Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kim Molina
5.3
My Zombabe (2024)
ဒီဇာတ်ကားကိုစကြည့်ကြည့်ချင်း ပထမဆုံးသတိရမိတာက 90s kids တွေရဲ့ အသည်းစွဲဖြစ်တဲ့ (အချစ်ဆုံးသူငယ်ချင်း) ဆိုတဲ့ music video လေးပါပဲ။ ဘာကြောင့်သတိရမိလဲဆိုရင်တော့ ဇာတ်ကားကိုကြည့်ရင် သိကြပါလိမ့်မယ်။ ဒီကားမှာတော့ ဖုတ်ကောင်/ဇွမ်ဘီတွေ ကြိးစိုးနေပြီဖြစ်တဲ့ လောကကြီးရဲ့အလယ် ဖိလစ်ပိုင်က ကမ်းခြေအပန်းဖြေစခန်းလေးတစ်ခုမှာ အုပ်ချုပ်သူတစ်ဦးနဲ့လူစစ်စစ်အဖြစ် ကျန်နေသေးတဲ့သူတစ်ချို့နဲ့ဇာတ်လမ်းကိုဖွင့်ထားပါတယ်။ သူကြီးက လက်ရှိကျန်နေတဲ့သူ လက်တစ်ဆုပ်စာကိုအုပ်ချုပ်ပြီး အဲ့ဒီလူတွေထဲက ဇွမ်ဘီဖြစ်နေနိုင်တဲ့အငွေ့အသက်ပါရင် မညှာမတာ တန်းသတ်လေ့ရှိပါတယ်။ သူ့အကြောင်းပြချက်ကလည်း မှန်ပါတယ်။ ဒီတစ်ယောက်ကိုညှာလိုက်ရင် ကျန်တဲ့သူတွေအတွက် အန္တရာယ်တကယ်ရှိနေနိုင်လို့ပါပဲ။ မင်းသားငနဲကတော့ အဲ့ဒီလိုအခြေအနေကြားထဲက တစ်ချိန်က သူငယ်ချင်းချစ်သူလေးကို အမြဲတမ်း သတိရနေလေ့ရှိပြီး စိတ်မထိန်းနိုင်တဲ့တစ်နေ့မှာ ဇွမ်ဘီဖြစ်နေနိုင်တာသိသိရက်နဲ့ အလောင်းကိုပြန်ဖော်ပြီး သူ့အိမ်မှာဝှက်ထား၊ တစ်ချိန်က သူနဲ့ အမှတ်တရတွေကို ပြန်အစဖော်ပေးပြီး လူပြန်ဖြစ်လာဦးမလားဆိုတဲ့ မျှော်လင့်ချက်ကို အကောင်အထည် ဖော်ပါတော့တယ်။ လူ့ဘ၀ကတည်းက သူ့ကို သူငယ်ချင်းလိုသဘောထားခဲ့တဲ့၊ အခုချိန်မှာဇွမ်ဘီတစ်ပိုင်းဖြစ်နေပြီးဖြစ်တဲ့ကောင်မလေးက အခုလိုဘ၀မှာမှ သူ့မေတ္တာတွေကို နားလည်နိုင်လာဦးမှာလား? တက်ကြွနေတဲ့ ကြက်ဖရဲ့ အချစ်ဆုံးသူငယ်ချင်းဟာ အိမ်မက်ထဲက နတ်သမီးလေးပဲဖြစ်နေဦးမှာလား?ဇွမ်ဘီမလေးတစ်ယောက်ကို ချစ်မိတဲ့ ဇာတ်လမ်းဆိုတော့ Warm Bodies နဲ့တူနေမလားဆိုရင် ...
movie
My Zombabe (2024)
6.2
My Zombabe (2024)
My Zombabe (2024) IMDb - 6.2/10နာမည်ကျော် ဖိလစ်ပိုင်ဟာသမင်းသား Empoy Marquez ရဲ့ ခပ်ဆန်းဆန်း ဇွမ်ဘီဟာသအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဗိုင်းရပ်စ်တစ်မျိုးကြောင့် လူတွေအကုန်လုံးနီးပါး ဇွမ်ဘီတွေဖြစ်ကုန်ပြီး ကမ္ဘာပျက်ကိန်းကြီးကြုံနေရပေမဲ့ ပင်လယ်ကြီးဘေးမှာ လက်တစ်ဆုပ်စာရှင်ကျန်ဆဲဖြစ်တဲ့လူတွေထဲက ပွန်ဂ်ဆိုတဲ့ ကောင်လေးကတော့ သူ့ဘ၀ကို ခဏတာခိုဝင်လာဖူးတဲ့ ယာစမင်းဆိုတဲ့အမျိုးသမီးလေးကို တမ်းတနေတုန်းပါပဲ။ သူတို့အဖွဲ့လေးထဲမှာ ခေါင်းဆောင်တစ်ယောက်ရှိပြီး ဗိုင်းရပ်စ်ကူးခံရပြီထင်တာနဲ့ သတ်ပစ်တတ်ပါတယ်။ တစ်ညမှာတော့ ဇွမ်ဘီမလေးဖြစ်သွားတဲ့ ယာစမင်းကို ပွန်ဂ်တစ်ယောက်တွေ့လာခဲ့ပါတော့တယ်။ ချစ်ရတဲ့ဇွမ်ဘီမလေးကို အသတ်ခံရမှာစိုးတဲ့အတွက် ပွန်ဂ်တစ်ယောက် ညီဖြစ်သူကို အကူအညီတောင်းပြီး ဘယ်သူမှမတွေ့အောင်ဝှက်ထားဖို့ ကြိုးစားပါတော့တယ်။ဇွမ်ဘီတွေပါတာမို့ ထိတ်လန့်သည်းဖိုလည်းဖြစ်ပေမဲ့ အချစ်တွေဖြန်းပက်ထားတဲ့ အလွမ်းဇာတ်လမ်းလေးမို့ ခံစားကြည့်ရှုကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance, Horror Quality…. 1080p | 720p File size… 1.3GB | 730MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie
My Zombabe (2024)
2024
6.5
Girlfriend Na Pwede Na(2023)
Girlfriend na pwede na (2023) imdb6.5/10ဒီဇာတ်လမ်းလေးကတော့ အချစ် ကြည်နူးမူ နဲ့ ဟာသလေးတွေကို ပေါင်းစုပြီး ကြည့်ရမည့်ကားလေးတစ်ကားပါ အချစ်ကြောင့် ငိုရ ရီရ အခြေအနေအမျိူးမျိူးအကြောင်းကို ပုံဖော်ရိုက်ကူးထားပြီး ဟာသလေးခပ်စိပ်စိပ်နဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရမယ့် ရုပ်ရှင်လေးတပုဒ်ဆိုလဲမမှားပါဘူးဇာတ်လမ်းအကျဉ်းကတော့ အချိန်အကြာကြီးအတူရှိလာခဲ့တဲ့ တက်သစ်စဒါရိုက်တာလေးနဲ့ သူ့ရဲ့ချစ်သူ အူကြောင်ကြောင်ကောင်မလေးတိုရဲ့ အဆင်မပြေမှုတွေကနေ စထားပါတယ် ပန်ဆိုတဲ့ ကောင်မလေးဟာ သူ့ရဲ့စီးပွားရေးနယ်ပယ်မှာတော့ အောင်မြင်နေတဲ့အမျိုးသမီးလေး တဦးဖြစ်ပေမယ့် ချစ်သူဒါရိုက်တာလေး သိပ်ကိုရူးသွပ်တဲ့ ရုပ်ရှင်တွေနဲ့ပက်သက်လာရင်တော့ ဘာမှမသိသူလေးပါ.... ကိုယ့်နယ်ပယ်နဲ့ကိုယ် အောင်မြင်နေကြပေမယ့် သူ့ချစ်သူဒါရိုက်တာလေးက မတူညီတဲ့ သူတိုရဲ့နယ်ပယ်တွေကို နှိင်းယှဉ်ပြီး ပန်ကို ဝေဖန်အပြစ်တင်လာတဲ့အခါ... သူတိုရဲ့အချစ်ရေးဟာ အဆင်ပြေပါတော့မလား ဘယ်လိုပြန်ညှိနှိင်းကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြရမှာပါဒီဇာတ်ကားလေးက ကိုယ့်ချစ်သူကိုတန်ဖိုးထားသင့်ပြီ ဆုံးရူံးပြီးမှနောင်တရနေရမဲ့အဖြစ်မျိူးတွေကို ရှောင်လိုရအောင် ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ ရောနှောဖန်တီးထားတာကြောင့် ရယ်ရယ်မောမောနဲ့ ကြည့်ရှုသွားရမယ့်ဇာတ်လမ်းလေးတပုဒ်ပဲဖြစ်ပါတယ် File size…1.82GB / 679MB Quality…1080p WEB DL /720p Format…mp4 Duration….1h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moment
movie
Girlfriend Na Pwede Na(2023)
2023
6.7
Ang Pambansang Third Wheel (2018)
Ang Pambansang Third Wheel (2018)~ IMDb Rating - 6.7/10 ~ဒီတစ်ခေါက်မှာတော့ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်း၊ အထီးကျန်၊ ကြောင်တောင်တောင်၊ သနားစရာ၊ ရည်းစားမရှိ၊ အချစ်ရေးမှာကံမကောင်း ဖြစ်နေတဲ့ တတိယဘီးလေးတွေအတွက် ဖိလစ်ပိုင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည် Ang Pambansang Third Wheel (National Third Wheel) နဲ့အညီ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် ထရီနာဟာ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်းသမားဖြစ်နေရသူပါ။ ရည်းစား ၃ ယောက်ထားခဲ့ဖူးပေမယ့် ဖောက်ပြန်ခံရလိုက်၊ စနှိုက်ကြော်ဇာတ် သွင်းခံရလိုက်နဲ့ အချစ်ရေးမှာ ကံဆိုးသူမောင်ရှင်ပေါ့။ အဲဒါတွေကြောင့် ဖူးစာဖက်ကိုထိုင်ပဲစောင့်နေတော့မယ်လို့ ဟစ်ကြွေးထားပါတယ်။ လုပ်ငန်းခွင်မှာလည်း အဆူခံထိနေကျ ကောင်မလေးပါပဲ။ဒီလိုနဲ့ တစ်ရက်မှာ သူ့ရုံးမှာ အလုပ်လာလျှောက်တဲ့ နီယိုဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ဆုံခဲ့ရပါတယ်။ နီယိုက ထရီနာရဲ့ ဖူးစာဖက်ဖြစ်နိုင်ပ့ါမလား၊ သူတို့နှစ်ယောက် ဘာတွေကျော်ဖြတ်ရဦးမှာလဲ၊ နီယိုက ထရီနာ့ကို တကယ်ချစ်ရဲ့လား၊ ...
movie
Ang Pambansang Third Wheel (2018)
2018
8.1
Unforgettable (2019)
Unforgettable(2019)(unicode)ဒီတစ်ခါမှာတော့ IMDb rating 8.1 ထိ ရရှိထားတဲ့ ဖိလစ်ပိုင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဂျက်စမင်တို့ညီအစ်မတွေဟာ မိဘတွေဆုံးပါးသွားတဲ့ အချိန်တည်းက အဘွားဖြစ်သူလက်ထဲမှာ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။ မွေးချင်းသုံးယောက်ရှိတဲ့ ဂျက်စမင်တို့မှာ သူ့အစ်မနှစ်ယောက်က အိမ်ထောင်ကျသွားတာမို့ သူတစ်ယောက်သာ အဘွားလုပ်သူနဲ့ နယ်မြို့လေးမှာ ကျန်နေခဲ့ရပါတယ်။ တစ်နေ့ အဘွားဖြစ်သူမှာ တီဘီရောဂါရှိလာတော့ အဖျားကူးမှာစိုးတဲ့အတွက် သူ့ကို နယ်မြို့လေးကနေ အစ်မတွေရှိရာ မနီလာမြို့ကို ပို့လိုက်ပါတော့တယ်။မနီလာရောက်တဲ့ ဂျက်စမင်ဟာ ခွေးလေးတစ်ကောင်မွေးစားလိုက်ပြီး ဟက်ပီး(happy)လို့အမည် ပေးခဲ့ပါတယ်။ အကြောင်းကတော့ သူ့အဘွားငယ်စဥ်က မွေးခဲ့တဲ့ခွေးလေးနာမည်ကလည်း ဟက်ပီး ဖြစ်လို့ပါပဲ။တစ်ရက်မှာတော့ ရောဂါမသက်သာတဲ့ သူတို့အဘွားကို ပြန်သွားကြည့်ရဖို့ ဖြစ်လာပါတယ်။ ဒါပေမယ့် သူ့အစ်မတွေက ဂျက်စမင်ကို ရောဂါကူးမှာစိုးလိူ့ လိုက်ခွင့်လုံး၀မပေးပါဘူး။ဒါနဲ့ပဲ အဘွားကိုချစ်တဲ့ ဂျက်စမင်တစ်ယောက် သူ့ခွေးလေး ဟက်ပီးနဲ့အတူ နယ်မြို့လေးကို ခိုးပြန်ဖို့ ကြိုးစားရပါတော့တယ်။ရိုးသားပြီး သနားတတ်လွန်းတဲ့ ဂျက်စမင်တစ်ယောက် လမ်းမှာ ဘယ်လိူအခက်အခဲတွေ ကြုံရမလဲ???? ပြီးတော့ ဘယ်လိုလူတွေနဲ့ ကြုံရမလဲ???? သူ့ခွေးလေးကို ခေါ်လာတဲ့ ...
movie
Unforgettable (2019)
8.0
Miss Granny (2018)
Miss Granny (2018)_____IMDb - 8.0/10 ဒီတစ်ခေါက် Channel Myanmar ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့ "Miss Granny" ဆိုတဲ့ ဖိလစ်ပိုင်ဇာတ်လမ်းပဲဖြစ်ပါတယ်...ဖိလစ်ပိုင်ဇာတ်လမ်းကြိုက်တဲ့ ပရိတ်သတ်တွေအတွက်တော့ လက်လွှတ်မခံသင့်တဲ့ ဇာတ်လမ်းပါ...ဒီဇာတ်လမ်းက 2014 မှာထွက်ခဲ့တဲ့ ကိုးရီးယားဇာတ်လမ်း "Miss Granny 2014" ကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပါတယ်..ဇာတ်အိမ်ကောင်းပြီး တခဲနက်အောင်မြင်ခဲ့တာကြောင့် Chinese Version "20 Once Again"ဆိုပြီးတော့ 2015 မှာ ထွက်ရှိခဲ့ပါသေးတယ်...ဒီလောက် ကောင်းတဲ့ ဇာတ်လမ်းကို ဖိလစ်ပိုင်နာမည်ကျော် မင်းသားမင်းသမီးတွေရဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရှုရမှာပါအညွှန်း - ဖေလီဆိုတဲ့ အသက် ၇၀ ကျော်အမျိုးသမီးပါ...ဆံပင်ဖြူ သွားကျိုးပြီး ပါးရေနားရေတွေ တွန့်ကာ ခြေထောက်တွေလည်း မကောင်းတော့တဲ့ အရွယ်ပါ...ဖေလီမှာ သူဂုဏ်ယူရတဲ့ ဂုဏ်ထူးဆောင် သားလေးတစ်ယောက်ရှိပါတယ်...သူဟာ သူ့သားလေးက ဘယ်လောက်တော်ကြောင်း ဘယ်မှာ ပါမောက္ခဆိုပြီး တွေ့တဲ့သူတိုင်းကို အမြဲ ဂုဏ်ယူပြောဆိုတတ်ပါတယ်...အချိန်တန် ...
movie
Miss Granny (2018)
2018
8.4
Luck at First Sight (2017)
IMDb Rating (7.6) ထိ ရရှိထားတဲ့ ဖိလစ်ပိုင်ဇာတ်ကားလေးပါ...ကံကိုပဲ အရမ်းပုံအပ်ထားတဲ့ကောင်လေးတစ်ယောက်က ဘဝရဲ့ကံကောင်းခြင်းတွေကိုရှာဖွေရင်းအမှတ်မထင် ကံကိုလုံးဝမယုံတတ်တဲ့ကောင်မလေးနဲ့ဆုံတွေ့သွားတဲ့အခါ....သူ့ရဲ့ကံကောင်းခြင်းတွေ မပျောက်ဆုံးချင်ရင် မချစ်ရဘူးဆိုတဲ့သတိပေးချက်တွေကြားမှာ ဘယ်လိုခရီးဆက်ကြမလဲဆိုတာ....။ဖိလစ်ပိုင်ဇာတ်ကားတွေရဲ့ ရသကို အပြည့်ရမှာဖြစ်ပြီး Comedy,Drama,Romance ပရိတ်သတ်တွေ လုံးဝလက်မလွတ်သင့်ပါဘူး။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ထားသူကတော့ May Thu ဖြစ်ပါတယ်။) File size…(910 MB) and (440 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by May Thu
movie
Luck at First Sight (2017)
2017