Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kunal Khemu
7.9
Madgaon Express (2024)
Madgaon express (2024) " ဂိုအာသို့"IMDb 8/10 ရရှိထားတဲ့ ၂၀၂၄ အသစ်ထွက် ဘောလိဝုဒ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီကားလေးကိုတော့ မင်းသား Kunal Khemu က ဒါရိုက်တာအဖြစ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒိုဒို၊ အာယု့ရှ်နဲ့ ပင်ကူတိုဟာ ငယ်ဘဝကတည်းက တတွဲတွဲနဲ့ သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ သုံးယောက်ပေါင်းလောင်းကျော်လာကြတဲ့သူတို့ဟာ တစ်နေ့မှာတော့ မိန်းကလေးသူငယ်ချင်းတွေစီစဉ်နေတဲ့ ဂိုအညခရီးအကြောင်းကြားပြီး ဂိုအာအိပ်မက်စမက်ကြပါတော့တယ်။ ဒါပေမဲ့လည်း ငယ်လို့၊ ပိုက်ဆံမရှိလို့၊ ကျန်းမာရေးမကောင်းလို့ စသည်ဖြင့် မသွားဖြစ်ခဲ့ကြတာ အသက်တွေကြီး နိုင်ငံတွေဝေးပြီး တကွဲတပြားဖြစ်သွားတဲ့အထိပါပဲ။ငွေရေးကြေးရေးအဆင်ပြေတဲ့ ပင်ကူနဲ့ အာယု့ရှ်တို့ကတော့ နိုင်ငံခြားကိုရောက်ပြီး အောင်မြင်နေပေမဲ့ ဆင်းရဲတဲ့ ဒိုဒိုတစ်ယောက်ကတော့ ရရာအလုပ်လေးလုပ်ရင်း ဆိုရှယ်မီဒီယာကိုက်ရင်း ကျန်နေခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဆိုရှယ်မီဒီယာမှာ ပုံတွေပြင်၊ တင်ချင်ရာတင်ပြီး အတန်းရှင်းရှာရင်းနေလာရာက အမေရိကားရောက် ပင်ကူနဲ့ အာယု့ရှ်တို့ ပြန်လာမယ်ဆိုတဲ့အခါမှာတော့ ဒိုဒိုတစ်ယောက် ခေါင်းမီးတောက်နေရပါပြီ။ဒိုဒိုတစ်ယောက် ဆိုရှယ်မီဒီယာမှာတင်ထားတဲ့ လိမ်ဆင်တွေကိုဖုံးဖို့ မဖြစ်မြောက်ခဲ့တဲ့ ဂိုအာခရီးကို စီစဉ်ပြီး လိမ်ဆင်ပေါ်လိမ်ဆင်ထပ်ရင်းက ရာဇဝတ်မှုတွေနဲ့ပါပတ်သတ်မိသွားတဲ့အခါ.... မီလီယံနာအယောင်ဆောင် ဒိုဒိုနဲ့ ကိုဆန်းဆန်းတင့် ပင်ကူ၊ နောက် ညှိနှိုင်းရေးသမား အာယု့ရှ်တို့ ဂိုအာခရီးမှာ ...
movie
Madgaon Express (2024)
2024
6.4
Kanjoos Makhichoos (2023)
Kanjoos Makhichoos (2023) ****************************** မင်းသားကြီး ကုနားလ်ခေမူးပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.4 နဲ့ ဒီကားဟာဆိုရင် ရယ်စရာလည်းကောင်း စိတ်အပန်းဖြေစရာလည်းကောင်းပြီး တကယ်ကြည့်သင့်တဲ့ Comedy အမျိုးအစားဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။စော်ဘွားတွေရဲ့မြို့တော်လက်ခနောင်းမှာနေတဲ့ဂျန်မနာဆိုတဲ့လူက ကပ်စေးနှဲကော်တရာပါ ဘယ်လောက်တောင်လဲဆိုရင် အမွှေးတိုင်တစ်ထုပ်ကို တစ်နှစ်လောက်ထိချွေတာပြီးသုံးတဲ့လူမျိုးပါ ဒီ လိုကပ်စေးကုပ်တာကတော့အကြောင်းရှိပါတယ်။အဲဒါကတော့သူ့မိဘတွေကိုဘုရားဖူးလိုက်ပို့နိုင်ဖို့ပါပဲ ဒီလိုနဲ့ပိုက်ဆံစုတာပြည့်လို့မိဘတွေကိုဘုရားဖူးပို့ပြီးချိန်မှာတော့ သူတို့ဘဝတွေပြောင်းလဲသွားမဲ့ကိစ္စကြီးတစ်ခုဖြစ်သွားပါတယ် အဲဒါကတော့ကံဆိုးမိုးမှောင်ကျပြီး ဘုရားဖူးသွားတဲ့ သူ့မိဘနှစ်ပါးက မိုးကြီးလေကြီးထဲပါသွားလို့ပါပဲ။ ဒီလိုနဲ့သေဆုံးသူနစ်နာကြေးအနေနဲ့ အစိုးရကပိုက်ဆံပေးတော့ သုံးဖြုန်းပြီးကာမှ မိဘနှစ်ပါးလုံးမသေဘဲပြန်ရောက်လာတဲ့အခါမှာတော့... နစ်နာကြေးငွေတွေကိုသူတို့ဘယ်လိုဆပ်ကြမလဲ ပိုက်ဆံမရှိတော့တဲ့သူတို့ အစိုးရကိုဘယ်လိုကွက်ကျော်ရိုက်မလဲဆိုတာကြည့်လိုက်ကြပါဦး။ File size…2.1GB / 1GB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ BpL~ Thaik San ~Nyein Aye
movie
Kanjoos Makhichoos (2023)
2023
6.6
Go Goa Gone (2013)
Go Goa Gone (2013) Action, Adventure, Comedy IMDb 6.6/10 (14K)အခုတစ်ခါတင်ဆက်ပေးမယ်ကားလေးကတော့ မင်းသားကြီးဆေ့ဖ်အလီခန်းနဲ့ Lootcase 2020 မင်းသားကူနားတို့ သမီးယောက်ဖနှစ်ဦးရဲ့ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးဟာ အိန္ဒိယရူပီ ၁၉.၄သန်း (ကန်ဒေါ်လာ ၂.၄သန်း) အထိအမြတ်ရခဲ့တဲ့ ၂၀၁၃ခုနှစ်က ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဟာဒစ် လဗ် ဘန်နီ ဆိုတဲ့ သူငယ်ချင်းသုံးယောက်ရှိတယ်..ဟာဒစ်နဲ့လဗ်က အတိုင်အဖောက်ညီတဲ့ ဆိုးဖေါ်ဆိုးဖက်တွေဖြစ်ပြီး ဘန်နီကတော့ အမြဲဒုက္ခခံပေးနေရရှာတဲ့ ရိုးသားကြိုးစားတဲ့ကောင်လေးပေါ့။တစ်ရက်တော့ သူတို့သုံးယောက်ဟာ လောကဓံရဲ့ရိုက်ခတ်ကြားမှာ ယက်ကန်ယက်ကန်နဲ့ ရုရှားမာဖီးယားဦးဆောင်ပြီးကျင်းပပေးတဲ့ ပါတီပွဲတစ်ခုမှာ အပီကဲဖို့ ဝေးလံခေါင်သီတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။သူတို့တွေ အပီကဲပြီး နောက်တစ်နေ့မှာတော့ လူတွေဟာ မူးယစ်ဆေးတစ်မျိုးသုံးစွဲမှုကြောင့် အသိစိတ်မရှိကြတော့ဘဲ အချင်းချင်းကိုက်ဖြတ်စားသောက်လာခဲ့ပါတော့တယ်။အလွဲလွဲအချော်အချော်နဲ့ ဒီသူငယ်ချင်းသုံးယောက်ဟာ ဒီမရဏကျွန်းပေါ်ကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ဟာသလေးနှောပြီးကြည့်ရဦးမှာမို့ ရှုစားတော်မူကြပါဦးနော်။ File size…2.58GB / 1.14GB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Go Goa Gone (2013)
2013
8.0
Lootcase(2020)
Lootcase(2020)ဇာတ်လမ်းအကျဉ်း.....အခြေခံလူတန်းစား တစ်ယောက်ဖြစ်သူ နန်ဒန်းကူးမားတစ်ယောက်ရဲ့လက်ထဲကို တစ်နေ့မှာ မမျှော်လင့်ဘဲ သန်း၁၀၀တန်အိတ်ကြီးတစ်လုံးသူ့လက်ထဲကိုရောက်လာခဲ့တယ်..ဒီလူက မလည်ရှုတ် ကို့ရို့ကားယားလူ....သန်း(၁၀၀)ကြီးလက်ထဲရောက်လာတော့လောဘက မသတ်နိုင်ရှာဘူး.....အိမ်မှာသိမ်းထားမယ်....ပြီးရင် အိမ်က စက်သေနတ်ပစ်သလို ပွစိပွစိ လုပ်တဲ့မိန်းမကိုပါးစပ်လေးတွေထုတ်သုံးဖြည့်ဆည်းပေးရင် မိန်းမနိုင်ဆေးခပ်တည်တည်ဖော်မယ်ပေါ့....မိန်းမဘက်ကလည်း အပ်တိုတစ်ချောင်းတဲမယူတတ်တဲ့အမျိုးဆိုတော့ သူ့မိန်းမကိုပေးမသိဘဲအိမ်မှာဉထားမဲ့အစီအစဉ်ပေါ့..နန်ဒန်းကူးမားက လောဘရမ္မက်တွေကြောင့် သာမတွေးမိတာ...နောက်ကွယ်မှာ ဘယ်လိုအရှုတ်အထွေးတွေရှိနေတယ်ဆိုတာ သူမသိဘူး...ကိုင်း ဒီသန်း(၁၀၀)ရဲ့နောက်ကွယ်ကပိုင်ဆိုင်သူတွေက ဘယ်သူတွေလဲ...တခြား ဒီပိုက်ဆံကိုလုပ်ဖို့ လုပ်နေတဲ့အဖွဲ့အစည်းတွေက ဘယ််လောင်တောင်များလဲ...ငပွေးတွေကြားမှာ ဘယ်ငပွေးပိုဆရာကျနေမလဲဆိုတာကိုတော့...ခံစားကြည့်ကြပါဉီး...ဒီကားက IMDb...8.0ရထားသလို ဇာတ်လမ်းလည်းကောင်းသလို နင်းကန်ပြီးလည်း ရယ်ရပါတယ်...အတင်းကြီးကလိထိုးရယ်ခိုင်းတဲ့အကွက်တွေမဟုတ်ဘဲ အလွဲတွေအချော်တွေနဲ့ သရုပ်ဆောင်ကောင်းများစွာနဲ့ရိုက်ကူးထားတာမို့ လက်မလွှတ်သင့်ပါကြောင်း...File Size : (1.02 GB) and (377MB) Quality : WEB-DL 720p Format…mp4 Duration…02:12:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie
Lootcase(2020)
6.7
Malang (2020)
ကဲ Bollywood ပရိသတ်ကြီးအတွက် စောင့်မျှော်နေကြတဲ့ ရုံတင်ကားကြီးဖြစ်တဲ့ Malang ကို တင်ဆက်ပေးလိုက်ပါပြီ2020 မှာ အတော်လေးအောင်မြင်လူကြိုက်များသွားတဲ့ကားဆိုလည်း မမှားပါဘူးမင်းသားချော အဒီသ်ယားနဲ့ မင်းသမီးချော ဒေရှားတို့ကိုကတော့ ဘောလီဝုဒ်ဖန်တိုင်းသိကြမှာပါသီချင်းတွေကလည်း စောက်လန်းတွေချည်းပါပဲRomance, Thriller ကားကောင်းတစ်ကားပီပီ ဇာတ်လမ်းကလည်း မြုပ်ကွက်တွေနဲ့ စလည်အဆုံးဆွဲခေါ်သွားမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်ဒါကြောင့် စပွိုင်းအမိမခံပါနဲ့ (ကြည့်ပြီးသူများလည်း ဇာတ်ကြောင်းမပြောကြဖို့ မေတ္တာရပ်ခံပါရစေ)ဇာတ်လမ်းလေးကတော့"လူသတ်မှုတစ်ခု တိုင်ချက်ဖွင့်ချင်လို့ပါ ဆရာ""မင်းပတ်ဝန်းကျင်ဧရိယာက ရဲစခန်းမှာတိုင်လိုက်လေကွာ""မဖြစ်သေးပါဘူး ဆရာ အခုမှကျူးလွန်မှာမို့လို့ပါ" ဒီလိုဖုန်းကောလ်တစ်ခု စခန်းမှူး အာဂရှိစ်ထံဝင်လာခဲ့ပါတယ်အာဂရှိစ်ဆိုတာကလည်း ရာဇဝတ်သားမှန်သမျှ ရင်ဆိုင်တိုက်ပွဲတွေ့လို့ဆိုပြီး အသေချည်းဆော်တဲ့ရဲတစ်ယောက်ပါ ဆေးချပြီး အမြဲကောင်းနေသူပေါ့တစ်ဖက်က သူ့ကို နောက်သလိုလို စိန်ခေါ်သလိုလိုနဲ့ ဝင်လာတဲ့ဖုန်းဆက်သမားနဲ့ အာဂရှိစ့်တို့ ထိပ်တိုက်တွေ့ကြလေသောအခါဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ခံစားကြည့်ကြပါဇာတ်လမ်းအများကြီးမပြောတာ စပွိုင်းမိသွားမှာစိုးလို့ပါ နိုင်ငံတကာ ရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေအနေနဲ့IMDb 6.7/10 နဲ့Rotten 67% အထိရရှိထားတဲ့ ကားကောင်းတစ်ကားပါ(ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ) File Size : (2.0 GB) , ...
movie
Malang (2020)
2020
3.5
Kalank (2019)
2019ခုနှစ်မှာ Endgame နဲ့ အပြိုင် ရုံတင်ပြီးဝေဖန်မှု အမျိုးမျိုး ကြုံခဲ့ရတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားကြီး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားထဲမှာ ပါဝင်ကြတဲ့ မင်းသားမင်းသမီးတွေကိုတော့အထူးတလည် မိတ်ဆက်စရာ မလိုဘူး ထင်ပါတယ်။ဇာတ်ကောင် တစ်ခုချင်းစီကို မိတ်ဆက်ပေးရမယ် ဆိုရင်ဇဖာရ်(ဗာရွန်)ကတော့ ပန်းပဲဆရာ တစ်ယောက်ဖြစ်ပြီးပြည်တန်ဆာတွေနဲ့ ရင်းနှီးနေတဲ့ နာမည်ဆိုးရပ်ကွက်နေ အစ္စလာမ် ဘာသာဝင်တစ်ယောက်၊မိဘစွန့်ပစ်ခံ(တရားမဝင်မွေးဖွားသူ) အဖြစ် မြင်တွေ့ရမှာပါ။အလီယာကိုတော့ နာကျင်မှုတွေနဲ့ ခံစားနေရတဲ့ရု(ပ်) အဖြစ် မြင်ရမှာပါ။အစ်မတော်ရဲ့ နောက်ဆုံးဆန္ဒကို ဘဝနဲ့ ရင်းပြီးဖြည့်ဆည်းပေးလိုက်ရသူပါ။ဆန်းဂျေးကိုတော့ ရု(ပ်)ရဲ့ ယောက္ခမ နေရာမှာမြင်ရမှာပါ။အာဒိသယကိုတော့ ဆန်ဂျေးရဲ့သား သတင်းစာတိုက်ပိုင်ရှင် ဒေ့ဗ်အဖြစ် မြင်တွေ့ရမှာပါ။ဒေ့ဗ်ဟာ မင်းသမီးကြီး Sonakshi (ဆာ့သ်ယာ)ရဲ့ခင်ပွန်းပါ။တစ်ဖက်မှာ အိန္ဒိယသွေးစည်းရေးကို ကြိုးပမ်းနေပြီးတစ်ဖက်မှာ ဇနီးဆန္ဒကို ဖြည့်ဆည်းနေကြသူတွေပါ။ဟီး တော်တော် နားလည်ရခက်တဲ့ ဆက်ဆံရေးတွေဗျ။ဒီလိုနဲ့ အလီယာမှာ ဆန္ဒတစ်ခု ဖြစ်လာခဲ့တယ်။ ဒါကလည်း ဇာတ်လမ်းကို အထွတ်အထိပ်ထိဆွဲခေါ်သွားမယ့် ဆန္ဒတစ်ခုပါ။သူတို့တွေရဲ့ အရှုပ်တော်ပုံကြီးကိုမျက်ဝါးထင်ထင် မြင်တွေ့ခံစား ကြည့်ကြပါဦးဗျာ။ဝေဖန်မှုတွေ ...
movie
Kalank (2019)
2019
6.3
Simmba (2018)
ဘောလီဝုဒ်ရဲ့ နာမည်ကြီးမင်းသား ရန်ဗီးဆင့်ရဲ့ ၂၀၁၉ ထွက် နာမည်ကျော် ရုံတင်ဇာတ်ကားကြီးအကြည်ထွက်လာလို့ အမြန်ဆုံးနင်ဆက်ပေးလိုက်ပါတယ်ဒါရိုက်တာကလည်း တခြားသူမဟုတ်ဘဲ အက်ရှင်အသားပေး ဒါရိုက်တာကြီး ရိုဟစ် ရှက်တီဖြစ်တဲ့အတွက်အက်ရှင်အလန်းစားတွေ မျှော်လင့်နေသူတိုင်းအတွက် အကြိုက်တွေ့မှာ အမှန်ပါပဲနောက်ခံသီချင်းအလန်းစားတွေနဲ့ ကြမ်းမှကြိုက်သူတွေကတော့ လုံးဝကို လက်လွတ်မခံပါနဲ့=============================================ဆင်(မ်)ဘား နာမည်အပြည့်အစုံကတော့ ဆန်ဂရမ် ဘာလေရောင်သူ့မှာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ်သူကောင်းစားရေး "ဒါ ၂၁ ရာစုပဲ၊ ဒီမှာ လူတိုင်းဟာ ရည်ရွယ်ချက်တစ်ခုအတွက်နဲ့ပဲရှင်သန်နေကြတာအဲ့ဒါက ကိုယ့်ကောင်းစားရေးအတွက်ပဲ"ငယ်စဉ်ကတည်းက ခါးပိုက်နှိုက်လုပ် မရိုးမသားငွေရှာတဲ့ ဆင်(မ်)ဘားတစ်ယောက် တနေ့ ရဲအဖမ်းခံရပါလေရာ၊သူ သြဇာရှိလွန်းတယ်ထင်တားတဲ့သူခိုးခေါင်းဆောင်က ရဲအရှေ့ရောက်တော့ ခွေးရှေ့က ကြောင်လေးလိုဖြစ်သွားပြီး ပိုက်ဆံတွေပေးလိုက်ရတာ မြင်လိုက်ရတယ်အဲ့ဒိအချိန်မှာ သူသိလိုက်ရတာ လောကမှာ သြဇာအာဏာအရှိဆုံးကယူနီဖေါင်း၊ယူနီဖေါင်းဝတ်ထားတဲ့သူကို လူဆိုး လူမိုက်မှန်သမျှ ကြောက်ရတယ်သူ့အတွက် ပိုက်ဆံရှာဖို့ အလွယ်ဆုံးနဲ့ အာဏာရှိဖို့က ရဲလုပ်မှဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ ရဲတစ်ယောက်ဖြစ်အောင်လုပ်ပြီးအကျင့်ပျက်ချစား၊လာဘ်ယူတဲ့နေရာမှာ နာမည်ကျော်တဲ့ ရဲတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ မီရာမာ(ရ်) ရဲစခန်းကို ပြောင်းရွေ့မိန့်ကျတဲ့အခါမှာတော့ သူ့ဘဝအတွက် ကြီးမားတဲ့အပြောင်းလဲကြီး ...
movie
Simmba (2018)
2018
5.2
Golmaal Again (2017)
မွေးရပ်မြေနေရာဟောင်းဆီ ကို ပြန်လာကြတဲ့ ဂိုပဲလ်၊ မာဒက်ဗ်၊လပ်ကီး၊ လက်စ်မန်ပရာဆပ်နဲ့ လက်စ်မန်တို့ဟာ အသစ်ပြန် လည်မွမ်းမံထားတဲ့ မိသားစုပိုင်အိမ်ကြီးမှာ နေကြပါတယ်။ ဂိုပဲလ်တို့မှာ ကလေးဘ၀ကတည်းက မတည့်ကြတဲ့ အဖွဲ့တစ်ဖွဲ့ရှိပြီး အရွယ်ရောက်လာတဲ့အချိန်ထိ မတည့်ကြဘဲ ပြန်ရောက်လာတဲ့ ဂိုပဲလ်တို့နဲ့ တွေ့တာနဲ့ကို ရန်ဖြစ် ကြပါတော့တယ်။တစ်ရက်မှာတော့ ဂိုပဲလ် တစ်ယောက် အိမ်ကြီးမှာနေရင်း ထူးဆန်းတဲ့ အဖြစ်အပျက်တွေကြုံ ရလို့ တခြားသူတွေကို ပြောပြပေမယ့် ဂိုပဲလ်ကို တစ်ယောက်မှ မယုံပါဘူး။ ဒါပေမဲ့ နောက်တော့ အိမ်ကြီးထဲက ဆန်းကြယ်မှုတွေကို အကုန်ကြုံရတဲ့အခါမှာတော့ အ ခြောက်အလှန့်တွေရှိ တယ်ဆို တာ သဘောပေါက်ခဲ့ပါတယ်။ဒါနဲ့ သရဲတစ္ဆေတွေမောင်း ထုတ်ဖို့ဆိုပြီး ဆရာတွေ မျိုးစုံခေါ် လုပ်ပေမယ့် ထူးခြားမှုမရှိဘဲ အ ခြောက်အလှန့်မျိုးစုံနဲ့သာ ကြုံရပါတယ်။ ဂိုပဲလ်တို့ရဲ့ အဖြစ်အပျက်တွေကို ဟာသဇာတ်ကွက် လေးတွေနဲ့ တင်ဆက်ထားတာမို့ ရယ်မောရဦးမှာပါ။အိမ်ကြီးထဲက အခြောက်အ လှန့်တွေနောက်ကွယ်မှာ ...
movie
Golmaal Again (2017)
2017