Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kris Marshall
The Merchant of Venice (2004)
အလယ်ခေတ် ၁၆ ရာစု ဝန်းကျင်မှာ ဥရောပဒေသတစ်လျှောက် ဖြန့်ကျက်နေထိုင်တဲ့ ဂျူးတွေက ဘာသာရေးအရ ခွဲခြားဖိနှိပ်ခြင်းကို ခံရပါတယ်။ ဖွံ့ဖြိုးလွတ်လပ်လှပါချည်ရဲ့ဆိုတဲ့ ဗင်းနစ်မြို့မှာတောင် ဂျူးဘာသာဝင်တွေက ခရစ်ယာန်ဘာသာဝင်တွေနဲ့ တန်းတူအခွင့်အရေး မရကြပါဘူး။ ဗင်းနစ်ရဲ့ 'ဂက်တို' လို့ခေါ်တဲ့ ရှေးဟောင်းဒေသတစ်ခုမှာပဲ ဂျူးလူမျိုးတွေကို စုစည်းနေထိုင်ခိုင်းပြီး ညနေ နေဝင်တာနဲ့ အဲဒီဒေသရဲ့ ဂိတ်တံခါးကို ခရစ်ယာန်တပ်တွေနဲ့ ပတ်လည်ဝိုင်း ပိတ်ချပါတယ်။နေ့ဘက်ဆိုရင် ဂက်တိုဒေသကနေ ထွက်ခွာတဲ့ ဘယ်ဂျူးမဆို ဂိတ်ရိုးကို ကျော်တာနဲ့ အနီရောင်ဦးထုပ်ကို ဝတ်ဆင်ရပါတယ်။ ခရစ်ယာန်တွေနဲ့ မရောသွားအောင်ပေါ့။ အဲဒီနည်းနဲ့ ဗင်းနစ်ရဲ့ ဥပဒေထဲမှာ ဂျူးတွေကို တရားဝင်ခွဲခြားထားတာပါ။ နောက်ပြီး ဘယ်ဂျူးမဆို စည်းစိမ်ဥစ္စာ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ ဒီတော့ ဗင်းနစ်မြို့မှာ နေတဲ့ ဂျူးဘာသာဝင်တွေက ဘာစီးပွားမှ လုပ်မရမဲ့ တူတူဆိုပြီး ရှိတဲ့ငွေကို အတိုးချေးစားကြပါတယ်။ အဲဒီငွေတိုးချေးစားတာကိုလဲ ခရစ်ယာန်ဘာသာမှာ တားမြစ်ပညတ်ထားပြန်တယ်။ဗင်းနစ်မြို့က ...
movie
The Merchant of Venice (2004)
6.5
The Four Feathers (2002)
The Four Feathers (2002)ဒီရုပ်ရှင်ကို ၁၉၈၇ မှာ Mr. India နဲ့ ၁၉၉၄ မှာ Bandit Queen အစရှိတဲ့ အိန္ဒိယရုပ်ရှင်တွေကိုရိုက်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုရခဲ့တဲ့ အိန္ဒိယဒါရိုက်တာ Shekhar Kapoor က ရိုက်ထားတယ်။ Bandit Queen အရှိန်ကြောင့်ပဲထင်ပါရဲ့... ယူကေမှာ သူဦးဆုံးရိုက်ခဲ့တဲ့ကားက Cate Blanchett နဲ့ရိုက်တဲ့ Elizabeth... နောက် အခုရုပ်ရှင် The Four Feathers ကို ဆက်ရိုက်တယ်။ နောက် Elizabeth: The Golden Age... သူရိုက်တဲ့သုံးကားလုံးက အင်္ဂလန်သမိုင်းကြောင်းနဲ့သက်ဆိုင်တဲ့ ကားတွေချည်းပဲ။ Elizabeth မှာတော့ ကောင်းခဲ့ပေမဲ့ ဒုတိယကား The Four Feathers မှာတော့ ဇာတ်ရှိန်နည်းနည်းသွက်နေတာကြောင့် ကျတော့ကျသွားတယ်။ ဒါပေမဲ့လည်း ရှေးခေတ်စစ်ပွဲတွေအကြောင်း ကြည့်ရမယ့်ရုပ်ရှင်ဆိုတော့ ကြည့်လို့ပျော်သလို ...
movie
The Four Feathers (2002)
7.0
Iris (2001)
ဒီဇာတ်ကားလေးဟာ လူငယ်ဘဝကစလို့ ဆံဖြူသွားကျိုးတဲ့အချိန်အထိ နောက်ဆုံးထွက်သက်အထိ ချစ်သွားကြတဲ့ အိုင်းရစ်နဲ့ ဂျွန်ရဲ့အချစ်အကြောင်းကို ဖွဲ့နွဲ့ရိုက်ကူးထားတာဖြစ်ပါတယ်ဒီဇာတ်ကားလေးဟာ အပြင်မှာတကယ်ရှိတဲ့ နိုဗယ်ဆုရ စာရေးဆရာမအိုင်းရစ်မာဒေါ့နဲ့ သူ့ခင်ပွန်း ဂျွန်ဘေလီရဲ့အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ဒီဇာတ်ကားဟာ ရုပ်ရှင်ဆုပေးပွဲများတွင် စုပေါင်းဆုပေါင်းများစွာရရှိထားပါတယ် သရုပ်ဆောင်တွေအနေနဲ့လည်း Kate Winslet က အိုင်းရစ်ငယ်ဘဝအဖြစ်သရုပ်ဆောင်ပြီး ဝါရင့်မင်းသမီးကြီး Judi Dench က အသက်ကြီးသွားတဲ့အိုင်းရစ်နေရာကသရုပ်ဆောင်ထားပါတယ်ဂျွန်ရဲ့နေရာမှာလည်း Jim Broadbent နဲ့ Hugh Bonneville တို့ကပါဝင်သရုပ်ဆောင်ထားပါတယ် ဒီဇာတ်ကားလေးမှာ အချိန်အကြာကြီးလက်တွဲချစ်ခဲ့ကြတဲ့ အိုင်းရစ်နဲ့ဂျွန်တို့ရဲ့ဘဝဟာ အယ်ဇိုင်းမားဆိုတဲ့ သတိမေ့ရောဂါကြောင့် မုန်တိုင်းဝင်ရောက်ခဲ့ပါတယ် အိုင်းရစ်ဟာ အဲဒီရောဂါခံစားနေရပြီး တစတစ မှတ်ဥာဏ်တွေပျောက်ဆုံးလာတဲ့အခါ ဂျွန်တစ်ယောက် ဇနီးဖြစ်သူကိုဘိုးဘွားရိပ်သာဆေးကုဌာနကိုလည်းမပို့နိုင်ဘဲ အသက်အရွယ်အိုမင်းနေတဲ့အချိန်မှ ဇနီးဖြစ်သူကို ကိုယ်တိုင်ပဲလိုက်လံပြုစုစောင့်ပေးပါတယ်သူတို့နှစ်ယောက်ရဲ့ဘဝအကြောင်းကို ငယ်ရွယ်စဥ်ဘဝကိုပြလိုက် အသက်အရွယ်ကြီးသွားတဲ့အချိန်ကိုပြလိုက်နဲ့ တစ်လှည့်စီကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားမှာ အိုင်းရစ်အပေါ်ထားတဲ့ ဂျွန်ရဲ့ချစ်ခြင်းမေတ္တာတွေကိုကြည့်ရှုခံစားနိုင်ပါတယ် File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Drama, Biography, ...
movie
Iris (2001)
5.3
Promises (2022)
Promises (2022)အချစ်ဦး....အချစ်ဆုံး....ဖူးစာဒီသုံးမျိုးလုံးကို ချစ်သောသူ တစ်ဦးတည်းနဲ့ သေတပန်သက်တဆုံး ကြုံဆုံခွင့်ရခဲ့တဲ့သူက ကောင်းကင်ပေါ်က အပ်တစ်စင်းနဲ့ မြေပေါ်က အပ်တစ်စင်းထိသလို သိပ်ကို ကံကောင်းလွန်းသူ ဖြစ်မှာပဲ...သိပ်ကို အားကျမိတာပဲ....အလက်ဇန်းဒါးဆိုတဲ့ ကိုယ်ကတော့ အချစ်ပေါသူလို့ပဲ ဆိုရမလား၊ နဖူးမှာ ဖူးစာရေးထိုးမထားဘဲ ချစ်သောသူနဲ့ ကွဲစေသတည်းလို့များ မှတ်ကျောက်တင်ထားလေသလား၊ ဒီ၃မျိုးလုံးနဲ့ ဆုံဖူးခဲ့ပြီး ဒီ၃မျိုး ကြောင့် အကြိမ်ကြိမ်ပြိုလဲခဲ့ရသူပေါ့....- လူမှန်ပေမယ့် အချိန်မတန်ခဲ့သူ... - လူရော၊အချိန်ပါ မှန်ပေမယ့် ကျူးပစ်က မျက်နှာသာမပေးခဲ့သူ... - အချိန်တန်ပေမယ့် လူမှန်မဟုတ်ခဲ့သူ... အချစ်နတ်ဘုရားက ကိုယ့်ကိုကလူကျီစယ်ရတာ သဘောတွေ့ပြီး မနောခွေ့နေပုံပါပဲ၊ လိုတာမရ၊ရတာမလိုတဲ့ဘဝကို လူမစွမ်းနတ်,မ ဆိုသလို တစ်ခါလောက် အလိုလိုက်ပေးရင် အမိုက်စော်ကားမယ့် လူဖြစ်နေလို့လား....အချိန်တန်ခဲ့ပေမယ့် ကိုယ့်ဘက်ကပျက်ကွက်လို့ တောင်းပန်ခဲ့တယ်၊ အချိန်တန်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို ဘယ်သူ့အမှားမှ မဟုတ်ဘူးလို့ မင်းက ပြန်ဆိုတယ်...လွဲရက်လေခြင်း ကံကြမ္မာရယ်၊ ဒီဘဝကို အသစ်တစ်ဖန် ပြန်စခွင့်ရရင် မင်းနဲ့ပဲ စ၊လယ်၊ဆုံး ဆုံစည်း ပါရစေလို့ ရှိကြီးခိုး ဆုတောင်းမိပါရဲ့... ခုတော့ နောက်ကျသွားခဲ့ပြီ"ငါတို့ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ" အောင်ချိမ့်အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ...
movie
Promises (2022)
2022
5.0
Father Christmas Is Back (2021)
Father Christmas Is Back (2021)=======================ခရစ်စမတ်ကာလနီးလာတာနဲ့အမျှ ခရစ်စမတ်ဇာတ်လမ်းလေးတွေအလျှိုလျှိုထွက်လာပါတယ်။ မိသားစုဇာတ်အိမ်တည်ခရစ်စမတ်ဟာသကားလေးတွေ ခရစ်စမတ်စွန့်စားခန်းကားလေးတွေထွက်လာပါတယ်။ ဒီကားလေးကလည်း မိသားစုဇာတ်အိမ်တည်ထားတဲ့ခရစ်စမတ်ဟာသကားလေးတစ်ကားပါ။ ခရစ်စမတ်နေ့ကြီးမှာ ဖခင်ဖြစ်သူရဲ့ထားခြင်းခံသွားရတဲ့Caroline Chirstmas Hopes က ခရစ်စမတ်ရဲ့အနှစ်သာရထက် ခရစ်စမတ်ပွဲကိုပြီးပြည့်စုံဖို့ကိုပဲဦးတည်နေခဲ့ပါတယ်။ဒါပေမယ့်အမြဲတမ်းအလွဲလွဲအချော်ချော်ဖြစ်ပြီး မှန်းထားသလိုဖြစ်မလာလို့ ဒီနှစ်ခရစ်စမတ်ကိုသေချာလုပ်မယ်ဆိုပြီးခြောက်လလောက်အချိန်ယူလုပ်ခဲ့ပါတယ်။ Carolineမှာ ညီမသုံးယောက်ရှိပြီး သူတို့ညီအစ်မတွေက Spitfire နဲ့ Messerschmittလို အပြိုင်ကြဲပြီးချနေကြပါ။ ဒီလိုညီအစ်မတွေနောက်တစ်ကြိမ်ပြန်ဆုံပြီးလုပ်ကြမယ့်ခရစ်စမတ်ပွဲလေးဆီ မထင်မှတ်ထားတဲ့လူတစ်ယောက်ကရောက်ချလာတဲ့အခါမှာတော့.....မိသားစုဇာတ်အိမ်တည်ခရစ်စမတ်ဟာသကားလေးပီပီ မြူးကြွတဲ့ဇာတ်အိမ်လေးနဲ့ကြည်နူးဖွယ်ကြည့်ရှုခံစားရမယ့်ကားလေးပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး . ဘာသာပြန်ပေးသူများကတော့Chit Tee, Thiha Yan Naing တို့ပဲဖြစ်ပါတယ်။)File size… (1.7GB)/ (1 GB) / (500 MB) Quality…..WEBRIP 1080p/720p/480p Format…mp4 Duration….1h 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... Chit Tee, Thiha Yan Naing Encoder ..... SWM
movie
Father Christmas Is Back (2021)
2021
Love Actually (2003)
Love Actually (2003) ================ အခုလိုခရစ္စမတ်ကာလနီးလာတဲ့အချိန်လေးမှာ ခရစ္စမတ်ပါဝင်တဲ့ဇာတ်လမ်းကိုကြည့်ရတဲ့အရသာဟာ အင်မတန်ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတာအမှန်ပါပဲ (ကိုယ့်တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှမမြင်ဖူးတဲ့ နှင်းပွင့်လေးတွေကိုစိတ်ကူးယဉ်ရတဲ့feelလေးနဲ့ပေါ့) အဲ့ဒီထဲမှာမှ ကိုယ်သဘောကျတဲ့မင်းသားမင်းသမီး သရုပ်ဆောင်တွေကိုတစ်စုတစ်ဝေးထဲမြင်တွေ့ရမယ်ဆို အတိုင်းထက်လွန်းကျေနပ်ဖို့ကောင်းပြီမဟုတ်ပါလား ဗြိတိန်ရဲ့နာမည်ကျော်သရုပ်ဆောင်ကောင်းတွေဖြစ်တဲ့ မင်းသားကြီး Liam Nesson , Alan Rickman Colin Firth,Bill Nighy ,Rowan Atkinson ချစ်စရာမင်းသမီးချောလေး Keira Nightly နဲ့ Laura Linney တို့ကိုတစ်နေရာထဲမှာ မြင်လိုက်ရတာနဲ့တင်အချိန်ပေးရကျိုးနပ်သည့်အပြင် ဖွဲ့စည်းထားတဲ့ဇာတ်လမ်းဟာဆိုရင်အပြစ်ဆိုရက်စရာမရှိ နှစ်လိုဖွယ်ကောင်းလွန်းတယ်လို့ပင်ညွှန်းရမယ့် ဇာတ်လမ်းဟောင်းလေးတစ်ခုပါ intertwined stories လို့ခေါ်တဲ့ ဇာတ်လမ်းတစ်ခုထဲမှာမတူညီတဲ့ဇာတ်လမ်းလေးတွေကို ယှက်နွယ်ပြီးပြသွားလေ့ရှိပုံစံရုပ်ရှင်ကားမျိုးတွေကို သဘောကျတတ်တဲ့သူတွေပိုပြီးအကြိုက်တွေ့မှာပါ ဝမ်းသားခြင်းကြည်နူးခြင်းဝမ်းနည်းရခြင်းတွေနဲ့ Love actually ဇာတ်ကားဟာ Drama/Comedy/ Romance စသဖြင့် ရသမျိုးစုံကိုပေးတဲ့ Family Type Friendship အသားပေးထားတာဖြစ်တဲ့အတွက် ခရစ္စမတ်ချိန်ခါအားလပ်ရက်မှာမိသားစုနဲ့အတူ အချိန်ပေးပြီးကြည့်ရန်လည်းအသင့်တော်ဆုံးပါပဲ အညွှန်းလေးအကျဉ်းချုပ်ပြောရရင်.... မူးယစ်ဆေးဖြတ်ပြီးအဆိုတော်ပြန်လုပ် ခပ်ကြောင်ကြောင်စကားလုံးတွေပြောပြီး ခရစ္စမတ်သီချင်းတစ်ပုဒ်ကိုဆိုနေတဲ့ ခေတ်ဟောင်းအဆိုတော်အဘိုးကြီးတစ်ယောက် အမေရိကားကိုရောက်မှစော်ကြည်မယ်ထင်ပြီး မိမိမွေးရပ်မြေကိုစွနိ့ခွာချင်နေတဲ့ ဗြိတန်သားငနဲလေးတစ်ယောက် အချစ်ဆုံးသူငယ်ချင်းရဲ့မင်္ဂလာပွဲကို အခမ်းအနားဆုံးဖြစ်အောင်ပြင်ဆင်ပေးပြီး ကင်မရာလေးနဲ့ရိုက်ပြီးအမှတ်တရပုံရိပ်ကို တိတ်တခိုးခံစားချက်တွေနဲ့အတူ ခိုးပြီးသိမ်းဆည်းထားတဲ့ကောင်လေးတစ်ယောက် ဝန်ထမ်းကောင်မလေးကိုအပေါ်မှာ ချစ်စိတ်ဝင်မိရာကနေ အမေရိကန်သမ္မတကိုတောင် ချေပနိုင်တဲ့စကားတွေပြောဖြစ်သွားရာကနေ ပြည်သူရဲ့အချစ်တော်အင်္ဂလန်ဝန်ကြီးချုပ်တစ်ယောက် ဖောက်ပြန်တဲ့မိန်းမကိုလက်ပူးလက်ကြပ်မိပြီး စိတ်နာနာနဲ့ ပြင်သစ်ကတော့ရွာလေးဘက်ကို ခရီးထွက်အနားယူရာမှတွေ့ဆုံခဲ့သော ပေါ်တူဂီမလေးကိုချစ်မိသွားတဲ့လူတစ်ယောက် Real sex မဟုတ်တဲ့ဟန်ပြသရုပ်ဆောင် အပြာကားရိုက်ရင်းတကယ်ချစ်မိသွားတဲ့ချစ်သူနှစ်ဦး သူဋ္ဌေးဖြစ်သူကိုစနိုက်ကြော်ရန်လိုက်ကပ်နေတဲ့ စာရေးမလေးနဲ့ သူဋ္ဌေးရဲ့မိန်းမမိသားစုအကြောင်း ရုံးတစ်ခုထဲမှာအတူတူလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်လေးကိုတစ်ဖတ်သတ်အချစ်နဲ့ ၂နှစ် ၇လနဲ့ ၃ရက်တိုင်အောင်ထိ ဖွင့်ဟပြောဖို့ရန်အခြေအနေမပေးတဲ့ ကောင်မလေးတစ်ယောက်အကြောင်း စသဖြင့် မတူညီတဲ့ဇာတ်လမ်း ၈ ခုဟာဘယ်မျိုးသော အကြောင်းအရာတွေနဲ့ ချိတ်ဆက်နေမလဲ ကြည့်နေတဲ့ပရိတ်သတ်ကိုဝမ်းသာကြည်နူးတစ်လှည့် ဝမ်းနည်းကြေကွဲစရာလေးတွေနဲ့တစ်ဖုံ ခံစားမှုတွေရမယ်ဆိုတာသေချာပါတယ် Love actually ဇာတ်ကားဟာ Nominated 27 နဲ့ Winners 10 ခုကို ရရှိထားဖြစ်ပြီး အကောင်းဆုံးဇာတ်ပို့ဆုတွေကို မင်းသားကြီး Bill Nighy နဲ့ မင်းသမီးကြီး Emma Thompson တို့ကအများဆုံးရထားကြပြီး 2017 ခုနှစ်မှာတော့ Red Nose Day Actually ဆိုတဲ့ မိနစ်ပိုင်းစာလေးနဲ့အလွမ်းပြေတင်ဆက်ပေးခဲ့ပါတယ် အကယ်၍ Sequal များဆက်ထွက်ခဲ့မယ်ဆိုရင်လည်း Alan Rickman ...
movie
Love Actually (2003)