Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kotone Furukawa
5.2
Revolver LILY (2023)
Revolver LILY (2023)ဒီဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Revolver Lily ဆိုတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။၁၉၂၄ ခုနှစ်ကို အခြေတည်ရိုက်ထားတာဖြစ်ပြီး သုံးနှစ်ကျော်အတွင်းလူပေါင်း ၅၇ ယောက်ကို သတ်ခဲ့တဲ့ Yuri ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို အဓိကရိုက်ကူးထားတာ ဖြစ်ပါတယ်။ Yuri Ozone ဟာ အသက် ၁၆ နှစ်ကတည်းက လျှို့ဝှက်ထောက်လှမ်းရေးဖြစ်ခဲ့ရာကနေ သုံးနှစ်အတွင်းမှာ လူပေါင်း ၅၀ ကျော်ကိုသတ်ပြီးတဲ့နောက် ပျောက်ကွယ်သွားခဲ့ပြီး ဆယ်နှစ်ကျော်ကြာအောင် တိုကျိုက ပြည့်တန်ဆာအိမ်ရဲ့ပိုင်ရှင်အဖြစ် နေထိုင်နေခဲ့တာဖြစ်ပါတယ်။တစ်ရက်မှာတော့ တစ်မိသားစုလုံးအသတ်ခံလိုက်ရတဲ့ Hosomi Shinta ဆိုတဲ့ကလေးက သူ့ကိုကူညီပေးဖို့တောင်းဆိုလာပါတော့တယ်။ Shinta ဟာ သူ့အဖေဖြစ်သူ Hosomi Kinya ချန်ထားခဲ့တဲ့ ပျောက်ဆုံးနေတဲ့ရန်ပုံငွေတွေရဲ့ အဓိကသော့ချက်စာရွက်စာတမ်းတွေကို ကိုင်ဆောင်ထားတာဖြစ်ပြီး စစ်တပ်ရဲ့လိုက်လံဖမ်းဆီးခြင်းကို ခံနေခဲ့ရတာပါ။ Yuri ဟာ Shinta ရဲ့တောင်းဆိုမှုကို လက်ခံပြီး Shinta ကိုကာကွယ်ပေးခဲ့ပါတော့တယ်။ အဲဒီနောက်ပိုင်း Shinta ရဲ့အဖေဖြစ်သူနဲ့ လူသတ်သမားရဲ့ပတ်သက်ဆက်နွယ်မှုတွေ၊ ဂျပန်စစ်တပ်ကဘာကြောင့်မို့ အဲဒီစာရွက်စာတမ်းတွေကို အသည်းအသန်လိုချင်နေခဲ့ရလဲဆိုတာတွေကို Yuri က ဘယ်လိုတွေစုံစမ်းဖော်ထုတ်ပြီး ...
movie
Revolver LILY (2023)
2023
7.2
Even if This Love Disappears from the World Tonight(2022)
Even if This Love Disappears from the World Tonight(2022)******************************************************** ဒီရုပ်ရှင်လေးဟာ 2016ခုနှစ်ကထွက်ရှိခဲ့တဲ့ Tomorrow I Will Date With Yesterday’s Youရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတစ်ဦးတည်းကပဲရိုက်ကူးထားပြီး ကြည်ကြည်နူးနူး ဆွေးဆွေးမြေ့မြေ့ ခံစားရမယ့်ခံစားချက်vibeလေးကလည်းအတူတူပါပဲ။ ဇာတ်လမ်းအကြောင်းအရာကတော့ Toruဟာသူငယ်ချင်းဖြစ်သူအနိုင်ကျင့်ခံရတာကနေကယ်တင်ဖို့ဆိုပြီး Hinoဆိုတဲ့အတန်းဖော်ကောင်မလေးဆီ ချစ်ကြိုက်ကြောင်းဟန်ဆောင်ဝန်ခံခဲ့ရပါတယ်။ Hinoကလည်း Toruကိုရည်းစားအဖြစ်လက်ခံခဲ့ပေမယ့်စည်းကမ်းချက်လေးသုံးချက်ကိုတော့ လိုက်နာခိုင်းပါသတဲ့။ ၃ချက်ထဲက တစ်ချက်ကတော့ တကယ်ချစ်သွားလို့မရဘူး ဆိုတာပါပဲ။ နောက်ပြီး Hinoဆိုတဲ့အမျိုးသမီးလေးဟာ ကားမတော်တဆမှုတစ်ခုကြောင့်မှတ်ဉာဏ်အသစ်တွေမမှတ်နိုင်ဘဲ အိပ်ပျော်သွားတာနဲ့ ဒီနေ့အတွက်မှတ်ဉာဏ်တွေပျောက်သွားရသူပါ။အဲ့ဒီနောက်မှာတော့...................File Size :(1.4GB) and (549MB) Quality :Blu-Ray 1080P5.1Ch,720p Format…mp4 Duration…02:01:00 Genre :Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Even if This Love Disappears from the World Tonight(2022)
7.6
Wheel of Fortune and Fantasy (2021)
Wheel of Fortune and Fantasy (2021 ) ---------------------- Directed By Ryusuke Hamaguchiအားလုံးသောချစ်ခြင်းများဟာ ချစ်ခြင်းနဲ့ ကံကြမ္မာကြားက မှတ်တိုင်ကလေးမှာ မိုးခိုကြရင်း စစ်ကိုင်းလမ်းလို ရူးသွပ်ကြရင်း "မိုးခိုသူတို့ ဘာသာသဘာဝ မိုးတိတ်ရင် ခွဲခွာ"ကြရင်း....တစ်ခါတလေတော့လည်း နဖူးစာမင်ရည်ကျဲခဲ့တဲ့ ချစ်ခြင်းတွေဟာ "လွမ်းသည်ထပ်ဆင့် ဖူးချိန်သင့်ကို မျှော်လင့်ခိုးရှာ"ရင်း ..... ကံစီမံရာကိုသာ "မျှော်ရည်ယုံကြည်တောင့်တ"ရင်း တစ်ခါတလေတော့လည်း "မိုးတွေတိတ်တာတောင် ကိုယ်ကရွာ"နေရင်း "အချိန်တွေကုန်ဆုံးလို့ အရွယ်လွန်လာ"ကြတာပါပဲ။ကဗျာဟောင်းကလေးထဲကလို " အသဲမကွဲတဲ့ အသက်ရှင်ခြင်းဟာ တရားမျှတပါ့မလား"ဆိုဆို ဒီရုပ်ရှင်ဟာ "ကံမဆုံသော အချစ်များ"အကြောင်းပေါ့။ ရှောင်လွှဲလို့မရတဲ့ချစ်ခြင်းနဲ့ သွေဖီလို့မရတဲ့ ကံကြမ္မာကြားက ဘဝတွေကို ဒါရိုက်တာ ရူဆုခဲ ဟမဂုချိ ကိုယ်တိုင်ရေးထားတဲ့ ဇာတ်လမ်းတို သုံးခုနဲ့ ပုံဖော်ပြသွားတယ်။ဟမဂုချိဟာ Cannes Film Festival 2021မှာ Drive My Car နဲ့ အကောင်းဆုံး ဇာတ်ညွှန်းဆုရထားတဲ့သူ ဖြစ်တဲ့အပြင် ...
movie
Wheel of Fortune and Fantasy (2021)
7.1
Loved Like a Flower Bouquet (2021)
I Fell in Love Like a Flower Bouquet (2021)အသက်၂၁နှစ်အရွယ် တက္ကသိုလ် ကျောင်းသားချစ်သူနှစ်ဦးကြားက ချိုချဉ်ခါးအရသာအစုံ ပေးမယ့် ဂျပန်ရိုမန့်ခပ်ငြိမ့်ငြိမ့်လေးလာပါပြီဗျာရာမာနဲမူကီနဲ့ ဟာချီရာကီနှစ်ယောက် ရထားဘူတာမှာ ဆုံတွေ့ခဲ့ရင်းက ထူးဆန်းစွာပဲ အကြိုက်ချင်း ဝါသနာချင်း အသေးစိတ်လေးကအစ တူညီနေကြတာကို သိလိုက်ရပါတယ်ထပ်တူကျတဲ့ ဝါသနာအကြိုက်လေးအကြောင်းတွေကို ဖလှယ်ရင်း ဆွေးနွေးရင်း နောက်တော့ တရက် မတွေ့ရမနေနိုင်ဖြစ်သွားပြီး ချစ်မိခဲ့ရောပေါ့အဲ့လိုနဲ့ နှစ်ယောက်သား living together နေကြရင်း ဖြတ်သန်းလာကြရတဲ့ ၄နှစ်တာ ချစ်သူမက ဆက်ဆံရေးမှာ လူမှုရေးကိစ္စပြသနာတွေနဲ့ အမြင်ကွဲလွဲမှုတွေဝင်ရောက်လာတဲ့အခါ... စိတ်တူကိုယ်တူသူတို့နှစ်ယောက်ကြား ပျော်ရွှင်မှုဆိုတာ တည်မြဲနိုင်ခဲ့သလားဆိုတာကိုလူငယ်နှစ်ယောက်ရဲ့ အချစ်ရေး စလယ်ဆုံး အမျိုးစုံကြိုးခုန် အဖြစ်အပျက်တို့ကို လက်တွေ့ဆန်ဆန် ပုံဖော်ထားတဲ့ ဒီကားလေးမှာကြည့်ရှုရမှာပါမိုးအေးအေးလေးမှာ ကွေးကွေးလေးနဲ့ အတည်ကြီး ဖီးလ်တတ်ရင် ကြည်နူးမိရင်း ငိုချင်မိသလိုဖြစ်သွားစေမှာလည်း အမှန်အကန်ပါ ။( အညွှန်းရေးသားထားသူကတော့ Hay Mann ...
movie
Loved Like a Flower Bouquet (2021)
12 Suicidal Teens (2019)
12 Suicidal Teens (2019) လောကကြီးကိုစိတ်ကုန်ပြီး ကိုယ့်ကိုယ့်ကိုယ်အဆုံးစီရင်ချင်နေတဲ့ ဆယ်ကျော်သက်အရွယ် ကလေး ၁၁ ယောက်ဟာ အွန်လိုင်းပေါ်မှာတင်ထားတဲ့ အဆုံးစီရင်သူများစုဝေးမှုကြောင့် စွန့်ပစ်ထားတဲ့ ဆေးရုံဟောင်းတစ်ခုမှာ လာရောက်ဆုံစည်းမိကြပါတယ်။ သူတို့အားလုံးဆုံကြတဲ့အချိန် သူတို့ထက်အရင် အဆုံးစီရင်ထားတဲ့ စီစဥ်သူကိုမြင်လိုက်ရလို့ အားလုံးအံ့ဩားသင့်ပြီး သူတို့ဖာသာရှေ့ဆက်ကြတော့မယ့်အချိန်မှာ နောက်ဆုံးမှတကယ်ဝင်လာတဲ့ စီစဥ်သူ "ဆာတိုရှိ" လူ ၁၂ ယောက်စုဝေးမှုမှာ ၁၃ ယောက်ဖြစ်နေပြီး စာရင်းထဲမှာမပါတဲ့ ကုတင်ပေါ်မှကိုယ်တော်ချောကို သူတို့ဟာ အမှတ်စဥ် သုည လို့အမည်ပေးပြီး သူဘယ်လိုဒီကိုရောက်လာတယ်ဆိုတာကိုရှာဖွေကြပါတယ် ဝင်လာတဲ့ လူ ၁၂ ယောက်မှာ တစ်ယောက်ချင်းစီတွေ့ခဲ့ကြတဲ့ မူမမှန်တဲ့ သဲလွန်စတွေကိုပေါင်းပြီးတော့ ဒီ သုညကိုယ်တော် ဘယ်ကရောက်လာပြီး ဘယ်သူသတ်တာလဲကို ပူးပေါင်းဖော်ထုတ်ပြီးမှ သူတို့သတ်သေမှုကိုဆက်လုပ်ကြမယ်သဘောတူကြရင်း ရှာဖွေရင်းက မထင်မှတ်တာတွေဖြစ်ခဲ့ကြတယ်... လျို့ဝှက်ချက်ကိုယ်စီရှိနေတဲ့ သူတို့ ၁၂ ယောက်ဟာ သုည စုဝေးတဲ့အခန်းထဲရောက်လာပုံကို ဘယ်လိုအဖြေရှာကြမလဲ သူတို့တွေသတ်သေမှုရောဘယ်လိုဖြစ်သွားမလဲ "ဆာတိုရှိ" ရဲ့ တကယ့်ရည်ရွယ်ချက်ကရော ဘာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဂျပန်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။File Size : (1.66GB)/(866MB) Quality : Bluray (1080p,720p) Running Time : 1h57min Format : Mp4 Genre : Mystery,Thriller Subtitle : ...
movie
12 Suicidal Teens (2019)