Channel Myanmar

Koichi Sato

Kamui (2009) 5.6
Kamui (2009) Kamui Gaiden( 2009 ) ဟာ Action/Adventure အမျိုးအစား ဂျပန်ဇာတ်ကားဖြစ်ပါတယ်။IMDb 5.6 ရရှိထားပြီးတော့ နှစ်နာရီခန့်ကြာမြင့်တဲ့ နင်ဂျာ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ကမုအိ ဆိုတဲ့နင်ဂျာကောင်လေးဟာ နင်ဂျာဘဝကနေထွက်ပြေးပြီးဘယ်လိုအခက်ခဲတွေရင်ဆိုင်ရမလဲ၊ ပင်လယ်ကမ်းခြေဘေးမှာ နေတဲ့တံငါသည်တစ်ယောက်နဲ့တွေ့ပြီး ဘယ်လိုတွေဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားမယ် ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။အတိုက်အခိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့လက်မလွှတ်သင့်တဲ့ နင်ဂျာ ဇာတ်ကားလေးဖြစ်လို့Channelmyanmar ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။  File size…    2.7 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre ..... Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by KK
movie

Kamui (2009)

Masked Hearts (2023) 6.2
Masked Hearts (2023) Masked Hearts ( 2023 ) ==================== ဒီဂျပန်ကားက ကြည့်ရတာတော့ အရမ်းသွက်ချင်မှသွက်မှာပေမဲ့ ကြည့်ရင်းနဲ့ ဇာတ်ရည်လာတဲ့အချိန် အရသာတော်တော်လေးပေါ်လာမယ့် ရုပ်ရှင်မျိုးပါပဲ။ ဇာတ်လမ်းကတော့ ဒါရိုက်တာပေါက်စမလေးတစ်ယောက်ရဲ့ ရုပ်ရှင်လောကက အခက်အခဲတွေနဲ့ စထားတယ်။ သူ့ရဲ့ရုပ်ရှင်အပေါ် ရှုမြင်ပုံတွေ ဘာတွေနဲ့ စတယ်။ ဒါက စီးပွားရေးသမားတွေအတွက် အံမကိုက်တာလား သူ့ကိုအသုံးချလိုက်တာလားတော့မသိပေမဲ့ သူစဉ်းစားထားတဲ့ဇာတ်ကို သူရိုက်ခွင့်မရလိုက်ရဘူး။ ဒီလိုနဲ့ သူက အိပ်မက်တွေကို လက်လျှော့ထားတဲ့လူတစ်ယောက်နဲ့တွေ့တယ်။ သူတို့နှစ်ယောက်အတူတူ ဒါရိုက်တာမရဲ့ဇာတ်လမ်းအတိုင်းပဲ ကိုယ်ထူကိုယ်ထရိုက်ဖို့လုပ်ကြတယ်။ ဒီလိုလုပ်ရင်း သူ့ဇာတ်လမ်းကို သူ့ဘာသာတောင် နားမလည်ခဲ့တဲ့အချက်တွေကို ဒါရိုက်တာမလေးက နားလည်လာတယ်။ သူ့အပြစ်တင်ချင်ခဲ့သမျှတွေက သူထင်သလိုမဟုတ်နေတာကိုလည်းး နားလည်လာတယ်။ဇာတ်က အေးအေးလေးပေမဲ့ အဲဒီအေးအေးလေးကိုမှ စိတ်ဝင်စားစရာလည်းကောင်းသလို ကြာလေ ထိလေဖြစ်လာအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ ဂျပန်ရုပ်ရှင်တွေထုံးစံအတိုင်း သူ့ရဲ့လေးပင်တဲ့တန်ပိုကို စိတ်ရှည်နိုင်တဲ့ သူ့ပရိသတ်တွေနဲ့ပဲ ပိုကီးကိုက်ပါလိမ့်မယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1.9GB)/(900MB) Quality_Blu-Ray 1080p ...
movie

Masked Hearts (2023)

Nemesis the Movie: Mystery of Golden Spiral (2023) 5.0
Nemesis the Movie: Mystery of Golden Spiral (2023) Eiga Nemesis : Ougon Rasen no Nazo (2023) =======================================(2021)ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်စုံထောက်စီးရီး Nemesis ရဲ့နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်သွားပြန်ရှင်းပြထားပြီး ပါဝင်တဲ့အကြောင်းအရာတွေက အရမ်းကြီးဆက်စပ်မနေတာမို့ စီးရီးကိုမကြည့်ဖူးလည်း အခုမူဗီကိုကြည့်လို့ရပါတယ်။ 99.9 Criminal Lawyer လိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ ဂျပန်စုံထောက်ကားဖြစ်ပါတယ်။ အောက်မှာဇာတ်ညွှန်းလာပါပြီ။ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ်သုတေသနကို အောင်မြင်သွားတဲ့ သိပ္ပံပညာရှင်တာချိဘနဟာဂျိမဲ အသတ်ခံရပြီးတဲ့နောက် ကမ္ဘာပေါ်မှာ သူ့အမွေဆိုလို့ သူ့သမီးတဖြစ်လဲ ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ် မီခမိအန်နာနဲ့ လည်ဆွဲထဲက သုတေသနဒေတာတွေပဲ ကျန်ခဲ့ပါတယ်။ အဲဒီဒေတာတွေကိုလိုချင်နေတဲ့ မသမာသူလူချမ်းသာတစ်စုက အန်နာ့နောက်ကို လိုက်ကြနေတာပေါ့။ အန်နာ့မှာ သူမတူတဲ့စွမ်းရည်တွေရှိပြီး Nemesis စုံထောက်အေဂျင်စီမှာ သူ့ဒုတိယအဖေတို့၊ သူငယ်ချင်းတွေတို့နဲ့အတူ အလုပ်လုပ်နေပါတယ်။ ဒါပေမဲ့ Nemesis ခမျာ နှစ်လလုံးလုံး အမှုအပ်သူမရှိတာကြောင့် မွဲကိန်းဆိုက်ပြီး ရုံးခန်းပါပြောင်းလိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ အန်နာဟာ ဒေတာတွေကိုလက်လွှဲမပေးရင် သူတန်ဖိုးထားရတဲ့သူတွေတစ်ယောက်ပြီးတစ်ယောက် အသတ်ခံရတဲ့ အိပ်မက်ဆိုးကို ညတိုင်းထပ်ခါထပ်ခါမက်နေရပါတယ်။ ...
movie

Nemesis the Movie: Mystery of Golden Spiral (2023)

Família (2023)
Família (2023) Familia (2023)ဇနီးဆုံးပြီးနောက်ပိုင်း ရိုးရာ မြေအိုးဖုတ်ပညာကိုပဲ တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ဆယ်ဂျီ ကာမီရဟာ အသက်အရွယ်တော်တော်ရနေပြီး အေးချမ်းစွာနဲ့ တောင်ပေါ်ရွာလေးမှာ နေထိုင်သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ အာဖရိကမြောက်ပိုင်းက သားဖြစ်သူက နိုင်ငံခြားသူလေးတစ်ယောက်ကို လက်ထပ်ခေါ်လာပြီး စက်ရုံအလုပ်ကိုထွက်တော့မယ့်အကြောင်း၊ အဖေဖြစ်သူလိုပဲ မြေအိုးတွေလုပ်ပြီး အသက်မွေးပြီး ဂျပန်မှာပဲ အခြေပြန်ချတော့မှာတဲ့ အကြောင်း ပြောလာပါတော့တယ်။ ဆယ်ဂျီ နေတဲ့ ရွာ မနီးမ​ေ၀းမှာလည်း ဘရာဇီးကနေ ရွေ့ပြောင်းနေထိုင်လာသူတွေ စုနေတဲ့ အိမ်ရာ၀င်းထဲက မာကို ဆိုတဲ့လူငယ်လေးဟာလည်း ဂျပန်လူဆိုးလူမိုက်အဖဲွ့နဲ့ ရန်ပဲွဖြစ်ရာကနေ ထွက်ပြေးလွတ်မြောက်လာပါတယ်။ ခေတ္တ အိမ်ပြန်လာတဲ့ ဆယ်ဂျီရဲ့သားဖြစ်သူ ဆာတိုရု က လူမိုက်တွေရန်ကနေ ကယ်တင်ရာကနေ မာကိုတို့ မိသားစုနဲ့ ဆယ်ဂျီတို့ မိသားစု ခင်မင်သွားကြပါတယ်။ ဒီလိုနဲ့ အလုပ်ထွက်ဖို့ အယ်ဂျီးရီးယားနိုင်ငံကို ဆာတိုရုတို့ ဇနီးမောင်နံှ ခေတ္တပြန်သွားခဲ့ပါတယ်။ မာကိုတို့သူငယ်ချင်းတစ်သိုက်နဲ့ မာကိုရဲ့ ချစ်သူ ဟာလည်း နယ်ခံလူမိုက်ခေါင်းဆောင်ရဲ့ အဆက်မပြတ်ခြိမ်းခြောက်ခံလာရပြီး၊ ခေတ္တပြန်သွားတဲ့ ဆာတိုရုတို့ဟာလည်း ထင်မှတ်မထားတဲ့ကြမ္မာဆိုးကြီး ကြုံတွေ့ရပါတော့တယ်။ဆယ်ဂျီ ဆာတိုရု နဲ့ မာကို တို့ ...
movie

Família (2023)

2023
[18+] Love Hotel (1985) 6.5
[18+] Love Hotel (1985) Love Hotel (1985)မှောင်နေတဲ့ထဲမှာ အမှောင်ခန်းတွေပါတဲ့ အချစ်ဇာတ်ကားလေးဖြစ်ပါတယ်။အချစ်ဟိုတယ်ဆိုတဲ့နာမည်အတိုင်း မင်းသားနဲ့ မင်းသမီးက အချစ်ဟိုတယ်မှာ စတွေ့ကြပါတယ်။ မင်းသမီးကတော့ အချိန်ပိုင်း ဖျော်ဖြေတဲ့သူဖြစ်ပြီးတော့ မင်းသားကတော့ အကြွေးတွေများလို့ စိတ်ဓာတ်ကျပြီး တစ်ယောက်တည်းသတ်သေရမှာပျင်းလို့ အဖော်ခေါ်သွားချင်တာနဲ့ ဖျော်ဖြေရေးခေါ်ရာကနေ တွေ့ကြပါတယ်။သတ်သေဖို့စီစဉ်ထားပေမဲ့ ကောင်မလေးမျက်နှာမြင်ပြီး စိတ်ပြောင်းသွားလို့ ကောင်မလေးကို ခုတင်ပေါ်မှာ ပစ်ထားပြိး လစ်ပြေးသွားပါတယ်။နောက်တော့ မင်းသားက တက္ကစီဒရိုက်ဘာလုပ်နေရင်း မင်းသမီးကို ပြန်တွေ့ပါတယ်။ မင်းသမီးက ဖျော်ဖြေရေးမလုပ်တော့ဘဲ တခြားအလုပ်လုပ်နေပေမဲ့ အတိတ်က အရိပ်ဆိုးရဲ့ ဖုံးလွှမ်းမှုကို ခံနေရပါတယ်။တက္ကစီဒရိုက်ဘာမင်းသားက သူ့ကိုယ်သူသတ်မသေအောင် စိတ်ပြောင်းပေးနိုင်တဲ့ မင်းသမီးကိုကြွေသွားပြီး မင်းသမီးကလည်း သူ့ကို မုဒိမ်းကျင့်သတ်ဖို့ စီစဉ်ပေမဲ့ မလုပ်ဖြစ်တဲ့ မင်းသားကို ကြိုက်သွားပါတယ်။ဒါပေမဲ့ သူတို့အချစ်ခရီးလမ်းက အိမ်ထောင်ရေးဖောက်ပြန်မှုလမ်းခွဲတွေ အများကြီး ကွေ့ဝင်ထားတာကြောင့် စိတ်ဝင်စားစရာ ဇာတ်ကွက်လေးတွေကို တဝကြီးကြည့်ရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို s မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 750MB Quality ...
movie

[18+] Love Hotel (1985)

1985
The Fable: The Killer Who Doesn’t Kill (2021) 6.9
The Fable: The Killer Who Doesn’t Kill (2021) The Fable : The Killer Who Doesn't KillIMDb - 6.9/10ဇာတ်လမ်းအညွှန်းလေးကတော့....ဘယ်လိုရန်သူမျိုးကိုမဆို ၆ စက္ကန့်နဲ့သတ်နိုင်တယ်လို့ နာမည်ကြီးတဲ့ ဒဏ္ဍာရီလာလူသတ်သမား Fable ဟာ အထက်ကအမိန့်အရ သူ့ဘဝကိုသာမန်လူတစ်ယောက်လိုဖြတ်သန်းပြီး လူမသတ်တော့ဘဲ အနားယူနေတဲ့အချိန်မှာတစ်ချိန်က သူ့မစ်ရှင်တစ်ခု​ကြောင့် ကြားညပ်ကံဆိုးသွားပြီး အောက်ပိုင်းသေသွားတဲ့ Masaki ဆိုတဲ့ကောင်မလေးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ပြီး လမ်းပြန်လျှောက်နိုင်အောင် ကူညီပေးဖို့ကြိုးစားပါတော့တယ်။အဲ့အချိန်မှာ သူနဲ့ရန်ကြွေးရှိခဲ့ဖူးတဲ့ ပိုက်ဆံရရင်အကုန်လုပ်တဲ့ ဒုစရိုက်သမားက တစ်ဖက်မှာတော့ ကလေးသူငယ်ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုကို ဦးစီးပြီးသူတော်ကောင်းယောင်ဆောင်ရင်းတစ်ဖက်မှာတော့ လူပြန်ပေးဆွဲပြီးငွေညှစ်နေတဲ့ မျက်နှာနှစ်ခုနဲ့လူ Utsubo ရဲ့လက်ထဲကနေ ဒုက္ခတိဖြစ်နေတဲ့ကောင်မလေးကို ဘယ်လိုကယ်တင်မလဲ၊ သူ့ကိုလက်စားချေဖို့လုပ်နေတဲ့ Utsubo တို့အဖွဲ့ကိုရော လူမသတ်ဘဲနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။Review and Franslated by : Moe Pwint PhyuGenre.....Action, Comedy, Mystery Quality….WEB-DL 1080p and 720p and 360p File size…1.8GB and 1GB and 356MB Format…mp4 Duration….2h 13min Subtitle….Myanmar Subtitle (Hardsub) Translator ..... Moe Pwint ...
movie

The Fable: The Killer Who Doesn’t Kill (2021)

2021
The Sun Does not Move (2021) 5.2
The Sun Does not Move (2021) The Sun Does not Move (2021)ဒီတစ်ခါတော့ ကြည့်ရခဲတဲ့ ဂျပန် သိပ္ပံအက်ရှင်ကား ပါ။ကြည့်ရခဲသလို အတွဲအစပ်ကလည်း ထူးခြားပါတယ်။Death Note ဇာတ်ကားတွေထဲက Kira လို့ အများသိထားကြတဲ့ မင်းသားကြီး Tatsuya Fujiwar နဲ့ My Teacher, My Love ထဲက မင်းသားချောလေး Ryoma Takeuchi တို့က ခေါင်းဆောင် မင်သားအနေနဲ့ ပါဝင်ထားပြီးတော့ မင်းသမီးကတော့ W :Two Worlds က မင်းသမီးချော Han Hyo Joo ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ .....ခန္ဓာကိုယ်ထဲမှာ ၂၄ နာရီအတွင်း ပေါက်ကွဲပြီး သေစေနိုင်တဲ့ Chip အပြားလေးတွေကို ထည့်ထားရတဲ့ AN ဆက်သွယ်ရေးဆိုတဲ့ သတင်းအရောင်းအဝယ်လုပ်တဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက သူလျှိုတွေဖြစ်တဲ့ Takano နဲ့ Taoka တို့နှစ်ယောက်ဟာ တိုးတက်လာတဲ့ နေစွမ်းအင်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကိုယ်ကျိုးစီးပွားအတွက်လိုချင်နေကြတဲ့ နိုင်ငံပေါင်းစုံက အတော်ဆုံးသူလျှိုတွေနဲ့ အားပြိုင်ပြီး ဘယ်လိုရအောင်ယူမလဲဆိုတာကို ကြည့်ရှူရမှာ ဖြစ်ပါတယ်။ဘာသာပြန် ...
movie

The Sun Does not Move (2021)

2021
Fukushima 50 (2020) 7.0
Fukushima 50 (2020) Fukushima 50 (2020)အညွှန်း*************************ဂျပန်​နိုင်​ငံတစ်​နိုင်​ငံလုံး အားထားရတဲ့ အဏုမြူစွမ်းအင်​ကို ထုတ်​လုပ်​​ပေး​နေတဲ့ ဖူကူရှိမား ဒိုင်အိချိ လို့ခေါ်တဲ့ အဏုမြူစက်ရုံကြီးရှိတယ်.....သိတဲ့ အတိုင်း ၂၀၁၁အင်​အားကြီးတဲ့ ငလျင်​ဒဏ်​နဲ့ ဆူနာမီလှိုင်းဒဏ်​​တွေ​ကြောင့်စက်​ရုံတစ်​ခုလုံး လျှပ်​စစ်​ဓာတ်​အားပြတ်​​တောက်​ကာ ဓာတ်​​ပေါင်းဖို​တွေ အပူလွန်​ကဲပြီး ​ပေါက်​ကွဲ​တော့မယ့် အ​ခြေအ​နေနဲ့ကြုံခဲ့ရပါတယ်​။ဒီအ​ခြေအ​နေကို ​ရှေ့တန်းက ရင်​ဆ်ို​င်​​ဖြေရှင်းရသူ​တွေက​တော့ဒိုင်​အီချိ စက်​ရုံက အလုပ်​သမား​ ပညာရှင်တွေပါပဲ။ သူတို့တွေဘယ်လိုကြိုးစားမလဲ.... လူတွေဘယ်လောက်များ သေဘေးကြုံရမလဲ.... ဒီကားက ဖြစ်ရပ်မှန်ဇာတ်လမ်းပါ.... 1986 Chernobyl  ဖြစ်ရပ်ထက်တောင်အများကြီးဆိုးတယ်လို့ သိရပါတယ်.... အသေအကြေတွေများသလို တကယ့်ကိုကြောက်စရာကောင်းတဲ့ ကပ်ဆိုးကြီးပါ... ဇာတ်လမ်းအစမှအဆုံးထိကို ရင်တထိတ်ထိတ်ကြည့်ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းမို့ခံစားကြည့်ကြပါဉီး...File Size :(930 MB) and (380 MB)Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung Encoded by Phyo Pyae
movie

Fukushima 50 (2020)

The Fable (2019) 6.5
The Fable (2019) ဂိုဏ်းတွေကြားမှာ အချင်းချင်းရှင်းချင်တဲ့အခါကြေးစားလူသတ်သမားတွေကို ငှားပြီး သတ်ခိုင်းကြတယ်။အဲလိုကြေးစားတွေကြားမှာ အခု တယောက်ကတော့ ဒဏ္ဍာရီ တပုဒ်ပဲ။တယောက်တည်းနဲ့ ဂိုဏ်း တွေအကုန်လုံးကို ရှင်းလင်းနိုင်တယ်။အဲဒါတင်မကဘူး။တယောက်ကို ပစ်ရင် သေနိုင်လောက်တဲ့ နေရာတွေကိုပဲတချက်တည်းနဲ့ မှန်အောင် ပစ်နိုင်တဲ့အထိ ကျွမ်းကျင်တယ်။အဲလိုနဲ့ သူတို့အဖွဲ့က ကြေးစားတွေကြား နာမည်ကြီးလာတဲ့အခါခနလောက် ဇာတ်မြှုပ်နေဖို့ ဖြစ်လာခဲ့တယ်။သူတို့ ဇာတ်မြှုပ်နေမယ့် နေရာကလည်း ဂိုဏ်းတခုနဲ့ ပတ်သက်နေပြီးအဲဒီဂိုဏ်းမှာလည်း အရှုပ်အထွေးတွေ ရှိလာတဲ့အခါမှာရော သူတို့ အဆင်ပြေပါ့မလား။သူတို့ဆရာကရော နာမည်ကြီးလာတာ တခုတည်းအတွက်ဇာတ်မြှုပ်နေခိုင်းတာ ဟုတ်ပါ့မလား။ဒဏ္ဍာရီ ရဲ့ နောက်ကြောင်းကရော ဘယ်လို ရှိမှာလဲ။သူက ဘာလို့ အဲလောက် တော်နေရတာလဲ။သူက ပုံမှန်ဘဝမှာ တကယ်ရော နေနိုင်ပါ့မလား။သူတို့ နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်နဲ့ ပတ်သတ်ပြီးတော့လည်းသူ့နောက်ကို ...
movie

The Fable (2019)