့် ချစ်တယ်ဆိုတာတွေ ကျွန်တော်တို့အများကြီးကြားနေရတယ်။အကြိုက်နဲ့ချစ်လိုက်ပြီဆိုရင် အတူယှဉ်တွဲပါလာတာက မာနပါပဲ။မာနတွေနဲ့ ဘောင်ခတ်ပြီး မြင်နေရင်တော့အချစ်စစ်မဟုတ်ပါဘူး။အချစ်စစ်ဆိုတာ ပေးဆပ်မှုတွေနဲ့ ကိုယ်ချစ်တဲ့သူကို စိတ်ချမ်းသာစေပြီးအမြင့်ကိုရောက်သွားစေဖို့ပဲ ဆန္ဒရှိပါတယ်။ဒီကိုရီးယားကားလေးထဲမှာတော့ အချစ်စစ်ဆိုတာမျိုးတွေ တွေ့မြင်ရပါတယ်။ကောင်လေးက သာမန် လက်သမားဆရာလေးတစ်ယောက်ငယ်ငယ်လေးထဲက အဖေဆုံးသွားတဲ့အပြင် အမေကဘယ်အရပ် ဘယ်ဒေသ ရောက်နေမှန်းမသိကောင်မလေးက အစစအရာရာ သူ့ထက်သာပါတယ်။အဖေက ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သလိုသင့်တင့်တဲ့ငွေရေးကြေးရေး အသိုင်းအဝန်းကပေါ့။တစ်နေ့ သူတို့ ၂ယောက်ဟာ စတိုးဆိုင်လေးတစ်ဆိုင်မှာ ဆုံခဲ့ကြတယ်။ဒီလိုနဲ့ပဲ.......... တကယ်တော့ ဒီဇာတ်ကားလေးဟာ သာမန်ကိုရီးယားအချစ်ဇတ်လမ်းပါပဲ။ဘဝကို နာကျဉ်းချက်တွေရှိတဲ့ ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ဟာအချစ်ကြောင့် ပြောင်းလဲလာပုံတွေ တွေ့ရတယ်။မိဘတွေတွေဟာ ကိုယ့်သားသမီးကို အမြင့်ဆုံးဖြစ်စေချင်ပေမဲ့နောက်ဆုံးသားသမီး ဆန္ဒကိုဦးစားပေးတဲ့ မေတ္တာတရားတွေကိုလည်း တွေ့နိုင်သလိုကောင်လေးနဲ့ ကောင်မလေးဟာ အချစ်အတွက် ပေးဆပ်ပုံလေးတွေကိုလည်း တွေ့မြင်ရမှာပါ။အထူးသဖြင့် အပြစ်ကင်းကင်းနဲ့ ပွင့်လင်းရိုးသားတဲ့စရိုက်ပုံစံ သရုပ်ဆောင်တဲ့ Ye-jin Son က ...
movie
A Moment to Remember (2004)
6.5
The Old Garden (2006)
The Old Garden (2006) - အညွှန်းဒီတစ်ခေါက်မှာဝောာ့ CM ပရိသတ်ကြီးကို ၁၉၈၀ ခုနှစ်ကာလ တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကို နောက်ခံထားပြီးရိုက်ကူးထားတဲ့ Korean Old Movie ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဟျွန်းဝူကတော့ စိတ်အားထက်သန်တဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပြီး ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေမှာလည်း မကြာခဏပါဝင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ အစိုးရဟာ ဆန္ဒပြသူတွေကိုရက်ရက်စက်စက် ဖြိုခွဲနှိမ်နှင်းရာကနေ ပုန်းရှောင်ထွက်ပြေးလာခဲ့တဲ့ ဟျွန်းဝူတစ်ယောက်ဟာ နယ်ဝေးရွာလေးတစ်ရွာကို ရောက်ရှိလာခဲ့ရင်း အဲဒီရွာလေးက ထက်မြက်တဲ့ ကျောင်းဆရာမလေး ဟန်ယွန်းဟီးနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ရှုပ်ထွေးလှတဲ့အခြေအနေတွေကြားမှာ ဟျွန်းဝူနဲ့ ယွန်းဟီးတို့ကြားက ချစ်ခြင်းဟာ တဖြည်းဖြည်းပေါက်ဖွားလာခဲ့ပြီး ချစ်သူနှစ်ဦးဟာ အခက်အခဲတွေကို မသေချာမရေရာမှုတွေကြားက အတူတူကျော်လွှားဖို့ကြိုးစားကြပါတော့တယ်။ ဒါပေမဲ့ ကံအကြောင်းမလှစွာဘဲ ဟျွန်းဝူဟာ ပြန်လည်ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၇ နှစ်ကျသွားတဲ့အခါ..။ ဘာတွေများဆက်ဖြစ်ကြမှာလဲ။ ထောင်ကပြန်လွတ်မြောက်လာတဲ့ ဟျွန်းဝူကရော ဘယ်လိုပြောင်းလဲနေတဲ့အခြေအနေကို ကြုံတွေ့ရမလဲ ၊ ချစ်ရတဲ့ဆရာမလေး ယွန်းဟီးနဲ့ရော ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကို တမြေ့မြေ့နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. ...
movie
The Old Garden (2006)
2006
5.7
The Taste of Money (2012)
(18+ အခန်းအချို့ပါဝင်၍ မိသားစုနှင့်အသက်မပြည့်သေးသော သူများ အတူကြည့်ရှုရန်မသင့်တော်ပါ) အခုတစ်ခါမှာတော့ 2012 ခုနှစ်က ထွက်ရှိခဲ့တဲ့ erotic thriller အမျိုးအစားကိုရီးယား ရုပ်ရှင်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဂျူယောင်းဂျာ က ကိုရီးယားနိုင်ငံရဲ့ချမ်းသာကြွယ်ဝတဲ့မိသားစုတွေထဲကတစ်ခုဖြစ်တဲ့ ယွန်း မိသားစုရဲ့အတွင်းရေးမှူးပါ။ ဥက္ကဌ ကြီးယွန်း ဟာ မိသားစုလုပ်ငန်းတွေရဲ့ အကြီးအကဲဖြစ်ပေမယ့်လည်းဇနီး နဲ့ အရင်ကဥက္ကဌဖြစ်ခဲ့တဲ့ သူ့ယောက္ခမရဲ့ ထိန်းချုပ်မှုခံနေရသူပါ။သူတို့မှာ အိမ်ထောင်ကွဲထားတဲ့ သမီးဖြစ်သူ နာမီ နဲ့ သားဖြစ်သူ ချားရယ် တို့ရှိကြပါတယ်။ဇနီး ဖြစ်သူ နဲ့ မိသားစုရေးရာ ကိစ္စတွေကိုငြီးငွေ့နေတဲ့ ဥက္ကဌကြီးဟာဖိလစ်ပိုင်သူ အိမ်စေမလေး အယ်ဗာ နဲ့ ဇာတ်လမ်းတွေရှိလာပါတယ်။ဒါကို ယွန်းကတော် သိရှိသွားတဲ့အခါ ဒေါသတကြီး တုန့်ပြန်ပါတော့တယ်။တစ်ဖက်မှာလည်း ချားရယ် ဟာ လုပ်ငန်းကိစ္စအရှုပ်တော်ပုံတွေကြောင့် ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။ယွန်းကတော် က သားဖြစ်သူ ပြန်လွတ်အောင် ဘယ်လိုလုပ်ဆောင်မလဲခင်ပွန်းဖြစ်သူကို ဘယ်လိုလက်စားချေမလဲဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်တွေ့ကြရမှာပါ။ ဒီဇာတ်ကားဟာ 2010 ခုနှစ်ကထွက်ရှိခဲ့တဲ့The Housemaid ရဲ့ အဆက်အနေနဲ့ ...
movie
The Taste of Money (2012)
7.1
The Host(2006)
The Host(2006)***************ဒီကားက ဆုပေါင်း ၂၉ဆုရရှိခဲ့ပြီး ဒါရိုက်တာကလည်း Parasite တို့ Memories of Murder တို့လို့အထင်ကရ ရုပ်ရှင်တွေဖန်တီးတဲ့ Bong Joon Ho ဆိုတော့ကား နင်းကန်ဒေါင်းကြည့်သင့်ပါတယ်..ဂန်ဒူးဆိုတဲ့သူဟာ ခဏခဏအိပ်ငိုက်တတ်ပြီးတော့ ဟန်မြစ်ကမ်းဘေးမှာသူ့အဖေနဲ့အတူ ဆိုင်လေးဖွင့်ထားပါတယ်။သူ့မှာ အရမ်းချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။စာမတတ်ပေမတတ်၊ မိန်းမကလည်းပစ်သွားတဲ့သူ့ဘဝမှာ သမီးလေးကအရာရာပါပဲ။တစ်နေ့မှာတော့ ဓါတ်ခွဲခန်းတစ်ခုကနေ စွန့်ပစ်လိုက်တဲ့ အန္တရာယ်ရှိစွန့်ပစ်ပစ္စည်းတွေကြောင့်ဟန်မြစ်ထဲမှာ အကောင်ကြီးတစ်ကောင်ပေါ်လာပါတယ်။အဲဒီအကောင်ကြီးဟာ မြစ်ကမ်းဘေးကိုတက်လာပြီး ဂန်ဒူးရဲ့သမီးလေးယောင်းဆူကိုဖမ်းခေါ်သွားပါတော့တယ်။အကုန်လုံးကသေပြီလို့ထင်ထားတဲ့ယောင်းဆူက ညဘက်ကြီးသူ့အဖေကိုဖုန်းခေါ်လာတဲ့အခါ....ဂန်ဒူးနဲ့ သူ့ရဲ့မိသားစုဟာ ယောင်းဆူကိုကယ်ဖို့ ဘယ်လိုမျိုးကြိုးစားကြလဲဆိုတာတစ်ကားလုံးရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပါ။၂၀၀၆ ခုနှစ်မှာထွက်ရှိထားပြီးတော့ rating 7.1 ရရှိထားပြီး ဆုတွေလည်းအများကြီးရရှိထားတဲ့ဇာတ်ကားမလို့အခုထိမကြည့်ရသေးရင် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။ File Size :(4.7GB)(1.5GB) and (380 MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:00:00 Genre : Horror,Sci-Fi , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo ...
movie
The Host(2006)
8.1
Memories of Murder (2003)
IMDb (8.1/10)....Rotten Tomatoes (95%) Rating တွေကြည့်ပြီး ကိုရီးယားဇာတ်ကားမှ ဟုတ်ရဲ့လားလို့ အတွေးမများပါနဲ့။ ကိုရီးယားဇာတ်ကားအစစ်ဖြစ်သလို မင်းသားမင်းသမီးချောချာလှလှတွေလဲ တစ်ယောက်မှမပါပါဘူး။ ဒီဇာတ်ကားဟာ ကိုရီးယားရဲ့ အနုပညာအရည်အသွေးကို ကမ္ဘာကိုချပြနိုင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ကြည့်ကိုကြည့်သင့်ပါတယ်။ ကျွန်တော်ကတော့ ဇာတ်ကားကိုကြည့်ပြီး ရင်ထဲတနုံ့နုံ့နဲ့ ဖြစ်နေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိခဲ့ပါပြီ....သူငယ်ချင်းတို့လဲ ခံစားကြည့်ပါဦး....ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကြည့်ဖြစ်စေခဲ့တဲ့ ကိုညီလင်းအိမ်ရဲ့အညွှန်းနဲ့ မိတ်ဆက်ပေးပါရစေ။ -------------------------------------------- Memories Of Murder ကိုယ်တွေကပဲ နောက်ပိုင်း အဲဒီလို အကြောင်းအရာတွေကိုပဲ ရွေးဖတ်မိကြည့်မိနေတာလား တိုက်ပဲတိုက်ဆိုင်နေသလား မသိဘူး။ စိတ်ထဲစွဲနစ်စွာ ကျန်ခဲ့တဲ့ ဇာတ်ကားတွေ စာအုပ်တွေမှာဆို အဓိက ခံစားခဲ့ရတာက "မရေရာမှု "ပဲ။အီးလိုဆို "Doubtful"လား "Inconclusively "လား ဘယ်ဟာက ပိုလေးနက်လဲတော့မသိဘူး။ အမှန်တရားလည်း မရှိဘူး ။အမှားတရားလည်း မရှိဘူး။ရှုံးတယ်လည်း မရှိဘူး။နိုင်တယ်လည်း မရှိဘူး။ ဘယ်သတ်မှတ်ချက်မှ မှန်တယ်လို့ တရားသေ ကောက်ချက်ဆွဲလို့မရတဲ့ စိတ်ခံစားမှု တွေပေးတဲ့ စာတွေ ရုပ်ရှင်တွေ မကြာခဏ ကြည့်ဖြစ်ဖတ်ဖြစ်ပါတယ်။ လတ်တလော ...
movie
Memories of Murder (2003)
2003
7.2
The President’s Last Bang (2005)
ဒီကားကတော့၂၀၀၅ခုနှစ်လောက်ကရိုက်ခဲ့တဲ့ Drama ကားဖြစ်ပြီးတော့ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၇၀ခုနှစ်က တောင်ကိုရီးယားသမ္မတ ပတ်ချန်ဟီး ကလာဘ်စားမှုတွေရှိတဲ့အပြင် ပြည်သူတွေအပေါ်ကိုလည်းအာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမှာအပါးတော်မြဲနှစ်ယောက်ရှိပါတယ်။ KCIAက အုပ်ချုပ်ရေးမှူးကင်နဲ့လုံခြုံရေးခေါင်းဆောင်ချာ ဘယ်လက်ရုံးနဲ့ညာလက်ရုံးပေါ့။ နောက်ပိုင်းတော့ သမ္မတကြီးကိုယ်တိုင်ကလည်း မကောင်းတာမှာပျော်မွေ့တတ်တဲ့သူဆိုတော့ ထင်ထားတဲ့အတိုင်း မကောင်းတဲ့ဖက်ကိုမြှောက်ပေးတတ်တဲ့ လုံခြုံရေးခေါင်းဆောင်ဖက်ကိုအလေးသာသွားပြီ းပိုအရေးပေးလာခဲ့တယ်။ ဒီကားမှာထူးခြားတာက KCIA အုပ်ချုပ်ရေးမှူးကို အကောင်းဖက်ကြီးမပြသွားဖူး။ ဒီလိုအရေးပေးတာကို အရင်ကတန်းတူအရေးပေးခံရတဲ့ KCIAအုပ်ချုပ်ရေးမှူးတစ်ယောက်မနာလိုတွေဖြစ်နေခဲ့တာလား။ ဒါမှမဟုတ် တိုင်းပြည်ကိုအာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့ အာဏာရှင်ဆိုးတစ်ယောက်ကိုဆုံးမလိုက်တာလား ဆိုတာတော့ဘယ်သူမှမသိပါဖူး။ လက်ရှိ လီဗြောင်ဟွန်းကားနဲ့ကျောရိုးသာဆင်တူပြီး ဒီကားမှာဟိုကားရဲ့နောက်ဆက်တွဲဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ၊လူ့စိတ်သဘောနဲ့ သမိုင်းကြောင်းအဓိကထားရိုက်ပြထားပါတယ်။ သမိုင်းတစ်ခုကိုစိတ်ဝင်စားတဲ့သူဆိုရင်တော့ ကြည့်ရတာတန်ပြီး သင်ခန်းစာရမယ့်ကားကောင်းလေးတစ်ကားပါ။ တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတကြီးအလုပ်ကြံခံရပြီးနောက် ဘယ်လိုတွေဆက်ဖြစ်တယ် နောက်ကွယ်မှာဘယ်လိုအရှုပ်တွေရှိနေမလဲဆိုတာ ဇာတ်ကားကြည့်ရင်း အတူတူအဖြေရှာလိုက်ရအောင်ပါ။ File Size - 733 MB Quality - Bluray 720P Runtime - 1h 42min Subtitle - Burmese (Hardsub) Translator - Moe Pwint Encoded - Thit San Khant
movie
The President’s Last Bang (2005)
2005