Channel Myanmar

Kue Lawrence

Unfrosted (2024) 5.6
Unfrosted (2024)  မြန်မာနိုင်ငံမှာ ပလာတာတို့အီကြာကွေးတို့လိုမသိသူမရှိတဲ့မနက်စာတွေရှိသလို အမေရိကန်မှာလည်းCereal လို့ခေါ်တဲ့နွားနို့နဲ့ ရောစားရတဲ့ မုန့်ခြောက်လေးတွေကအရမ်းနာမည်ကြီးပါတယ်။အခုခေတ်မှ နာမည်စကြီးတာမဟုတ်ဘဲ သူတို့ဆီမှာဟိုးအရင်ခေတ်တွေကတည်းကCereal ကရှိနေခဲ့တာဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့Unfrosted လို့ခေါ်တဲ့ဇာတ်ကားလေးကတော့အဲ့ဒီမနက်စာ Cereal ထုတ်တဲ့ကုမ္ပဏီကြီးနှစ်ခုပြိုင်ဆိုင်ရင်းနဲ့မှအခုခေတ်မှာအရမ်းနာမည်ကြီးတဲ့ အမေရိကန်က လူတိုင်းကြိုက်ကြတဲ့ Pop Tart ဆိုတဲ့အဆာသွပ်မုန့်တစ်ခုပေါ်ပေါက်လာပုံဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ IMDb Rating 5.6 ရရှိထားပြီးအပျင်းပြေကြည့်လို့မဆိုးတဲ့သမိုင်းကြောင်းကိုပြန်လှန်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။၁၉၆၀ ခုနှစ်အစောပိုင်း ဘက်တယ်ခရိခ်လို့ခေါ်တဲ့မြို့တစ်မြို့မှာကယ်လော့နဲ့ပို့စ်ဆိုတဲ့ စီရီရယ်ကုမ္ပဏီနှစ်ခုကအမေရိကန် မနက်စာလောကကိုကြီးစိုးထားတဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ပိုင်ရှင်တွေရဲ့ နာမည်တွေကလည်း ကယ်လော့နဲ့ပို့စ်ပဲဖြစ်ပြီး သူတို့တွေကအမြဲတမ်းတစ်ယောက်ကို တစ်ယောက်ကျော်တက်ဖို့ကြိုးစားနေကြတဲ့ သူတွေပဲဖြစ်ပါတယ်။စစချင်းမှာတော့ ကယ်လော့ကုမ္ပဏီကတခြားစီရီရယ် ကုမ္ပဏီတွေအားလုံးထက်သာနေခဲ့ပြီး ပြိုင်ဖက်ကင်းဖြစ်နေခဲ့တယ်ဆိုပေမဲ့နောက်ပိုင်းမှာ ပို့စ်ကုမ္ပဏီက အရမ်းကောင်းတဲ့ မုန့်အသစ်တစ်ခုကိုထုတ်လုပ်လိုက်တဲ့အချိန်မှာတော့ အကုန်ပြာပြာသလဲတွေဖြစ်ပြီး အမြန်ဆုံးသူတို့ကိုပြန်ကျော်တက်နိုင်မဲ့ ထုတ်ကုန်တစ်ခုကိုပြန်ထုတ်ဖို့ ကြိုးစားရင်းကနေ ဂန္တဝင် Pop Tart မုန့်ဘယ်လိုဖြစ်ပေါ်လာမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.29GB/ 958MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Biography , Comedy , History Subtitle….Myanmar ...
movie

Unfrosted (2024)

Beautiful Boy (2018) 7.3
Beautiful Boy (2018) သမီးတွေက ဖအေချစ် သားတွေက မအေချစ်လို့ပြောကြပေမယ့် တကယ်တော့ အဖေလုပ်သူတိုင်းက သားဦးလေးကိုပဲလိုချင်တာများပါတယ် ဘာကြောင့်ရယ်မသိ စစချင်းကလေးဘဝမှာ အဖေတွေက သားတွေကိုသိပ်တန်ဖိုးထား သိပ်ချစ်ပါတယ် နောက်မှသာ... အရွယ်ရောက်လာတဲ့သားနဲ့ အဖေနဲ့ မတည့်ကြတော့တာမဟုတ်လား Beautiful Boyဆိုတာကလဲ သားနဲ့ ဖအေကြားက မေတ္တာကိုပြသတဲ့ကားတစ်ကားပါ သားလုပ်သူ မူးယစ်ဆေးနွံထဲ နစ်နေချိန် အဖေကတတ်စွမ်းသလောက် ဆွဲထုတ်ပေးတဲ့ကားပါ ဇာတ်လမ်းကတော့ဒါလေးပါပဲ... ထပ်ပြီး ပြောချင်မိတာက သူတို့နိုင်ငံက သားသမီးအပေါ်ဆက်ဆံတဲ့ ဆက်ဆံရေးပါ သူတို့ရဲ့ဆုံးမမှုတွေက ပြောရရင် အာဆီယံမိဘတွေနဲ့ကွာပါတယ် ထစ်ခနဲဆို အရင်ရိုက် နောက်မှချော့ဆိုတဲ့ထုံးကို သူတို့ မသုံးပါဘူး နားလည်လွယ်အောင်ရှင်းပြတယ် လမ်းပြတယ်နောက်ဆုံး ပြောမရရင်လျစ်လျူရှုလိုက်တယ် ဒါပေမယ့်လဲ တောင်းဆိုးပလုံးဆိုးကိုသာပစ်ရိုးထုံးစံရှိမယ် သားဆိုးသမီးဆိုးကို ပစ်ရိုးမရှိဆိုတဲ့အတိုင်း ဒီကားမှာလဲ သားအတွက်ကြိုးစားပေးတဲ့ အဖေလုပ်သူ ဒေးဗစ်ရှက်ဖ်ကိုမြင်ရပါလိမ့်မယ် ဘာပဲပြောပြောပါ ကျွန်တော်ကတော့ ဒေးဗစ်ရှက်ဖ်လို ဖခင်မျိုးကို သိပ်သဘောကျပါတယ် သားနဲ့ သူငယ်ချင်းလိုပေါင်းတယ် သားကို နားလည်အောင်ပြောတယ် သားနဲ့အတူတူ weedပါလိုက်သောက်ရင်း အချိန်ပေးခဲ့ပါတယ်... ဆိုတော့ တစ်နေ့မိဘနေရာရောက်လာမယ့်သူတွေ ကြည့်သင့်တယ်လို့ ထင်ပါတယ် အရင်ရိုက်နောက်မှချော့ ဆိုတာကြီးကို ပြောင်းလဲသင့်ပြီမဟုတ်လား... ကျွန်တော်sithuကencodeပြီး ကိုWai Zinမှခံစားတင်ဆက်ပေးထားပါတယ် encoderအနေနဲ့ထပ်ဖြည့်စွက်ပြောချင်တာကဒီကားက မိဘနေရာရောက်မယ့်လူတွေဖြစ်တဲ့ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ မဖြစ်မနေမြည်းစမ်းကြည့်သင့်ပါတယ် နောင်တမရစေရပါဘူး ဘ၀တစ်ခုလုံးအတွက်အမြင်တချို့ပါပြောင်းသွားနိုင်ပါတယ် အဆင်ပြေကြပါစေဗျာ
movie

Beautiful Boy (2018)

2018