Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kiyohiko Shibukawa
6.5
Winny (2023)
၂၀၀၂ ခုနှစ်မှာ ဂျပန်လူမျိုးဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ အီစာမူခါနဲကိုက ဖိုင်ဝေမျှတဲ့ဆော့ဖ်ဝဲလ်ဖြစ်တဲ့ "ဝင်နီ" ကိုဖန်တီးခဲ့ပါတယ်။ ဆော့ဖ်ဝဲလ်မှာ ဖိုင်တွေအပြန်အလှန်ဝေမျှလို့ရတဲ့အတွက် တရားမဝင်ဖြန့်ချိမှုတွေ ဒေါင်းလုပ်ဆွဲမှုတွေပေါ်လာပြီး မူပိုင်ခွင့်ပြဿနာတွေဖြစ်လာပါတော့တယ်။ အဲ့နောက် ရဲတပ်ဖွဲ့ကနေပြီး မူပိုင်ခွင့်ချိုးဖောက်တဲ့သုံးစွဲသူတွေကိုလိုက်ဖမ်းပြီး ဖန်တီးရှင် ခါနဲကိုလည်း အဖမ်းခံလိုက်ရတယ်။ဒါပေမဲ့ ခါနဲကို့မှာအပြစ်မရှိဘူးဆိုပြီး ထောက်ခံအားပေးကြတဲ့လူတစ်စုက သူ့အတွက် ရှေ့နေအဖွဲ့တစ်ဖွဲ့ကိုငှားပေးလိုက်တဲ့အခါမှာတော့ ခါနဲကို့အတွက် တရားသေလွတ်ဖို့အတွက် ရှေ့နေအုပ်စုပ်က မဆုတ်မနစ်ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန်အကြောင်းပြန်ရိုက်ထားတာဖြစ်လို့ စိတ်ဝင်တစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.5GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie
Winny (2023)
5.9
Lumberjack the Monster (2024)
Lumberjack the Monster (2023)Thriller/ Horror/ Crime Drama အမျိုးအစားကိုမှ နှစ်သက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုမှာ လူသတ်သမားဟာ သေဆုံးသူတွေရဲ့ဦးနှောက်ကို ထုတ်ယူသွားတတ်ရာကနေ အစပြုထားပါတယ်။ ဦးနှောက်သူခိုး လို့ ခေါ်တွင်ထားတဲ့ ဒီလူသတ်သမားဟာ ဘာကြောင့်များ လူတွေကိုသတ်ပြီး ဦးနှောက်တွေကို ထုတ်ယူသွားတာဖြစ်မလဲ ။အသတ်ခံရတဲ့လူတွေရဲ့ ဦးနှောက်ထဲမှာ ဘာတွေများရှိနေလို့လဲ။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က တားမြစ်ပိတ်ပင်ခံထားရတဲ့ တရားမဝင် အာရုံခံချစ်ပ်ပြားတွေနဲ့ရော ပတ်သက်မှုရှိနေမလား ဒါမှမဟုတ် လူသတ်သမားဟာ စိတ္တဇသမားသက်သက်ပဲလား စတဲ့ မေးခွန်းပေါင်းမြောက်မြားစွာနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Crime Thriller ဇာတ်ကားတစ်ကားပါ။ကဲ ပိတ်ရက်လေးမှာ အတွေးပေါင်းမြောက်မြားစွာနဲ့ Thriller ကားလေး ကြည့်ချင်နေတယ်ဆိုရင်တော့ အခုပဲ ကိုယ်တိုင်ကြည့်ပြီး အဖြေရှာလိုက်ကြရအောင်လားဗျာ။အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe & Khaing ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 1080p | ...
movie
Lumberjack the Monster (2024)
2024
6.8
Passion (2008)
Passion ( 2008 )Direceted By Ryusuke Hamaguchi"ရုပ်ရှင်တွေအားလုံးဟာ တစ်ချိန်တည်းမှာ ဖစ်ရှင်လည်းဆန် ဒိုကူမန်ထရီလည်းဖြစ်နေကြတယ်။ ဒိုကူမန်ထရီသန့်သန့်ဆိုတာလည်း မရှိသလို ဖစ်ရှင်သန့်သန့်ဆိုတာလည်း မရှိဘူး"လို့ ရူဆုခဲဟမဂုချိက ပြောဖူးတယ်။ Passion ( 2008 )ဟာလည်း ကျွန်တော်တို့ဘဝထဲရှိနေတဲ့ ဖစ်ရှင်တစ်ခုလို့ပြောရမလားပဲ။ သူ့ကိုယ်ပိုင်ပွဲဦးထွက်ရုပ်ရှင်လို့ပြောလည်းရတယ်။ ဒီမတိုင်ခင် ၂၀၀၇က ထွက်ခဲ့တဲ့ သူ့ပွဲဦးထွက်အစစ် Solarisက သူ့ဆရာ ခိရိုရှိကူရိုဆာဝါရဲ့ စီမံပေးမှုနဲ့ တာကော့စကီးရဲ့ ဆိုလာရစ်ကို ပြန်ရိုက်ထားတာဆိုတော့ ဒါကို ကျွန်တော်တော့ ထည့်မတွက်ချင်ဘူး။ သေချာတာတော့ ဟမဂုချိဟာ ပွဲဦးထွက်မှာတင် တော်တော်ကြမ်းခဲ့ပါတယ်။ Passion ( 2008 )ဟာလည်း သူ့ထုံးစံအတိုင်းပဲ လူ့အတွင်းစိတ်ရဲ့ မရေရာခြင်း ဝေဝါးခြင်းတွေကို မြင်သာထင်သာရှိအောင် ပြထားတဲ့ ရုပ်ရှင်ပါပဲ။သူ့ဇာတ်က ရှင်းရှင်းလေးတော့ ရှင်းရှင်းလေး။ သူငယ်ချင်းတစ်အုပ်ရှိတယ်။ ကောင်လေးသုံးယောက်ပေါ့။ ကောင်မလေး၂ယောက်လည်းပါမယ်လို့ ယူဆရတယ်။ အဲဒီအုပ်ထဲက ကောင်လေးနဲ့ကောင်မလေးတစ်တွဲက အတူတူနေနေတဲ့အတွဲတွေ။ နောက်သူငယ်ချင်းကောင်လေးက အိမ်ထောင်ရှိတယ်။ ကလေးလည်းမွေးတော့မယ်။ နောက်သူငယ်ချင်းကောင်လေးကတော့ ...
movie
Passion (2008)
2008
6.2
The Hound of the Baskervilles: Sherlock the Movie (2022)
The Hound of Baskervilles: Sherlock the Movie (2022)~ IMDb – 6.2/10, MyDramaList – 7.7/10 ~အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်တဲ့ The Hound of Baskervilles ဆိုတာ ဆာအာသာကိုနင်ဒွိုင်း Sir Arthur Conan Doyle (1859~1930) ရဲ့ ရှားလော့ဟုမ်းဝတ္ထုရှည်လေးပုဒ်ထဲက ၁၉၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ တတိယမြောက်ဝတ္ထုရှည်တစ်ပုဒ်ဖြစ်ပါတယ်။မူရင်းဇာတ်ကြောင်းကတော့ ၁၈၈၉ ခုနှစ် အင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်း၊ ဒီဗွန် (Devon) က ဒတ်မိုးတောင်ပေါ်ဒေသ (Dartmoor) ကိုနောက်ခံထားပြီး ဘတ်စကာဗျီလ်မိသားစုမျိုးဆက် (Baskerville Family) က အဲဒီဒေသမှာ ဒဏ္ဍာရီလာငရဲခွေးကြီးတစ်ကောင်ကြောင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြတာမို့လို့ လူသေဆုံးမှုထပ်မရှိရလေအောင် ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝပ်ဆန်တို့ကို လာရောက်အကူအညီတောင်းရာကနေ တကယ်ပဲ ဖြစ်ရပ်ဆန်းကြယ်ကြောင့် လူသေဆုံးသွားကြတာလား... ဒဏ္ဍာရီလိုလို ကျိန်စာလိုလိုကို အကြောင်းပြပြီး ...
movie
The Hound of the Baskervilles: Sherlock the Movie (2022)
2022
6.9
Just Remembering (2021)
Just Remembering (2021)~ IMDb – 6.9/10, MyDramaList – 7.5/10 ~ဒီရုပ်ရှင်အစအဆုံးမှာ ထူးထူးခြားခြား ရက်စွဲတစ်ခုပဲ ပါမယ်။ ဒါပေမဲ့ အဲ့ဒီ့ရက်စွဲတစ်ခုတည်းကိုပဲ နှစ်တွေ နှစ်တွေချီလို့… လူ့ဘဝဆိုတာကိုက အမှတ်တရနဲ့ ယှဉ်တွဲနေထိုင်ခြင်းပါပဲ...“Just Remembering“‘ယို’ ဆိုတဲ့ အမျိုးသမီးတက္ကစီယာဉ်မောင်းတစ်ဦးနဲ့ စတိတ်စင်မီးထိုးရတဲ့ တဲရူအိုဆိုတဲ့ အကသမားဟောင်းတစ်ဦးရဲ့ ကြားက အမှတ်တရတွေ။ အမှတ်တရထဲ ထားခဲ့ပြီဆိုကတည်းကိုက သိသာပါတယ်။ ကြည်နူးစရာတွေလာမယ်၊ ပြီးရင် ကြေကွဲစရာတွေလာမယ်၊ ပြီးတော့ တသသဖြစ်မယ်ပေါ့။ဒါပေမဲ့ ဒီကားက အဲဒီလိုမဟုတ်ခဲ့ဘူး။ “အမှတ်တရတွေကို ရုပ်ရှင်ကြည့်သလို နောက်ပြန်ရစ်ကြည့်ရင်း ရှက်ဖို့ကောင်းလွန်းလို့ ရှေ့ကို ပြန်ကျော်ပစ်ချင်လာတယ်” တဲ့။အပေါ်မှာ ပြောခဲ့တဲ့ ရက်စွဲတစ်ခု (သူတို့၂ယောက်ကြားမှာ အမှတ်တရအဖြစ်ဆုံး နေ့တစ်ခု) ကိုပဲ နှစ်တွေ ပြန်ရစ်ကြည့်သလိုပုံစံမျိုးနဲ့ တွေ့ရမှာပါ။ လက်ရှိကာလရဲ့ အဲဒီရက်စွဲလေးမှာပဲ တစ်ယောက်ကိုတစ်ယောက် တစ်ဘက်လူမသိဘဲ မတော်တဆတွေ့မိလိုက်ကြရင်း အမှတ်တရ ...
movie
Just Remembering (2021)
2021
6.8
Kingdom 2: Far and Away (2022)
Kingdom 2: Far and Away (2022)Alice in Borderland ထဲက အာရိဆု ပါင်သရုပ်ဆောင်ထားတဲ့ Kingdom 2: Far and Away ဆိုတဲ့ ဂျပန်ဇာတ်ကားလေး ထွက်ရှိလာပါပြီခင်ဗျာ။ သူ့ရှေ့ကား Kingdom 2019 လည်း ရှိပါသေးတယ်။ဇာတ်လမ်းအကျဉ်း ... တစ်မိုးအောက်စစ်သူကြီးဖြစ်ချင်တဲ့ ရှင်းတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ဒုတိယမြောက် ဇာတ်ကားလေးပါ။ ဒီတစ်ခေါက်မှာလည်း မပျင်းရအောင်ဖန်တီးထားပြီး ဇာတ်အိမ်ကတော့ ရှင်းပြည်ထောင်နဲ့ ဂီပြည်ထောင်ကြားက နယ်မြေလုစစ်ပွဲတစ်ခု ကို အခြေတည်ထားပါတယ်။ဒီလိုနဲ့ပဲ ဘာမဆို ရှေ့တန်းကပါတတ်တဲ့ ရှင်းတစ်ယောက်လည်း စစ်ချီထွက်လို့လာခဲ့ပါတယ်။ လူကသာအာကျယ်ပေမယ့် ခန္ဓာကိုယ်က သေးသေးလေးမို့ အုပ်စုဖွဲ့ရာမှာအကျဉ်ခံရရင်း အားအနည်းဆုံးသော လူတွေနဲ့အတူတကွ စစ်ပွဲဆင်နွှဲဖို့ ဖြစ်လာပါတော့တယ်။ရှင်းတစ်ယောက် ဘယ်လိုလူတွေနဲ့ ဘယ်လိုသံယောဇဉ်တွေဖန်တီးပြီး ရွတ်ရွတ်ချွန်ချွန် တိုက်ခိုက်သွားမလဲ? နယ်မြေလုစစ်ပွဲကြားက ပြည်ထောင်စစ်သူကြီးတွေရဲ့ ဗျူဟာနည်းစနစ်တွေကိုရော ရှင်းဘယ်လိုသင်ယူသွားမလဲ? ဆိုတာကို ဓားရေးလှံရေး အမိုက်စားတွေနဲ့ တစ်ဝကြီးကြည့်ရှုရဦးမယ့် ဇာတ်ကားတစ်ခုပါပဲ။မင်းသမီးအလှလေးကလည်း ...
movie
Kingdom 2: Far and Away (2022)
2022
6.3
99.9 Criminal Lawyer: The Movie (2021)
99.9 Criminal Lawyer: The Movie (2021) ============================= IMDb Rating - 6.3/10"ဂျပန်နိုင်ငံက ရာဇဝတ်မှုတွေရဲ့ ၉၉.၉%ဟာ အပြစ်ရှိကြောင်း စီရင်ချက်ချခံရတယ်"၊ "တရားစွဲခံရပြီဆိုတာနဲ့ အပြစ်ဒဏ်ချခံရမှာ သေချာသလောက်ပဲ"၊"ဒီဇာတ်ကားဟာ ကျန်တဲ့(၀.၁%) နောက်ကွယ်ကဖုံးကွယ်နေတဲ့ အမှန်တရားဆီအရောက်သွားဖို့ ဘာမဆိုလုပ်မယ့် ရှေ့နေတွေအ ကြောင်းဖြစ်ပါတယ်"။ဤကား ဇာတ်ကားမိတ်ဆက်။99.9 Criminal Lawyer ဟာ စီးရီးသပ်သပ်ရှိပါတယ်။ ဒါကမူဗီပါ။ စီးရီးနဲ့ ဒီမူဗီရဲ့ အမှုတွေက ဆက်စပ်မနေတာမို့ စီးရီးမကြည့်ဖူးလည်း ဒီမူဗီကိုတန်းကြည့်လို့ရပါတယ်။ဟီရိုတိုမိယာမဆိုတဲ့ လူငယ်ရှေ့နေ့တစ်ယောက်ဟာ မာဒရာမဲဥပေဒေ ရုံးမှာ အလုပ်လုပ်ပါတယ်။ သူက အခင်းဖြစ်ပွားတဲ့ပုံစံကို ပြန်လည်သ ရုပ်ဖော်ပြီး ထင်မထားတဲ့နေရာက သဲလွန်စတွေနဲ့ အမှန်တရားကိုရှာဖွေ တတ်သူပါ။ ဒီကားထဲမှာတော့ လွန်ခဲ့တဲ့၁၅နှစ်က ဝိုင်အဆိပ်သင့်မှုကို မိယာမနဲ့သူ့အဖွဲ့သားတွေ ရှာဖွေစုံစမ်းပုံကို စိတ်ဝင်စားဖွယ်ကြည့်ရှူရ မှာပါ။ တစ်ကားလုံး တရားခံဘယ်သူလဲ စဉ်းစားလာခဲ့ပြီးမှ နောက်ဆုံးမှာ "ဟာ!" ဆိုပြီး ပါးစပ်အဟောင်းသားဖြစ်ရမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.9 GB) / (828 MB) / (495 MB) Quality............WEB-RIP ...
movie
99.9 Criminal Lawyer: The Movie (2021)
2021
6
[18+] Hirugao (2017)
Hirugao (2017)Hirugao: Love Affairs in the Afternoon ဆိုတဲ့ ဇာတ်လမ်းတွဲ အောင်မြင်ပြီးနောက်မှာ Hirugao The Movie ဆိုပြီး ထွက်လာတဲ့ကားပါပဲ။ စီးရီးထဲက သရုပ်ဆောင်တွေကိုပဲ သုံးပြီး ရုပ်ရှင်အနေနဲ့ ရိုက်ထားတာပါ။ Shin Ultraman ရဲ့မင်းသား Takumi Saito က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသမီးကတော့ နာမည်ကျော် Azumi ကားတွေရဲ့ မင်းသမီး Aya Ueto ပါ။ မင်းသားချောချော မင်းသမီးချောချောနဲ့ ၁၈ပလပ်ဆန်ဆန်ရိုက်ထားပေမဲ့ တကယ်ကြည့်ကောင်း လှပတဲ့ကားလေးပါပဲ။ဇာတ်လမ်းကတော့ အိမ်ထောင်သည်စုံတွဲ၂ခုက ယောက်ျားနဲ့ မိန်းမက ဖောက်ပြန်ကြတယ်။ သူတို့အိမ်ထောင်ဖက်တွေသိသွားတော့ မိန်းကလေးရဲ့ယောက်ျားက မိန်းကလေးကိုကွာရှင်းပြီး ယောက်ျားလေးရဲ့မိန်းမက အဲဒီမိန်းကလေးကို သူ့ယောက်ျားနဲ့ အဆက်အသွယ်ထပ်မလုပ်ဖို့ စာချုပ်ချုပ်ခိုင်းထားခဲ့တယ်။ ဒီလိုနဲ့ ကောင်မလေးဟာတစ်ရပ်တကျေးမှာ ဘဝသစ်ထူထောင်ခဲ့တယ်။ တစ်နေ့ သူတို့ပြန်တွေ့ကြတဲ့အခါမှာတော့ မဖြစ်သင့်မှန်း သိသိလျက်ကြားကနေ ...
movie
[18+] Hirugao (2017)
2017
5.5
Yakuza Apocalypse (2015)
ယခုတစ်ခါမိတ်ဆက်ပေးချင်တာကတော့ နာမည်ကျော် Audition, Ichi the killer, Visitor Q ရုပ်ရှင်တို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Takashi Miikeရဲ့လက်ရာလေးပဲ ဖြစ်ပါတယ် ၂၀၁၅မှာ ထွက်ရှိခဲ့တဲ့ ယာကူဇာ(လူဆိုးဂိုဏ်းဝင်)ကားလေးပါ ထူးဆန်းတာက ပုံမှန် vampire တွေလိုမဟုတ်ပဲ Yakuza Vampire ဖြစ်နေတာပါပဲ သွေးစုပ်ခံရတဲ့အခါ မြို့သားတွေဟာ vampire ဖြစ်တဲ့အပြင် ယာကူဆာပါဖြစ်သွားတာပါပဲ ဒီလိုကြောင်တောင်တောင် ဘာမှန်းမသိတဲ့ ရသလေးတွေ ခံစားချင်တဲ့အခါတိုင်း စာရေးသူကတော့ Takashi Miike ကိုပဲ ပြေးမြင်မိပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ကာဂဲယာမာဆိုတဲ့ ယောက်ျားတစ်ယောက်ဟာ စီးပွားပျက်ကပ်မှာ လတ်လျားလတ်လျားနေရင်း သူတို့ရပ်ကွက်လေးကို ကြည့်ရှုစောင့်ရှောက်ပေးတဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင် ဆရာကြီးကို အားကျမိပါတော့တယ် ဆရာကြီးဟာ မြို့သားတွေကို စောင့်ရှောက်ပေးတာမို့ ယာကူဇာဆိုပေမယ့် ဟီးရိုးသဖွယ် လူတွေကချစ်ခင်ကြတယ် ကာဂဲယာမာကလည်း ဆရာကြီးနောက်လိုက်လုပ်ရင်း ယာကူဇာတစ်ယောက်ဖြစ်သွားတယ် တစ်နေ့မှာတော့ ဆရာကြီးရဲ့ အရင်အဖွဲ့က လူတွေက ဆရာကြီးကို ပြန်လာခေါ်ပေမယ့် မလိုက်တာမို့ ဆရာကြီးဟာ အသတ်ခံလိုက်ရတဲ့အဆင့်ထိရောက်ရှိသွားပါတယ် ဒါကို မြင်တွေ့လိုက်ရတဲ့ ...
movie
Yakuza Apocalypse (2015)
5.8
[18+]Bitter Honey (2016)
အကာဂိုက စာရေးဆရာကြီးနဲ့ တူတူနေနေတဲ့ အနီရောင်ရွှေငါးမလေးတစ်ကောင်ပဲဖြစ်ပါတယ်သာမန်ငါးနီလေးမဟုတ်ဘဲ လူယောင်ဖန်ဆင်းနိုင်ပြီး စာရေးဆရာကြီးကိုပဲ တွာ်ငြိနေတဲ့ ဖြူစင်တဲ့ငါးမလေးတစ်ကောင်ပေါ့တစ်ရက် စာရေးဆရာကြီးရဲ့အသိမိတ်ဆွေဟောင်း ယူရီကိုရဲ့ဝိဥာဥ်ပြန်ပေါ်လာတဲ့အခါ သူတို့သုံးဦးကြားဘာတွေဖြစ်လာမလဲယူရီကိုနဲ့စာရေးဆရာကြီးကြားကရော ဘာတွေရှိနေခဲ့လို့ ခုလိုပြန်ပေါ်ထွက်လာရတာလဲစာရေးဆရာကြီးကိုအပိုင်လိုချင်ပြီး မိသားစုဘဝထူထောင်ချင်နေတဲ့ ငါးနီမလေးကရော ဘယ်လိုဖြစ်သွားမလဲ ကြည့်ရမှာဖြစ်ပါတယ်File Size__(1GB) Quality__720p IMDb Rating__5.8/10 Format__mp4 Duration__01:45:00 Type__Adult, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Butterfly Encoded by Dark Devil
movie
[18+]Bitter Honey (2016)
7.6
Wheel of Fortune and Fantasy (2021)
Wheel of Fortune and Fantasy (2021 ) ---------------------- Directed By Ryusuke Hamaguchiအားလုံးသောချစ်ခြင်းများဟာ ချစ်ခြင်းနဲ့ ကံကြမ္မာကြားက မှတ်တိုင်ကလေးမှာ မိုးခိုကြရင်း စစ်ကိုင်းလမ်းလို ရူးသွပ်ကြရင်း "မိုးခိုသူတို့ ဘာသာသဘာဝ မိုးတိတ်ရင် ခွဲခွာ"ကြရင်း....တစ်ခါတလေတော့လည်း နဖူးစာမင်ရည်ကျဲခဲ့တဲ့ ချစ်ခြင်းတွေဟာ "လွမ်းသည်ထပ်ဆင့် ဖူးချိန်သင့်ကို မျှော်လင့်ခိုးရှာ"ရင်း ..... ကံစီမံရာကိုသာ "မျှော်ရည်ယုံကြည်တောင့်တ"ရင်း တစ်ခါတလေတော့လည်း "မိုးတွေတိတ်တာတောင် ကိုယ်ကရွာ"နေရင်း "အချိန်တွေကုန်ဆုံးလို့ အရွယ်လွန်လာ"ကြတာပါပဲ။ကဗျာဟောင်းကလေးထဲကလို " အသဲမကွဲတဲ့ အသက်ရှင်ခြင်းဟာ တရားမျှတပါ့မလား"ဆိုဆို ဒီရုပ်ရှင်ဟာ "ကံမဆုံသော အချစ်များ"အကြောင်းပေါ့။ ရှောင်လွှဲလို့မရတဲ့ချစ်ခြင်းနဲ့ သွေဖီလို့မရတဲ့ ကံကြမ္မာကြားက ဘဝတွေကို ဒါရိုက်တာ ရူဆုခဲ ဟမဂုချိ ကိုယ်တိုင်ရေးထားတဲ့ ဇာတ်လမ်းတို သုံးခုနဲ့ ပုံဖော်ပြသွားတယ်။ဟမဂုချိဟာ Cannes Film Festival 2021မှာ Drive My Car နဲ့ အကောင်းဆုံး ဇာတ်ညွှန်းဆုရထားတဲ့သူ ဖြစ်တဲ့အပြင် ...
movie
Wheel of Fortune and Fantasy (2021)
6.1
Last of the Wolves (2021)
ခပ်မိုက်မိုက် အက်ရှင်ကားကောင်းတွေကိုမှ တောင့်တနေပါတယ်ဆိုတဲ့ CM ပရိတ်သတ်တွေအတွက် အကြမ်းစားနဲ့ အလန်းကြီးလန်းမဲ့ ဂျပန်ယာခူဇာ ကားလေး တင်ဆက်ပေးလိုက်ပါတယ်နော်ဒီဇာတ်ကားလေးဟာ ရုပ်ရှင် နှစ်ကားထွက်ထားတာဖြစ်ပြီး ပထမတွဲမှာတော့ ဟီအိုခါနဲ့အိချီနိုစဲတို့ အတူ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်း ကြားက ရန်ပွဲတွေကို ငြိမ်းချမ်းအောင်လုပ်ပေးခဲ့ပါတယ်အခု ဒုတိယတွဲမှာတော့ ဟီအိုခါတစ်ယောက် ငြိမ်းချမ်းရေးကို မလိုလားတဲ့ ဂိုဏ်းအကြွင်းအကျန်တွေလက်ထဲကနေ ငြိမ်းချမ်းရေးကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာပါ ဇာတ်ကြောင်းလေးကတော့...ခုရဲဟာရမြို့ရဲ့ အိုဒါနီ ဂိုဏ်းနဲ့ ဟီရိုရှီးမားမြို့ရဲ့ ဂျင်စေးခိုင်ဆိုတဲ့ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားက ပဋိပခတွေကို ဂျင်စေးခိုင်ရဲ့ ခေါင်းဆောင်ရှိုဟေး သေဆုံးပြီးတဲ့နောက်ပိုင်းမှာ နှစ်ဖက်လုံးက အာဃာတတရားတွေ အငြှိုးအတေးတွေကို ဖယ်ရှားပြီး ယာယီစစ်ပြေငြိမ်းမှုရယူခဲ့ကြပါတယ်စစ်ပြေငြိမ်းမှုရယူပြီး နှစ်ဖက်လုံး ကိုယ့်စီးပွားရေးကိုသာအဓိက အားထားပြီးလုပ်နေချိန်မှာ ဟီအိုခါဆိုတဲ့ စုံထောက်က အဖွဲ့နှစ်ဖွဲ့ကြားမှာ ငြိမ်းချမ်းအောင် ဖျန်ဖြေရေး အကျိုးဆောင်လုပ်ပေးနေခဲ့ပါတယ်ဒီလိုနဲ့ သုံးနှစ်ကြာမြင့်ပြီးချိန်မှာတော့ သေသွားတဲ့ ဂျင်စေးခေါင်းဆောင် ရဲ့ ညာလက်ရုံး အူအဲဘာယရှီဟာ ထောင်ထဲမှ လွတ်မြောက်လာခဲ့ပါတယ်သူဟာ အရင်ကတည်းက သူ့ခေါင်းဆောင်အပေါ်သစ္စာရှိပြီး ...
movie
Last of the Wolves (2021)
6.2
Family of Strangers (2019)
Family of Strangers------------------------------------သွေးသားတော်စပ်သူတွေကို မိသားစုလို့ခေါ်ကြတယ်သွေးသားမတော်စပ်ပေမယ့်မိသားစုထပ်ပိုနွေးထွေးတဲ့သူတွေနဲ့ ကြုံဖူးကြလား??အရပ်သုံးစကားကတော့ ရပ်ဆွေရပ်မျိုးပေါ့အဲ့လိုဆိုပေမယ့်လည်း သွေးသားအချင်းချင်းကိုညှင်းပန်းနှိပ်စက်ပြီး ရိုင်းစိုင်းတဲ့သူတွေလည်းရှိကြတာပဲဒီကားထဲမှာတော့ လူသတ်ပြီးကြိုးပေးတာမသေလို့စိတ်ကျန်းမာရေးဆေးရုံရောက်နေတဲ့လူကြီးရယ်ဆေးသုံးလွန်ပြီး ကြောင်နေလို့ရောက်လာတဲ့လူရည်လည် ကောင်လေးရယ်ပထွေးကအနိုင်ကျင့်တာကိုဘယ်သူ့အကူအညီမှမရပဲသတ်သေချင်နေတဲ့ ဆယ်ကျော်သက်ကောင်မလေးရယ်တို့ကစိတ်ကျန်းမာရေးဆေးရုံမှာဆုံကြရင်းကအချင်းချင်းနွေးထွေးကြတဲ့ဆက်ဆံရေးလေးကိုကြည့်ရမှာပါသွေးမတော်သားမစပ်ပေမယ့်ဘဝတူတွေမို့ ကိုယ့်သွေးသားမိသားစုလိုအတူတူလိုက်ပါ ခံစားနာကျင်ထိခိုက်ပြီးတတ်နိုင်တဲ့ဘက်ကကူညီကြတဲ့ရိုးရှင်းတဲ့ မေတ္တာတရားအေးချမ်းတဲ့မေတ္တာတရားကိုဘာအထူးတလည်မွမ်းမံမှုမှမရှိပဲနဲ့ရင်ထဲရောက်အောင် ရိုက်ကူးပြသထားတာကြောင့်အသေးစိတ်ကအစ ရင်ထဲခံစားရစေမှာပါ....ဒီလိုကပ်ဘေးကာလမှာ နှလုံးသားကိုလဲအာဟာရကျွေးဖို့လိုတာကြောင့် နှလုံးသားအာဟာရမိသားစုဇာတ်ကားလေးကို ကြည့်ရှုခံစားကြပါဦးဒါကြောင့် သေချာလေးကြည့်ပြီးခံစားလိုက်ပါဦးနော်..IMDB 6.2 ရထားပြီး castingပိုင်းမှာလဲဂျပန်နိုင်ငံရဲ့ နာမည်ကြီးမင်းသမီး နနကိုမတ်စုလေးကခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးထားကြောင့်ကြည့်ရှုသူ ပရိသတ်တို့ သရုပ်ဆောင်ပိုင်းမှာလဲ နှစ်ခြိုက်ကြမှာပါ...အညွှန်းနဲ့ဘာသာပြန်ကိုတော့ ThinZar Htet မှခံစားရေးသားပေးထားပါတယ် Translated by : ThinZar HtetEncoded by : YKQuality :720p HDTV x264 AAC5.1File Size : 1.2GBSubtitles : Myanmar (Hardsub)
movie
Family of Strangers (2019)
2019
7.4
37 Seconds (2019)
unicode၃၇စက္ကန့်အတွင်းမှာ သူမအသက်ရှုခဲ့မယ်ဆိုရင်...တစ်စက္ကန့်လေးပဲဖြစ်ဖြစ် သူမစောပြီးအသက်ရှူခဲ့မယ်ဆိုရင်...ယူမာတာကာဒါဆိုတဲ့ ကောင်မလေးဟာမွေးမွေးချင်း၃၇စက္ကန့်လေးမှာ အသက်မရှုခဲ့တဲ့အတွက်မွေးရာပါအာရုံကြောထိခိုက်သွားပြီးcerebral palsyဆိုတဲ့ရောဂါဖြစ်ပွားခဲ့ကာမသန်စွမ်းဘဝနဲ့ရှင်သန်လာခဲ့ရသူလေးပါ။manga ကာတွန်းရေးဆွဲတဲ့နေရာမှာပါရမီပါခဲ့ပေမယ့်မသန်စွမ်းဆိုတဲ့ခေါင်းစဉ်အောက်မှာအဖိနှိပ်ခံခေါင်းပုံဖြတ်ခံနေရတဲ့ပါရမီရှင်လေးတစ်ယောက်ပေါ့။မိခင်ဖြစ်သူနဲ့ နှစ်ယောက်တည်းနေထိုင်ရင်း အသက်၂၃နှစ်ပြည့်လာခဲ့ပါတယ်။တစ်နေ့မှာတော့လိင်အသားပေးကာတွန်းမဂ္ဂဇင်းမှာအလုပ်ဝင်လျှောက်ခဲ့ပါတော့တယ်။ဒါပေမယ့်စာအုပ်တိုက်ကလိင်အတွေ့အကြုံရှိမှပြန်လာခဲ့ပါလို့ပြောလိုက်တဲ့အခါ...ဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက်37seconds (2019)ဆိုတဲ့ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။Imdb Rating 7.4/10 Rotten Tomatoes 80%တောင်ရရှိထားတာမလို့အထွေအထူးမညွှန်းရင်တောင် ကားကောင်းလေးမှန်းအားလုံးသိကြမှာပါ။69ကြိမ်မြောက်ဘာလင်ရုပ်ရှင်ပွဲတော်မှာပြသခဲ့ပြီး ဆုတွေလဲဆွတ်ခူးနိုင်ခဲ့တဲ့ကားလေးပါ။Drama ကားကောင်းလေးတွေမျှော်လင့်နေတဲ့ပရိသတ်ကြီးအတွက်တော့အကြိုက်တွေ့စေမှာပါ။ဇာတ်ကားလေးနာမည်ကတော့ 37seconds(2019)ပါ။File Size : ( 1 GB , 395MB ) Quality : WEB-DL 720p Running Time : 1 hr 55 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Moe Myint Lwinzawgyi၃၇စက္ကန့်အတွင်းမှာ သူမအသက်ရှုခဲ့မယ်ဆိုရင်...တစ်စက္ကန့်လေးပဲဖြစ်ဖြစ် သူမစောပြီးအသက်ရှူခဲ့မယ်ဆိုရင်...ယူမာတာကာဒါဆိုတဲ့ ကောင်မလေးဟာမွေးမွေးချင်း...
movie
37 Seconds (2019)