Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kumiko Aso
Casshern (2004)
ဒီဇာတ်ကားကတော့ လူသားမျိုးနွယ်ကို ခြိမ်းခြောက်နေတဲ့ ရန်သူအသစ်ကို တိုက်ထုတ်ဖို့အတွက် superhuman စွမ်းအားနဲ့ အသက်ပြန်ရှင်လာခဲ့တဲ့ လူငယ်တစ်ံယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဂျပန် sci-fi ကားပဲဖြစ်ပါတယ်။ဒီရုပ်ရှင်မှာ စစ်ပွဲတွေရဲ့ အကျိုးဆက်တွေအပေါ် လေးလေးနက်နက်သုံးသပ်ချက်တွေကို တွေ့မြင်ရမှာဖြစ်ပြီး အက်ရှင်ပြကွက်အကြမ်းစားတွေနဲ့ သူ့ခေတ်သူ့အခါက အကောင်းဆုံး CGI တွေပေါင်းစပ်ထားတဲ့အတွက် ကြည့်ရတာ အရသာတစ်မျိုးတော့ဖြစ်နေမှာပါ။ ဇာတ်သွားက ကြည့်ရတာရှုပ်ထွေးနိုင်ပေမယ့် ရှုပ်ထွေးတာကိုမှကြိုက်တဲ့သူတွေအတွက်ကတော့ ဇာတ်ကားကောင်းလို့ပြောလို့ရပါတယ်။ File size…(1.6 GB) Quality….Webrip 720p Format…mp4 Duration….01:40:00 Genre... Drama, Horror, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min
movie
Casshern (2004)
5.5
Yes, I Can’t Swim (2022)
Yes, I Can't Swim (2022)အရိုးစွဲလာတဲ့ အကြောက်တရားကို ကျော်လွှားဖို့ဆိုတာ လူတိုင်းအတွက် ခက်ခဲလှတဲ့အရာပါ။ အထူးသဖြင့် အတိတ်က စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြောင့်ရလာတဲ့ Thalassophobia လို ရေကြောက်တဲ့စိတ်ကို ဖျောက်ဖို့က တော်တော်လေး မလွယ်ကူလှပါဘူး။ ဒီဇာတ်ကားထဲမှာတော့ "ယုဂျိ တကနရှိ"လို့ခေါ်တဲ့ သက်လတ်ပိုင်းအရွယ် ရေမကူးတတ်တဲ့ တက္ကသိုလ်ဆရာတစ်ဦးအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ငယ်စဉ်တုန်းက ရေထဲပြုတ်ကျဖူးတဲ့ဖြစ်ရပ်ကြောင့် ရေကြောက်သွားပြီး ရေကူးမသင်ခဲ့တဲ့ ဆရာ "ယုဂျိ"ဟာ တစ်နေ့မှာတော့ မြစ်ထဲပြုတ်ကျသွားတဲ့ သားလေးကို လိုက်ကယ်ရင်း သူကိုယ်တိုင်လည်း သတိမေ့သွားခဲ့ပါတယ်။ ပြန်သတိရလာချိန်မှာတော့ သူ့သားလေးက ဆုံးပါးသွားပြီဖြစ်သလို သူလည်း ဒီအဖြစ်ပျက်ကရတဲ့ Post Traumatic Stress Disorder စိတ်ဒဏ်ရာကြောင့် ဒီအဖြစ်အပျက်ကို မှတ်ဉာဏ်ထဲမှာ လုံးဝ မမှတ်မိခဲ့ပါဘူး။ဒီကိစ္စကြောင့်ပဲ သူတို့ရဲ့ အိမ်ထောင်ရေးလည်း အဆင်မပြေဖြစ်ပြီး ကွာရှင်းလိုက်ကြပါတယ်။ ၅နှစ်ခန့်အကြာမှာတော့ အိမ်အပြန်လမ်းမှာ ရေကူးသင်တန်း ပိုစတာတစ်ခုကိုတွေ့ပြီး အသစ်အဆန်းကို စူးစမ်းချင်စိတ်ကြောင့် ...
movie
Yes, I Can’t Swim (2022)
2022
6.3
Masquerade Night (2021)
Masquerade Night (2021)~ IMDb rating - 6.3/10 ~ဂျပန်စုံထောက်ကားတွေကိုကြည့်ရတာကြိုက်တဲ့သူတွေအတွက် စလယ်ဆုံးမပျင်းရမယ့် ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူသတ်သမားရှိတယ်ဆိုတာလွဲပြီး ဘာ info မှမသိရတဲ့သူတစ်ယောက်ကို ဟိုတယ်ထဲမှာလိုက်ရှာကြရမှာမို့လို့ပါ။ဟိုတယ်လုပ်ငန်းဆောင်တာနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုရော အမှုလိုက်တဲ့နေရာမှာ ဆက်စပ်ချိတ်ဆက်မှုကိုရော အသားပေးရိုက်ထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ၂၀၁၉မှာထွက်ခဲ့တဲ့ Masquerade Hotel ရဲ့ အဆက်အဖြစ်ရိုက်ထားတာပါ။ သို့ပေမဲ့ ပထမကားကို မကြည့်ဘဲ ကြည့်လည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...နဲရိမခရိုင်မှာ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့တိုက်ခန်းထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။ သတ်ခံရစဉ်မှာ Lolita ဝတ်စုံဝတ်ထားပြီး ဓာတ်လိုက်သေစေတဲ့နည်းနဲ့သတ်ခံရတာကြောင့် ပုံမှန်မဟုတ်တဲ့အမှုတစ်ခုပါပဲ။ တိုကျို မြို့တော်ရဲတွေလည်း စုံစမ်းလို့မရဖြစ်နေတုန်း အမည်လျှို့ဝှက်ပြီးသတင်းပေးလို့ရတဲ့ hotline ကနေ စာတစ်စောင်ရောက်လာခဲ့ပါတယ်။အဲဒါကတော့ "အမျိုးသမီးကိုသတ်ခဲ့တဲ့လူသတ်သမားက ဒီဇင်ဘာ ၃၁ရက်နေ့မှာ Hotel Cortesia တိုကျို ကိုရောက်လာလိမ့်မယ်"ဆိုတာပါပဲ။ လူသတ်သမားရဲ့အသွင်အပြင်ကိုလည်းမသိ သဲလွန်စလည်းတစ်ခုမှမရှိတဲ့အမှုကို ဟိုတယ်ဝန်ထမ်းတွေရဲ့ ပူးပေါင်းမှုနဲ့အတူ လိုက်ရှာဖို့ဖြစ်လာပါတယ်။ခက်တာက ပွဲကိုတက်မယ့်သူပေါင်း ၅၀၀ရှိတဲ့အပြင် မျက်နှာဖုံးတပ်ထားတာဖြစ်လို့ ...
movie
Masquerade Night (2021)
2021
7.4
Colorful (2010)
Colorful LifeCM fan များကို အလွန်စွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ anime ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် Otaku တွေဆိုရင်တော့ ဒီကားလေးကို အကြိမ်ကြိမ်အခါခါကြည့်ဖူးကြမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘဲဘ၀ရဲ့အနှစ်သာရကိုဖော်ညွှန်းပေးထားတဲ့ဇာတ်ကားလေးမို့ ဒီလိုကာလကြီးမှာ မဖြစ်မနေကြည့်ကိုကြည့်သင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဘယ်လိုဇာတ်လမ်းလေးလဲဆိုရင်.....မာကိုတိုဟာ သာမန်အလယ်တန်းကျောင်းသားလေး ဆိုပေမဲ့ အရွယ်နဲ့မလိုက်အောင် စိတ်ဒဏ်ရာတွေကို အလူးအလဲခံစားနေရတဲ့ကောင်လေးတစ်ယောက်ပါ မိသားစုအရေးမှာဖြစ်ဖြစ် အချစ်ရေးမှာဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေးမှာဖြစ်ဖြစ် အနှုတ်လက္ခဏာပြနေတဲ့ ကောင်လေးပေါ့ဒီလိုနဲ့တစ်နေ့မှာတော့ လုံးဝယုံချင်စရာမကောင်းတဲ့အဖြစ်အပျက်ကြီးကို မျက်မြင်ကိုယ်တွေ့ကြုံရပြီးနောက်နေ့မှာ သူ့ကိုယ်သူအဆုံးစီရင်လိုက်ပါတယ်ဖြစ်ချင်တော့ သေဆုံးတော့မယ့် မာကိုတို နေရာမှာ ဆိုးရွားသောပြစ်မှုကိုကျူးလွန်ခဲ့တဲ့အတွက် ပြန်လည်မွေးဖွားခွင့်မရှိတော့တဲ့ တခြားဝိညာဥ်တစ်ခုကို အစားထိုးဖို့ ဘုရားသခင်က ဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒါပေမဲ့ စမ်းသပ်ချက်တစ်ခုတော့ရှိနေပါတယ် အဲ့ဒီစမ်းသပ်ချက်ကိုအောင်မြင်ရင် ပြန်လည်မွေးဖွားခွင့်ရမှာဖြစ်ပြီးတော့ ၆လအတွင်း မအောင်မြင်ရင်တော့ လူ့ခန္ဓာကိုယ်မှ ပြန်လည်ထွက်ခွာရမှာဖြစ်ပါတယ် တနည်းအားဖြင့်ပြောရရင် မာကိုတိုဟာ အပြီးတိုင်သေဆုံးသွားမှာဖြစ်ပါတယ်အဲ့ဒီတော့ စမ်းသပ်ချက်ဆိုတာ ဘာကိုစမ်းသပ်မှာလဲ မာကိုတိုရဲ့ ဝိညာဥ်ကရော ဘယ်ရောက်သွားမှာလဲ မာကိုတိုမသေဆုံးမှီက မြင်ခဲ့ရတဲ့အဖြစ်အပျက်ဆိုတာကရော ဘာဖြစ်မလဲ စတဲ့စတဲ့ မေးခွန်းပေါင်းများစွာကို အစားထိုးဝိညာဥ်လေးနဲ့အတူ အဖြေရှာရမှာဖြစ်ပါတယ် စိတ်ဝင်စားဖို့ကောင်းသလို ကြည်နူးဖို့လည်းကောင်းတယ် အဲ့လိုပဲ ဝမ်းနည်းဖို့လည်းကောင်းနေတယ် ဇာတ်လမ်းပြီးတာနဲ့ လောကကြီးကိုကြည့်တဲ့အမြင်က တမျိုးတဖုံပြောင်းလဲသွားမှာပါ တကယ့်ကိုအချိန်ပေးကြည့်ရတာနဲ့ ထိုက်တန်လွန်းလှတဲ့ anime ဇာတ်ကားကောင်းလေး တစ်ကားလို့ပဲပြောချင်ပါတယ်ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thet Hnin Hsu ပါ Translated by : Thet Hin HsuEncoded by : YKFile ...
movie
Colorful (2010)
2010
6.1
Ringu 0 (2000)
Ringu 0: Birthday (2000) 1998 နဲ့ 1999 တုန်းက ထွက်ရှိခဲ့တဲ့ Ring ဇာတ်ကားတွေရဲ့ ပုံပြင်လိုဖြစ်တဲ့ဒီဇာတ်လမ်းလေးကတော့ လွန်ခဲ့တဲ့နှစ် ၃၀ ကအကြောင်းကို တင်ဆက်ပေးထားပါတယ်… ငယ်ရွယ်ပြီးလှပတဲ့ ဆာဒါကိုလေးဟာ သူ့ရဲ့ ရှုပ်ထွေးပြီးပြဿနာများတဲ့ အတိတ်ကနေ လွတ်မြောက်ဖို့အတွက် ပြဇာတ်အဖွဲ့ထဲမှာ ပျော်ရွှင်မှုကို ရှာတွေ့ပြီး သရုပ်ဆောင်မင်းသမီးဖြစ်ဖို့ မျှော်လင့်လာတာပါပဲ… ‘ဒါပေမယ့်လည်း ထူးဆန်းတဲ့အမြင်အာရုံနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သဘာဝလွန်အစွမ်းတွေဟာ လူတွေသတိထားမိလာအောင်လုပ်မိရာကနေစတင်လာပါတယ်… ပြဇာတ်အဖွဲ့မှာပါတဲ့သူတွေဟာ တူညီတဲ့အိမ်မက်ကို မက်လာကြတယ် တစ်ချို့တစ်လေဆို သူ့နောက်မှာ တစ်ယာက်ယောက်ရပ်နေတာကိုမြင်တယ်ဆိုပြီး ထိတ်လန့်လာကြတယ် အားလုံးကြည့်ဖူး ကြားဖူးကြလို့ ဇာတ်လမ်းအဆုံးသတ်ကို သိထားမှာမှန်ပေမယ့် ကြောက်စရာကောင်းတဲ့ ဆာဒါကိုကို ဒီဇာတ်လမ်းလေးထဲမှာတော့ တည်ငြိမ်တဲ့ဘဝကိုရဖို့ကြိုးစားနေတဲ့ အမြဲတမ်းအေးဆေး တိတ်ဆိတ်ပြီး ရှက်တတ်တဲ့ လူတစ်ယောက်အနေနဲ့ ခံစားကြည့်ရှူရမှာဖြစ်ပါတယ် ပရိသတ်အားလုံးအတွက် မရိုးနိုင်တဲ့ ရသကိုပေးနိုင်မယ့် ဒီဇာတ်လမ်းလေးဟာ 2000 ခုနှစ်မှာ Rating 6.1 နဲ့ရပ်တည်ခဲ့ပါတယ်… ရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးတာကတော့ Htoo Htoo Ka Joe ဖြစ်ပါတယ်
movie
Ringu 0 (2000)
2000
7.2
Mirai(2018)
Mirai(2018)IMDb.....7.2,,,Rotten....92%"ကွန်" ဆိုတဲ့ ၄ နှစ်သားအရွယ်ကလေးလေးတစ်ယောက်၊ မိဘမေတ္တာတွေကို ပုံပြီးရနေတဲ့အချိိန်မျိုးမှာမှ သူ့ဘဝထဲကို "မိရိုင်" ဆိုတဲ့ညီမလေးတစ်ယောက် ဝင်ရောက်လာတဲ့အခါ အဖေနဲ့အမေဆီကရနေကြ အာရုံစိုက်မှု အလိုလိုက်မှု စတဲ့ဂရုစိုက်ခံရမှုအားလုံးကလည်း ညီမလေးဖြစ်သူ "မိရိုင်"ဆီအလိုလိုရောက်ရှိသွားပါတယ်... ၄နှစ်သားအရွယ်ကလေးတစ်ယောက်ရဲ့ မနာလိုမှု ဝမ်းနည်းကြေကွဲရမှုတွေက ညီမလေး "မိရိုင်" ဆီ ဒေါသအဖြစ်ရောက်သွားပါတော့တယ်။ဒီလိုမျိုး တစ်ယောက်တည်းအထီးကျန်နေတဲ့ "ကွန်" ဆီကို ညီမဖြစ်သူ "မိရိုင်" ကအနာဂတ်ကနေ လူငယ်အသွင်ရောက်ရှိလာတဲ့အခါ "ကွန်"တစ်ယောက်ဘယ်လိုထူးဆန်းမှုတွေရဲ့ကြုံလာရမလဲ "မိရိုင်" ကရော ဘာလို့အနာဂတ်ကနေ ရောက်လာရတာလဲ တစ်အိမ်လုံးရဲ့ဖူးဖူးမှုတ်ခံထားရတဲ့အချိန် ရုတ်တရက် လျစ်လျူရှုခြင်းခံလိုက်ရတဲ့ကလေးတစ်ယောက်ကရော အနာဂတ်မှာ ဘယ်လိုတွေဖြစ်လာမလဲ စတဲ့မေးခွန်းပေါင်းများစွာနဲ့ ဒါရိုက်တာ"Mamoru Hosoda" ရဲ့ ဇတ်ကားအသစ်ဖြစ်တဲ့ "Mirai" ဆိုတဲ့ ရုပ်ရှင်က အခုဆိုရင် Best Animation Film nomineeအဖြစ် ၉၁ ကြိမ်မြောက် Oscar ဆန်ကာတင်စာရင်းမှာလည်း ပါနေပါသေးတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumiပဲဖြစ်ပါတယ်...File ...
movie
Mirai(2018)
2018
6.4
Dororo (2007)
Dororo (2007) IMDb 6.4/10_____Rotten Tomatoes 54% ဒီကားလေးဟာဆိုရင် 1960 တုန်းကထုတ်လွှင့်ခဲ့တဲ့ Manga series လေးကို 2007 မှာပြန်ပြီး အသက်သွင်းရိုက်ကူးထားတဲ့ ဆာမူရိုင်း ကားလေးပဲဖြစ်ပါတယ်... အကျဉ်းချုံးလေးပြောရမယ်ဆိုရင်တော့ ဆယ်စုနှစ်ကြာအောင်ဖြစ်ပွားနေတဲ့ စစ်ပွဲကြီးမှာ စစ်ရှုံးလာတဲ့ စစ်သူကြီးတစ်ယောက်ဟာ တိုင်းပြည်ကို အုပ်စိုးချင်တဲ့အတွက် နတ်ဆိုးတွေနဲ့ ကြောက်မယ်ဖွယ်အပေးအယူကြီးတစ်ခုပြုလုပ်ခဲ့ပါတယ် အဲ့ဒါကတော့ သူ့မိန်းမကိုယ်ဝန်ဆောင်ထားတဲ့ သားရဲ့ ခန္ဓာကိုယ်ကို 48 ပိုင်းပိုင်းပြီး နတ်ဆိုးတွေကို ပူဇော်လိုက်တာပဲဖြစ်ပါတယ်... မမွေးခင်ထဲက ယစ်ပူဇော်ခံရတဲ့ ကလေးဟာ အသားလုံးလေးအဖြစ်မွေးဖွားလာပြီး ရေထဲမျှောခံလိုက်ရပါရော မှော်ဆေးဆရာကြီးက ဆယ်ယူမွေးစားပြီး ကိုယ်လက်အင်္ဂါအတုတွေတပ်ပေးလိုက်ပါတယ် အရွယ်ရောက်လာတော့ အဖြစ်မှန်တွေအကုန်သိပြီး ဟိရခိမာယု ဓားနဲ့ နတ်ဆိုးတွေကိုသုတ်သင်ပြီး သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်လည်ရယူပါတော့တယ် သူ့လက်ထဲမှာတပ်ထားတဲ့ ဟီရခိမာယုဓားကို လိုချင်နေတာကတော့ သူ့ကိုယ်သူယောကျ်ားလေးလိုနေထိုင်တဲ့ အလစ်သုတ်သမလေးပဲဖြစ်ပါတယ် သူတို့နှစ်ယောက်ပေါင်းပြီး နတ်ဆိုးတွေသတ်ရာမှာ ခြေထောက်ယူထားတဲ့ နတ်ဆိုးကိုသတ်ပြီးတာနဲ့ ခြေထောက်အတုကပြတ်ကျပြီး အစစ်ပြန်ထွက်လာတာတွေကတော်တော်မိုက်ပါတယ် အခွေခေတ် စာတန်းထိုးတွေမပါတုန်းကတောင် တော်တော်ကြည့်လို့မိုက်တဲ့ကားလေးမို့ မင်းသားလေးကလည်း အရမ်းချောလို့ Dororo ကားလေးကို ညွှန်းလိုက်ရပါတယ်နော်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ထားသူကတော့ Cafeo Wine ဖြစ်ပါတယ်။) File size…(1.16 GB) Quality…WEB-DL Rip 720p Format…mp4 Duration….02:19:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Cafeo ...
movie
Dororo (2007)
2007
8.1
Wolf Children (2012)
Wolf Children (2012) IMDb – 8.1/10______Rotten – 94% ဂျပန်လို Ōkami Kodomo no Ame to Yuki လို့ အမည်ရတဲ့ ဒီဇာတ်ကားဟာ 2013 Japan Academy Prize for Animation of the Year, the 2012 Mainichi Film Award for Best Animation Film, the 2013 Animation of the Year Award တွေလက်ခံရရှိခဲ့ရုံသာမက... နော်ဝေနိုင်ငံရဲ့ အဓိကဆုဖြစ်တဲ့ The Silver Mirror နဲ့ The Audience Award တို့အပြင် 2013 New York International Children's Film Festival မှာလဲ ...
movie
Wolf Children (2012)
2012