Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kim Young-ok
5
Take Care of My Mom (2022)
Take care of my Mom (2022)"မိသားစုလိုမျိုး သူစိမ်း ၊ သူစိမ်းလိုဖြစ်နေတဲ့ မိသားစု"ဆိုတာမျိုး မြင်ဖူကြားဖူးကြုံဖူးပါသလား? အသက် ၈၅ နှစ်အရွယ် အဘွားအိုတစ်ဦးရဲ့ ရွေးချယ်မှုက ဘာများဖြစ်မလဲ ။ အဘွားဂျောင်မာအင်ကတော့ ဒယ်ဂူမှာနေထိုင်တဲ့ အသက် ၈၅ နှစ်အရွယ် အဘွားတစ်ဦးပါ။ အကြာကြီးနေမှ ဒယ်ဂူကို ပြန်လာမယ်ဆိုတဲ့ သားဖြစ်သူရဲ့စကားကြောင့် ဟိုဟိုဒီဒီပြင်ဆင်နေရင်းကနေ မတော်တဆ လက်ကျိုးသွားခဲ့တဲ့အခါ ကိုယ့်ကြောင့် သားဖြစ်သူကို ဒုက္ခမဖြစ်စေချင်တဲ့ မိခင်တစ်ယောက်ရဲ့ ခံစားချက်တွေကို မြင်တွေ့ရမှာပါ ။ သားဖြစ်သူရဲ့တာဝန်ဝတ္တရားတို့အတိုင်း မိခင်ဖြစ်သူအတွက် အစစအရာအရာ အဆင်ပြေအောင် လုပ်ပေးဖို့ကြိုးစားပေမယ့်လည်း အသက်အရွယ်အိုမင်းနေပြီဖြစ်တဲ့ မိခင်ဖြစ်သူရဲ့ စိတ်ကို သားဖြစ်သူကရော ဘယ်လိုနားလည်အောင် ကြိုးစားမလဲ? သူကြိုးစားခဲ့သမျှကရော မိခင်ဖြစ်သူအတွက် အကောင်းဆုံးတွေကိုပဲ ဖြစ်စေမှာလား ဒါမှမဟုတ် အဆင်မပြေမှုတွေပဲ ဖြစ်လာမှာလား? မိဘဘက်က ခံစားရတဲ့စိတ်ခံစားချက်တွေနဲ့ သားသမီးဘက်ကမြင်တဲ့ အမြင်တွေကို နှစ်ဖက်မျှပြီး ရိုက်ကူးပုံဖော်ထားတာမို့ မိသားစုရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် တကယ်ကို ကြည့်လို့ကောင်းစေမယ့် ဇာတ်ကားတစ်ကားဖြစ်မယ့်အပြင် လက်တွေ့ဘဝက သက်ကြီးရွယ်အိုမိဘတွေရဲ့ ခံစားချက်တွေ ၊ မိဘတွေအတွက် တတ်နိုင်သလောက်လုပ်ပေးချင်မိတဲ့ သားသမီးတို့ရဲ့ ...
movie
Take Care of My Mom (2022)
2022
6.7
Nothing Serious (2021)
Nothing Serious (2021) Review" Friends with benefits " ဆိုတဲ့ ရုပ်ရှင်ကားလေးကိုကြည့်ဖူးပြီး သဘောကျတဲ့သူဆိုရင် အခုဇာတ်ကားလေးကိုလည်း သေချာပေါက်သဘောကျမှာပါပဲ။ဟန်ဂျာယောင်းဆိုတဲ့ အသက်၂၉နှစ်ကောင်မလေးက အချစ်ရေးမှာ ကံခေသူလေးပါ သို့ပေမယ့် သူ့မှာ ပြင်းပြတဲ့သွေးသားဆန္ဒတွေကရှိနေပြန်တယ်ဆိုပါတယ်။တစ်ဘက်မှာ ဘတ်အူရီဆိုတဲ့ မဂ္ဂဇင်းဆရာလေးကလည်း အလုပ် stress ကတမျိုး လိုသုံးလုပ်ခံရတာကတမျိုးနဲ့ အထီးကျန်နေသူ။သူတို့နှစ်ယောက်ကို dating app လေးတစ်ခုက ဆုံတွေ့စေလိုက်တဲ့အခါမှာတော့ ... Burning (2018) တို့ The Call(2020) တို့လို ဇာတ်ကားတွေနဲ့ သရုပ်ဆောင်စွမ်းရည်ကို သက်သေပြထားပြီးသား မင်းသမီး Jeon Jong Seo က ဟန်ဂျာယောင်းအဖြစ်ပါဝင်သရုပ်ဆောင်ထားတာမို့ 2022 မှာအထီးဆက်ကျန်နေသူများအဖြစ် ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးဖြစ်ပါကြောင်း ။ အသုံးအနှုန်းနဲ့ဇာတ်ဝင်ခန်းအချို့ကြောင့် မိသားစုနှင့်အတူတူကြည့်ရန်တော့မသင့်တော်ပါနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Eain Lay ပဲ ဖြစ်ပါတယ်။Genre.....Romance, Comedy Quality….WEB-DL 1080p and 720p File size…1.3GB, 850MB, 200MB Format…mp4 Duration….1h 35min Subtitle….Myanmar Subtitle ...
movie
Nothing Serious (2021)
2021