Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kim Yeo-jin
Drive (2024)
Drive (2024)*************ပြန်ပေးဆွဲကားတွေကိုမှ ကြိုက်နှစ်သက်သူများအတွက်Mouse , Love All Play နဲ့ Zombie Detective တို့မှမင်းသမီးချောလေး Park Ju Hyun က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဟန်ယူနာ (Park Ju-Hyun) ဟာဆိုရင် subscriber ၇ သိန်းကျော်ရှိတဲ့နာမည်ကြီး YouTuber တစ်ယောက်ပါ။သူ့ဘဝလေးက သာယာချောမွေ့နေခဲ့ပေမဲ့လည်း တစ်နေ့မှာ ဘယ်သူဘယ်ဝါမှန်းမသိနိုင်သူရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတော့တယ်။ပြန်ပေးသမားက ယူနာကို ကားနောက်ဖုံးထဲမှာ ထည့်ထားပြီးတစ်နာရီကြာ live လွှင့်ခိုင်းပြီးတော့ ဝမ် ၆၅၀ မီလီယံရအောင် ရှာခိုင်းပါတော့တယ်။Live လွှင့်ချိန် တစ်နာရီအတွင်း ယူနာတစ်ယောက်ပြန်ပေးသမားက ဘယ်သူလဲဆိုတာကို ဘယ်လိုဖော်ထုတ်သွားမလဲ။ပြန်ပေးသမားဆီကနေ လွတ်မြောက်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ ရုပ်ရှင်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားထားပါတယ်။) File size…1.27GB / 560MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h ...
movie
Drive (2024)
7.1
Children…(2011)
Childern (2011)ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီး ရိုက်ကူးထားတဲ့ စုံထောက်ဇာတ်လမ်းလေးဖြစ်ပါတယ် ဆိုးလ် MBC ရုပ်သံဌာန ကထုတ်လုပ်သူဂန်ဟာ သူတာဝန်ယူရိုက်ကူးခဲ့တဲ့အစီအစဥ်တစ်ခုက ဥပဒေနဲ့မညီတာကြောင့် ဌာနကအကြီးအကဲတွေကသူ့ကို နယ်မြို့လေးတစ်မြို့ကရုပ်သံလွင့်ဌာနခွဲဆီပို့လိုက်ကြပါတယ် တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီမြို့ကရွာလေးတစ်ရွာမှာကလေး ၅ ယောက်ကထူးဆန်းစွာတစ်ပြိုင်ထဲပျောက်ဆုံးမှုဖြစ်ခဲ့ပြီး သူကလည်း သူ့နာမည်ပြန်ရဖို့အတွက် အဆိုပါအမှုကို တာဝန်ယူထားရတဲ့ စုံထောက်နဲ့ပူးပေါင်းပြီး ကလေးပျောက်မှုကိုစစ်ဆေးပါတော့တယ် သူတို့ရော ပျောက်သွားတဲ့ကလေးတွေကိုပြန်ရှာပြီးလူသတ်သမားကိုဖော်ထုတ်နိုင်ပါ့မလား ကလေးတွေကရောအသက်ရှင်လျက်ပြန်လာနိုင်ပါ့မလား လူသတ်သမားကရောဘယ်သူဖြစ်မလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်လိုက်ကြရအောင်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p File size…3GB | 1.1GB Format… mp4 Duration…. 2h 12min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thae Thae Encoder ..... Aaron
movie
Children…(2011)
2011
7.5
Wedding Dress (2010)
Wedding Dress (2010)ဘဝမှာ ကိုယ်ချစ်ရဆုံးသူတစ်ယောက် ရှိကြမှာပါ ဒီဇာတ်လမ်းလေးထဲမှာတော့ တစ်ခုလပ်မိခင် ဂိုဝွန်းက မင်္ဂလာဝတ်စုံဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး သူ့မှာ သွေးကင်ဆာရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်အဲဒီနောက်မှာ သူမရဲ့သမီးလေး ဂျောင်ဆိုရာကို သူမမပါဘဲ နေထိုင်တတ်ဖို့ ဆိုရာအကျင့်တွေနဲ့ပက်သက်ပြီး ဘယ်လိုတွေပြင်ဆင်ပေးခဲ့မလဲ သမီးလေးနဲ့မခွဲခင်မှာ သမီးလေးအတွက် မင်္ဂလာဝတ်စုံဝတ်ဆင်ခြင်းအပါအဝင် သမီးလေးအတွက် တတ်နိုင်သမျှ အကုန်လုပ်ပေးချင်ခဲ့ပါတယ် သူမရဲ့ရောဂါပိုဆိုးလာနဲ့အမျှ ဆိုရာလည်း သူ့အမေနေမကောင်းဖြစ်နေတာကို သိသွားပြီး သူ့အမေရဲ့ဆန္ဒတွေကို လျှို့ဝှက်ပြီး ဘယ်လိုဖြည့်ဆည်းပေးဖို့ကြိုးစားမလဲ ချစ်ရတဲ့သူ့ရဲ့အမေအတွက် သူ့အကျင့်တွေကိုပြင်ပြီး ဘယ်လိုတွေရှေ့ဆက်မလဲ ကိုယ်ချစ်ရဆုံးအမေနဲ့ မခွဲရခင်မှာ ဆိုရာလေးက ဘယ်လိုတွေဖြည့်ဆည်းပေးမလဲဆိုတာကိုတော့....အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.5GB | 724MB | 352MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Myo Myo Encoder ..... Aaron
movie
Wedding Dress (2010)
2010
7.7
Peppermint Candy (1999)
[Unicode]Peppermint Candy (1999)ဝေဖန်ရေးသမားတွေ အဆိုအရတော့ Burningနဲ့ Green fishတို့လိုကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Lee Chang Dongရဲ့ အကောင်းဆုံးကားဟာ Poetry(2010)ပါ။ သူရဲ့ ဒုတိယအကောင်းဆုံးကားကတော့ သူရဲ့ အစောပိုင်းလက်ရာတစ်ခုဖြစ်တဲ့ အခုဒီ Peppermint Candyပါပဲ။ ရုပ်ရှင်တစ်ကား ကောင်းမကောင်းဟာ ကြည့်ရှုသူအပေါ်မှာပဲ မူတည်တာမို့ ကျွန်တော်တော့ Peppermint Candyကို ပိုသဘောကျပါတယ်။Peppermint Candyဟာ Nolanရဲ့ mementoလိုမျိုး ဖြစ်ရပ်အချိန်စဉ်အလိုက် မပြထားတဲ့ ရုပ်ရှင်မျိုးပါပဲ။ အခန်းဖြတ်၇ခန်းကို သုံးထားပြီး အခန်းဖြတ်တိုင်းမှာ ခုနှစ် အချိန်အခါ ပါတာမို့ သိပ်ပြီး Mind-Blowingဖြစ်စေမယ့် ရုပ်ရှင်မျိုးတော့ မဟုတ်ပါဘူး။ မြင့်သန်းဘာသာပြန်ပြီး ဂျပန်စာရေးဆရာ ကဇူးအို အစ်ရှိဂူရိုးရေးထားတဲ့ လွင့်မျောနေသောကမ္ဘာကြီး၏အနုပညာသည်တစ်ဦးလို ခေတ်ကာလနှစ်ခုရဲ့ မျဉ်းပြိုင်ရသကို ပါးပါးလေးသုံးထားပြီး ၁၉၈၀ကျောင်းသားထကြွမှုကနေ ဇာတ်ကားထွက်ခဲ့တဲ့ ၂၀၀၀ခုနှစ်အထိ ကိုရီးယားသမိုင်းရဲ့အနှစ်နှစ်ဆယ်ကာလကိုသုံးထားပါတယ်။ဇာတ်ရဲ့အဖွင့်ရဲ့ ဦးဆုံးအခန်းမှာ ပြထားတာကတော့ ရထားတစ်စင်း မြစ်ကူးသံလမ်းတံတားပေါ် ခုတ်မောင်းနေတာပါပဲ။ မြစ်ကူးသံလမ်းတံတားရဲ့အောက်မှာ လူတစ်ယောက်ပက်လက်လှဲပြီး ရထားကိုငေးမောနေပါတယ်။ အချိန်ကတော့ ...
movie
Peppermint Candy (1999)
1999