Channel Myanmar

Kris Pope

Elegy (2008) 6.7
Elegy (2008) IMDB မှာ rating 6.7 ရရှိထားပြီး လူတွေရဲ့ကြားကဆက်ဆံရေး သံယောဇဥ် မေတ္တာတွေကိုဖြည်းဖြည်းချင်းကြည့်ရှုခံစားမြင်သာလာစေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Iron Man 3 ထဲကဟန်ဆောင်အကြမ်းဖက်သမားကြီးအနေနဲ့လူသိများပြီး Shang Chi ထဲမှာလည်း ပါဝင်ထားတဲ့မင်းသားကြီး Ben Kingsley နဲ့ Pirates of the Caribbean 4 ထဲကCaptain Black Beard ရဲ့သမီးအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသမီးချော Penelope Cruz တို့ ၂၀၀၈ခုနှစ်ကပါဝင်သရုပ်ဆောင်ထားတဲ့ကားဖြစ်ပြီးအမေရိကန် romance/drama အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။အဖော်အချွတ် ဇာတ်ဝင်ခန်းများ အနည်းငယ်ပါဝင်တဲ့အတွက်ကြောင့် မိသားစုနဲ့အတူကြည့်ဖို့အတွက်ဆို သတိချပ် စေလိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်အိမ်ထောင်ကွဲဘယ်သူနဲ့မှအတည်တကျရှိဖို့စိတ်မကူးခဲ့တဲ့တက္ကသိုလ်ကပရော်ဖက််ဆာ ဒေးဗစ်ကစ်ပစ်ရှ်(Ben Kingsley)တစ်ယောက် သူ့ထက်အသက် ၃၀ လောက်ငယ်တဲ့ခွန်ဆွယ်လာ(Penelope Cruz) ဆိုတဲ့ကျောင်းသူလေးနဲ့ချစ်ကျွမ်းဝင်မိသွားခဲ့ကြပါတယ်။ အဲ့ဒီနောက် သူတို့၂ ယောက်ကြားက သမီးရည်းစားပဋိပက္ခတွေချစ်ခြင်းမေတ္တာတွေ အရင်အိမ်ထောင်က ဒေးဗစ်နဲ့သူ့ရဲ့သားတို့ကြားကသားအဖမေတ္တာတွေ သူ့ရဲ့တစ်ဦးတည်းသော ရင်ဖွင့်ဖော်သူငယ်ချင်းတို့ရဲ့ကြားက သူငယ်ချင်းမေတ္တာတွေ အားလုံးကိုတစ်ဖြည်းဖြည်း နားလည်မြင်သာလာအောင်ကြည့်ရှုခံစားရမယ့် ရသဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။  File size…    2.3 GB ...
movie

Elegy (2008)