Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kristina Klebe
5.4
Hellboy (2019)
ဒီရုပ်ရှင်ကတော့ အရင်တုန်းက ထွက်ခဲ့တဲ့ Hellboy ၁ နဲ့ ၂ ရဲ့ အဆက်မဟုတ်ပါဘူး။အစကနေ ပြန်ရိုက်တဲ့ reboot ဖြစ်ပါတယ်။Dark Horse Comic ရဲ့ Hellboy ဇာတ်ကောင်ကို ကြည့်ဖူးတဲ့သူအတော်များပါတယ်။ဒီတစ်ခါတော့ R rated ဖြစ်တဲ့အတွက် သတ်ဖြတ်ခန်းတွေ နည်းနည်းတော့ ကြမ်းပါလိမ့်မယ်။ဇာတ်လမ်းကတော့ မြှပ်ထားတာတွေ အများကြီးပါလို့ မပြောပြတော့ပါဘူး။action, adventure, fantasy အမျိုးအစားဖြစ်ပါတယ်။စောင့်နေတဲ့လူများကြည့်လို့ရပါပြီနော်... File size… 4GB / 2 GB / 996 MB Quality… BluRay 4k / 1080p / 720p Format… mp4 Duration…. 2hrs Genre ..... Action , Adventures , Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Littleneo
movie
Hellboy (2019)
2019
4K HEVC
5.6
Chillerama (2011)
(ပြင်းထန်တဲ့စကားလုံးအသုံးအနှုန်းနဲ့ ဇာတ်ဝင်ခန်းတွေကြောင့် မိသားစုနဲ့ကြည့်ဖို့မသင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် ကြိုတင်အသိပေးပါရစေ)Chillerama ကတော့ ရုပ်ရှင်ဝါသနာတူပြီး ဟော်ရာရုပ်ရှင်အမျိုးအစားအပေါ်မှာ အကြိုက်တူတဲ့ ဒါရိုက်တာ ၄ ယောက်တွေ့ဆုံရာကနေ မွေးဖွားလာခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ရုပ်ရှင်ဒါရိုက်တာ Adam Rifkin နဲ့ Tim Sullivan တို့ စတင်ခဲ့တဲ့စိတ်ကူးတစ်ခုကို ခေတ်နဲ့အံမဝင်ခဲ့တာကြောင့် ပုံမဖော်ခဲ့ပေမယ့် Adam Green နဲ့ Joe Lynch တို့နဲ့ပါ တွေ့ဆုံပြီးချိန်မှာတော့ ၄ ယောက်ပေါင်း လောင်းကျော်ဖို့ ဖြစ်လာပါတော့တယ်။ရလဒ်အနေနဲ့ Wadzilla, Teenage Werebear, Diary of Anne Frankenstine နဲ့ Zom-B-movie ဆိုတဲ့ Short Movies ၄ ကား ရလာခဲ့ပါတယ်။ ထိုဇာတ်ကားများကို စုပေါင်းပြီး Anthology Film တစ်ခုအဖြစ် Chillerama ကို ဖန်တီးခဲ့ကြပါတယ်။ဇာတ်ကားတစ်ကားချင်းစီကလည်း ခေတ်တစ်ခေတ်ရဲ့ Horror Genre တစ်ခုချင်းစီကို လှောင်ပြောင်ထားတဲ့ ဇာတ်ကားတွေဖြစ်လို့ ပရိသတ်နဲ့ အမြင်မစိမ်းတဲ့ ဇာတ်ကားတွေထဲက ဇာတ်ကွက်များကို ဟာသအမြင်နဲ့ ...
movie
Chillerama (2011)
6.0
Halloween (2007)
ဒီတစ်ကြိမ်မှာတော့ ဟောလိုးဝင်းရုပ်ရှင်တွေကိုကြည့်ရှုရတာကြိုက်နှစ်သက်တဲ့ကြည့်ရှုသူပရိတ်သတ်ကြီးကို Hallowen horrorဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့Hallowen(1)ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေဒီဇာတ်ကားကိုမူလဟောလိုးဝင်းရုပ်ရှင်ရဲ့အစဒါရိုက်တာလည်းဖြစ်သူယခုဟောလိုးဝင်းရုပ်ရှင်ရဲ့တွဲဖက်စာရေးဆရာဖြစ်တဲ့ Jhon Carpenterကသူကြုံတွေ့ခဲ့ရတဲ့တကယ့်ဖြစ်ရပ်မှန်အပေါ်ကိုအခြေခံရေးသားထားပြီး ဒါရိုက်တာDavid Gordenကရိုက်ကူးပုံဖော်ထားတဲ့ rating 6.5/10ရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ဒီဇာတ်ကားမှာမင်းသားJames Jude Courtney နဲ့မင်းသမီးJamie LeeCurtisအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားမှာ မင်းသမီး Jamie LeeCurtisကအကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုရရှိထားပါတယ် ဒီဇာတ်လမ်းအစမှာငယ်ငယ်ကတည်းကလိင်တူစိတ်ဝင်စားသူလို့ထင်ခံနေတဲ့ရတဲ့ အဓိကဇာတ်ဆောင်Michael Myersကငါးနှစ်သားအရွယ်မှာ ဘယ်သူမှထင်မှတ်မထားတာတွေကိုလုပ်ထားတာကိုတွေ့လိုက်ပါတယ် အဲ့တာကတော့သူက အိမ်မွေးတိရစ္ဆာန်လေးတွေကိုညဉ်းပန်းနှိပ်စက်တာကိုသဘောကျနေတာဖြစ်ပါတယ် ဒီလိုနဲ့ဟောလိုးဝင်းညရောက်တဲ့အခါMichael Myersဆိုတဲ့ ငါးနှစ်သားအရွယ်ကောင်လေးတစ်ယောက်က ဘယ်သူမှထင်မှတ်ထားတာကိုလုပ်လိုက်ပါတယ် အဲ့ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာMichael Myersရဲ့ ဘဝဟာဘယ်လိုမျိုးတစ်ဆစ်ချိုးပြောင်းလဲသွားမှာလဲဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာစီးမျောကြည့်ရှုလိုက်ပါဦးတကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူပရိတ်သတ်ကြီးအတွက် အချိန်ကုန်ရကျိုးလည်းနပ်စေမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဒီဇာတ်ကားဟာ Crime,Horror&Thriller အမျိုးအစားကိုမှကြိုက်နှစ်သက်တဲ့သူတွေမလွတ်စတမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…1.77GB / 845MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 49m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw
movie
Halloween (2007)
Don’t Kill It (2016)
Don't Kill It အဲ့ဒါကိုမသတ်ပါနဲ့။ဒီဇာတ်ကားနာမည်ကအဲ့ဒါပါ။ဘာကိုမသတ်ရမှာလဲ။ဘာလို့မသတ်ရမှာလဲ။သိချင်ရင်တော့ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။ ချီကရီခရိခ်ဆိုတဲ့နယ်မြို့သေးသေးလေးမှာ လူသတ်မှုတွေအများကြီးဖြစ်ပေါ်နေခဲ့ပါတယ်။လူသတ်မှုက တစ်ယောက်ချင်းစီသတ်တာမျိုးမဟုတ်ပဲတစ်ခါတစ်ခါသေရင် သုံးလေးယောက်အစုလိုက်အပြုံလိုက်ပါပဲ။အဲ့ဒါကဘာကြောင့်ဖြစ်တယ်ဆိုတာကို ဒေသခံရဲတွေကလဲ မသိကြသလိုလူသတ်သမားကိုလဲ မဖမ်းနိုင်ကြပါဘူး။ဒီလိုနဲ့အဲ့ဒီမြို့ကိုရောက်နေတဲ့မကောင်းဆိုးဝါးမုဆိုးက ရဲစခန်းကိုသွားပြီးတော့ ဒီလူသတ်မှုတွေကမကောင်းဆိုးဝါးကြောင့် ဖြစ်တယ်ဆိုတာကိုရှင်းပြခဲ့ပါတယ်။ဒါပေမယ့်ဘယ်သူမှမယုံတဲ့အတွက် ထောင်ထဲအထည့်ခံလိုက်ရပြီးတော့ အဲ့ဒီမြို့လေးမှာငယ်ငယ်တုန်းကနေခဲ့ဖူးတဲ့ FBI ကအေးဂျင့်ပီးယာ့စ်က သူပြောတဲ့အတိုင်းဖြစ်နေတာကိုမြင်လိုက်ရမှ လာထုတ်ပေးခဲ့ပါတယ်။အဲ့ဒီလိုလူသတ်မှုတွေဖြစ်အောင်လုပ်နေတဲ့မကောင်းဆိုးဝါးက တခြားမကောင်းဆိုးဝါးတွေလိုမဟုတ်ပဲနဲ့ သူပူးကပ်ထားတဲ့ခန္ဓာကိုယ်ကို သတ်တဲ့ခန္ဓာကိုယ်ထဲကို ပြောင်းရွှေ့တတ်တဲ့မကောင်းဆိုးဝါးပါ။အဲ့ဒါကြောင့် အဲ့ဒီမကောင်းဆိုးဝါးကို မသတ်ရမှာကိုမသိပဲနဲ့ လူတွေကသတ်မိနေတော့မကောင်းဆိုးဝါးက တစ်ယောက်ပြီးတစ်ယောက်ကိုပူးကပ်နေပါတော့တယ် ။ ဒီလိုနဲ့မကောင်းဆိုးဝါးမုဆိုးနဲ့အေးဂျင့်ပီးယာ့စ်တို့ပူးပေါင်းပြီးတော့ အဲ့ဒီမကောင်းဆိုးဝါးကိုမသတ်ပဲနဲ့ဘယ်လိုနှိမ်နင်းမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.30GB / 583MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 23m Genre ….. Action , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Soe Lay
movie
Don’t Kill It (2016)
5.8
Brooklyn 45 (2023)
ဝိညာဥ်/သရဲတွေ တကယ်ရှိတယ်ဆိုတာကို သိပ်မယုံချင်ကြတဲ့ စစ်ပြန်သူငယ်ချင်းတစ်သိုက်မှ ပရလောကဟာ တကယ်ရှိ,မရှိ စမ်းသပ်ကြတဲ့အနေနဲ့ ဝိညာဉ်ခေါ်ပွဲပြုလုပ်ကြတဲ့အခါ............ ဒီဇာတ်ကားလေးဟာတော့ ပထမကမ္ဘာစစ်ကြီးပြီးသွားချိန် ၁၉၄၅ခုနှစ် vibeကိုအပြည့်အဝရရှိစေမယ့် ၁နာရီ၃၄မိနစ်ကြာ Drama\Horror movie လေးပဲဖြစ်ပါတယ်။File size…(1 GB)/(590 MB)/(270 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Dave
movie
Brooklyn 45 (2023)
5.0
Lucky (2020)
Lucky (2020) ===========ဇာတ်လမ်းနာမည် Lucky ပေမဲ့ တကယ် Lucky ဖို့ မလွယ်တဲ့ Horror ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။မေရိုင်ယာဟာ အတော်အသင့်လူသိတဲ့အိမ်ထောင်သည် စာရေးဆရာမ တစ်ယောက်ပါ။ တစ်ည မေနဲ့ သူ့ယောက်ျားဖြစ်သူတက်ဒ်တို့ အိပ်မောကျနေစဉ် မေတစ်ယောက် ဖျတ်ကနဲလန့်နိုးလာပါတယ်။ အိမ်ရဲ့ဧည့်ခန်းကနေ အပြင်ကို လှမ်းကြည့်လိုက်တဲ့အခါ ရပ်နေတဲ့လူစိမ်းတစ်ယောက်ကို ထိတ်လန့်စရာတွေ့ လိုက်ရပါတယ်။တက်ဒ်ကိုထိတ်လန့်တကြားနှိုးပြီး လူစိမ်းကိုရင်ဆိုင်ကြရာ တက်ဒ်ရော မျက်နှာဖုံးတပ် လူစိမ်းပါ ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူစိမ်းဟာ လဲကျနေရာက ရုတ်တရက် ပျောက်ဆုံးသွားပါတယ်။ မနက်ရောက်တဲ့အခါမှာ မေနဲ့တက်ဒ်စကားများပြီး တက်ဒ် ထွက်သွားခဲ့ပါတယ်။ နောက်တစ်ညမှာ ရောက်လာပြန်လာတဲ့လူစိမ်းကို မေတစ်ယောက် တည်း ရင်ဆိုင်ခဲ့ရပါတယ်။ လူစိမ်းကိုဘယ်လိုပဲဒဏ်ရာရအောင်လုပ်ပေမဲ့ ညတိုင်း လာနေဆဲ၊ ထူးဆန်းစွာပျောက်ဆုံးသွားမြဲဖြစ်နေတာကတော့ အတော်ထူးဆန်းလွန်းပါတယ်။ဒီလိုနဲ့ မေတစ်ယောက် သူ့ကိုသတ်ဖို့ညတိုင်းရောက်လာမြဲဖြစ်တဲ့လူစိမ်းကို ဘယ်လို ရင်ဆိုင်မလဲ၊ လူစိမ်းကဘယ်သူဖြစ်နေမလဲ၊ မေကိုယ်တိုင်ကြုံနေရတာတွေက အိပ်မက်လား တကယ်လား... ဆိုတာတွေကို သို့လောသို့လော ဒွိဟတွေနဲ့ ရင်တထိတ်ထိတ်ကြည့်ရမှာပါ။ ဒီကားလေးမှာ တွေးတောစရာတွေပါတဲ့ တကယ်အသည်းအေးစရာဇာတ်လမ်းမို့ Horror ချစ်သူတို့ လက်မလွတ်တမ်းကြည့်သင့်ပါကြောင်းပြောကြားချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(920 MB) / ...
movie
Lucky (2020)
2020