Channel Myanmar

Kristanna Loken

Darkness of Man (2024)
Darkness of Man (2024)  ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Action,Thriller ဇတ်ကားလေးတစ်ခုဖြစ်တဲ့ Darkness Of Man ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားထဲမှာ မင်းသားကြီးJean-Claude Van Damme က အဓိကအနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့ရက်ဆဲလ်ဟတ်ချ်ဟာစုံထောက်တစ်ယောက်ဖြစ်ပါတယ် အက်စတာဆိုတဲ့ကိုရီးယားလူမျိုးအမျိုးသမီးကတော့ ရက်ဆဲလ်ရဲ သတင်းပေးသူပါ သူမက ကိုရီးယားဒုစရိုက်လုပ်ငန်းအကြောင်းတွေကိုစုံစမ်းပြီးရက်ဆဲလ်ဆီကိုသတင်းပေးပါတယ် တစ်နေ့မှာတော့ သတို့ရဲ့စစ်ဆင်ရေးအမှားအယွင်းဖြစ်သွားပြီး အက်စတာတစ်ယောက်အသတ်ခံလိုက်ရပါတယ် အက်စတာက သူမ,မသေခင်မှာ ရက်ဆဲလ်ဆီကကတိတစ်ခုတောင်းခဲ့ပါတယ် အဲ့ကတိကတော့ သူမရဲ့ကျန်ခဲ့တဲ့သားလေးကိုအန္တရာယ်ကင်းအောင်စောင့်ရှောက်ပေးဖို့ပါ ရက်ဆဲလ်ကလည်း သူပေးခဲ့တဲ့ကတိကိုတည်နိုင်ဖို့အတွက် အက်စတာရဲ့သားဖြစ်သူဂျေဒန်ကိုကာကွယ်ပေးဖို့အလုပ်ကနေပါထွက်လိုက်ပြီး L.Aမြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်ရက်ဆဲလ်တစ်ယောက်ဂျေဒန်ကို ဂိုဏ်းစတားတွေလက်ထဲကနေကယ်တင်ပြီး အက်စတာကိုပေးခဲ့တဲ့ကတိကိုတည်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ File size…(1.7 GB)/(790 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre... Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

Darkness of Man (2024)

BloodRayne (2005)
BloodRayne (2005)  ဒီ Action/Fantasy/Horror ဇာတ်ကားထဲမှာတော့ မင်းသမီး Kristanna Loken (Terminator 3 ထဲက T-X)နဲ့ Michelle Rodriguez (Fast & Furious ထဲက Letty Ortiz) အပြင် မင်းသား Michael Madsen (Kill Bill ထဲက Budd)နဲ့ Matthew Davis (Blue Crush)တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။သွေးစုပ်ဖုတ်ကောင်တွေကို ဗန်ပိုင်းယားလို့ခေါ်ဆိုတယ်ဆိုရင် လူတစ်ပိုင်း သွေးစုပ်ဖုတ်ကောင်တစ်ပိုင်းကိုတော့ ဒန်ဖီးယားလို့ ခေါ်ဆိုပါသတဲ့။ ဒန်ဖီးယားတွေက ခံရည်နိုင်စွမ်းမြင့်မားလွန်းတာမို့ မွေးစကတည်းက သုတ်သင်ရှင်းလင်းခံခဲ့ကြရတာပါ။ သို့ပေမဲ့ ဒန်ဖီးယားမလေး ရိန်းကတော့ စွမ်းအားမြင့် သွေးစုပ်ဖုတ်ကောင်ကြီးတစ်ကောင်ရဲ့ ယုတ်မာတဲ့အကြံအစည်နဲ့ လူသားမိခင်ကနေ မွေးဖွားလာနိုင်ခဲ့ပါတယ်။ရိန်းကို အစွမ်းထက်လက်နက်အဖြစ် အသုံးချလိုတဲ့ ယုတ်မာတဲ့ဖခင်ရဲ့အကြံအစည်ကို ရိပ်မိပြီး သမီးဖြစ်သူကို အသုံးချခံမဖြစ်စေလိုတဲ့ မိခင်ရဲ့ ဉာဏ်ပညာကြီးမှုနဲ့ အစတေးခံမှုကြောင့် ရိန်းက သွေးစုတ်ဖုတ်ကောင်ကြီးလက်ကနေ ...
movie

BloodRayne (2005)

The Legend of Awesomest Maximus (2011) 4.8
The Legend of Awesomest Maximus (2011) The Legend of Awesomest Maximus (2011) ==============================(လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေနဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင် တာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်တဲ့ဇာတ်ကားအဖြစ် ကြိုတင်သတိပေးပါရစေ။)နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ခုကို ဟာသဗားရှင်းအနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေကို ပရိသတ်တွေ ကြည့်ဖူးကြမှာ သေချာပါတယ်။ဒီဇာတ်ကားဟာလည်း လောကကြီးကို ဟာသအမြင်နဲ့ ရှုမြင် တတ်တဲ့ လူတွေရဲ့စိတ်ကူးတွေကို ပေါင်းစပ်ဖန်တီးထားတဲ့ ရုပ်ရှင်တစ်ခု လို့ ဆိုရပါလိမ့်မယ်။ နာမည်ကြီးရောမခေတ် ဇာတ်ကားတွေကို ရောသမမွှေထားပြီး ကိုယ်အကြိုက်ဆုံး ဇာတ်ဝင်ခန်းတစ်ခု ပေါ်လာတိုင်း Leonardo Pointing Meme လိုမျိုးပဲ “ဒါက ဟိုကားထဲက. ဟိုကားထဲက” ဆိုပြီး ထအော် နိုင်ဖို့ The Legend of Awesomest Maximus ဆိုတဲ့ ဇာတ် ကားကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေး လိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်)File Size..........(1.9 GB) / (857 MB) / (500 MB) Quality............BLU-RAY 1080p / 720p ...
movie

The Legend of Awesomest Maximus (2011)

2011
In the Name of the King: A Dungeon Siege Tale (2007) 3.8
In the Name of the King: A Dungeon Siege Tale (2007) In the Name of the King: A Dungeon Siege Tale (2007)======================================Jason Statham ကအက်ဘ် တိုင်းပြည်မှာ ဇနီးသည်သားတစ်ယောက်နဲ့အတူလယ်လုပ်ငန်းလုပ်ပါတယ်။ တစ်နေ့သူ့ဇနီးနဲ့သား မြို့ကိုဈေးရောင်းထွက်တဲ့အချိန်မှာ သူ့လယ်ကို ခရပ်ချ်ဆိုတဲ့ သတ္တဝါဆန်းကြီးတွေ လာတိုက်ခိုက်တာခံရပြီးနောက် မြို့ကိုတက်ပြီး ဇနီးနဲ့သားကိုရှာဖို့ သူ့မွေးစားအဖေနဲ့အတူထွက်အလာမှာ မှော်ဆရာတစ်ယောက်ဖြစ်တဲ့ ဂါလီယန်က ခရပ်ချ်သတ္တဝါတွေကိုထိန်းချုပ်ခိုင်းစေပြီး သူ့သားကိုသတ် သူ့ဇနီးကိုဖမ်းခေါ်သွားတာကို သိလိုက်ရပါတယ်။ မှော်ဆရာဂါလီယန်ဟာ သူတို့ဘုရင်ရဲ့ မဟာရန်သူတော်ဖြစ်ပြီး ဘုရင့်တူနဲ့အတူ နန်းလုဖို့ပူးပေါင်းကြံစည်နေသူပါ။ ဒီလိုနန်းတွင်းဇာတ်ရှုပ်မှာ သာမန်အညတရလယ်သမားတစ်ယောက်ဖြစ်တဲ့သူဟာ အဓိကကျတဲ့နေရာက ပါဝင်ပတ်သက်နေတယ်ဆိုတာ ဘုရင့်အတိုင်ပင်ခံနတ်ဆရာက အစောကြီးကြိုမြင်ခဲ့ပြီး သူ့ဆီချဉ်းကပ်လာတဲ့အခါ..။ သူမသိခဲ့တဲ့သူ့နောက်ခံဇာတ်ကြောင်းက ဘာလဲ၊ ဘာကြောင့်သူဟာ ဒီဇာတ်လမ်းမှာအဓိကကျနေလဲ အစရှိတဲ့ မေးခွန်းတွေနဲ့အတူ မှော်ပညာတွေ သတ္တဝါဆန်းတွေနဲ့ စွန့်စားခန်းတွေကြုံဆုံရပါတော့တယ်။ In the Name of the King မှာ လယ်သမားအဖြစ် Jason Statham ကဦးဆောင်ပါဝင်ထားပါတယ် ဒီကားဟာ တစ်ချိန်က နာမည်ကျော်ဗီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ Dungeon Siege ကိုအခြေခံထားတာဖြစ်ပြီး နန်းတွင်းဇာတ်ရှုပ်တွေ မှော်ဆရာတွေ၊ သတ္တဝါဆန်းတွေ နဂါးတွေနဲ့ ...
movie

In the Name of the King: A Dungeon Siege Tale (2007)