Channel Myanmar

Kim Su-hyeon

The City of Violence (2006) 7.0
The City of Violence (2006) The City of Violence(2006)IMDb Rating (6.6) / Rotten Tomatoes (100%)My Wife is Gangster မင်းသားကြီး Lee Beom-soo , မာဒုံဆော့ရဲ့ FDA မင်းသားကြီး Park Ji-hwan , အက်ရှင်လူကြမ်းမင်းသား Jung Doo-hong တို့လို့ တကယ့်ဇော်ရုပ်တွေနဲ့ အကြမ်းပတမ်းရိုက်ကူးထားတဲ့ ကိုရီးယားအက်ရှင်ကားပါ။ဇာတ်လမ်းကတော့....ဆိုးလ်မြို့ရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့မှ ထယ်ဆိုး တစ်ယောက်သူငယ်ချင်းဟောင်းဖြစ်သူ ဝမ်းဂျယ်ရဲ့စျာပနာပွဲကိုတက်ရောက်ဖို့အတွက် မွေးရပ်မြေကိုပြန်လာခဲ့ပါတယ်။ မထင်မှတ်ဘဲ သူငယ်ချင်းရဲ့ ဈပနပွဲမှာ မသာမှုတချို့ကို သတိထားမိသွားခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူဝမ်းဂျယ်ရဲ့သေဆုံးမှုဟာ သံသယဖြစ်စရာကောင်းတဲ့အတွက် ထယ်ဆိုးနဲ့ဆော့ဟွမ်းတို့ဟာ သူ့နည်းသူ့ဟန်နဲ့စုံစမ်းကြည့်ကြတဲ့အခါ... ဒီသေဆုံးမှုရဲ့နောက်ကွယ်မှာ မမျှော်လင့်ထားတဲ့သူတွေနဲ့ဆက်နွယ်နေတာကို တွေ့လိုက်ရပါတော့တယ်။ မတရားမှုတွေကို ထယ်ဆိုးတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ... သူမထင်ထားတဲ့သူတွေဆိုတာကရော ဘယ်သူတွေများဖြစ်မလဲဆိုတာ........။ကိုရီးယားအက်ရှင်ကြိုက်သူတွေအတွက်တော့ Rating မြင့်ပြီး လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ပါပဲ။ File size…(5.2 GB )/(2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:33:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated ...
movie

The City of Violence (2006)

Oldboy (2003) 8.4
Oldboy (2003) Oldboy (2003) *************** (1080p UFHDRip) IMDb - 8.4/10 Rotten - 82%အိမ်ထောင်သည်အမျိုးသားတစ်ယောက် သမီးလေးတစ်ယောက်ရှိတယ် သူ့သမီးလေး ၄နှစ်မြောက်မွေးနေ့မှာ မွေးနေ့လက်ဆောင်လေးပေးဖို့ဝယ်ထားတယ် အရက်တွေသောက် စရိုက်ဆိုးလူတစ်ယောက်ဖြစ်လေတော့ စုံတွဲတစ်တွဲနဲ့ပြသနာတက်ပြီး ရဲစခန်းရောက်သွားတယ် ရဲစခန်းက ပြန်ထွက်လာတော့နောက်ကျနေလို့ အမြန်ပြန်လာမဲ့အကြောင်း ဖုန်းဆက်ခဲ့တယ် မိုးတွေကလည်းရွာနေတယ် ဖုန်းပြောပြီးမိုးရွာထဲမှာ ရုတ်တရက်လူတစ်ယောက်သူ့အနားရောက်လာတယ် အဲ့ဒီသူကြောင့်သူသတိလစ်သွားတယ် သူသတိရလာတော့ စားစရာထည့်ပေးတဲ့အပေါက်လေးကလွဲလို့ နံရံတွေကြီးရှိတဲ့အလုံပိတ်အခန်းထဲရောက်နေတယ် ၁၅နှစ်တောင် ထောင်ထဲမှာသူအကျဉ်းကျနေခဲ့တယ် .....ဘယ်နေရာရောက်နေမှန်းလည်းမသိ တီဗွီလေးတစ်လုံးနဲ့အဖော်ပြုရင်း စိတ်ဓာတ်ကျစရာအခြေအနေတွေ ဆက်တိုက်ကြုံခဲ့ရတယ်ဘယ်သူက သူ့ကိုအကျဉ်းချခဲ့တာလဲ ဘာအကြောင်းကြောင့် ၁၅နှစ်ဆိုတဲ့အချိန်ကာလကြီး တစ်ခုလုံး သူ့ကိုချုပ်နှောင်ထားရတာလဲ.....ထူးဆန်းစွာပဲ ၁၅နှစ်ပြည့်တဲ့အချိန်မှာ သူ့ကိုလွှတ်ပေးလိုက်တယ် ဒီဇတ်ကားကကြည့်ဖူးသမျှထဲမှာအဆန်းဆုံးဇတ်ကွက်လို့ပြောရမယ်ထင်တယ် ကြည့်နေရင်းကိုယ်က ဇတ်အိမ်ထဲအလိုလိုမြောသွားတယ် ထောင်လိုအခန်းထဲရောက်သွားတယ်ဘာကြောင့်လဲ ဘာဖြစ်လို့လဲဆိုတဲ့မေးခွန်းတွေကို ကိုယ်ပါအရမ်းသိချင်တယ် ဖြတ်သန်းရတဲ့ဒုက္ခ သူ့ကိုခုလိုလုပ်တသူကိုရအောင်ပြန်ရှာပြီး လက်စားချေဖို့ ပြင်ဆင်ပုံတွေ တကားလုံးအပြီးထိဆွဲဆောင်နိုင်လွန်း အားကြီးတယ်ပေးချင်တဲ့ messageကလည်း ကျနော်တို့မြန်မာစကားပုံနဲ့ဆို ကြမ်းပေါက်ကျွံရင်နှုတ်လို့ရတယ် စကားကျွံရင်နှုတ်မရဘူး နှုတ်ကြောင့် ဖြစ်ပျက်ပုံမျိုးတွေပေးထားတယ်ခင်ဗျားရဲ့နှလုံးသားကို ခပ်စပ်စပ်ရသလေးပေးတဲ့ကားမျိုးကိုကြည့်ချင်တယ်ဆိုရင်တော့ ဒီကားက အသင့်တော်ဆုံးပါလို့အကြံပေးပါရစေဒါရိုက်တာ Park Chan-yongရဲ့လက်ရာမြောက်ကားတစ်ကားပါပဲ သူ့ရဲ့လက်ရာရဲ့ပေါက်ရောက်မှုက Hollywood ကနေ အမေရိကန် Oldboy ဆိုပြီးပြန်ရိုက်လိုက်တယ် အဓိကသရုပ်ဆောင် Choi Min-sikရဲ့သရုပ်ဆောင်ချက်တွေကိုလည်းခံစားလိုက်ပါဦး လက်ဖျားခါလောက်တယ်ကဲ ပြောရတာလည်းရှည်နေပါပြီဗျာ IMDB 8.4 တောင်ရထားတယ်ဆိုတော့ အထူးပြောစရာမလိုတော့ဘူးထင်ပါတယ်..ဒီကားကိုဘာသာပြန်ပေးတာကတော့ Ichika ဘဲဖြစ်ပါတယ်...File ...
movie

Oldboy (2003)

2003
Clean Up(2019) 6.8
Clean Up(2019) Clean Up(2019)အညွှန်း******************ဂျောင်ဂျူက သန့်ရှင်းရေးလုပ်ငန်းက ၀န်ထမ်းတစ်ယောက်ပါ သူမရဲ့ကလေးဟာ နှလုံးရောဂါကြောင့် သေဆုံးခဲ့ရပါတယ် သားဖြစ်သူ သေဆုံးမှုရဲ့ နာကျင်မှုဒဏ်တွေကို မခံစားနိုင်လို့မေ့ပျောက်လို့ပျောက်ငြား နေ့နေ့ညည အလုပ်တွေ လုပ်နေခဲ့ပါတယ်..... အရက်သောက်လိုက် ဘုရားကျောင်းသွားလိုက်လုပ်နေပေမယ့် သူမရဲ့ စိတ်တွေမဖြေနိုင်ခဲ့ပါဘူး..... အဲ့ဒီနောက် ထောင်ထွက် ကလေး တစ်ယောက်ဖြစ်တဲ့ မင်ဂူဟာ ဂျောင်ဂျူတို့ရဲ့ အလုပ်မှာ အလုပ်၀င်ခဲ့တဲ့အချိန်ကပြီးပြောင်းလဲမှုတွေအများကြီးကြုံရပါတော့တယ်....ဘာတွေလည်းဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး....File Size :(900 MB) and (422 MB) Quality : FHDRip 720p Format…mp4 Duration…01:48:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by Phyo Pyae
movie

Clean Up(2019)

Innocence ( 2020 ) 6.5
Innocence ( 2020 ) ဒီဇာတ်ကားက ၂၀၁၉ခုနှစ်ကထွက်ရှိထားတဲ့ ရှေ့နေတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး Angel’s Last Mission ထဲကမင်းသမီးShin Hye-sun ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရွာတစ်ရွာရဲ့ အသုဘတစ်ခုမှာ အသုဘပွဲလာတဲ့သူတွေကိုအရက်နဲ့ဧည့်ခံရင်းကနေ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ပိုးသတ်ဆေးကိုအရက်ထဲ ထည့်တိုက်လို့လူလေးယောက်သေဆုံးပြီး နှစ်ယောက်ကဆေးရုံတင်လိုက်ရပါတယ်။ဒီအမှုကအဲ့ရွာမှာ ဟိုးလေးတကြော်ဖြစ်သွားပြီးအဲ့ဒီအသုဘအိမ်ကတာဝန်ရှိသူ အိမ်ရှင်အဒေါ်ကြီးကို အရက်ထဲပိုးသတ်ဆေး ခတ်ပါတယ်ဆိုပြီးရဲတွေကဖမ်းဆီးခဲ့ပါတယ်။ဒီအမှုကိုတီဗီကနေကြားသိလိုက်ရတဲ့ အန်းဂျောင်းအင်းဆိုတဲ့ ရှေ့နေမလေးကလည်း ဒီအမှုနဲ့ပတ်သက်ဖို့ဖြစ်လာခဲ့ပါတယ်။အန်းဂျောင်းအင်းဆိုတာဆိုးလ်မြို့မှာ နာမည်ရ အလွန်တော် ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ။သူကိုယ်တိုင် ဒီအမှုကိုလိုက်ဖို့ဘယ်လိုပါဝင်ဖြစ်တယ်ဆိုတာ ကတော့ဒီဇာတ်လမ်းရဲ့မြုှပ်ကွက်ပဲဖြစ်ပါတယ်။ဒီအမှုကလည်းအများထင်ထားသလိုရိုးရှင်းတဲ့အမှု တစ်ခုလား ဒါမှမဟုတ်နောက်ကွယ်မှာဘာတွေရှိနေသေးလဲဆိုတာကတော့ဇာတ်ကားကိုကြည့်ပြီးအဖြေရှာစေချင်ပါတယ်။ ခြုံပြောရရင် ဇာတ်လမ်းဇာတ်ကွက်ကောင်းပြီး အချိန်ပေးကြည့်ရတာတန်မယ့်အကျိုးရှိမယ့် ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။လူတွေရဲ့စရိုက်၊လောဘစိတ်၊အတ္တစိတ်တွေကိုလည်းပေါ်လွင်အောင်ရိုက်ပြထားပြီးအမှန်တရားဆိုတာ ဘယ်လောက်ဖုံးကွယ်ထားပါစေ တစ်ချိန်မှာပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့သင်ခန်းစာကိုလည်းပေးထားပါတယ်။သရုပ်ဆောင်တွေကလည်းတကယ်သရုပ်ဆောင်ကောင်းသလို တရားရေးဥပဒေနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်တယ်လို့ ညွှန်းဆိုပေးချင်ပါတယ်။Translated & Review By Moe PwintEncoded By LK
movie

Innocence ( 2020 )

Heaven’s Soldiers ( 2005 ) 6.1
Heaven’s Soldiers ( 2005 ) IMDb 6.1 ရရှိထားတဲ့ ကိုရီးယားစစ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်မျက်မှောက်ခေတ်က စစ်သားတွေ ကိုရီးယားရဲ့နာမည်ကျော်စစ်သူကြီးလီဆွန်းရှင်းခေတ်ကိုပြန်ရောက်သွားတဲ့ဇာတ်ကားလေးပါပဲ….တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား သဘောထားမတူနှစ်ခြမ်းကွဲတဲ့ ကိစ္စ မဆန်းတော့ပါဘူး…ဒါပေမယ့် ဒီကားထဲမှာတော့ ဆန်းတယ်…အဏုမြူကို ထိုးအပ်မယ့်ကိစ္စမှာ မြောက်ပိုင်းက ဗိုလ်မှူးကမကျေနပ်စွာနဲ့ အဏုမြူယူပြီး ပြေးရော…တောင်ပိုင်းသား ဗိုလ်မှူးကလည်း အထက်အမိန့်နဲ့လိုက်ရော…အဲ့မှာတင် ထူးခြားအံ့သြဖွယ်ရာနဲ့ ကိုရီးယားက်ု ဂျပန်တွေဝင်တဲ့အချိန်တရုတ်ကလုချင်နေတဲ့အချိန်ဆီ စစ်သားတစ်စု အချိန်ခရီးနှင်ခဲ့ရလေရဲ့…သမိုင်းထဲပြန်ရောက်သွားတဲ့ စစ်သားတွေကဘယ်သူနဲ့တွေ့ပြီး ဘယ်လိုတွေပြောင်းလဲကုန်မလဲ…သူတို့ခေတ်ကိုရော ပြန်လို့ရပါ့မလား…နောက်ပြီး အဲ့ဒီခေတ်မှာရော တောင်ပိုင်းကဗိုလ်မှူးနဲ့မြောက်ပိုင်းသားဗိုလ်မှူးတို့ တည့်နိုင်ကြပါ့မလား…၂၀၀၅ ခုနှစ်က ဇာတ်လမ်းလေးပါ ဒါပေမယ့် ဒီကားလေးကပေးခဲ့တဲ့အသိကတော့ အခုအထိ တန်ဖိုးရှိနေလို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်Translated & Review By Chu ChuEncoded By LK
movie

Heaven’s Soldiers ( 2005 )

2005
The Unjust (2010) 6.7
The Unjust (2010) ဒီကားလေးကတော့မင်းသားကြီး    jung-min Hang နဲ့ dong-seok Ma တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုရီးယားအက်ရှင်ကားလေးပါ ဇာတ်လမ်းလေးကတော့  ကျောင်းသူ၅ယောက်မုဒိမ်းကျင့်အသတ်ခံရတဲ့အမှုကြီးကြောင့် ကိုရီးယားပြည်သူတစ်ရပ်လုံးဒေါသထွက်ကြရပါတယ်။ သမ္မတကြီးပါပါဝင်ပတ်သတ်လာပြီး ကိုရီးယားရဲဌာနကို တရားခံအစစ်မိရေးအတွက်ဖိအားပေးထားပါတယ်။ ရဲဌာနကချွဲအရာရှိဟာထက်မြက်တဲ့ရဲသားတစ်ဦးဖြစ်ပေမယ့် အကယ်ဒမီကျောင်းဆင်းမဟုတ်လို့ရာထူးမတက်နိုင်ရသေးသူလဲဖြစ်တယ်။ တစ်ဖက်မှာလဲအဓိကသံသယရှိသူတရားခံတစ်ဦးကို မစစ်ဆေးရသေးခင်ပစ်ခတ်မှုတွေကြောင့်ပွဲချင်းပြီးသေဆုံးခဲ့ရတယ်။ အထက်ကဖိအားတွေနဲ့ရဲဌာနမှူးဟာအကယ်ဒမီကျောင်းဆင်းမဟုတ်တဲ့ချွဲအရာရှိကို တရားခံအဖြစ်သရုပ်ဆောင်ရှာခိုင်းလိုက်ရာကနေဘာတွေဆက်ဖြစ်မလဲ။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပြည်သူ့ဝန်ထမ်းတွေကြားကလာဘ်ပေးလာဘ်ယူကိစ္စတွေက နေလူသတ်မှုတွေဖြစ်စေတဲ့ထိကြီးထွားလာတာတွေ ညီနောင်သံယောဇဉ်နဲ့တစ်ကိုယ်ကောင်းဆန်စွာရာထူးတက်ရေးဘာကိုရွေးချယ်မလဲဆိုတာကိုတော့..... (ဇာတ်လမ်းနဲ့အညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnyot Myet ဖြစ်ပီး Arkar Phyo မှ Encoded ပေးထားပါတယ်)  File Size : (944MB) & (481MB) Quality : .1080p.BluRay Running Time :1hr  54min Format : Mp4 Genre    : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnyot Myet Encoded by Arkar Phyo (Yrfatt)
movie

The Unjust (2010)

2010