Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kristy Yang
A Man Called Hero (1999)
ကျွန်တော်တို့ အခုခေတ်လူလတ်ပိုင်းတွေ ငယ်ဘ၀က မစိမ်းခဲ့တဲ့ နာမည်ကြီး တရုတ်မင်းသားမင်းသမီးတွေကို ပြန်လည်မြင်တွေ့ခံစားရဖို့ အဟောင်းထဲက အကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဟိုးရှေးရှေး တရုတ်ပြည်ကြီးမှာ ဟွာမျိုးရိုး ရင်းဟုန်တစ်ယောက် ကြီးမြတ်တဲ့သိုင်းဆရာကြီးထံမှာ တပည့်အဖြစ်ခံယူဖို့ ဖြတ်ကျော်အောင်မြင်လာပြီး ပြန်လာတဲ့အချိန်မှာ မိဘတွေကို မျက်နှာဖြူလူမျိုးတွေ သတ်ဖြတ်တာခံလိုက်ရပါတယ်။သွေးကြွေးဆပ်ဖို့အတွက် မျက်နှာဖြူလူမျိုးတွေနဲ့ သစ္စာဖောက်လောက်ကောင်တရုတ်တွေ အောင်ပွဲခံပါတီပေးနေတဲ့ဆီကိုရောက်လာပြီး မိဘတွေကိုသတ်ဖြတ်သွားတဲ့ မျက်နှာဖြူလူမျိုးကို သတ်ဖြတ်ခဲ့ပါတယ်။ အပြစ်ပေးခံရမှာစိုးတဲ့အတွက် ချစ်သူကိုပစ်ပြီး အမေရိကကို သင်္ဘောတစ်စီးနဲ့ ခရီးကြမ်းနှင်လာခဲ့တယ်။နှစ်တွေကြာမြင့်လို့ ချစ်ရသူဆီကနေ ပေါက်ဖွားလာတဲ့ သားဖြစ်သူ အရွယ်ရောက်ချိန်မှာ ပျောက်ဆုံးသွားခဲ့တဲ့ အဖေဖြစ်သူကိုရှာဖို့ အမေရိကကို ဦးလေးဖြစ်သူနဲ့ ရှာပုံတော်ခရီးစပါတော့တယ်။ သားအဖတွေ ပြန်လည်တွေ့ဆုံနိုင်မှာလားဆိုတာကိုတော့ ဒီခေတ်ဟောင်းရုပ်ရှင်လေးထဲမှာ ရှုစားကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(3.0 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre...Drama, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae ...
movie
A Man Called Hero (1999)
6
Di Renjie and the Flying Demon Head ( 2020 )
စုံထောက်သိုင်းကားတွေကို နှစ်သက်တဲ့ သူတွေအတွက် effect လှလှလေးတွေနဲ့ သဲထိတ်ရင်ဖိုဖြစ်စေမဲ့ စုံထောက်ကြီးဒီးရန်ကျယ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ဆုတောင်းပွဲတော်လုပ်နေစဉ်အချိန်တွင်းမှာ ကောင်းကင်ပေါ်မှ ခေါင်းပျံကြီးတစ်ခု ထွက်လာကာ နန်းတွင်းတပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ချက်ချင်းပဲ တစ်မြို့လုံးမှာ မိစ္ဆာတံခါးပွင့်ပြီဆိုပြီး သတင်းပြန့်သွားပါတော့တယ်။ ဒီးရန်ကျယ်နဲ့ ဟဲ့လျန်ထူရှိုးတို့ ပူးပေါင်းပြီး အမှုလိုက်ရာမှာ အခက်အခဲအများအပြားနဲ့ တွေ့ခဲ့ရပါတယ်။ ဒီးရန်ကျယ်တို့အဖွဲ့ဟာ လျှို့ဝှက်တဲ့ ပေမင်တစ္ဆေမြို့ကိုရောက်လာပြီး ပုန်းခိုတိုက်ခိုက်ခံရသဖြင့် အသက်ပေးရမလို ဖြစ်ခဲ့ပါသေးတယ်။လော့ယန်ကို ပြန်ရောက်ပြီးနောက် ကောင်းကင်ပေါ်မှာ မိစ္ဆာနိမိတ်ဆိုးတွေ ပြနေပြီး အန္တရာယ်အပြည့် ဖြစ်နေပါတယ်။ နောက် ၅ ရက်အကြာမှာ ကျောင်း ၇ ကျောင်းပွဲတော်ကို ပြုလုပ်တော့မှာဖြစ်လို့ အမှုကို ဖြေရှင်းနိုင်ဖို့ အလျင်လိုနေပါတယ်။ဒီးရန်ကျယ်တစ်ယောက် အမှုကို အချိန်မီ ဖြေရှင်းနိုင်ဖို့ ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံတွေ့ရပြီး ဖြေရှင်းမလဲဆိုတာကို ရုပ်ရှင်လေးနဲ့အတူ သဲထိတ်ရင်ဖို ခံစားကြည့်ရှုလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar ...
movie
Di Renjie and the Flying Demon Head ( 2020 )
8.1
Comrades, Almost a Love Story (1996)
Comrades, Almost A Love Story (1996) ~ IMDb - 8.1/10, Rotten Tomatoes - 89% ~Directed By Bunny Chanအချစ်ဇာတ်လမ်းတွေဟာ သိပ်ခမ်းနားပါတယ်။ အထူးသဖြင့် ဘာမှခမ်းနားမနေတဲ့ အချစ်ဇာတ်လမ်းတွပေါ့။ Comrades ဟာ ဘာမှ မထူးဆန်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို အလှပဆုံးသီချင်းတွေ၊ အလှပဆုံးစီနီမာတိုဂရပ်ဖီတွေ သုံးပြီး အလိုက်ဖက်ဆုံး ဇာတ်ကောင်တွေနဲ့ ပုံဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။၉၀ပြည့်နှစ် အလယ်ပိုင်းတွေမှာ ပြည်မကလူတွေဟာ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ စီးပွားရေးအခွင့်အလမ်းကောင်းတဲ့ ဟောင်ကောင်ကို အိပ်မက်တွေအလီလီနဲ့ ပြောင်းလာခဲ့ကြတယ်။ အဲဒီပြောင်းလာခဲ့တဲ့ထဲ နှစ်ယောက်က လီယွန်လိုင်နဲ့ မက်ဂီချောင်တို့ရဲ့ ဇာတ်ကောင်၂ကောင်လည်းပါတယ်။ လီယွန်လိုင်ရဲ့ ဇာတ်ကောင်ကတော့ သူ့ရည်းစားကို ဟောင်ကောင်ခေါ်ပြီး လက်ထပ်ဖို့ လုံလောက်အောင် ငွေရှာချင်ရုံပါပဲ။ မက်ဂီချောင်ရဲ့ ဇာတ်ကောင်ကတော့ အိပ်မက်တွေ ဟိုးအမြင့်ကြီးနဲ့။ သူတို့ဇာတ်ကောင်၂ကောင်ဟာ အဲဒီခေတ်က ပြည်မကနေ ...
movie
Comrades, Almost a Love Story (1996)
1996
5.9
The Duel (2000)
သိုင်းပြိုင်ပွဲကိုအခြေခံထားပြီး လူသတ်တရားခံကိုအဖြေရှာဦးမယ့် ဟောင်းပြီးကောင်းတဲ့တရုတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ပါဝင်ထားတဲ့သူကိုရှိုးလိုက်ပါဦး... ဒိတ်ဒိတ်ကြဲများဖြစ်ကြတဲ့ Andy Lau ၊ Ekin Cheng ၊ Nick Cheung ၊ ရှောင်ယဲ့ကျူလို့လူသိများကြတဲ့ Zhao Wei နဲ့ ငယ်ငယ်ကသိုင်းကားတွေမှာပါနေကြ သူငယ်ချင်းဟောင်းတွေအများကြီးကိုပြန်တွေ့ရမှာမို့ အိုကြီးအိုမ ကလေးကြီးတွေအတွက် ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားပေါ့နော်။သိုင်းလောကမှာ နတ်ဓါးရှင်နဲ့ဓါးဘုရင်ဆိုပြီး နာမည်ကြီးနှစ်ယောက်ကြီးစိုးနေတဲ့အချိန်ပါ... ရုတ်တရက်ကြီး ဘယ်သူအတော်ဆုံးလဲဆိုတာအဖြေရှာဖို့ နတ်ဓါးရှင်က စိန်ခေါ်စာပို့ပါတော့တယ်။ အဲ့ဒီအချိန်ကစပြီး နာမည်ကြီးသိုင်းသမားတွေအသတ်ခံရပါလေရော။ သတ်တဲ့သူကိုအဖြေရှာဖို့ နန်းတွင်းကိုယ်ရံတော် လုံလုံကောက်အတွက်တော့ တကယ်ခေါင်းကိုက်ရတဲ့အမှုပါ။ သိုင်းပြိုင်ပွဲကလည်း နီးကပ်တဲ့အချိန်… တစ်ဖက်ကသူအချစ်ရဆုံးမိတ်ဆွေ ဓါးဘုရင်၊ နောက်တစ်ယောက်က သူလေးစားအားကျရတဲ့ နတ်ဓါးရှင်။ ယှဉ်ပြိုင်မယ့်နေရာက နန်းတော်ထဲမှာဆိုတော့ကား ....အရှုပ်အထွေးတွေကြားထဲမှာ ဟာသလေးနှောထားပြီး သိုင်းကားစစ်စစ်ကိုကြည့်ချင်တဲ့သူတွေအတွက် အဆင်ပြေမယ့်ကားကောင်းလေးတစ်ကားမို့ ဘာဆက်ဖြစ်မလဲ ကြည့်လိုက်ပါတော့နော်.... File size…(1.7 GB) / (1 Gb) / (500 Mb) Quality….Webrip 1080p / ...
movie
The Duel (2000)
6.1
The Lucky Guy (1998)
The Lucky Guy (1998)IMDB(6.1)စတီဖင်ချောင်ရယ် အဆိုတော်မင်းသားနှစ်ယောက်ရယ် မင်းသမီး Shu Qi တို့ရယ် တခြားသရုပ်ဆောင်တွေ များစွာပါဝင်ထားတဲ့Comedy Drama ဇာတ်ကားပါ။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို https://channelmyanmar.to/category/stephen-chow/ မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…ဘဝဆိုတာ ဖြတ်သန်းစဉ်က အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ ...
movie
The Lucky Guy (1998)
4.7
The Fatal Raid (2019)
ဟောင်ကောင်ကနေ မက္ကာအိုကို လက်နက်မှောင်လိုပို့တဲ့ကားတစီးနောက်ကိုလိုက်နေကြတဲ့ ရဲကားနှစ်စီး တစီးမှာက ရဲတွေ တစီးမှာက ရဲမေတွေ။သူတို့ထင်ထားတာက ခါတိုင်းလို ပုံမှန်စစ်ဆင်ရေးလေးတခု။ဟောင်ကောင်နယ်မြေကိုကျော်ပြီး မက္ကာအိုရောက်သွားပေမယ့်မဖြစ်မနေလိုက်ဖမ်းဖို့အထက်က အမိန့်ပေးလာခဲ့တယ်။ရဲတွေလိုက်ပြီး ပုံမှန်လိုဖမ်းလို့ရမယ် ထင်ထားခဲ့ကြတယ်။ဒါပေမယ့် ထင်ထားသလိုမဟုတ်ပဲ မှောင်ခိုပို့တဲ့သူတွေကအပြင်းအထန်ခုခံတဲ့အခါမှာတော့ ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်ကြပြီးအသေအပျောက်တွေ ရှိလာခဲ့တယ်။အထက်ကလည်း လျှို့ဝှက်စစ်ဆင်ရေးဖြစ်တာကြောင့် ဘယ်သူ့ကိုမှ အသိမခံခဲ့ဘူး။အဲဒီစစ်ဆင်ရေးမှာ သေဆုံးခဲ့ရသူတွေကိုလည်း အသိမှတ်မပြုခဲ့ဘူး။ဟောင်ကောင်ရဲဌာနမှာ ရဲမှူးချုပ်ဖြစ်နေပြီ ဖြစ်ပေမယ့်လွန်ခဲ့တဲ့ နှစ် ၂၀တုန်းက မက္ကာအိုမှာ ဖြစ်ခဲ့တဲ့စစ်ဆင်ရေးတခုရဲ့အရိပ်အောက်က မလွတ်မြောက်နိုင်ဖြစ်နေရတဲ့ ရဲမှူးရယ်။အဲဒီတုန်းက အတူရှင်သန်လွတ်မြောက်ခဲ့တဲ့ ရဲမေတယောက်ရယ်ကမက္ကာအိုက အဆင့်မြင့်အရာရှိတွေ့ဆုံပွဲတခုကို တက်ရောက်ဖို့ အကြောင်းဖန်လာခဲ့တယ်။သူတို့နဲ့အတူ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့က ရဲမေလေးတယောက်ရယ်ရဲဌာနက ရဲမေတယောက်ရယ်က လက်ထောက်ရဲမင်းကြီးကိုစောင့်ရှောက်ရင်း သွားရဖို့ဖြစ်လာခဲ့တယ်။မက္ကာအိုမှာ သူတို့ ဘာတွေဖြစ်မှာလဲ သူတို့ရဲ့အတိတ်ကရောဘယ်လိုတွေ ...
movie
The Fatal Raid (2019)