Channel Myanmar

Kingdom Yuen

The Drunken Prodigy ( 2024 ) 6
The Drunken Prodigy ( 2024 ) ရှောင်လင်ဘုန်းကြီးလေး Ashton Chen ရဲ့ 2024 မှာထွက်တဲ့ကားသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ သိုင်းပညာကိုအရူးအမူးဖြစ်နေတဲ့ လူ့ပေါ်ကျော့သူဌေးသားလေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။သူဌေးသားလင်ယောက်ဟာ ငယ်ငယ်ကတည်းကသိုင်းလေ့ကျင့်ခဲ့ပြီးတော့ သူ့ကိုယ်သူအရမ်းတော်တဲ့သူတစ်ယောက်လို့ထင်နေခဲ့တယ်။ တကယ်တော့ သူ့အဖေကနောက်ကွယ်ကနေလာဘ်ထိုးပြီး တခြားသူတွေကိုအရှုံးပေးခိုင်းခဲ့တာဆိုတာကိုသူမသိခဲ့ဘူး။ တစ်နေ့မှာတော့ လူလိမ်တစ်ဖွဲ့က လင်မိသားစုပိုင်အိမ်ကိုမျက်စိကျပြီးတော့ သူဌေးသားလေးကိုအကွက်ဆင်ပြီးလိမ်လိုက်ကြတယ်။သူဌေးသားလေးကလဲ ပိုင်ဆိုင်မှုတွေအားလုံးကိုဆုံးရှုံးလိုက်ရတဲ့အချိန်မှပဲ သူဟာဘာမှမဟုတ်ခဲ့ဘူးဆိုတဲ့အမှန်တရားကိုသိလိုက်ရတယ်။ သူပိုင်ဆိုင်တဲ့အရာတွေကိုပြန်ရဖို့ တရားမျှတမှုပြန်ရယူဖို့ အရက်မူးသမားသိုင်းကိုလေ့ကျင့်ပြီး ပြန်ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ရှောင်လင်ဘုန်းကြီးလေးတို့ထုံးစံအတိုင်း အက်ရှင်ပိုင်ပိုင်နိုင်နိုင်နဲ့ ချပြသွားတဲ့အတွက် သိုင်းလောကသားတွေအကြိုက်တွေ့ကြမှာဖြစ်ပါတယ်။ Filesize : 1.52 GB / 916 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Drunken Prodigy ( 2024 )

One Hundred Million Plan ( 2024 )
One Hundred Million Plan ( 2024 ) အိမ်မွေးတိရိစ္ဆာန်ကုမ္ပဏီတစ်ခုရဲ့ဥက္ကဌဖြစ်တာ မကြာသေး ကုမ္ပဏီဒေဝါလီခံလိုက်ရတဲ့ ……ချီဖေး ကုမ္ပဏီလည်ပတ်နိုင်ဖို့ကြံရာမရဖြစ်နေတဲ့အချိန်မှာ ဆုကြေးဒေါ်လာသန်း(၁၀၀)ရမယ့်အခွင့်အရေးတစ်ခုကိုရှာတွေ့သွားခဲ့တယ်။အဲဒီလိုနဲ့ကျွန်းနိုင်ငံလေးတစ်ခုကိုရောက်လာခဲ့တယ်။ တကယ်တော့ ဆုကြေးဒေါ်လာသန်း(၁၀၀)ရမယ့်အခွင့်အရေးဆိုတာ ခရီးသွားတွေကိုလိမ်စားနေတဲ့ လူလိမ်၂ယောက်ရဲ့ ပိုက်ဆံလိမ်ချင်တဲ့အကြံမှန်း သူမသိခဲ့ဘူး။လူလိမ်တွေဖန်တီးထားတဲ့ သူဌေးရစ်ချက်ဟာ မှောင်ခိုအရောင်းအဝယ်တွေကို နောက်ကွယ်ကနေချုပ်ကိုင်နေတဲ့ ရစ်ချက်နဲ့နာမည်သွားတူနေတော့ သူတို့(၃)ယောက်ဟာ မှောင်ခိုစိန်ရောင်းဝယ်မှုထဲပါသွားခဲ့တဲ့အခါ အလွဲအလွဲအချော်ချော်တွေကြားမှာ ဆက်လွဲရင်း အခက်အခဲတွေဖြေရှင်းသွားတဲ့ပုံကို ရိုက်ထားတဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

One Hundred Million Plan ( 2024 )

Kung Fu Ping Pong ( 2024 ) 5.8
Kung Fu Ping Pong ( 2024 ) ဂရိတ်ဗြိတိန်မှာ တစ်နှစ်ပတ်လုံးမိုးတွေအရမ်းရွာသွန်းခဲ့တဲ့အချိန်မှာ တင်းနစ်ကစားရတာကိုအရမ်းကြိုက်တဲ့ တော်ဝင်မျိုးနွယ်ဝင်တစ်ယောက်က အပြင်ထွက်စရာမလိုဘဲကစားလို့ရတဲ့ တင်းနစ်ကစားနည်းနဲ့တူတဲ့ကစားနည်းတစ်မျိုးကိုတီထွင်ခဲ့ပါတယ်။ အဲဒီကစားနည်းကို စားပွဲတင်တင်းနစ်လို့ခေါ်ပါတယ် ။ချင်းမြို့တော်ကိုနိုင်ငံခြားသားတွေနဲ့ဂျပန်တွေရောက်လာပြီးတော့ စားပွဲတင်တင်းနစ်ကစားပွဲလာရောက်ကျင်းပတဲ့အချိန်မှာ တရုတ်ပြည်က ဝင်ပြိုင်တဲ့သူမရှိတဲ့အတွက် ဂျပန်တွေကတရုတ်ပြည်သူပြည်သားတွေကို နှိမ်ခဲ့ပါတယ် ။အဲဒီလိုနဲ့ အဲဒီလိုနှိမ်တဲ့စကားတွေကိုမခံချင်တဲ့ မမလေးရုန်ကနေအစပြုပြီး စားပွဲတင်းနစ်ဆော့ဖို့ ကစားသူတွေလိုက်လံစုဆောင်းတဲ့အခါမှာ ခေါက်ဆွဲဆိုင်က စာပေသမားတစ်ယောက်ရယ် ၊ မီးဖိုးချောင်ကခေါက်ဆွဲချက်တဲ့ စားဖိုမှူး‌တစ်ယောက်ရယ် ၊ သူခိုးလေးတစ်ယောက်ရယ် ၊ ဓားပြစုံတွဲ၂ယောက်ရယ်စားပွဲတင်တင်းနစ်လေ့ကျင့်ဖို့ဖြစ်လာပါတော့တယ် ။သူတို့တွေပေါင်းပြီး ဂျပန်တွေကို ပြိုင်ပွဲမှာ ဘယ်လိုတွေအနိုင်ယူသွားမလဲ ? သူတို့လိုအခုမှ စလေ့ကျင့်တဲ့ အသစ်လေးတွေက လက်ရွေးစင်ကစားသမားတွေကိုအနိုင်ယူသွားမလားဆိုတာ စိတ်ဝင်စားစွာဖြင့်လိုက်ပါကြည့်ရှုလိုက်ကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

Kung Fu Ping Pong ( 2024 )

Shaolin Popey II: Messy Temple ( 1994 ) 5.9
Shaolin Popey II: Messy Temple ( 1994 ) ကလေးဘဝတုန်းကအရမ်းသဘောကျခဲ့ရတဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ ရှောင်လင်ကိုယ်တော်လေးနှစ်ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။ စုစုပေါင်းသုံးကားရှိပြီး ပထမကားကိုတင်ဆက်ပေးပြီးဖြစ်ပါတယ် ၃ ကားလုံးကို ဒီလင့်မှာရှာလို့ရပါတယ်Shaolin Popey 2 က Shaolin Popey 1 နဲ့ အဓိက သရုပ်ဆောင်တွေတူပေမယ့် ဇာတ်လမ်းကတော့အဆက်အစပ်မရှိပါဘူး။ 2 မှာ ရှောင်လုံနဲ့ရှောင်ဝိန်တို့ဟာ ဝူးလုံကျောင်းကကိုယ်တော်လေးတွေပဲဖြစ်ကြတယ်။သူတို့ဟာ နေ့ဓဒူဝ ကျောင်းတော်မှာ ကွန်ဖူးလေ့ကျင့်ရင် ဝေရာဝစ္စတွေလုပ်ရင်းနေလာခဲ့ကြတယ်။ တစ်နေ့မှာတော့ ရှောင်လင်ကျောင်းနဲ့မိစ္ဆာဂိုဏ်းကြားက ရန်ငြိုးကြောင့် မိစ္ဆာဂိုဏ်းကလူသတ်သမားတစ်ယောက်ဟာ ဝူးလုံကျောင်းကိုလာပြီးလုပ်ကြံခဲ့တယ်။ လုပ်ကြံတာမအောင်မြင်တော့ မိန်းမလှလေးတစ်ယောက်ကို လွှတ်ပြီး ဟန်ဆောင်မြူစွယ်သိမ်းသွင်းဖို့ကြိုးစားလာခဲ့တယ်။ ကိုယ်တော်လေးရဲ့ကွန်ဖူးအစွမ်းနဲ့ မိစ္ဆာဂိုဏ်းရန်ကို ဘယ်လိုရှင်းကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။စုစုပေါင်းသုံးကားရှိပါတယ် 2 ကားတင်ဆက်ပြီးပြီဖြစ်လို့ နောက်ဆုံးပိုင်းကိုမကြာခင်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Reviewed By Nu Mon Encoded by LK
movie

Shaolin Popey II: Messy Temple ( 1994 )

Shaolin Popey I ( 1994 ) 6.4
Shaolin Popey I ( 1994 ) ကလေးဘဝတုန်းကအရမ်းသဘောကျခဲ့ရတဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ ရှောင်လင်ကိုယ်တော်လေးနှစ်ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။ နှစ်ရှည်လများကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် အကောင်းဆုံးရနိုင်တဲ့ DVD Quality ကိုပဲတင်ဆက်ပေးလိုက်ရပါတယ် ဇာတ်လမ်းကိုအများကြီးမိတ်ဆက်ပေးစရာလိုမယ်တော့မထင်ပါဘူးပြန်နွှေးပေးရရင်တော့ အထက်တန်းကျောင်းသားဘဝမှာ အလှဆုံးကျောင်းသူလေးကိုချစ်မိသွားတဲ့ကောင်လေးတစ်ယောက်နဲ့ ကျောင်းမှာအာဏာရှိတဲ့ခပ်ဆိုးဆိုးကျောင်းသားတစ်ယောက်ကြားက ယှဉ်ပြိုင်ပွဲတစ်ခုအကြောင်းဖြစ်ပါတယ်။ မိသားစုခရီးထွက်ရင်း ကစားမက်တဲ့ကတုံးလေးကြောင့် အကြောင်းတိုက်ဆိုင်ပြီး ရှောင်လင်ကျောင်းမှာကွန်ဖူးသင်ခဲ့ရပြီးတော့ ကျောင်းမှာပြန်ပြီး ပညာပြတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။စုစုပေါင်းသုံးကားရှိပြီး ၃ ကားလုံးကို ဒီလင့်မှာရှာလို့ရပါတယ် Quality : DVDRip Format : mp4 Genres : Action , Comedy Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Reviewed By Nu Mon Encoded by LK
movie

Shaolin Popey I ( 1994 )

Doubao Magistrate ( 2024 ) 5.8
Doubao Magistrate ( 2024 ) ဒီတစ်ခါCMကတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့ ရှေးခေတ်ဟာသကားလေးပဲဖြစ်ပါတယ် ဇာတ်ကားလေးကတော့ ခရိုင်လူကြီးမင်းဖြစ်သူ ငယ်နာမည်သုန့်ပေါင်းခေါ် ယွီချင်းဖုန်းနဲ့ သုန့်ပေါင်းပြောနေကြဖြစ်တဲ့ နတ်သမီးရှုံးအောင်လှပရတဲ့ သူ၏ဇနီး ကျောက်ယွီဖုန့်တို့ရဲ့ ပျော်ရွှင်စရာမိသားစုအကြောင်းကို အဓိကထားပြီးရိုက်ကူးပြသပေးထားတာဖြစ်ပါတယ်သူတို့လင်မယားနှစ်‌ယောက်ကတော့ ကလေးယူချင်တဲ့စိတ်ကြောင့် ဇနီးဖြစ်သူနှင့် အလုပ်အချိန်ပိုဆင်းမယ်ဆိုတဲ့အချိန်မှာ ကြုံတွေ့ရမဲ့ဟာသအနှောက်ယှက်လေးတွေနဲ့ ခရိုင်လူကြီးမင်းဖြစ်သူက ပြဿနာပေါင်းသောင်းခြောက်ထောင်ကို စည်းစနစ်ကျကျ ဟာသနှောပြီး ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အမောပြေဟာသကားလေးတကားဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Xing Xing Encoded by LK
movie

Doubao Magistrate ( 2024 )

The Story of the Night Watcher ( 2023 ) 6
The Story of the Night Watcher ( 2023 ) ဒီတစ်ခါတင်ဆက်ပေးမယ့် ရုပ်ရှင်‌လေးကတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ မကောင်းဆိုးဝါးနှင်တဲ့ကား‌လေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းကို ပြောပြရမယ်ဆိုရင် ရှေးရှေးတုန်းက အိမ်ထဲမှာ ထီးမဆောင်းရတို့ ညဘက်မိုးကြီးတဲ့အချိန်ဆို သူစိမ်းတွေကိုတည်းခိုခွင့်မပြုရဆိုပြီး အစရှိတဲ့အယူအဆတွေရှိခဲ့ကြပါတယ် ဘာလို့လဲဆိုရင်တော့ မကောင်းဆိုးဝါးတွေကို အလွယ်တကူ အိမ်ထဲဝင်လို့ရစေနိုင်လို့ပါတဲ့ပြီးတော့ မသန်စွမ်းတဲ့ခေါင်မိုးပြင်လက်သမားတွေကို မစော်ကားရပါဘူးတဲ့ ဘာလို့လဲဆိုရင် သူတို့တွေက လူပန်း(လက်သမား)ကျိန်စာ တိုက်တတ်လို့ပဲဖြစ်ပါတယ် ဒီကားလေးကတော့ အဲ့လို အယူအဆတွေ အောက်လမ်းအတတ်တွေ အဆိပ်ပိုးကောင်အတတ်တွေ မတိမ်ကောသေးတဲ့ တရုတ်ပြည်သူ့သမ္မတနှစ်အစောပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အမှုကိစ္စတွေအကြောင်းကို နောက်ခံထားရိုက်ကူးထားတာပဲဖြစ်ပါတယ်အဲ့ဒီခေတ်အခါဆိုရင် ညဘက်ကင်းလှည့်ရတဲ့သူကတော့ သန့်စင်တဲ့ယန်ဓာတ်ပါတဲ့လူဖြစ်ရပါမယ် ဘာလို့ဆို အဲ့ဒီကင်းလှည့်သူတွေက မကောင်းဆိုးဝါးနှင်တဲ့အတတ်ကိုပါ တက်မြောက်ထားရပြီး ကင်းလှည့်ရင်း မကောင်းဆိုးဝါးတွေကိုပါ ဖမ်းရတာမို့လို့ဖြစ်ပါတယ် ရှန်ရှောင်ဟန်လို့ခေါ်တဲ့ လူငယ်လေးကတော့ သူ့ဆရာဆုံးပါးသွားပြီးနောက်မှ ာ သူ့ဆရာရဲ့တာဝန်ဖြစ်တဲ့ ကင်းလှည့်ပြီး မကောင်းဆိုးဝါးဖမ်းတဲ့အလုပ်ကို တာဝန်ယူရပါတယ်အဲ့နောက်မှာတော့ သူ့ဆီကို ဆရာဦးလေးဖြစ်သူကရောက်ရှိလာခဲ့ပြီး သူ့ဆရာချန်ခဲ့တဲ့ ဘုံကျောင်းအပျက်ကြီးထဲမှာ ဆေးခန်းဖွင့်ပြီး ရွာသားတွေကို ကုသပေးခဲ့ပါတယ် တစ်နေ့မှာတော့ သူတို့နေတဲ့လင်အိမ်တော်မြို့ရဲ့ လင်ယွင်ရွာလေးမှ ာ ညတွင်းချင်းမှာပင် လူပေါင်း(၁၀)ယောက်ကျော်ဟာ အကြောင်းရင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ပါတယ် အဲ့တော့ ဒီအမှုကို ဆက်လက်ဖော်ထုတ်ဖို့ကြိုးစားရာကနေ ဘယ်လိုကိစ္စတွေနဲ့ ဆက်နွယ်လာမှာလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ရာသီဥတုအေးအေးလေးလေးမှာ ကွေးကွေးလေးနဲ့ကြည့်ရှုခံစားလို့ရမယ့်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller Runtime : ...
movie

The Story of the Night Watcher ( 2023 )

(18+) A Chinese Torture Chamber Story (1994) 5.9
(18+) A Chinese Torture Chamber Story (1994) ဂေါ်ဖီထုပ်ကလေးဆိုတဲ့ ခြေသေးမမိန်မပျိုလေးဟာ ဆေးဆရာယန်နေဝူ ဆီမှာအိမ်တော်ထိန်းအဖြစ်တာဝန်ထမ်းနေပါတယ်။ ဒါပေမယ့် ယန်က သူ့အပေါ်တိမ်းညွတ်နေပြီးတစ်ချိန်မှာ ကိုယ်လုပ်တော်အဖြစ်မြှောက်စားဖို့အထိ ဆန္ဒရှိနေပါတယ်။ ယန်ရဲ့ဇနီးဖြစ်သူနဲ့အောက်ရုံးတရားသူကြီးရဲ့ သားနဲ့ဖောက်ပြန်နေတဲ့ ဇာတ်လမ်းကိုဂေါ်ဖီထုပ်ကလေး အမှတ်မထင်မြင်သွားတဲ့နောက်မှာတော့ သူ့ရဲ့ဇာတ်လမ်းပေါ်လာမှာစိုးရိမ်စိတ်နဲ့ဂေါ်ဖီထုပ်ကလေးကို ယောက်ျားပေးစားပြီးအဝေးပို့လိုက်ရုံမကပဲ ဆက်လက်ဒုက္ခပေးဖို့အကြံဆိုးတွေကြံပါတော့တယ်။ အဲ့ဒါကတော့ သူပေးစားလိုက်တဲ့ဂေါ်ဖီထုပ်ကလေးရဲ့ယောက်ျားကိုတစ်ဖက်လှည့်နဲ့လုပ်ကြံပြီး အဲ့ဒီအမှုကိုဂေါ်ဖီထုပ်ကလေးနဲ့ခင်ပွန်းသည် ယန်နေဝူတို့အပေါ်ပုံချလိုက်တာပါပဲ။ဒီအမှုကိုစစ်တဲ့တရားသူကြီးကိုယ်တိုင်က ဘက်လိုက်တဲ့သူဖြစ်တဲ့အတွက်တရားခွင်မှာ အဲ့ဒီအချိန်က တရားဝင်ပြဌာန်းထားတဲ့ ရက်စက်ကြမ်းတမ်းလွန်းတဲ့နှိပ်စက်နည်းအမျိုးမျိုးနဲ့စစ်မေးတော့မှာဖြစ်ပါတယ်။ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ် ၁၉၉၀ လွန်နှစ်များဆီက ဂန္ဓဝင်ဇာတ်ကားတစ်ကားပါ။ ဇာတ်ကားနာမည်နဲ့တွဲမသိရင်တောင် ဂရုထဲမှာ လာမေးကြတဲ့ လေပေါ်မှာဝဲပျံပြီးကိုယ်ဖော့ပညာနဲ့ဂျိန်းကြတဲ့ ဟောင်ကောင်ကတုံးကြီး Elvis Tsui ရဲ့နာမည်ကျော်ဇာတ်ဝင်ခန်းကို သိကြမှာပါ။ ဇာတ်ကားနာမည်နဲ့လိုက်အောင်အလွန်ရက်စက်ပြီး စိတ်မသက်သာဖွယ် ညှင်းပန်းနှိပ်စက်နည်းပေါင်းစုံနဲ့ကြံကြံဖန်ဖန်ပေါက်ပေါက်ရှာရှာလို့ပြောရမယ့် လိင်ဇာတ်ဝင်ခန်းတွေပါဝင်ပါတယ်။ဒါပေမယ့်လည်း Dark comedy ဆန်ဆန်မြူးမြူးသွက်သွက်နဲ့ပေါ့ပါးတဲ့တင်ဆက်ပုံအရ ကြည့်ရတာပျော်စရာကောင်းပြီး entertaining ဖြစ်တဲ့ကားပါ။ File size…(880 Mb)/(520 Mb) Quality….Webrip 720p/480p Format…mp4 Duration….01:28:00 Genre...Drama Thriller Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias 
movie

(18+) A Chinese Torture Chamber Story (1994)

[18+] Lover of the Last Empress (1995) 5.6
[18+] Lover of the Last Empress (1995) Lover of the Last Empress (1994)Chingmy Yau ကို တော်တော်များများ နာမည်နဲ့တွဲမသိကြရင်တောင် လူကိုရင်းနှီးပြီးသားဖြစ်နေမှာပါ။ သူဟာ ၁၉၈၀နှောင်းပိုင်းနဲ့ ၁၉၉၀ကာလ ဟောင်ကောင်ရုပ်ရှင်ရဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသမီးတွေထဲက တစ်ယောက်ဖြစ်ပြီး မက်ဂီချောင်တို့ ဘရစ်ဂစ်တီလင်းတို့ကိုတော့မမီပေမဲ့ သူတို့လောက်နီးနီးနာမည်ကြီးခဲ့တဲ့သူပါပဲ။ ဟောင်ကောင်ရဲ့ ထိပ်တန်းမင်းသားတွေဖြစ်တဲ့ ချောင်ယွန်ဖတ်ရဲ့ God of Gamblers Returns, စတီဖင်ချောင်ရဲ့ Lawyer Lawyer နဲ့ Royal Tramp I & II, ဂျက်ကီချမ်းရဲ့ City Hunter, ဂျက်လီရဲ့ Kung Fu Cult Master, အန်ဒီလောင်ရဲ့ Casino Tycoon, အာရွန်ကော့ရဲ့ Legend of the Liquid Sword တို့လိုကားတွေလည်းရိုက်ခဲ့သလို Naked Killer တို့လို Category III ...
movie

[18+] Lover of the Last Empress (1995)

1995
Future Cops (1993) 5.9
Future Cops (1993) Future Cops (1993)~ IMDb - 5.9/10, MyDramaList - 7.5/10 ~ဒီကားက တကယ်ဆို ငစားကား။ ဘယ်လိုစားသတုန်းဆို အာနိုးရဲ့ Terminator ကားလို စတိုင်ကိုမှ Dragon Balls တွေ၊ Street Fighters တွေ၊ Fantastic Four ထဲက Reed Richards, Hulk ဘာညာ သာရကာ အကောင်စုံ ပလောင်စုံ ထည့်ထားတယ်။ အချောင်အနေနဲ့ စတီဖင်‌ချောင်ပါ ပါပါသေးတယ်။ စခွက်ပြောင်ပြီး ရိုက်ထားတယ်ဆိုပေမဲ့ သရုပ်ဆောင်တွေကတော့ ပေါ့ပေါ့သေးသေးတွေ မဟုတ်ပါဘူး။ ဟောင်ကောင် ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးလို့တင်စားကြတဲ့ အိုင်ဒေါဘဲတွေဖြစ်တဲ့ အန်ဒီလောင်၊ အာရွန်ကော့၊ ဂျက်ကီချောင် နောက် သူတို့ထဲ ကားရိုက်အနည်းဆုံးဖြစ်တဲ့ လီယွန်လိုင် ဒီလေးယောက်စလုံးပါတယ်ပြောရမယ်။ ပထမသုံးယောက်ကတော့ အကောင်လိုက်ကြီး ဝင်ပေါကြပေမဲ့ လီယွန်လိုင်ကတော့ နာမည်နဲ့ပဲ ဝင်ပေါသွားတာပါ။ ...
movie

Future Cops (1993)

1993
The God of Cookery (1996) 7.3
The God of Cookery (1996) The God of Cookery (1996)~ IMDb - 7.3/10, Rotten Tomatoes - 86% ~ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြမယ့် ပုဂ္ဂိုလ်ကြီးဟာ စတီဖင်ချောင်ပဲမဟုတ်လား။ ချောင်ဟာ ဒီလောကကို ဝင်ဝင်ချင်းမှာတော့ သူရိုက်ခဲ့တဲ့ King of Comedy ထဲကလိုပဲ ဟိုဘက်က ညောင်ပင်တစ္ဆေအော်ရင် ရုပ်တောင်မပါဘဲ ဝေလေလေပြန်ထူးရတဲ့ ဇာတ်ကောင်နေရာမျိုးကနေ စဝင်လာခဲ့တာပါပဲ။ A Better Tomorrow မှာ Cast List ထဲ သူပါလို့ ရှာကြည့်တော့ ၄ပြန်လောက်ရှာပြီးမှ ၃စက္ကန့်လောက်ပါရတဲ့ လူဆိုးဂိုဏ်းကကောင်လို နေရာမျိုးတွေပေါ့။ ဒီနောက်မှာတော့ အက်ရှင်သမားအနေနဲ့ ပွဲဦးထွက်ခဲ့သလို သရုပ်ဆောင်ဆုလည်းရခဲ့ပါတယ်။ ဘရုစ်လီကားကြည့်ပြီး ဘရုစ်လီလိုဖြစ်ချင်ခဲ့တဲ့သူဆိုတော့လည်း ဆန်းတော့ မဆန်းပါဘူး။ နောက် အဲဒီခေတ်ကလည်း ဟောင်ကောင်အက်ရှင်တွေရဲ့ရွှေခေတ်လို့လည်း ပြောလည်း မမှားဘူးကိုး။ ...
movie

The God of Cookery (1996)

1996
[18+] Raped by an Angel 4: The Rapist’s Union (1999) 4.5
[18+] Raped by an Angel 4: The Rapist’s Union (1999) Raped by An Angel စီးရီးရဲ့ ၄ ကားမြောက်ဇာတ်ကားပါ။ဒီဇာတ်ကားက ရှေ့ကားတွေထက် ပိုကြမ်းတမ်းတဲ့ဇာတ်လမ်းဇာတ်ကွက်ရှိပါတယ်။မိန်းကလေးသူငယ်ချင်းတစ်အုပ်စုကို မျက်စိကျပြီး မကောင်းကြံနေတဲ့ နှာဘူးကောင်အုပ်စုလိုက်ကို တွေ့ရမှာပါ။နှာဘူးကောင်အုပ်စုက သေချာအကွက်ချစီစဉ်ပြီး အုပ်စုလိုက်ယုတ်မာတတ်တာမို့သူတို့ကို ပြန်တွယ်ဖို့ မိန်းကလေးတွေဖက်က ဘယ်လိုစီစဉ်မလဲဘယ်လိုလက်စားပြန်ချေမယ်ဆိုတာကို အသည်းတယားယားကြည့်ရှုရမှာပါ။တင်ပြီးသမျှ Raped by An Angel ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.to/?s=raped+by+an+angel ရှာကြည့်လို့ရပါတယ်။File Size : (3.8 GB) & (850 MB) Quality : BluRay 1080p & 720p Running Time : 01:28:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Khant Encoded by RGB
movie

[18+] Raped by an Angel 4: The Rapist’s Union (1999)

[18+] Raped by an Angel (1993) Naked Killer 2 5.5
[18+] Raped by an Angel (1993) Naked Killer 2 ဟောင်ကောင်မင်းသမီး Chingmy Yau ရဲ့ 1992 ကထွက်ခဲ့တဲ့ Naked Killler ရဲ့ နံပါတ် ၂ ...Naked Killler 2 ဖြစ်ပေမယ့် သူ့ထက်ပိုနာမည်ကျော်တဲ့ စီးရီးစ်တစ်ခုဖြစ်လာမယ့် Raped by an angel ဇာတ်ကားတွဲတွေအတွက် ပထမဆုံးကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ယူးနဲ့ မင်းမင်းတို့ဟာ မိဘမဲ့ကျောင်းတစ်ကျောင်းထဲက အတူတူထွက်လာတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်လဲဖြစ် အခုချိန်မှာ တက်သစ်စကြေငြာမင်းသမီးလေးတွေဖြစ်နေပြီးတော့ တိုက်ခန်းတစ်ခုမှာအတူတူနေကြပါတယ်။ပါတီတစ်ခုမှာ ချက်ခ်ဆိုတဲ့ လူပွေလူရှုပ်ပုံစံ ရှေ့နေတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်ကံဆိုးစွာပဲ အဲ့ဒီလူဟာ သူတို့ဘေးခန်းကိုပြောင်းလာခဲ့ပါတယ်။ ယူးက ကျောင်းတစ်ဖက်နဲ့အလုပ်ရှုပ်နေရင်း ထိပ်သီးနာမည်ကျော်ဂိုဏ်းခေါင်းဆောင်တစ်ယောက်နဲ့ ချစ်ဇာတ်လမ်းစချိန်မှာ တစ်ယောက်တည်းအိမ်မှာကျန်နေခဲ့တဲ့ မင်းမင်းကို ဟိုရှေ့နေက မတရားကျင့်တာခံလိုက်ရပါတော့တယ်။ဒါကို တရားရုံးမှာရင်ဆိုင်ဖို့ကြိုးစားခဲ့ပေမယ့် အကွက်စေ့ ဉာဏ်များလွန်းတဲ့ရှေ့နေက အမှုကနေ ကွင်းလုံးကျွတ်လွတ်သွားချိန်မှာတော့ အချစ်ဆုံး သူငယ်ချင်းကိုယ်စား ယူး တစ်ယောက်ကိုယ့်နည်းကိုယ့်ဟန်နဲ့ကလဲ့စားချေဖို့ကြိုးစားပါတော့တယ်။ပညာတတ်အောက်တန်းစားထက်စာရင် ကိုယ်ကျင့်တရားရှိတဲ့လူမိုက်ကမှ တော်ပါသေးတယ်ဆိုတဲ့ ရှော့ရစရာသင်ခန်းစာတချို့လဲ ပြထားနိုင်ပါသေးတယ်။၁၉၉၀ ဝန်းကျင် ဟောင်ကောင်ရွှေခေတ်က ဇာတ်ကားတွေထုံးစံအတိုင်း သတ်ခန်းဖြတ်ခန်းတွေကြမ်းတမ်းသလို ချစ်ခန်းကြိုက်ခန်းတွေမှာလဲ အဖုံးအကွယ်မရှိ ပကတိအတိုင်းအလှအပတွေကိုရှုမြင်ခံစားရမှာဖြစ်ပါတယ်။ဖြတ်ထုတ်ထားတဲ့အခန်းတွေကို ဖြတ်ဆက်အနေနဲ့ ပြန်ထည့်ထားတဲ့ ရှားရှားပါးပါး ...
movie

[18+] Raped by an Angel (1993) Naked Killer 2

The Four Monkeys: The Return of Sun Wukong (2021) 6.5
The Four Monkeys: The Return of Sun Wukong (2021) စွန်းဝူခုန်းရဲ့ စွန့်စားခန်းတွေပဲကြည့်ပြီးတော့ ငြီးငွေ့နေပြီလား ?? ဒီတစ်ခါ စွန်းဝူခုန်းရဲ့ အချစ်အကြောင်းလေး ကြည့်ကြမလားနော် ? အရင်ဇာတ်လမ်းနဲ့မတူ တကယ်မိုက်တဲ့ကားလေးတစ်ကားပါ ။ စွန်းဝူခုန်းကို ဒီကားထဲမှာ လင်းမင်မျောက်မင်း လို့ခေါ်ပါတယ်... ကျောက်ကနေပြောင်းလဲလာတဲ့မျောက်ပေါ့....ဇာတ်လိုက်ကျော်မျောက်မင်းက လူတွေကိုအရမ်းကူညီတတ်ပါတယ်။ ဆုတောင်းတွေလည်း ဖြည့်ပေးတယ်။ တစ်ရက်ကို သုံးသောင်းရှစ်ထောင် သောဆုတောင်းတွေကို ပတ်ဖြည့်ပေးနေတာတဲ့ ။ ကောင်းတာလည်းရှိသလို မကောင်းတာလည်းရှိတာပေါ့ ။ အပင်မြင့်လေ လေတိုက်လေဆိုတဲ့အတိုင်း အဲ့ဒါကိုမနာလိုတဲ့ နတ်ဒေဝါတွေလည်းရှိသတဲ့။တစ်နေ့မှာတော့ ရွာကိုမိုးရွာပေးဖို့ ဆုတောင်းလာတဲ့ ကောင်မလေးတစ်ယောက်နဲ့ ထိပ်တိုက်တိုးပါလေရော... မျောက်မင်းကလည်း ဆုတောင်းတွေအကုန်ပြည့်စေရမယ်လို့ပြောသွားပါတယ်။ဒါပေမဲ့လည်း.. ဒါပေမဲ့လည်းပေါ့...တစ်ရက်မှာ သုံးသောင်းရှစ်ထောင်သော ဆုတောင်းတွေကြားထဲမှာ ကောင်မလေးတစ်ယောက်ရဲ့ ဆုတောင်းကဘယ်လိုဖြစ်သွားမလဲ.... မျောက်မင်းကိုမနာလိုနေတဲ့ နတ်ဒေဝါ တွေကရော ဘယ်လိုအကောက်ကြံမလဲဆိုတာ အချစ်ဒရာမာလေးကတစ်ဖက် တိုက်ခိုက်မှုတွေကတစ်ဖက်နဲ့ မရိုးနိုင်အောင်ကြည့်ရမယ့်ကားလေးတစ်ကားမို့ တင်ဆက်ပေးလိုက်ပါတယ်နော်.... Translated by : JoJo VaEncoded by; YKFile Size : 1.2GB ...
movie

The Four Monkeys: The Return of Sun Wukong (2021)

2021
Our Time Will Come (2017) 6.4
Our Time Will Come (2017) ဝေဖန်ရေးသမားတွေရဲ့ ကောင်းမွန်တဲ့ဝေဖန်သံတွေ နဲ့ ရုပ်ရှင်ဆုပေါင်း ၈ ဆု ရရှိထားပြီးဆင်ဆာကြမ်းလှတဲ့ တရုတ်အစိုးရရဲ့ ပိတ်ပင်မှုကိုခံရပြီးမှ ၂၀၁၇ ခုနစ်မှာထွက်ရှိလာခဲ့တဲ့ တရုတ်တော်လှန်ရေးကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။တရုတ်အမျိုးသမီး တော်လှန်ရေးခေါင်းဆောင် “ဖန်းကူး” နဲ့ တော်လှန်ရေးတပ်ဖွဲ့အောင်မြင်ဖို့ မိမိကိုယ်ကို စတေးထားတဲ့ လူငယ်တွေရဲ့ ကြိုးပမ်းခဲ့ပုံတွေကိုနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Zhou Xun , Wallace Huo, Eddie Peng တို့က အတွဲညီညီပုံဖော်ပေးထားပါတယ်။လူငယ်တော်လှန်ရေးအဖွဲ့တွေရဲ့ တော်လှန်ရေးအတွင်းမှာ ကြုံတွေ့ရတဲ့ ခံစားချက်တွေ၊ ခံယူချက်တွေ၊ အတွေ့အကြုံတွေကို အဓိကထားပြီး ရိုက်ပြပေးထားပါတယ်။ ပစ်တာခတ်တာတွေချည်းပဲ ရိုးအီနေအောင်မပြဘဲ တော်လှန်ရေးစိတ်ဓါတ်တွေကို အများကြီးထည့်သွင်းပေးထားတဲ့ ကားလေးဖြစ်တာမို့တွေးလို့ကောင်းမယ့် ရုပ်ရှင်ကောင်းလေးတစ်ကားပါ။ “သမီးတို့တော်လှန်ရေးကကျောက်ခဲကိုကြက်ဉနဲ့ပေါက်သလိုဖြစ်နေမှာပေါ့”“ဒီလိုသာ လူတိုင်းတွေးနေရင် အရေးတော်ပုံ ဘယ်နိုင်တော့မှာလဲအမေ...သမီးပြန်လာခဲ့မှာပါ...အားလုံးအေးချမ်းသွားတဲ့တစ်နေ့ သမီးတို့ ပြန်လည်တွေ့ဆုံကြတာပေါ့”  Translated by : JoJoVaEncoded by : YKFile Size ...
movie

Our Time Will Come (2017)

2017
Fight Back to School (1991) 7.2
Fight Back to School (1991)  စတီဖင်ချောင်ရဲ့ ဒီဇာတ်ကားကတော့ IMDb Rating (7.2) ထိရရှိထားတဲ့ Action/Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။စတီဖင်ချောင်က ဒီဇာတ်လမ်းတွေထဲမှာ ရဲစုံထောက်။ Fight Back to School ဇာတ်လမ်းတွေက အမှုအထူးအဆန်းတွေကို စုံစမ်း ဖြေရှင်းရတာ။ ဒီလိုဖြေရှင်းတဲ့နေရာမယ် စတီဖင်ချောင်နဲ့သူ့တွဲဖက်နဲ့ ရဲညီနောင်တွေ တက်ညီလက်ညီ တလွဲတွေလုပ်ပုံကို သွက်သွက်လက်လက်တင်ဆက်ထားတာပါ။ဒီပထမဇာတ်ကားထဲမှာတော့ အမှုက ထူးဆန်းပါတယ်…ရဲမှူးကြီးရဲ့ ပစ္စတိုပျောက်သွားတာပါ (:P) သံသယရှိတဲ့နေရာက စာသင်ကျောင်းထဲဖြစ်နေတော့ နာမည်ကျော်စုံထောက် စတီဖင်ချောင်ကို သွားစုံစမ်းခိုင်းပါတယ်။ စာမသင်ချင်လို့ ရဲထဲဝင်လာတဲ့ စတီဖင်ချောင်တစ်ယောက် အထက်တန်းကျောင်းထဲ စာသွားသင်ရင်း ဘယ်လိုတွေစုံစမ်းမယ်ဆိုတာ…။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို  https://channelmyanmar.to/category/stephen-chow/   မှာကြည့်လို့ရပါတယ်။  File size…(2.2 GB) and (1.1 GB) Quality….BluRay 1080p 5.1CH and 720p Format…mkv Duration….01:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Hlaine ...
movie

Fight Back to School (1991)

1991
Justice, My Foot! (1992) 7.0
Justice, My Foot! (1992) Justice, My Foot ဇာတ်ကားဟာ ၁၉၉၂ ခုနှစ်ကထွက်ရှိထားတဲ့နှစ်ချို့ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။IMDb rating 7/10 ထိရရှိထားပြီး ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ ဟာသမင်းသားကြီး စတီဖင်ချောင်နဲ့Anita Mui တို့ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... Sung ဟာဘယ်လိုနည်းနဲ့ဖြစ်ဖြစ်အမှုအနိုင်ရအောင်လုပ်တက်တဲ့ကွမ်တုန်းနယ်က နာမည်ကြီးရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်လဲ သူ့သားသမီးတွေဟာ ဘေးရန်ကျရောက်ပြီး တစ်နှစ်မပြည့်ခင်မှာပဲ အသက်ဆုံးရှုံးရရှာပါတယ်။၁၃ယောက်မြောက်ကလေးသေဆုံးပြီးနောက်တော့ စိတ်ပျက်ပြီး အလုပ်မှနားကာ ရေနွေးကြမ်းဆိုင်ဖွင့်လိုက်ပါတော့တယ်။ဒါပေမယ့် မစွန့်လွှတ်နိုင်တဲ့ဝါသနာအရ မိန်းမတစ်ဦးရဲ့ခင်ပွန်းအသတ်ခံရတဲ့အမှုတစ်ခုကိုပါဝင်ပက်သက်မိရာက........နောက်ကွယ်ကနေ အမှုမှန်ဖုံးကွယ်ဖို့ကြိုးစားနေတဲ့အရာရှိတွေနဲ့ ထိပ်တိုက်တွေ့လာသောအခါ...။ဇာတ်လမ်းစဆုံး စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် comedy,drama ဇာတ်ကားကောင်းလေးပါ။++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို https://channelmyanmar.to/category/stephen-chow/ မှာကြည့်လို့ရပါတယ်။  File size…(2.2 GB) and (1 GB) Quality….BluRay 1080p 5.1CH and 720p Format…mkv / mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ei Pyae  
movie

Justice, My Foot! (1992)

1992
A Home with a View (2019) 5.9
A Home with a View (2019) [Unicode]ဒီတစ်ခါတော့ ဟာသ ဇာတ်လမ်းလေးတစ်ခု တင်ဆက်ပေးမှာ ဖြစ်ပါတယ် ဟောင်ကောင်မှာ နေထိုင်တဲ့ သာမန်မိသားစုလေး တစ်စုအကြောင်းပါ ။မြို့ပြမှာနေထိုင်တဲ့ သာမန်မိသားစုတွေရဲ့ ဘဝကို ဖော်ပြပေးထားတာပါ သူတို့ မိသားစု ဘာ အခက်အခဲတွေကြုံတွေ့ရလဲ စိတ်ညစ်စရာတွေ ဘယ်လိုဖြေဖျောက်လဲဆိုတာကို ဟာသအနေနဲ့ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းလုံဝေ့မန်ဟာ အလုပ်ကြိုးစားတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ပါ ဒါပေမယ့် ဘယ်လောက်ကြိုးစားပြီး ပိုက်ဆံရှာပါစေ သူပေါင်ထားတဲ့ တိုက်ခန်းလေးကို မရွေးနိုင်သေးပဲ အတိုးပေးနိုင်တဲ့ အခြေနေမှာတင်ပဲ ရှိနေခဲ့ပါတယ် ။သားဖြစ်သူကလည်း အလုပ်အကိုင်မရှိ သမီးဖြစ်သူကလည်း ကျောင်းတက်နေဆဲဖြစ်ပြီး အောက်ပိုင်းသေနေတဲ့ လုံဝေ့မန်ရဲ့အဖေကိုတော့ သူ့ရဲ့ဇနီးဖြစ်သူက ပြုစုနေရပါတယ် ဒါကြောင့် သူတို့မိသားစုဟာ လုံဝေ့မန်တစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့ ရပ်တည်နေကြတာပါ ၊တိုက်ခန်းကျဉ်းထဲမှာ မိသားစု ၅ ယောက်နေကြပြီး အပေါ်ထပ်နဲ့ ရန်ဖြစ်လိုက် အောက်ထပ်နဲ့ ရန်ဖြစ်လိုက် မိသားစုချင်းရန်ဖြစ်လိုက်နဲ့ အမြဲဖြစ်နေပေမယ့် အိမ်ပြတင်းပေါက်က လှမ်းကြည့်ရင် မြင်ရတဲ့ပင်လယ်ရှုခင်းကြောင့် အမြဲတမ်း စိတ်အပန်းပြေရပါတယ် ၊ဒါပေမယ့် သူတို့တိုက်ရှေ့မှာ ...
movie

A Home with a View (2019)

2019
King of Beggars (1992) 6.9
King of Beggars (1992)  King of Beggars (1992)IMDB(6.9)ဇာတ်လမ်း အကျဉ်းလေးကတော့ -ပညာမတတ် အပျော်အပါးလိုက်စားပြီး တချိန်လုံး သောက်စားယစ်မူးလိုက် မိန်းမပျက်တွေနဲ့ ပျော်ပါးလိုက် နေနေတဲ့ စတီဖင်ချောင် တစ်ယောက်သူ့အဖေက တိုက်တွန်းလို့ သိုင်းသင်တန်းကျောင်း ဝင်ခွင့်ဖြေဆိုဖို့ ပီကင်းကိုရောက်လာပါတယ်။ရေးဖြေဖြေဆိုတော့ ကလိမ်ကကျစ်နဲ့ ခိုးချတာမိသွားပါတယ်:3အဲ့ဒီမှာ ဘုရင်ကြီးက ကလိမ်ကကျစ်ကောင်ကို သူတောင်းစား အဖြစ် အပြစ်ပေးလိုက်တဲ့အခါမှာတော့ဉာဏ်နီဉာဏ်နက်များတဲ့ စတီဖင်ချောင်တစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို  https://channelmyanmar.to/category/stephen-chow/   မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme ...
movie

King of Beggars (1992)

1992