Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kimberly Wyatt
6.2
13 Going on 30 (2004)
13 Going on 30 (2004)IMDb - 6.2/10_____Rotten - 65%ချစ်စဖွယ် အပြုံးပိုင်ရှင် မင်းသမီးချော Jennifer Garner ပါဝင်ပြီး Hulk မင်းသားအသစ်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Mark Ruffalo တို့ သရုပ်ဆောင်ထားတဲ့ ၂၀၀၄ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ 13 Going On 30 ဆိုတဲ့ ရုပ်ရှင်ကားလေးပါ ၁၃ နှစ်ဆိုတဲ့ ဘာမှ မဖွံ့ဖြိုး မလှပ လုပ်ပိုင်ခွင့်မရှိတဲ့ ဘ၀ ကို မလိုချင်တဲ့ ဂျန်နာ ဟာ သူမ ရဲ့ ၁၃ နှစ်ပြည့် မွေးနေ့မှာ အသက် ၃၀ လောက်ရှိချင်ပါတယ်လို့ ဆုတောင်းခဲ့ပါတယ် သူမ အိပ်ရာက နိုးတဲ့ အချိန်မှာတော့ အသက် ၃၀ လှပတဲ့ အမျိုးသမီးကြီး အဖြစ်ရှိနေပြီး သူမ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ခဲ့ပြီး အပြစ်မကင်းတဲ့ ...
movie
13 Going on 30 (2004)
2004
5.6
Be Cool (2005)
ဂျွန်ထရာဗိုသာနဲ့ အူမာသာမန်းတို့လို ဝါရင့်တွေပါဝင်ထားတဲ့ဇာတ်ကားပါ။ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ "မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့" ပါတဲ့။ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့ သူတွေပေါ့။တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) ...
movie
Be Cool (2005)
R.I.A.(2021) / Override
ရီယာဆိုတဲ့မိန်းမငယ်တစ်ယောက်ဟာ သာမန်အိမ်ထောင်ရှင်မတစ်ယောက် ဆင်ခြေဖုံးဒေသမှာ ခင်ပွန်းသည်နဲ့အတူနေထိုင်တယ်။ မနက်လင်းတဲ့အခါအိပ်ယာကထ မနက်စာပြင်မယ် ခင်ပွန်းကိုနှိုးမယ်၊ တစ်နေ့တာအစီအစဉ်တွေအကြောင်း ဖလှယ်ကြမယ်။ ခင်ပွန်းသည်က နှုးနှပ်ဖို့ကြိုးစားရင် ညအထိစောင့်ဖို့ပြောမယ်။ အိမ်အလုပ်တွေလုပ်၊ တစ်ခါတစ်လေလဲ ယောဂကျင့်၊ ညကျရင်အချိန်မှန်လာတတ်တဲ့ဇာတ်လမ်းတွဲကြည့် ပုံမှန်နေ့စဉ်ဘဝပေါ့။ သူ့ခင်ပွန်းသည်နာမည်က ဂျက်ခ်တဲ့။ ဒီအထိဘာမှမထူးဆန်းဘူး၊ နောက်တစ်နေ့မနက် သူပြန်နိုးလာတယ်။ သူ့ခင်ပွန်းကိုနှိုးမယ် မနက်စာပြင်မယ်။ ဒါပေမယ့် သူ့ခင်ပွန်းဆိုတဲ့သူက နောက်တစ်ယောက်ဖြစ်နေခဲ့ပြီ။ ဒါပေမယ့် နာမည်ကတော့ ဂျက်ခ်ပဲ။ သူကတော့မသိဘူး ပုံမှန်စကားတွေပြောတယ်။ ပုံမှန်လည်ပတ်မှုအတိုင်း တစ်နေ့တာကို ဆက်သွားတယ်။ သူ့ဘဝဟာ ဒီလို Loop တစ်ခုထဲမှာ ထပ်တလဲလဲလည်ပတ်နေရတယ်ဆိုတာ ရီယာ ဘယ်တော့ရိပ်မိလာမလဲ? သူက ဘယ်သူလဲ? သူ့ခင်ပွန်းသည်ဆိုသူတွေကရော? အရေးကြီးဆုံးကတော့ ဒီအဖြစ်အပျက်တွေအားလုံးကို ကြိုးကိုင်နေသူတွေက ဘယ်သူဖြစ်နေမလဲ? ဆက်လက်ရှုစားကြပါ။ Black Mirror ကိုရုပ်ရှင်တစ်ကားကြည့်ရသလိုမြင်ရမယ့် sci-fi, Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.8 GB) and (1 GB) Quality…WEB-DL 1080p & 720p Format…mkv Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie
R.I.A.(2021) / Override