Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kwan Yung
6.3
Operation Scorpio / Scorpion King ( 1992 )
၁၉၉၂ခုနှစ်က ထွက်ရှိခဲ့တဲ့ ကွန်ဖူးကားဟောင်းလေးတစ်ကားကိုပြန်တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘဝကိုအေးအေးချမ်းချမ်းနေသွားချင်ပြီးတော့ သားကိုဆရာဝန်တစ်ယောက်ဖြစ်စေချင်တဲ့အဖေဖြစ်သူ ဖေ့ချိုင်နဲ့ ကွန်ဖူးသိုင်းပညာတွေကိုသာစိတ်ဝင်စားတဲ့သား ဖြစ်သူဖေ့ယွိရှူးတို့ သားအဖ၂ယောက်ရှိကြတယ်။ဒဏ္ဍာရီထဲကသူရဲကောင်းတွေလို မတရားမှုမှန်သမျှကိုဝင်ကယ်ချင်တဲ့ ဖေ့ယွိရှူးကြောင့် ပြဿနာတွေခဏခဏကြုံပြီး တစ်နေ့မှာတော့ စီးပွားရေးသမားတစ်ယောက်အိမ်ကို လိင်ကျွန်အဖြစ်ပို့ခံရတော့မယ့် အစေခံမလေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်း သားအဖနှစ်ယောက်ဟာအိမ်ကရှောင်ပြေးခဲ့ရတဲ့အထိဒုက္ခကြုံလာခဲ့တယ်။မိတ်ဆွေတစ်ယောက်ရဲ့အကူအညီနဲ့ အားယီးဆိုတဲ့အမဲသားဆန်ပြားကြော်ဆိုင်မှာ ခဏခိုလှုံခွင့်ရခဲ့ကြတယ်။ ဖေ့ယွိချိုင်ရဲ့သူရဲကောင်းဖြစ်ချင်စိတ်ဟာပိုပြီး ပြင်းပြလာခဲ့ပါတယ်။ ကွန်ဖူးသိုင်းတွေကိုရူးသွပ်တဲ့ကောင်လေးတစ်ယောက်က မိန်းကလေးတွေကိုလိင်ကျွန်အဖြစ်ရောင်းဝယ် ဖောက်ကားနေတဲ့ အဖွဲ့အစည်းကိုတွန်းလှန်ပစ်တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Operation Scorpio / Scorpion King ( 1992 )
6.4
Mr. Vampire Saga 4 ( 1988 )
တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ၃ ကားကိုတင်ဆက်ပေးပီးပါပြီဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ်၁ နဲ့ ၂ နဲ့ ၃ နဲ့ ၄ နဲ့ကအဆက်အစပ်မရှိပါဘူး။ဇာတ်လမ်းအညွှန်းအနေနဲ့ - လူသူမနီးတဲ့ခြံကွက်လေးထဲမှာ အိမ်၂အိမ်ရှိပြီး အဲဒီ၂အိမ်မှာ ဘုန်းတော်ကြီးတစ်ပါးနဲ့ တောက်ဆရာတစ်ပါးတို့က တပည့်လေးတွေနဲ့ အိမ်နီးချင်းနေထိုင်လျက်ရှိပါတယ် ။ ဆရာကြီးနှစ်ယောက်က အမြဲတမ်းပညာစမ်းကြရင်းနဲ့ သိပ်ပြီးတော့ မတည့်ကြပါဘူး။တစ်နေ့ကျတော့ နယ်စပ်ကနေနန်းမြို့တော်ကိုသယ်လာတဲ့ ဘုရင့်ဆွေမျိုးဖုတ်ကောင်ပါတဲ့ ရွှေရောင်ခေါင်းတလားသယ်တဲ့သူတွေက သူတို့ ၂အိမ်ရှေ့ကနေဖြတ်သွားပါတော့တယ် ။အဲဒီခေါင်းတလားကိုတာဝန်ယူသယ်ပေးရတဲ့ တောက်ဆရာဖြစ်သူကလည်း ခြံဝန်းထဲမှာနေတဲ့တောက်ဆရာကြီးရဲ့ဆရာတူညီလေးဖြစ်နေတော့ ကောက်ညှင်းဝင်တောင်းရင်းစကားပြောဖြစ်ခဲ့ကြပါတယ် ။သူတို့ထွက်သွားတဲ့ညမှာပဲ မိုးတွေသည်းပြီး ခေါင်းတလာကိုပိတ်ထားတဲ့ မန္တန်ဆေးမင်တွေ အရောင်လွင့်ကုန်ပါတော့တယ် ။ အဲဒါကြောင့်ပဲ ဖုတ်ကောင်က ခေါင်းတလားထဲကနေထွက်လာပြီး လူတွေလိုက်သတ်ပါတော့တယ် ။အဲဒီဖုတ်ကောင်ကြီးကိုဘယ်လိုတွေရှင်းကြမလဲ ? ဆရာကြီး၂ယောက်က တကယ့်အရေးကိစ္စကြုံလာရင်ရော စည်းလုံးကြပါ့မလားဆိုတာကို ဟာသလေးနဲ့ပါယှဉ်တွဲရိုက်ကူးထားတာဖြစ်ပြီး ဘယ်အချိန်ကြည့်ကြည့်မရိုးရဘူးမလို့ အသစ်တစ်ခေါက်ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action, Horror , Comedy Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ...
movie
Mr. Vampire Saga 4 ( 1988 )
1988
6.0
Gorgeous (1999)
ဒီဇာတ်ကားလေးမှာတော့ ဟောင်ကောင်ရွှေခေတ်ကမင်းသားမင်းသမီးတွေဖြစ်တဲ့ ဂျက်ကီချန်း စတီဗင်ချောင် ရှုကြည် တိုနီလောင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဟာသဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အားပူဆိုတဲ့မိန်းကလေးဟာ ဘဝကို စိတ်ကူးယဉ်ဆန်ဆန်ဖြတ်သန်းနေထိုင်တတ်တဲ့ ထိုင်ဝမ်ကျွန်းဆွယ်မြို့လေးတစ်မြို့က ကောင်မလေးဖြစ်ပါတယ်။ သူဟာ တစ်နေ့မှာ ပင်လယ်ကမ်းစပ်ကိုမျှောလာတဲ့ ပုလင်းလေးတစ်ပုလင်းထဲက စာလေးတစ်စောင်ကိုတွေ့ပြီး စာရေးတဲ့ကောင်လေးကို သိချင်လို့ ဟောင်ကောင်ထိတစ်ယောက်တည်းလိုက်သွားရာကနေ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်တဲ့ ချန်နဲ့ ဘယ်လိုများ နဖူးစာရွာလည်မလဲ ဘယ်လိုအခက်အခဲလေးတွေကြားကနေ သူတို့အချစ်ကို ရှာဖွေတွေ့ရှိကြမလဲဆိုတာကို ရိုက်ကူးထားတဲ့ ကြည်နူးဖွယ်ရာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre...Action, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie
Gorgeous (1999)
5.8
The Accidental Spy (2001)
၂၀၀၁ တုန်းကထွက်ရှိခဲ့တဲ့ ဂျက်ကီချမ်းရဲ့ အက်ရှင်ဟာသဇာတ်ကားလေးပါ။မတင်ရသေးလို့ BluRay Quality နဲ့ အလန်းစားတင်ဆက်လိုက်ပါတယ်။မင်းသမီးတွေကလဲ ကိုယ်တွေအကြိုက် ဟောင်ကောင်ရဲ့ Vivian Hsu နဲ့ ကိုရီးယားရဲ့ Min Kim တို့ဖြစ်ပါတယ်...Min Kim ကိုတော့ တစ်ခါတုန်းကတက္ကသိုလ်ဇာတ်လမ်းတွဲနဲ့ မှတ်မိကြမှာသေချာပါတယ်..ဗီဗီယန်ဆုကတော့ ဟောင်ကောင်ရဲ့ ရွှေမင်းသမီးလေးပါ။ဇာတ်လမ်းကတော့...ရုပ်ရှင်ကားနာမည်အတိုင်းပဲ ဆဌမအာရုံကောင်းတဲ့ မိဘမဲ့ဂျက်ကီက ဓားပြမှုတစ်ခုကို တားဆီးပေးရင်းနာမည်ကျော်သွားရာကနေ မိဘအရင်းတွေကိုလိုက်ရှာဖို့အတွက် သူလျှိုတစ်ယောက်ဖြစ်လာပါတော့တယ်။အတိတ်က အကြောင်းတွေကိုဖော်ထုတ်ရင်း လူဆိုးမျိုးစုံနဲ့ပတ်သတ်မိရာကနေ အရှုပ်တော်ပုံထဲကနေ လွတ်မြောက်အောင် ဘယ်လို အက်ရှင်ခန်းတွေနဲ့ စွန့်စားမလဲဆိုတာ...။ File size…(2.5 GB)/(1.2 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:27:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Lin Thar
movie
The Accidental Spy (2001)
6.8
Who Am I? (1998)
ဂျက်ကီချန်းဇာတ်ကားတွေရဲ့ အနှစ်သာရကိုခံစားရမယ့်ဇာတ်ကားပါ။ ဒီဇာတ်ကားကို ငယ်ငယ်တုန်းက ကြည့်ခဲ့ရတာကို ပြန်သတိရမိပါတယ်။ အခုပြန်ကြည့်တော့လဲ ဆွဲဆောင်မှုရှိပြီး ရသစုံ ပေးစွမ်းနိုင်ပါသေးတယ်။ IMDb Rating(6.8/10) ထိရရှိထားလို့ ပြန်လည်ခံစားပေးကြဖို့ဖိတ်ခေါ်အပ်ပါတယ်။ မြန်မာစာတန်းထိုးကိုတော့ ကို Myo Min Aung မှကိုယ်တိုင်ဘာသာပြန်ထားတာဖြစ်ပါတယ်။ File size…(2.6 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Myo Min Aung (MMA)
movie
Who Am I? (1998)