Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kim Moo-yul
7.0
The Roundup: Punishment (2024)
အားလုံးစောင့်မျှော်နေကြတဲ့ မာဒုန်ဆော့ ကားသစ်ကြီးလာပါပြီ....ဒီတစ်ခါတော့ အမှုသစ်ကတော့ မူးယစ်ဆေးနဲ့အွန်လိုင်းဂိမ်းလိမ်လည်တဲ့အမှုတွေကိုဖော်ထုတ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်...အစပထမက အမှုသေးလေးလို့ထင်ခဲ့ပေမဲ့ လူသေမှုပေါင်းများစွာဟာ လောင်းကစားဂိမ်းနဲ့ဆက်စပ်နေတာကိုသိတဲ့အခါမှာတော့စုံထောက်မာတို့ နည်းလမ်းမျိုးစုံနဲ့အမှုလိုက်ဖို့ကြိုးစားပါတော့တယ်...ဒီကားက ရယ်ရတဲ့အခန်းတွေများသလို အက်ရှင်ခန်းတွေလည်း တော်တော်ကြီးကိုကောင်းတာမို့ စောင့်မျှော်ရကြိုးနပ်လိမ့်မယ်လို့ထင်ပါတယ်... File size… 1.74GB / 871MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1hr 49min Genre ….. Action, Crime,Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miri Stary, Hnin Wai, Treasure Htet & Tiff
movie
The Roundup: Punishment (2024)
Ballerina (2023)
Ballerina (2023)ကလဲ့စားချေတာတွေ တရားမဝင်လောကတွေနဲ့ သက်ဆိုင်တဲ့ Netflixကနေ အသစ်ထွက်ရှိလာတဲ့ Actionကားလေးကို တင်ဆက်ပေးချင်ပါတယ်။ဘဝပေး အခြေအနေအရ ကိုယ်ခံပညာပါကျွမ်းကျင်တဲ့အပြင် အကြောက်အလန့်မရှိတဲ့ Jang Ok Ju က ဘော်ဒီကတ်အဖြစ် အလုပ်လုပ်ရင်း ဘဝကို အသက်မဲ့စွာဖြတ်သန်းနေတဲ့ မိန်းကလေးပါ။အသက်ရှင်ရတာ အဓိပ္ပာယ်မရှိဘူးလို့ ထင်ထားတဲ့ သူ့အတွက် သူငယ်ချင်း Choi MinHee နဲ့တွေ့ပြီး ပြောင်းလဲလာခဲ့ပါတယ်။ ကံဆိုးမှုတွေကြောင့် ပျော်ရွှင်မှုတွေက ကြာရှည်မခံပါဘူး။သူ့သူငယ်ချင်းဖြစ်တဲ့ ဘဲလေးအကမယ် Min Heeဆီမှာ မူမမှန်တဲ့ကိစ္စတွေဖြစ်လာခဲ့ပြီး သူကိုယ်တိုင် ဝင်ကလဲ့စားချေဖို့ဖြစ်လာပါတော့တယ်။Min Heeက ဘယ်လိုအခြေအနေတွေနဲ့ ကြုံတွေ့နေခဲ့ရသလဲဆိုတာအပြင် Ok Juရဲ့ strong female lead character နဲ့ ဘယ်လို ကလဲ့စားချေမလဲဆိုတာကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလးပါ။ဆယ်ကျော်သက် မိန်ကလေးတွေအတွက် ပညာပေးလည်းဖြစ်တဲ့အပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းလေးဖြစ်တယ်ဆိုတာကို ညွှန်းပေးလိုက်ပါတယ်။အညွှန်းကိုတော့ Milkeux က ရေးထားပေးပြီတော့ ဘာသာြပန်ထားတာကတော့ Milkeux နဲ့ Lai Laii ပဲ ဖြစ်ပါတယ်။Genre..... Action, ...
movie
Ballerina (2023)
2023
4K HEVC
6.3
Snatch Up (2018)
IMDb - 6.3/10ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းလေးမှာ ငမွဲကောင်လေး၊ လူမိုက်၊ငွေးတိုးချေးတဲ့သူဌေး၊ ကြေးစားလူသတ်သမား၊ လွှတ်တော်အမတ်၊အကျင့်ပျက်ရဲနဲ့ ပစ္စည်းပို့သမားလေး ဆိုတဲ့အဓိက ဇာတ်ကောင် ၇ယောက်ပါဝင်ပါတယ်။အလုပ်အတည်တကျမရှိတဲ့ ငမွဲကောင်လေး ကင်မင်ဂျယ်ဟာသူ့အမေ ခွဲစိတ်ဖို့အတွက်ဆိုပြီး သူနေတဲ့အခန်းကိုဖယ်ပြီးတိုက်ခန်းစရံငွေ ဝမ် ၁၀သန်း ရထားပါတယ်။သူ့ဆီကနေ ငွေတိုးချေးတဲ့သူဌေးဘတ်ရဲ့ လူမိုက်ကဒီငွေတွေကို အကြွေးပြန်သိမ်းသွားတယ်။သူဌေးဘတ်ကတော့ ဒီငွေတွေကို လွှတ်တော်အမတ်မွန်းအတွက်ရန်ပုံငွေပေးရမှာပါ။သူဌေးဘတ်က မပေးချင်တော့ လွှတ်တော်အမတ်ကိုသတ်ဖို့လူသတ်သမားငှားပါတယ်။တစ်ဖက်မှာ အကျင့်ပျက်စုံထောက်ချွဲကလောင်းကစားလုပ်ရင်း သူဌေးဘတ်ဆီမှာသူ့သေနတ်ကို အပေါင်ထားလိုက်ရပါတယ်။ရဲရဲ့သေနတ်ကို သူဌေးဘတ်က လူသတ်သမားဆီပို့ခိုင်းလိုက်တဲ့အခါမှာ ငမွဲလေး ကင်မင်ဂျယ်ဆီမှားရောက်သွားရာကနေ ပြဿနာတွေပိုရှုပ်လာပါတော့တယ်။ကင်မင်ဂျယ်တစ်ယောက် သူ့ငွေအိတ်ကြီးကိုဆုပ်ကိုင်လိုက်ရ လက်လွှတ်လိုက်ရနဲ့ သူ့အမေခွဲစိတ်ဖို့လိုအပ်နေတဲ့ ပိုက်ဆံတွေကို ပြန်ရယူဖို့အသည်းအသန်ကြိုးစားရှာပါတယ်။တစ်ယောက်ချင်းဆီက သောက်တလွဲပြဿနာလေးတွေလုပ်ရင်း ဒီငွေအိတ်ကြီးက ဒီလူ ၇ယောက်ကြားမှာ ဟိုလူ့ဆီရောက်လိုက်ဒီလူ့ဆီရောက်လိုက်နဲ့ ဒီလူ ၇ယောက်ကြားမှာဆက်စပ်ထားတဲ့ ဇာတ်လမ်းကြောင်းကတော့အတော်လေးမိုက်ပါတယ်။နောက်ဆုံးမှာ ငွေထုပ်ပိုင်ရှင် မောင်ကံကောင်းကဘယ်သူဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ File size… 1.79 GB / 890 MB Quality… WEB Rip 1080p / 720p Format… ...
movie
Snatch Up (2018)
2018
6.7
The Scam(2009)
The Scam(2009)**************ဒီကားဟာ ကိုးရီးယားနိုင်ငံရဲ့စတော့ရှယ်ယာစီးပွါးရေးအရှုပ်အထွေးတွေနဲ့ စတော့ရှယ်ယာတွေကိုအကြံအဖန်ဂွင်နဲ့ ကြားကနေသိမ်းပိုက်ယူဖို့ကြိုးစားနေကြတဲ့ သူဌေးတွေ နဲ့ အချောင်သိုက်တူးသမားတွေကြားမှာဖြစ်ကြတဲ့ပဋိပက္ခဇာတ်လမ်းတွေကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်....ဂန်ဟျောင်းဆိုးဆိုတဲ့လူတစ်ယောက်ဟာ ကောလိပ်ကသရုပ်ဆောင်ဘွဲ့ရတစ်ယောက်ဖြစ်ပေမယ့်လည်းသာမန်ဘဝ သာမန်အလုပ်လေးနဲ့ပဲ ဘဝကို ပင်ပင်ပန်းပန်းဖြစ်သန်းနေရတဲ့သူတစ်ယောက်ဖြစ်ပြီး ချမ်းချမ်းသာသာနေချင်တဲ့ဆန္ဒရှိတဲ့သူတစ်ဦးပါ ..တစ်နေ့မှာတော့ စီနီယာအကိုတစ်ယောက်ရဲ့စကားဆွယ်မှုကြောင့် စတော့လောကထဲကို အမှတ်မထင်ရောက်ရှိသွားပါတော့တယ်..ဒီလိုနဲ့ပဲ စတော့လောကထဲမှာ နိုင်တစ်လှည့် ရှုံးတစ်လှည့်ကျင်လည်ပြီး နောင်ငါးနှစ်အကြာမှာတော့လူမိုက်ဂန်းစကားအဖွဲ့ခေါင်းဆောင် DSG ရင်းနှီးမြှုပ်နှံမှုနှင့်ပိုင်ဆိုင်မှုလုပ်ငန်းရဲ့ ဥက္ကဌဟွမ်ဂျောင်ဂူဂွင်ချထားတဲ့ စတော့အစီအစဉ်ကို မထင်မှတ်ဘဲ ဝင်ရောက်သွားနှောင့်ယှက်မိပါတော့တယ်...အဲဒါကို ဟွမ်ဥက္ကဌသိရှိသွားချိန်မှာတော့.... File Size : (2.09GB) and (882MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thinn Thinzar Encoded by Phyo Pyae
movie
The Scam(2009)
6.7
The Devil’s Deal(2023)
The Devil's Deal(2023)*********************ဂျွန်ဟယ်၀န်းဟာဆိုရင်တော့ ဘူဆန်မှ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီးရွေးကောက်ပွဲမှာ ကိုးရီးယားဒီမိုကရက်တစ်ပါတီကနေတစ်ဆင့် ပါ၀င်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေသူလည်း ဖြစ်ပါတယ်...ဒါပေမဲ့ ကိုယ်စားလှယ်လောင်းဆန်ကာတင်စာရင်း ကြေညာဖို့ နှစ်ရက်အလိုမှာပဲပါတီကနေပြီး ဂျွန်ဟယ်၀န်းကို ဆန်ကာတင်စာရင်းကနေ ဖြုတ်ချလိုက်ပါတယ်...ပါတီရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ ဂျွန်ဟယ်၀န်းတစ်ယောက် လူမိုက်ခေါင်းဆောင်ဂင်ဖီးလ်ဒိုဆီကနေ မဲဆွယ်ရန်ပုံငွေအတွက် ပိုက်ဆံချေးပြီး တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲ၀င်ပြိုင်တဲ့အခါမှာတော့...Cast တွေအနေနဲ့ မင်းသားကြီးတွေဖြစ်ကြတဲ့ Cho Jin Woong , Lee Sung Min , Kim Moo Yul တို့ကအဓိက ပါ၀င်သရုပ်ဆောင်ထားပြီး နိုင်ငံရေးအားပြိုင်ကြပုံ မဲမသမာမှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတာမို့နိုင်ငံရေးဇာတ်ကား ကြိုက်သူများအဖို့ must watch ပါလို့ ညွှန်းဆိုချင်ပါတယ်....File Size :(1.7GB) and (713MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:56:00 Genre : Thriller , Drama Subtitle : Myanmar Subtitle ...
movie
The Devil’s Deal(2023)
5.1
Honest Candidate 2 (2022)
Honest Candidate 2 (2022)"မုသားမပါ လင်္ကာမချော" တဲ့ လောကကြီးမှာ သင်က လုံးဝလိမ်လို့မရတဲ့သူတစ်ယောက်ဖြစ်နေမယ်ဆိုရင် ဘယ်လိုဖြစ်မယ်ထင်ပါသလဲအူတက်အောင်ရယ်ရမယ့် Honest Candidate 2 မှာဆိုရင်တော့ အလိမ်အညာစကားတွေပြောရတာကို ကျင့်သားရနေတဲ့ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်း ဂျူဆန်းဆုဟာ ရုတ်တရက်ကြီးဖြစ်သွားတဲ့ မတော်တဆမှုတစ်ခုကြောင့် သူ့ရဲ့အလိမ်စွမ်းရည်တွေ ပျောက်ဆုံးကုန်တာကို တွေ့ရမှာပါလိမ်ရင် ကြို့ထိုးတာလောက်တင် မကဘဲ အလိမ်အညာစကားဆို လုံးဝပြောမရတော့တဲ့အပြင် တည့်တိုးစကားလုံးတွေချည်းပဲ ပါးစပ်က ထွက်လာတော့တာမို့ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ အခက်တွေ့နေတာဖြစ်ပါတယ်ဒီလိုနဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ၃ ကြိမ်တိုင် အနိုင်ရရှိခဲ့ပြီးဖြစ်တဲ့ ဂျူဆန်းဆုဟာ ၄ ကြိမ်မြောက်မတိုင်ခင် အခုလိုဖြစ်သွားခဲ့ပြီးတဲ့နောက်မှာတော့ နိုင်ငံရေးလောကမှာ သူဘယ်လိုဆက်ပြီး ရပ်တည်သွားမလဲ၊ ၄ ကြိမ်မြောက် ရွေးကောက်ပွဲမှာရော အနိုင်ရရှိသွားဦးမှာလားဆိုတာကို ရယ်ရယ်မောမောနဲ့ ကြည့်ရှုခံစားနိုင်မှာဖြစ်လို့ အလောင်တွေပျော်စေမယ့် ဇာတ်ကားလေးတစ်ကားပါပဲသရုပ်ဆောင်တွေအနေနဲ့လည်း Reply 1988 ထဲက Ra Miran, The Grid ထဲက Kim Mu Yeol တို့အပြင် ဟာသသရုပ်ဆောင်တွေဖြစ်ကြတဲ့ Park JinJoo နဲ့ ...
movie
Honest Candidate 2 (2022)
2022
7.3
On the Line (2021)
On the Line (2021)IMDb - 7.3/10Voice Phishing ဆိုတာ အသံနဲ့လိမ်လည်မှု တစ်နည်းပြောရရင် ဖုန်းဆက်ပြီးလိမ်တဲ့ လိမ်နည်းပါပဲကျွန်မတို့မြန်မာနိုင်ငံမှာ ဒီစကားလုံးနဲ့စိမ်းနေပေမဲ့ ကိုရီးယားမှာတော့ မကြာခဏဖြစ်လေ့ရှိတဲ့ လိမ်လည်မှုလို့ ပြောရင်လည်းမမှားပါဘူး"အသံနဲ့ လိမ်တယ်ဆိုတာက သနားကြင်နာမှုပဲ ဦးနှောက်မရှိတာ အသိပညာမရှိတာနဲ့မဆိုင်ဘူး တစ်ဖက်လူရဲ့ မျှော်လင့်ချက်နဲ့ ကြောက်ရွံမှုကို သုံးရတာ"လူတွေရဲ့ စိတ်လှုပ်ရှားဆုံး ကြောက်ရွံ့ဆုံးအချိန် အမှားအမှန်မခွဲခြားနိုင်တဲ့ အချိန်ကို အသုံးချပြီး ငွေကြေးလိမ်လည်နေတဲ့အဖွဲ့အစည်း....လုပ်ဖော်ကိုင်ဖက်တွေ ငွေအလိမ်ခံရတာကို နောက်ဆုံးအချိန်ထိလိုက်မဲ့ ရဲဝန်ထမ်းကနေ နှုတ်ထွက်ထားတဲ့ ဟန်ဆောဂျွန်း....ဒီအမှုကို ဟန်ဆောဂျွန်းနောက်ဆုံးအချိန်ထိ ထုတ်ဖော်သွားနိုင်မလားဆိုတာ On the line မှာကြည့်ရှုပေးကြပါဦးနော်Cast တွေကတော့ Byun Yo Han နဲ့ Woo Jin Ah တို့ပဲ ဖြစ်ကြပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Her latest blogGenre.....Action, Crime, Drama Quality….FHDRip 1080p and 720p and 480p File size…1.5GB ...
movie
On the Line (2021)
2021