Channel Myanmar

Kokoy de Santos

Your Mother’s Son (2024) 5.6
Your Mother’s Son (2024) Your Mother's Son (2024) ==================မကြာခင်လာတော့မယ့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကားတစ်စီးဖြတ်မောင်းသွား၊ လှုံ့ဆော်သွားသလို၊လက်ကမ်းစာစောင်တွေပါဝေသွားပေမယ့် ဆင်းရဲပြီးတစ်နေ့စာတစ်နေ့အနိုင်နိုင်ရှာစားနေရတဲ့ ရွာသားတွေကတော့ ဘာကိုမှဂရုမစိုက်နိုင် သတိမထားမိနိုင်ပါဘူး။အဲ့ဒီရွာမှာသက်လတ်ပိုင်းအမျိုးသမီး ဆာရာနေထိုင်ပါတယ်။ ဆာရာဟာ တစ်ချိန်ကကျောင်းဆရာမတစ်ယောက်ဖြစ်ခဲ့ပြီး အခုချိန်မှာတော့ ကိုဗစ်ကပ်ဆိုက်နေတဲ့အတွက် ကျောင်းသားတွေကို အွန်လိုင်းကနေ စာသင်သလို၊တစ်ဖက်ကလည်း အွန်လိုင်းပေါ်ကပဲ မုန့်ရောင်း၊အဝတ်လျှော်တဲ့ အလုပ်တွေကိုပါ မနေမနားလုပ်ကိုင်ရုန်းကန်နေသူပါ။သူ့မှာဆယ်ကျော်သက်သားတစ်ယောက်ရှိပြီး မကြာသေးခင်ကမှ သူအလုပ်လုပ်နေတဲ့စားသောက်ဆိုင်ပိတ်ခံထားရလို့ အလုပ်ပြုတ်ထားပါတယ်။ဒါပေမယ့်လည်းအလုပ်ရှာဖို့မကြိုးစားသလို ဆာရာရဲ့အလုပ်တွေကိုလည်း ဝင်မကူပဲ အိပ်ယာထဲမှာပဲ လူးလှိမ့်နေရင်းအချိန်ကုန်တတ်ပါတယ်။ဆာရာ့ဆီမှာ မုန့်လုပ်၊အဝတ်လျှော်အကူလုပ်နေတဲ့ အေမီဆိုတဲ့ကောင်မလေးနဲ့လည်း အီစီကလီဆက်ဆံရေးရှိပါသေးတယ်။ ဒါပေမယ့်လည်း ဒါတွေဟာ အပြင်က သူတို့အပေါ်မြင်ရတဲ့ အမြင်ပဲဖြစ်ပါတယ်။ တကယ်တမ်းအိမ်တွင်းထဲမှာတော့..။တကယ်တမ်းတော့ ဆာရာနဲ့သူ့သားလို့အများကိုပေးသိထားတဲ့ အမ်မန်းတို့ဟာ လင်မယားတွေဖြစ်ပါတယ်။သားအမိအသက်အရွယ်လောက် ကွာနေတဲ့အတွက်ပတ်ဝန်းကျင်ရဲ့စူးစမ်းမှုတွေကိုရှောင်ဖို့အတွက် ဒီလိုပဲသတင်းလွှင့်ထားတာဖြစ်ပါတယ်။သူတို့ဟာ တစ်နေရာမှာအမြဲမနေပဲ လူတွေသိလာ ရင်းနှီးလာပြီဆိုရင် တစ်ခြားနေရာကိုရွှေ့ပြောင်းနေထိုင်လေ့ရှိပါတယ်။တစ်နေ့တော့ ဆာရာစာသင်နေတဲ့ကျောင်းသားတစ်ယောက်ကို သူ့အိမ်ကိုဖိတ်ခေါ်လာရာကနေ နဂိုကတည်းက တအုံနွေးနွေးဖြစ်နေတဲ့ မနာလိုမှု၊ ဖောက်ပြန်မှု၊ ရမ္မက်တွေဟာ အဆုံးစွန်အထိအကြမ်းဖက်ပေါက်ကွဲထွက်ဖို့အကြောင်းဖန်လာပါတော့တယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1GB)/(500MB) Quality_Blu-Ray ...
movie

Your Mother’s Son (2024)

Firefly (2023) 7.8
Firefly (2023) Firefly ( 2023 )Firefly က ဖိလစ်ပိုင် က ရိုက်တဲ့ကားဆိုပေမဲ့ ပုံမှန်မြင်နေကျ ဖိလစ်ပိုင်ကားတွေနဲ့ တော်တော်လေး ကွဲထွက်တယ်လို့ပြောရမယ်။ ဇာတ်အမျိုအစားကလည်း Fantasy , Drama အမျိုးအစား။ ဒီအမျိုးအစားကိုလည်း ဖိလစ်ပိုင်ကားကောင်းတွေထဲ သိပ်တော့မတွေ့ရတတ်ဘူး။ ဒီဇာတ်က ပုံပြင်တွေနဲ့ လက်တွေ့ဘဝကို ချိတ်ထားတဲ့ဇာတ်မျိုးပဲ။ ဒါမျိုးကို ကျွန်တော်တို့ ဟောလိဝုဒ်ကားတွေမှာတော့ ပမာဏတစ်ခုအထိတော့ မြင်တွေ့ခဲ့ရပြီးပြီ။ ဒီလိုကားအကုန်နီးပါးလည်း ကောင်းကြတယ်။ ဥပမာဆို Bigfishတို့ The Imaginarium of Doctor Parnassusတို့ A Monster Callsတို့လိုပေါ့။ ဒီကားက A Monster Callsနဲ့တော့ ပိုဆင်မယ်။ ဒီကားတွေရဲ့တန်းနဲ့တော့ သွားယှဉ်မရပေမဲ့ ဒီကားတွေရဲ့ အငွေ့အသက်မျိုးကို အာရှကားအငွေ့အသက်နဲ့ပါ ပေါင်းကြည့်ရတာတော့ တစ်မျိုးထူးတယ်။ နောက် သူက သူ့ဖိလစ်ပိုင် အငွေ့အသက်ကိုလည်း မဖျက်ထားဘူး။ ဘိုကားတော့မဆန်သွားဘူး။ အားနည်းချက်ကတော့ ဇာတ်လမ်းဟာ အီမိုရှင်နယ်ကိုတော့ ထိခတ်အောင်လုပ်နိုင်ပေမဲ့ သူ့ဇာတ်မှာ သူ့ဇာတ်ကောင်ရဲ့ ဆန့်ကျင်ဘက်မှာနေပြီး သူ့ဇာတ်ကောင်ကို ပိုအားကောင်းလာအောင်လုပ်ပေးနိုင်မယ့်အရာမျိုးက ထည့်တော့ထည့်ထားပေမဲ့ အားမပါလှတာမို့ မပါသလိုဖြစ်နေတော့ ဇာတ်ကောင်ရဲ့ ...
movie

Firefly (2023)

2023
Mary Cherry Chua (2023) 6.9
Mary Cherry Chua (2023) Mary Cherry Chua (သို့) သွေးရောင်လွှမ်းတဲ့ည (2023) IMDb - 6.3/10ကျွန်မတို့ဘဝမှာ သရဲခေါ်နည်းပေါင်းစုံကစားခဲ့ကြဖူးမှာပါ ဖျာလိပ်နတ် ဆေးလိပ်နတ် ဘောပင်နတ် စသဖြင့်ပေါ့ ခေါ်ရင်းနဲ့သိချင်တာတွေမေးပြီး အရယ်အမောနဲ့ဇာတ်သိမ်းသွားသူတွေရှိသလို နှင်ပုံနှင်နည်းမဟုတ်လို့ ဒုက္ခရောက်ကြသူတွေကိုလည်း ကြားဖူးကြမှာပါ ဒီဇာတ်လမ်းဟာဆိုရင် ဖိလစ်ပိုင်မှာလူသိများတဲ့ မ တရားသဖြင့်အသတ်ခံလိုက်ရတဲ့ ကျောင်းသူလေး မယ်ရီချယ်ရီချူရာဆိုတဲ့ လူပြောများတဲ့ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါကျောင်းမှာဆို စာကြိုးစားတဲ့ကလေးမလေး ရုပ်ကလည်းချော စာလေးကလည်းတော်နဲ့ လူချစ်လူခင်များတဲ့လူတစ်ယောက်.. တစ်နေ့မှာတော့ တစ်ကျောင်းလုံးကိုရှော့ခ်ရစေတဲ့သတင်းတစ်ပုဒ်တက်လာခဲ့တယ်ဒါကတော့ သူမရဲ့အလောင်းကိုကျောင်းရေကူးကန်မှာတွေ့လိုက်ရလို့ပါပဲ သွေးအလိမ်းလိမ်းနဲ့မြင်မကောင်းအောင် အသက်မရှိတော့တဲ့သူ့ကို ဘယ်သူကများအငြှိုးတကြီးသတ်လိုက်တာများလဲ ခံပြင်းလွန်းလှတဲ့သူမအတွက်တော့ သွေးတွေနဲ့ပဲ တစ်ကျောင်းလုံးကိုလှည့်ပတ်ပြီးတရားမျှတမှုတောင်းဆိုနေပါတော့တယ်ကာရန်ဆိုတဲ့ ကျောင်းသူလေးကတော့ သရဲဇာတ်လမ်းတွေ အရမ်းစိတ်ဝင်စားပြီး အပေါင်းအသင်းသိပ်မရှိတဲ့ ကောင်မလေးတစ်ယောက်ပါ ..လူငယ်သဘာဝ တားထားတာကိုမှပိုလုပ်ချင်တဲ့သူမ သူငယ်ချင်းဖြစ်သူနဲ့ မယ်ရီ့ကိုခေါ်ဖို့ မယ်ရီသေခဲ့တဲ့ရေကန်ဆီသွားပြီးခေါ်ပါတော့တယ် ဒါပေမဲ့ ဂိမ်းကစားရင်းအကြောက်လွန်ပြီး ဂိမ်းစည်းကမ်းဖောက်ဖျက်လိုက်တဲ့ သူငယ်ချင်းကြောင့် ဘာတွေဆက်ဖြစ်သွားမလဲ.. အဆိုရှိနေကြတဲ့ မယ်ရီဆိုတာရောတကယ်ရှိရဲ့လား သူမရဲ့တရားမျှတမှုကိုရှာနိုင်ပါ့မလား နောက်ဆုံး ဒီသရဲဇာတ်လမ်းက ကာရန်ကိုယ်တိုင်နဲ့ပါ ဆက်နွယ်မှုရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့...ဘယ်လိုဆက်ဖြစ်မလဲ အာရှ horror ကြိုက်တဲ့ CM ပရိသတ်ကြီးအတွက် ဖိလစ်ပိုင်စကားပြော horror ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်(အညွှန်းကိုတော့ ...
movie

Mary Cherry Chua (2023)

2023
[18+] Death By Desire (2023)
[18+] Death By Desire (2023) Death By Desire (2023)Three's a Crowd ဆိုတဲ့စကားကို ကြားဖူးကြမှာပါ။ ဘယ်လိုဆက်ဆံရေးမျိုးမဆို တတိယလူဆိုတာ မဝင်သင့်မဝင်အပ် ကြိုဆိုစရာအကြောင်းမရှိတဲ့လူမျိုးပါပဲ။ ဒါပေမဲ့လည်း မီဂယ်ဆိုတဲ့ ကောင်လေးကတော့ မီးတောက်တစ်စကို သူ့ဘဝထဲ လိုလိုလားလားခေါ်သွင်းခဲ့မိပါတယ်။ သူဟာ မကြာခင်လက်ထပ်ရတော့မယ့် သတို့သားလောင်းတစ်ယောက်... သူ့ရဲ့ဇနီးလောင်းကတော့ အောက်ပိုင်းသေနေပြီး သူ့လိင်ဆန္ဒတွေကို မဖြည့်ဆည်းပေးနိုင်တော့တဲ့သူ။ အဲဒီဇနီးကိုလည်း သူသိပ်ချစ်တယ်။ ဒါပေမဲ့ အလိုဆန္ဒရဲ့ဖြားယောင်းမှုအရ သူအပြင်မှာ အပျော်ရှာမိတယ်။ ဒါပေမဲ့လည်း သူရှာမိတဲ့ ပျော်ရွှင်စရာလို့ထင်ခဲ့တဲ့ ကောင်မလေး ဧပရယ်ဟာ နာမည်နဲ့လိုက်အောင် သူ့ဘဝကို ရက်ရက်စက်စက် ပူလောင်ခြင်းတွေပေးတော့မှာဆိုတာကြိုမသိခဲ့ပါဘူး။ဧပရယ်ရဲ့အပြစ်ကတော့ သူ့ကို သိပ်ချစ်မိခဲ့တာနဲ့အစွဲအလန်းကြီးလွန်းခဲ့တာပါ။ ကာမပိုင်နီးပါးဖြစ်နေခဲ့တဲ့လူတစ်ယောက်ကို ချစ်ခင်စွဲလန်းခဲ့ပြီး အဲဒီလူဆီက ပစ်ခွာမှုကိုခံရချိန်မှာတော့ ဧပရယ် သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ရယူပိုင်ဆိုင်လိုခြင်းတွေ အငြိုးအတေးတွေနဲ့ သေဆုံးသွားတဲ့သူဖြစ်တဲ့အလျောက် သူ့ကို အခုလိုဖြစ်သွားရအောင် စေစားခဲ့တဲ့သူတွေရဲ့ဘဝကိုလဲ အဆုံးစွန် လိုက်နှောင့်ယှက် ဒုက္ခပေးဦးမှာပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias ...
movie

[18+] Death By Desire (2023)

2023