Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Koji Yakusho
6.3
Father of the Milky Way Railroad (2023)
Father of the Milky Way Railroad (2023)~ IMDb – 6.3/10, MyDramaList – 7.9/10 ~ဒီရုပ်ရှင်အကြောင်းပြောဖို့ ဒီရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင် Koji Yakusho အကြောင်းနဲ့ အရင်စပျိုးမယ်ဆို ဒီရုပ်ရှင်အတွက်တော့ မတရားရာကျကောင်းကျနေလိမ့်မယ်။ ဒါပေမဲ့လည်း မတတ်နိုင်ပါဘူး။ ၂၀၂၃ ဟာ ခိုဂျိ ကားတော်တော်ရိုက်တဲ့ နှစ်ပါပဲ။ ရုပ်ရှင်ကားလေးကား ဇာတ်လမ်းတွဲ ၂ခုထွက်ခဲ့တယ်။ ဇာတ်လမ်းတွဲ၂ခုကတော့ The Days နဲ့ Vivant ပေါ့။ Vivant မှာ သူ အပိုင်းတိုင်းနီးပါး ပါပေမဲ့ အခန်းတော့ သိပ်များလှတယ်မဟုတ်ဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းတွေမှာ သူ့ကိုမြင်တာနဲ့ သူ့ဇာတ်ကောင်နဲ့လိုက်အောင်ပဲ ပဟေဠိဆန်ပြီး ရှိန်ချင်စရာကောင်းနေခဲ့တယ်။ သူ့ပါဖောမင့်န်လည်းကောင်းခဲ့သလို Vivant ကိုယ်တိုင်ကလည်း ဂျပန်စီးရီးပေမဲ့ ကွဲထွက်တဲ့ပုံစံနဲ့ တင်ဆက်ခဲ့တာကြောင့် တော်တော်လေးပေါက်ခဲ့တယ်။ ရုပ်ရှင်ဘက်ဆိုလည်း Família, Father ...
movie
Father of the Milky Way Railroad (2023)
2023
5.8
Silk (2007)
၁၉ ရာစုက ပြင်သစ်နိုင်ငံရဲ့ ပိုးထည်မှောင်ခိုသမားတဦးဖြစ်တဲ့Hervé Joncour အီဂျစ်နိုင်ငံကို ခရီးထွက်ပြီး နောက်ပိုင်းမှာတော့အရည်အသွေးမြင့်တဲ့ ပိုးဥများရရှိဖို့အတွက် ဂျပန်နိုင်ငံကိုသွားပြီးအရောင်းအဝယ်လုပ်ခဲ့ပါတယ်။သူ့ရဲ့ခရီးတွေက မိုင်ထောင်ပေါင်းများစွာ ဖြတ်ကျော်ပြီး ဂျပန်နိုင်ငံကိုသွားခဲ့ရတာဖြစ်ပါတယ်။သူဟာ ဂျပန်နိုင်ငံထဲရောက်ရှိနေစဉ်မှာ လျှို့ဝှက်ဆန်းကြယ်ပြီးအမည်မဖော်လိုတဲ့ ဘုရင့်ကိုယ်လုပ်တော်တယောက်ကို အစွဲအလမ်းကြီးစွဲလမ်းလာခဲ့ပါတယ်။ တဖက်မှာလည်း ပြင်သစ်နိုင်ငံထဲမှာသူ့အပေါ်နားလည်မှုအပြည့်ရှိတဲ့၊ သူချစ်တဲ့အမျိုးသမီးနဲ့လက်ထပ်ယူထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်ထဲမှာ ပိုးထည်ဖန်တီးမှုအနုပညာ၊ ချစ်ခြင်းမေတ္တာစွဲလမ်းမှုသံယောဇဉ်နဲ့ ဇာတိမြေနဲ့ ဝေးကွာတဲ့အရပ်ဆီကဆွဲဆောင်မှုတွေအကြောင်းကို ကဗျာတပုဒ်လို လှပစွာရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ File size…2.36GB / 1.21GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie
Silk (2007)
7.9
Perfect Days (2023)
Perfect Days (2023)~ IMDb - 7.9/10, RT - 93%, Meta - 73% ~ကျွန်တော့်အတွက်တော့ ၂၀၂၃ထဲ အမျှော်ခဲ့ရဆုံးကားက "PERFECT DAYS" ပဲ။ ဘာလို့ဆို Wim Wenders ရုပ်ရှင်ဖြစ်နေတာကတစ်ကြောင်း၊ Kōji Yakusho ကြောင့်တစ်ကြောင်းပေါ့။ နောက်ကျ ကိန်းမှာ ခိုဂျိက မင်းသားဆုရသွားသလို ဂျပန်ရဲ့ အော်စကာ Entry ကားဆိုတော့လည်း ပိုမျှော်ချင်စရာကောင်းသွားတယ်။ တစ်ခုရှိတာက ဒီနှစ် ထိတ်ထိတ်ကြဲ ဂျပန်ဒါရိုက်တာနှစ်ယောက်ရဲ့ နှစ်ကားလည်း ထွက်ထားသေးတယ်။ တစ်ကားက Evil Does Not Exist ပါ။ တနှစ်က အော်စကာရခဲ့တဲ့ Drive My Car ဒါရိုက်တာ ရူဆုခဲဟမဂုချိ ရိုက်တာ။ ဒါပေမဲ့ အဲဒီကားက သိသိသာသာကို ကျန်တဲ့၂ကားကို မမီနေဘူးပြောကြတော့ ထားလိုက်လို့ရတယ်။ ...
movie
Perfect Days (2023)
2023
7.5
Cure (1997)
Cure (1997)~ IMDb - 7.2/10, Rotten Tomatoes - 97% ~Directed by "Kiroshi Kurosawa"Cure ရဲ့ ဒါရိုက်တာ ခိရိုရှိ ကူရိုဆာဝါကို ဂျပန်ရုပ်ရှင်ပရိသတ်တော်တော်များများလည်း ရင်းနီးလောက်ပါတယ်။ Japanese Horror Genre အကြောင်းပြောရင် မပါမဖြစ်ကိုထည့်ရမယ့် ဂုရုကြီးဖြစ်သလို လက်ရှိ ဂျပန်စီနီမာရဲ့ ဆရာတစ်ဆူလည်းဟုတ်တယ်။ ခိရိုရှိဟာ ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာနဲ့ ဝေဖန်ရေးသမားဖြစ်သလို Tokyo University of the Arts မှာ ပရော်ဖက်ဆာလည်း လုပ်နေတယ်။ တစ်နှစ်က အော်စကာရခဲ့တဲ့ ဂျပန်ရုပ်ရှင် Drive My Car ရဲ့ ဒါရိုက်တာ ရူဆုခဲဟမဂုချိလည်း အဲဒီမှာပဲ သူ့တပည့်ဖြစ်ခဲ့သလို သူ့လွှမ်းမိုးမှုလည်း ရှိခဲ့တယ်။ ခိရိုရှိဟာ Pulse, Creepy, Tokyo Sonata, Séance, Retribution ...
movie
Cure (1997)
1997
Família (2023)
Familia (2023)ဇနီးဆုံးပြီးနောက်ပိုင်း ရိုးရာ မြေအိုးဖုတ်ပညာကိုပဲ တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ဆယ်ဂျီ ကာမီရဟာ အသက်အရွယ်တော်တော်ရနေပြီး အေးချမ်းစွာနဲ့ တောင်ပေါ်ရွာလေးမှာ နေထိုင်သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ အာဖရိကမြောက်ပိုင်းက သားဖြစ်သူက နိုင်ငံခြားသူလေးတစ်ယောက်ကို လက်ထပ်ခေါ်လာပြီး စက်ရုံအလုပ်ကိုထွက်တော့မယ့်အကြောင်း၊ အဖေဖြစ်သူလိုပဲ မြေအိုးတွေလုပ်ပြီး အသက်မွေးပြီး ဂျပန်မှာပဲ အခြေပြန်ချတော့မှာတဲ့ အကြောင်း ပြောလာပါတော့တယ်။ ဆယ်ဂျီ နေတဲ့ ရွာ မနီးမေ၀းမှာလည်း ဘရာဇီးကနေ ရွေ့ပြောင်းနေထိုင်လာသူတွေ စုနေတဲ့ အိမ်ရာ၀င်းထဲက မာကို ဆိုတဲ့လူငယ်လေးဟာလည်း ဂျပန်လူဆိုးလူမိုက်အဖဲွ့နဲ့ ရန်ပဲွဖြစ်ရာကနေ ထွက်ပြေးလွတ်မြောက်လာပါတယ်။ ခေတ္တ အိမ်ပြန်လာတဲ့ ဆယ်ဂျီရဲ့သားဖြစ်သူ ဆာတိုရု က လူမိုက်တွေရန်ကနေ ကယ်တင်ရာကနေ မာကိုတို့ မိသားစုနဲ့ ဆယ်ဂျီတို့ မိသားစု ခင်မင်သွားကြပါတယ်။ ဒီလိုနဲ့ အလုပ်ထွက်ဖို့ အယ်ဂျီးရီးယားနိုင်ငံကို ဆာတိုရုတို့ ဇနီးမောင်နံှ ခေတ္တပြန်သွားခဲ့ပါတယ်။ မာကိုတို့သူငယ်ချင်းတစ်သိုက်နဲ့ မာကိုရဲ့ ချစ်သူ ဟာလည်း နယ်ခံလူမိုက်ခေါင်းဆောင်ရဲ့ အဆက်မပြတ်ခြိမ်းခြောက်ခံလာရပြီး၊ ခေတ္တပြန်သွားတဲ့ ဆာတိုရုတို့ဟာလည်း ထင်မှတ်မထားတဲ့ကြမ္မာဆိုးကြီး ကြုံတွေ့ရပါတော့တယ်။ဆယ်ဂျီ ဆာတိုရု နဲ့ မာကို တို့ ...
movie
Família (2023)
2023
6.5
The World of Kanako (2014)
The World of Kanako (2014) ===================== IMDb Rating - 6.5/10ဂျပန်ကားတွေဟာ အေးချမ်းရင်လည်း ကမ်းကုန်အောင် အေးချမ်း တတ်သလို ရက်စက်ရင်လည်းကမ်းကုန်အောင် ရက်စက်တတ်တာ အားလုံးအသိပါပဲ။ ဒီကားကတော့ ဒုတိယအမျိုးအစားကားပါပဲ။ ဘယ်လိုရက်စက်လဲဆိုတော့ အပြအားဖြင့်တော့ တစ်ချို့သတ်ပြ ဖြတ်ပြရုံသက်သက်ကားတွေလို လူမကြည့်နိုင်လောက်အောင် အရမ်း ဆိုးဆိုးရွားရွားကြီးဖြစ်မနေပါဘူး။ ဒါပေမဲ့ ဘာလို့ ဘယ်လို ဘယ်ပုံ ဆိုတဲ့အကြောင်းရင်းတွေနဲ့ကို သေသေသပ်သပ်နဲ့ကို ရက်စက်နေတဲ့ ရုပ်ရှင်လို့တော့ ပြောရပါမယ်။ ပတ်ချန်းဝတ်ရဲ့ Oldboy ရဲ့ ရက်စက် မှုမျိုးလို့ပြောလို့ရပေမဲ့ အဲဒီလိုကြီးထပ်တူမဟုတ်နေသလို ဇာတ်ကောင် တစ်ကောင်တည်းမဟုတ်ဘဲ ပါတဲ့ဇာတ်ကောင်အများစုကိုက နည်းပေါင်း စုံနဲ့ရက်စက်နေတဲ့ ရုပ်ရှင်ပါပဲ။ ကြည့်ရတာ တော်တော်စိတ်ဝင်စားဖို့ ကောင်းသလို သူ့နည်းသူ့ဟန်နဲ့ အရသာရှိနေတဲ့ ရုပ်ရှင်လို့ပြောလို့ရပါတယ်။ဒါရိုက်တာကတော့ ကားသိပ်မရှိပေမဲ့ ရိုက်သမျှတော့ ဒီလိုကားတွေဆို တော့ သူပိုင်နိုင်တဲ့လိုင်းလို့ပဲပြောရပါမယ်။ ဂျပန်ရုပ်ရှင်ပရိသတ်ဆိုရင် ဒီကားကိုကြည့်သင့်တဲ့ အကြောင်းရင်းက နောက်ထပ်၂ခုတောင်ရှိပါတယ်။ တစ်ချက်ကတော့ Koji Yakushoဆိုတဲ့ ဂျပန်မင်းသားကြီးပါပဲ။ Under the Open Skyကားမှာ တော်တော်များများသိပြီးလောက်သလို Memoirs Of A Geisha , Tampopo , ...
movie
The World of Kanako (2014)
2014
7.4
Babel (2006)
[Unicode] Babel (2006)IMDB - 7.4 Rotten Tomatoes - 69/100ဘာသာစကားတွေဟာ လူတွေရဲ့ စိတ်အခြေအနေ ခံစားချက်တွေကို ဖော်ပြဖို့ တည်ရှိနေတာပါ။ ဒါပေမယ့် တစ်ရံတစ်ခါ အနုပညာမှာဖြစ်ဖြစ် တကယ့်ဘဝမှာဖြစ်ဖြစ် ကျယ်ပြန့်လှတဲ့ ဘာသာစကားတွေတောင် သူ့ထက်ပိုကျယ်ပြောတဲ့ ခံစားချက်တွေကို စီးကူးသယ်ဆောင်ဖော်ပြဖို့ရာ မစွမ်းသာတော့ပါဘူး။ ရုပ်ရှင်တစ်ကားကို ညွှန်းဆိုခြင်းမှာ ဇာတ်လမ်းအကြောင်းအရာထက် ရရှိတဲ့ခံစားမှုက ပိုပဓာနကျပါတယ်။တစ်ခါတလေ ဘာသာစကားက ခံစားမှုကို မသယ်ဆောင်နိုင်တဲ့အခါမှာတော့ ရုပ်ရှင်ကရတဲ့ခံစားမှုကို ဖော်ညွှန်းဖို့ မတတ်နိုင်တော့ပါဘူး။ ဆိုတော့ကာ အကြောင်းအရာသက်သက်ကိုပဲ ညွှန်းဆိုပါမယ်။ဘာဘယ်ဆိုတဲ့ နာမည်ဟာ စာသမားတွေနဲ့ မစိမ်းလှတဲ့ နာမည်ပါပဲ။ သမ္မာကျမ်းစာထဲက ရေလွှမ်းမိုးမှုပြီးတော့ နောဧနောက်ပိုင်းလူတွေဟာ မိုးကောင်းကင်ကို မှီနိုင်မယ့် မျှော်စင်ကို ဆောက်ဖို့ကြိုးစားခဲ့ကြတယ်။ အဲ့ဒီမျှော်စင်ဟာ ဘာဘယ်ပါပဲ။ နာမည်ကျော် ဖရန့်ကာဖ်ကာရဲ့ မြို့တော်ရဲ့တံဆိပ်ထဲက လူတွေဆောက်လို့မပြီးကြတဲ့ မျှော်စင်ကြီးဟာ ဘာဘယ်ပါပဲ။ အဲ့ဒီမျှော်စင်ဟာ နာမည်ကျော် ဘေဘီလုံမှာရှိတယ်။ ဒီရုပ်ရှင်ရဲ့ နာမည်ဖြစ်နေရုံကလွဲပြီး အစအဆုံးမှာ လေသံစိုးစဉ်းမျှ မကြားရတဲ့ ဒီဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးက ဘာပက်သက်သတုန်းလို့တော့ တွေးမိကြမှာပဲ။ကမ္ဘာဦးကျမ်းမှာ မြို့တစ်မြို့နဲ့ ဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးကို လူတွေ ဆောက်ကြတော့ ဘုရားသခင်က လူတွေ စည်းလုံးမှုပျက်ပြားပြီး မအောင်မြင်အောင် သူတို့လျှာကထွက်တဲ့ ဘာသာစကားတွေကို ကွဲအောင်လုပ်ပြီး နေရာအရပ်ရပ်ကိုပါ ...
movie
Babel (2006)
6.3
Retribution (2006)
Sakebi 2006ဂျပန်ရဲ့ David Cronenbergလို့တင်စားကြတဲ့ ဂျပန်horrorမှာနာမည်ကြီး ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kiyoshi Kurosawaရိုက်ကူးထားတဲ့ horror/mysteryရုပ်ရှင်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့စုံထောက်တစ်ယောက်ဖြစ်တဲ့ "ခိုးဂျိ ရခုရှော"ဟာ ကမ်းစပ်မြို့တစ်ခုမှာ တာဝန်ကျနေပြီး လူသတ်မှုတွေကို လိုက်လံစုံစမ်းနေပါတယ်။ ငလျင်လှုပ်ပြီးတဲ့တစ်နေ့မှာတော့ အပျက်အစီးပုံတွေကြားမှာ သေဆုံးနေတဲ့မိန်းမတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သူ့ကို ဆားငန်ရေထဲ နှစ်သတ်ပြီးမှ လာရောက်စွန့်ပစ်ထားပုံ ရတာမို့ ဒီအမှုကို ဆက်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ အမှုရဲ့ သဲလွန်စတွေက သူကိုယ်တိုင်ကိုပဲ တရားခံအဖြစ် ညွှန်ပြနေပြီး သူလည်းဘာမှမမှတ်မိတာမို့ အကျပ်ရိုက်နေပါတယ်။မကြာခင်မှာပဲ အသတ်ခံထားရတဲ့ ကျောင်းသား အလောင်းတစ်လောင်း ထပ်ပေါ်လာပါတယ်။ သူ့ကိုလည်း စစ်ဆေးတဲ့အခါမှာလည်း ဆားငန်ရေတွေတွေ့ရပြီး ကြိုးနဲ့ချည်ခံထားရပရပုံပေါက်တာမို့ လူသတ်သမားက ကွင်းဆက်လူသတ်သမားဖြစ်နိုင်ခြေများလာပါတယ်။ဒီအမှုတွေကို စုံစမ်းနေစဉ်မှာပဲ သူ့အနားကို ဝတ်စုံနီဝတ်ထားတဲ့ သရဲမက အမြဲရောက်လာပြီး နှောင့်ယှက်တာကို ခံနေရပါတယ်။သူ့ကို အမြဲနှောင်ယှက်နေတဲ့ သရဲမနဲ့ ဒီအမှုတွေက ဘယ်လိုဆက်စပ်ပြီး ဘာကြောင့် စုံထောက်ကိုပဲ အမြဲတမ်းနှောင့်ယှက်နေရလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ...
movie
Retribution (2006)
7.1
Under the Open Sky (2020)
Under the Open Sky(2020) ====================IMDb Rating - 7.1 ၊ Rt - 95%ဝေဖန်ရေးသမားတွေကတော့ ဒီနှစ်ဟာ ဂျပန်ရုပ်ရှင်တွေ ဦးပြန်မော့လာတဲ့ နှစ်လို့ဆိုကြပါတယ်။ ဒီနှစ်တစ်နှစ်တည်းမှာတင် ဂျပန်ကားကောင်းတွေ အများကြီးထွက်ခဲ့ပြီး ဒီနှစ်ရဲ့ရုပ်ရှင်ပွဲတော်တွေမှာ ဂျပန်ရုပ်ရှင်တွေ အခိုင်အမာနေရာယူနိုင်ခဲ့တာကြောင့်ဖြစ်ပါလိမ့်မယ်။ နှစ်စမှာတင် ခိရိုရှိ ခူရိုဆ၀ ရဲ့ Wife Of A Spyတို့၊ ရူဆုခဲ ဟမဂုချိရဲ့ Wheel of Fortune and Fantasy, Miwa Nishikawaရဲ့ Under the Open Sky တို့ဟာ ရုပ်ရှင်ပွဲတော် အသီးသီးမှာ ဆုမျိုးစုံကို ရရှိခဲ့သလို အခုနှစ်ဆုံးပိုင်းမှာလည်း Drive My Carဟာ ကိန်းလိုပွဲမှာပါ ဆုတွေရခဲ့ပါတယ်။ ခန်းရှင်းအပါအ၀င် တခြားရုပ်ရှင်ကောင်း ပေါင်းများစွာလည်း ထွက်ခဲ့ပါတယ်။ Under The Open Skyဟာ ၂၀၂၀ တိုရန်တိုရုပ်ရှင်ပွဲတော်မှာ စပြခဲ့တာမို့ ၂၀၂၀လို့ နာမည်တပ်ထားပေမဲ့ တကယ်တမ်း ...
movie
Under the Open Sky (2020)
2020
5.3
Lorelei: The Witch of the Pacific Ocean (2005)
Lorelei: The Witch of the Pacific Ocean (2005)ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေရဲ့ ရေတပ်ဟာ အတော်ကို အင်အားကြီးမားခဲ့ပါတယ်။ ပိုပြီးအထင်ကြီးဖို့ကောင်းတာက ဂျပန်တွေရဲ့ ရေငုပ်သင်္ဘောနည်းပညာနဲ့ အတွေးအခေါ်တွေပါပဲ။ ဘယ်သူက စဉ်းစားမိမှာလဲ ? ရေငုပ်သင်္ဘောတွေထဲမှာ လေယာဉ်တွေထည့်ပြီး လေကြောင်းကနေ တိုက်ခိုက်လာနိုင်မယ်လို့ပေါ့။ ဒီနေ့ခေတ်မှာတောင် ပြန်ပြီး မဖန်တီးနိုင်သေးတဲ့ I-400 အမျိုးအစား ရေငုပ်သင်္ဘောတွေကို ဂျပန်တွေဟာ အမှန်တကယ် ဖန်တီးနိုင်ခဲ့သလို အမေရိကန်ကမ်းခြေတွေအထိပါ ဗုံးကြဲတိုက်ခိုက်ပြခဲ့ပါတယ်။ ဒါပေမဲ့ အခုပြောပြနေတာတွေက ဇာတ်ကားနဲ့တော့ မသက်ဆိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်ကားထဲမှာပါတဲ့ ရေငုပ်သင်္ဘောက ဒီထက်ပိုပြီး နည်းပညာမြင့်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေငုပ်သင်္ဘောမျိုးပါ။ဒီရေငုပ်သင်္ဘောကို ဂျပန်တွေက I-500 အမျိုးအစားလို့ နာမည်ပေးထားတယ်။ ဇာတ်လမ်းထဲမှာ ပါလာမယ့် ရေငုပ်သင်္ဘောက ကိုယ်ထည်အမှတ် I-507 ပါ။ I-400 တွေဟာ ဂျပန်တွေ စစ်ရှုံးချိန်ကျမှ တပ်တော်ဝင်နိုင်ခဲ့ပြီး ...
movie
Lorelei: The Witch of the Pacific Ocean (2005)
2005
7.2
Belle: The Dragon and the Freckled Princess (2021)
Belle: The Dragon and the Freckled Princess(2021) (Ryuu to Sobakasu no Hime)IMDb Rating(7.2) / Rotten Tomatoes (93%) / Anilist (78%)Anime ရုပ်ရှင်ကားကောင်းတွေကိုမျှော်လင့်နေတဲ့သူတွေအတွက် လတ်တလောပူပူနွေးနွေးထွက်ရှိထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်စုဇု (Suzu Naito) ဆိုတာ အသက် ၁၇ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက အမေဖြစ်သူ ဆုံးပါးခဲ့တာကြောင့် ဝမ်းနည်းကြေကွဲစွာနဲ့ ရှင်သန်နေရတဲ့ ကောင်မလေးပေါ့...ကျောင်းမှာလည်း လူတောသိပ်မတိုး အရှက်အကြောက်ကလည်းကြီးသေး.... ဒါပေမဲ့ တနေ့မှာ သူ့ရဲ့သူငယ်ချင်းမတစ်ယောက်က U ဆိုတဲ့ App တစ်ခုကို မိတ်ဆက်ပေးခဲ့တယ်...U ဆိုတာ သာမန်ဆိုရှယ်မီဒီယာ App မဟုတ်ပဲ လူကိုယ်တိုင် အဲ့ဒီကမ္ဘာထဲကို ရောက်ရှိသွားသလိုခံစားစေရမယ့် အဆင့်မြင့် App တစ်ခုဖြစ်နေတယ်...ဒီ App ကို စုဇုတစ်ယောက် ...
movie
Belle: The Dragon and the Freckled Princess (2021)
7.9
Tampopo (1985)
[Unicode]Tampopo (1985) ============== IMDb Rating - 7.9/10 Rotten Tomatoes - 100% တစ်ချို့ကတော့ Tampopoကို "it has to be one of the top ten worlds greatest ever films. "လို့မှတ်ချက်ပြုကြတယ်။ တစ်ချို့ကတော့ စားစရာအကြောင်းရုပ်ရှင်တွေကိုပြောပါဆို Tampopoက ထိပ်ဆုံးကပါနေမယ် ပြောကြတယ်။ တန်ပိုပိုဟာ အစားအစာအကြောင်းဆိုတာထက် အစားအစာကိုချစ်တဲ့စိတ်အကြောင်း ရုပ်ရှင်လို့ပြောရင် ပိုမှန်တယ်။ ဂျပန်ရုပ်ရှင်ဆိုတော့ အဓိကပြတဲ့ အစားအစာကတော့ ရာမန်။ ဂျပန် အန်နမဲတွေကြည့်ပြီး ရာမန်နဲ့မစိမ်းတဲ့ ကျွန်တော်တို့ဟာ ရာမန်အစစ်ကို စားတော့စားကြည့်ချင်ကြမှာပဲ။ ဒီရုပ်ရှင်ဟာ ရာမန်ချက်ပါချက်တတ်စေလောက် ရုံတင်မကဘဲ ရာမန်ကိုဘယ်လိုစားရတယ် ရောင်းတဲ့သူက ဘယ်လိုရောင်းရတယ်။ ရာမန်ကို စားတဲ့သူရော ရောင်းတဲ့သူရောက ဘယ်လိုတန်ဖိုးထားရတယ်ဆိုတဲ့ ဓလေ့တွေအပြင်ဂျပန်တွေရဲ့ အစားအစာပေါ်တန်ဖိုးထားကြတဲ့ ဓလေ့တွေကိုပါ သေချာကျွမ်းဝင်သွားစေတယ်။ ရုပ်ရှင်စစချင်းမှာ Fourth Wall Breakingပြီး ဇာတ်ကောင်နဲ့ကျွန်တော်တို့ အတူတူကြည့်ရတဲ့ Tampopoရုပ်ရှင်ထဲမှာ စာအုပ်ထပ်ဖတ်တဲ့ အကွက်နဲ့စထားတဲ့ ...
movie
Tampopo (1985)
7.1
The Blood of Wolves ( 2018 )
ဒီကားလေးကတော့....ဂျပန်နိုင်ငံရဲ့ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားက စစ်ပွဲကိုတားစီးဖို့ကြိုးစား အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါဒီကားဟာဆိုရင် ဂျပန်နိုင်ငံရဲ့ အကယ်ဒမီဆု ငါးခုလောက်ကို သိမ်းပိုက်ထားတာပါနော်ဒီကားလေးမှာအကောင်းဆုံး ဇာတ်ကားဆုအပြင် မင်းသားနှစ်လတ်လုံးကလည်း ဆုရသွားကြတာပါယာခူဇာဂိုဏ်းတွေ ကြောက်ရတဲ့ စုံထောက် ဝံပုလွေလို့ လူသိများတဲ့ အိုဂမိဟာဆိုရင်အမှုတစ်ခုမှာ သက်သေရဖို့ဆိုရင် ဥပဒေကို မလိုက်နာဘဲ ရအောင်ယူတတ်တဲ့ စုံထောက်တစ်ယောက်ပါဟီအိုခ ဆိုတဲ့စုံထောက်ကတော့ အမြဲဥပဒေကို လိုက်နာပြီး ရာဇဝတ်သားတွေကို ဖမ်းချင်တဲ့ လူပါအဲလိုမတူညီတဲ့လူနှစ်ယောက်က ပါတနာစုံထောက်အဖြစ် အတူတူအလုပ်လုပ်ရပြီး ခုရဲဟရမြို့မှာ ဖြစ်လာမယ့် ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားကစစ်ပွဲကို တားဆီးကတြဲ့အခါ....ဘယ်လိုတွေ ဆက်ဖြစ်မယ်ဆိုတာကိုအက်ရှင်အကြမ်းစားဇာတ်ကွက်တွေနဲ့ ဆက်လက်ကြည့်ရှုရမှာပါTranslated & Review By Yamin EiEncoded By LK
movie
The Blood of Wolves ( 2018 )
7.8
Wings Over Everest
အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ ကားလေးပါ ဒီကားလေးမှာတော့ ဧဝရတ်တောင်က တောင်ပံ ကယ်ဆယ်ရေးသင်းအကြောင်းကို ရိုက်ကူးဖော်ပြထားတာပါ ဇာတ်ကြောင်းလေးကတော့ တစ်နေ့မှာ.... ဧဝရတ်တောင်တတ်သမားတွေကို ကယ်ဆယ်ပေးနေတဲ့ တောင်ပံသင်းအနေနဲ့ မထင်မှတ်ဘဲ နိုင်ငံရေးကိစ္စတွေမှာ ဝင်ပတ်သတ်မိတဲ့အခါ..... ဘ ာတွေဖြစ်လာမှာလဲ ဧဝရတ်တောင်မှာ ရေခဲပြိုမှုကြောင့် ပျောက်ဆုံးသွားတဲ့ ကောင်လေးကို ရှာဖို့ တောင်ပံသင်းထဲဝင်လာတဲ့ အဖွဲ့ဝင်သစ်ကလေးဆီမှာရော ဘာတွေ ဖြစ်လာမှာလဲ ဆိုတာကို ရင်သက်ရှုမောဖွယ် ကြည့်ရမှာပါနော် တောင်တတ်ကယ်ဆယ်ရေးသမားတွေရဲ့ စိတ်ဓာတ်နဲ့ အခက်အခဲတွေကို လည်း စိတ်လှုပ်ရှားဖွယ် ကြည့်ရဦးမှာပါနော် File Size - 1.17 gb Quality - bluray 1080p Subtitle - burmese Translator - Yamin Ei Encoder - Thit San Khant
movie
Wings Over Everest
2019
7.2
Mirai(2018)
Mirai(2018)IMDb.....7.2,,,Rotten....92%"ကွန်" ဆိုတဲ့ ၄ နှစ်သားအရွယ်ကလေးလေးတစ်ယောက်၊ မိဘမေတ္တာတွေကို ပုံပြီးရနေတဲ့အချိိန်မျိုးမှာမှ သူ့ဘဝထဲကို "မိရိုင်" ဆိုတဲ့ညီမလေးတစ်ယောက် ဝင်ရောက်လာတဲ့အခါ အဖေနဲ့အမေဆီကရနေကြ အာရုံစိုက်မှု အလိုလိုက်မှု စတဲ့ဂရုစိုက်ခံရမှုအားလုံးကလည်း ညီမလေးဖြစ်သူ "မိရိုင်"ဆီအလိုလိုရောက်ရှိသွားပါတယ်... ၄နှစ်သားအရွယ်ကလေးတစ်ယောက်ရဲ့ မနာလိုမှု ဝမ်းနည်းကြေကွဲရမှုတွေက ညီမလေး "မိရိုင်" ဆီ ဒေါသအဖြစ်ရောက်သွားပါတော့တယ်။ဒီလိုမျိုး တစ်ယောက်တည်းအထီးကျန်နေတဲ့ "ကွန်" ဆီကို ညီမဖြစ်သူ "မိရိုင်" ကအနာဂတ်ကနေ လူငယ်အသွင်ရောက်ရှိလာတဲ့အခါ "ကွန်"တစ်ယောက်ဘယ်လိုထူးဆန်းမှုတွေရဲ့ကြုံလာရမလဲ "မိရိုင်" ကရော ဘာလို့အနာဂတ်ကနေ ရောက်လာရတာလဲ တစ်အိမ်လုံးရဲ့ဖူးဖူးမှုတ်ခံထားရတဲ့အချိန် ရုတ်တရက် လျစ်လျူရှုခြင်းခံလိုက်ရတဲ့ကလေးတစ်ယောက်ကရော အနာဂတ်မှာ ဘယ်လိုတွေဖြစ်လာမလဲ စတဲ့မေးခွန်းပေါင်းများစွာနဲ့ ဒါရိုက်တာ"Mamoru Hosoda" ရဲ့ ဇတ်ကားအသစ်ဖြစ်တဲ့ "Mirai" ဆိုတဲ့ ရုပ်ရှင်က အခုဆိုရင် Best Animation Film nomineeအဖြစ် ၉၁ ကြိမ်မြောက် Oscar ဆန်ကာတင်စာရင်းမှာလည်း ပါနေပါသေးတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumiပဲဖြစ်ပါတယ်...File ...
movie
Mirai(2018)
2018
7.6
13 Assassins (2010)
13 Assassins (2010) IMDb - 7.6/10_____Rotten - 95% ၁၉၆၃ ခုနှစ်ကရိုက်ကူးခဲ့တဲ့ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်..ဂျပန်ဒါရိုက်တာတွေထဲမှာအထင်ကရအဖြစ်ဆုံး Takashi Miike ရိုက်ကူးထားပါတယ်...အာရှရဲ့အကောင်းဆုံးရုပ်ရှင်ဆုရရှိခဲ့ပြီး အကောင်းဆုံး Editor ဆု၊အကောင်းဆုံးဒါရိုက်တာဆု၊အကောင်းဆုံးဒီဇိုင်နာဆုအပြင်အခြားဆုများစွာအတွက် ဆန်ကာတင်ရွေးချယ်ခံခဲ့ရပါတယ်...IMDB 7.6 အထိရရှိခဲ့ပြီးအရမ်းအောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါ ၁၈၄၀ ကျော်လောက်က ဂျပန်ဆာမူရိုင်းခေတ်ကိုအခြေခံထားတာပဲဖြစ်ပါတယ်ထိုစဉ်က ဂျပန်နိုင်ငံရဲ့အုပ်ချုပ်မှုစနစ်ဟာအာဏာရှင်စနစ်အသွင်ရှိခဲ့ပြီး အုပ်ချုပ်သူကို'ရှိူဂန်'လို့ခေါ်ပါတယ် 'ရှိူဂန်'ရဲ့ညီတော်ဖြစ်သူနာရိဆူဂူဟာမောက်မာရိုင်းစိုင်းပြီး သနားညှာတာမှုကင်းမဲ့သူပါပြည်သူတွေအပေါ်နှိပ်စက်ညှင်းပန်းမှုတွေကြောင့် ပုန်ကန်ထကြွမှုတွေဖြစ်ခဲ့ပါတယ်နာရိဆူဂူဟာပုန်ကန်သူတွေကိုလည်းရက်စက်စွာသတ်ဖြတ်ခဲ့တယ် ဆာမူရိုင်းတွေရဲ့အကြီးအကဲဖြစ်သူ ဆရာဒွိုင်ဟာ နာရိဆူဂူရဲ့ဆိုးယုတ်မှုတွေကို ဖြိုခွင်းဖို့အတွက်ရှီမာဒါရှင်ဇဲမွန်ဆိုသူကိုစေခိုင်းခဲ့ပါတယ် ရှီမာဒါရှင်ဇဲမွန်ဟာ ဂျပန်တစ်နိုင်ငံလုံးမှာရှိတဲ့အတော်ဆုံးဆာမူရိုင်းတွေကိုစုစည်းပြီး နာရိဆူဂူကိုတိုက်ခိုက်ဖို့အစီအစဉ်တွေဆွဲခဲ့ပါတယ် ရှီမာဒါရှင်ဇဲမွန်နဲ့သူ့တပ်ဖွဲ့တွေနာရိဆူဂူကိုတိုက်ခိုက်ဖို့ဘယ်လိုကြိုးပမ်းကြမလဲ သူတို့ရဲ့အစီအစဉ်တွေကရော အောင်မြင်နိုင်ပါ့မလားဆိုတာကို ဆက်လက်ရှူ့စားကြပါစို့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်... File Size : (800 MB) Quality : Blu-Ray 720p Format…mp4 Duration…02:21:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lyric Lynn Khant Encoded by ...
movie
13 Assassins (2010)
2010
7.4
Memoirs of a Geisha (2005)
Memoirs of a Geisha (2005)_____IMDb - 7.4/10Won 3 Oscars. Another 29 wins & 47 nominationsဂေးရှားတွေ အကြောင်းကို အရမ်းစိတ်ဝင်စားခဲ့မိတယ် အကိုတစ်ယောက်က Memoirs Of a Geisha ကို ကြည့်ပါလို့ လမ်းညွှန်ခဲ့တယ် ဂျပန်တွေရဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းထားတဲ့ ဂေးရှားအလှမယ်ဆိုတာ တွေ့ကရာ မိန်းမတိုင်း အမည်တပ်ခွင့်မရှိဘူး ထိုက်တန်မှ ရတယ် သေလောက်အောင် လေ့ကျင့်ထား နာကျင်ထားမှ ရနိုင်မယ့် နာမည်တစ်ခု ဒီရုပ်ရှင်ကို ကြည့်ပြီး ဂေးရှားအလှမယ် ဆိုတာ ပြည့်တန်ဆာ သာသာ မဟုတ်ဘူးဆိုတာ နားလည်သွားတယ် ပျော်တော်ဆက်မယ် သက်သက်လဲ မဟုတ်ပြန်ဘူး သူတို့မှာ တန်ဖိုးတစ်ခုဆိုတာ ရှိတယ် အဲ့ဒီတန်ဖိုးကိုလဲ အခကြေးငွေ အမြင့်ဆုံးနဲ့ ပြန်ရောင်းကြတယ် အပျိုစင် ဘဝ ပေါ့... ကြေး အမြင့်ဆုံးရတဲ့ ဂေးရှား ဟာ ဂုဏ်သိက္ခာ အရှိဆုံး လို့ မှတ်ယူခဲ့ကြတယ်.... ဒီရုပ်ရှင် အစမှာတော့ ချီယို နဲ့ ဆပ်စု ဆိုတဲ့ တံငါရွာက ညီအမ နှစ်ယောက်ဟာ ဂေးရှားအလှမယ်တွေကို သင်ကြားပျိုးထောင်ပေးနေတဲ့ နေရာတစ်ခုမှာ ရောင်းစားခံလိုက်ရတယ်... တိတိ ကျကျ ပြောရရင် ...
movie
Memoirs of a Geisha (2005)
2005