Channel Myanmar
Kim Min-jae
Birthday (2019) 7.0
Birthday (2019) Birthday(2019)IMDb....7.0(unicode)နိုင်ငံခြားမှာနေရင်း မိသားစုအတွက် ငွေတွေတတ်နိုင်သလောက်ရှာပြီးပြန်လာတဲ့ ဖခင်ဖြစ်သူ ဂျောင်အီတစ်ယောက်ရဲ့ မိသားစုအိမ်ပြန်လမ်းဟာ တခြားသူတွေနဲ့ တူပုံမရဘူး.... သူ့ပုံစံကပျော်ရမယ့်အစား ဝမ်းနည်းကြေကွဲမှုတွေမျက်နှာပေါ်မှာအပြည့်.... သမီးလေးအတွက်အရုပ်လေးဝယ်ရင်း အိမ်တံခါးခေါက်တဲ့သူ့ကို ဇနီးဖြစ်သူက တံခါးမဖွင့်ပေးခဲ့သလို တစ်သက်လုံးအိမ်ပြန်မလာလည်းရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ကြိုဆိုခဲ့လေရဲ့....ဖခင်ဖြစ်သူဟာ နိုင်ငံခြားမှာနေပြီး မိန်းမပွေရှုတ်တာလည်းမဟုတ်..ရှာသမျှလည်းအိမ်ကိုပို့တယ်...မိန်းမဖြစ်သူရဲ့ ဒီလိုကြိုဆိုမှုကိုလည်း အပြစ်မဆိုခဲ့ဘူး....ဘာကြောင့် ဒီလိုဖြစ်နေကြတာလဲ...သမီးလေးနဲ့ မိန်းမဆီ နွေးထွေးတဲ့မိသားစုလေး အဖြစ်သူပြန်တည်ဆောက်လို့ရပါ့မလား...တခြားဘာအကြောင်းတွေရှိသေးလဲ... ကားနာမည် Birthdayဆိုတာနဲ့ရော ဘယ်လိုသက်ဆိုင်နေတာလဲဆိုတာကိုတော့ ခံစားကြည့်ပါဦး....ဒီကားက မိသားစုကားတစ်ကားပါ..အေးသလိုထင်ရပေမယ့် ဘာကြောင့်လဲဆိုတာတဖြည်းဖြည်းဆွဲခေါ်သွားပြီး ကြည့်ရှုသူကိုဖမ်းစားနိုင်တဲ့ကားပါ..သရုပ်ဆောင်တွေကလည်း နာမည်ကြီး မင်းသားမင်းသမီးတွေကြီးပါပဲ...ခံစားကြည့်လိုက်ပါဦး...IMDb...7.0တောင်ရရှိထားတာမို့ ထွေထွေထူးထူးမညွှန်းတော့ပါဘူးနော် ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Fliex ပဲဖြစ်ပါတယ်... File Size : (945 MB) Format…mp4 Duration…02:00:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Fliex Encoded by Phyo Pyae
movie
Birthday (2019)
2019
Money (2019) 5.8
Money (2019) Zawgyi=====၂၀၁၉ခုနှစ်ထွက်ကိုရီးယားကားကိုမှ Stock Exchange နဲ့ပတ်သက်ပြီးစိတ်ဝင်စားရင်တော့ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။IMDb rating အရတော့ vote ပေးသူ 175 ဦးအတွက် 5.8 ပဲရထားတယ်ဆိုပေမဲ့ Rotten Tomatoes မှာ 67% အထိရထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ရုံဝင်ငွေအနေနဲ့လည်း 25.1 million USD ရထားတာပါ။Cast တွေမှာလည်းလူသိများတဲ့ သရုပ်ဆောင်တွေချည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ တောနယ်တစ်ခုကကြိုးစားပြီးတက်လာတဲ့ စတော့ခ်ရှယ်ယာပွဲစားပေါက်စလေးတစ်ယောက်မှာရည်မှန်းချက်တစ်ခုပဲရှိပါတယ်။သူချမ်းသာချင်တာပဲဖြစ်ပါတယ်။ဆင်းဆင်းရဲရဲနေခဲ့ရတဲ့သူတစ်ယောက်အတွက် ချမ်းသာချင်ကြတာချည်းပါပဲ။မိဘတွေရုန်းကန်နေရတာကိုကြည့်ပြီးသူချမ်းသာချင်လာတယ်။အဲတော့စတော့ခ်ရှယ်ယာရောင်းဝယ်ရေးကုမ္ပဏီတစ်ခုမှာအလုပ်ရပြီး စတော့ခ်ရှယ်ယာပွဲစားပေါက်စအဖြစ်အားကြိုးမာန်တက်အလုပ်ကြိုးစားမယ်ဆိုပြီး တက်လာပေမဲ့တကယ်တမ်းလက်တွေ့မှာတော့ ထင်သလောက်မလွယ်သလိုသူများတွေကော်မရှင်ကပြွတ်သိပ်နေချိန်မှာ သူ့ခဏသုညဖြစ်နေရတာပါပဲ။ဒီလိုနဲ့တစ်နှစ်လောက်လုံးချာလည်လိုက်နေရင်းကနေ ချမ်းသာဖို့ဖြတ်လမ်းနည်းတစ်ခု သူရလာခဲ့ပါတယ်။ဘယ်သူ့ကြောင့်ရသွားတာလဲ။အဲဒီဖြတ်လမ်းနည်းကရော ရေရှည်အဆင်ပြေရဲ့လားဆိုတာတော့သူတို့စတော့ခ်ရှယ်ယာဈေးကွက်တွင်းကအရှုပ်အရှင်းတွေကြားဝင်ကြည့်ရင်းခံစားကြည့်ကြပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ) Unicode======၂၀၁၉ခုနှစ်ထွက်ကိုရီးယားကားကိုမှ Stock Exchange နဲ့ပတ်သက်ပြီးစိတ်ဝင်စားရင်တော့ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။IMDb rating အရတော့ vote ပေးသူ 175 ဦးအတွက် 5.8 ပဲရထားတယ်ဆိုပေမဲ့ Rotten ...
movie
Money (2019)
2019
Jo Pil-ho: The Dawning Rage(2019) 6.4
Jo Pil-ho: The Dawning Rage(2019) Jo Pil-ho: The Dawning Rage(2019) IMDb...6.4 ပီးဟိုဆိုတဲ့ရဲတစ်ယောက်ဟာ ရဲဝန်ထမ်းတွေကြားမှာ သတိထားစရာအတော်ကောင်းလာတယ်.. ၀န်ထမ်းကောင်းရဲကောင်းတစ်ယောက်အနေနဲ့တော့မဟုတ်ဘူး....လူမိုက်တွေနဲ့ပေါင်းတယ်... ငွေရဖို့ကို လုပ်ပိုင်ခွင့်တွေထဲကနေ ဥပဒေမဲ့ လုပ်တယ်.... ဖောက်ထွင်းသူတွေနဲ့လည်း လစ်ရင်လစ်သလို မျိုးမျိုးမျက်မျက်အကွက်တွေဆင်လေ့ရှိတယ်... သူ့ပုံစံကြည့်ရတာ ဒီအကွက်တွေရွှေ့ရတာ အတော်ကိုကျွမ်းကျင်နေတဲ့ပုံပင်... ဘယ်လိုပင်အကွက်ရွှေ့ကျွမ်းကျွမ်း အဂတိတိုက်ဖျက်ရေးအဖွဲ့က သူ့နောက်ကို သိသိသာသာပင် လိုက်နေကြတယ်....ဒါကို သိတဲ့ ပီးဟိုဟာ နောက်ဆုံးအနေနဲ့ အချီကြီးပွပေါက်ရအောင်ကြံပြီး သူ့နောက်လိုက်တဲ့သူတွေကိုမျက်ခြေဖြတ်ဖို့ကြိုးစားတယ်... သို့ပေမယ့် သူထင်ထားသလိုမဖြစ်လာတဲ့အပြင် အဆိုးတကာ့အဆိုးဆုံးသော အန္တရယ်တောထဲကိုရောက်လို့သွားပါတော့တယ်... ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ရှုလိုက်ပါ... ဒီကားက  မင်းသား Sun-kyun Lee အဓိက ပါဝင်သရုပ်ဆောင်ထားပြီး သူဟာ ဒီလိုဇာတ်ရုပ်တွေမှာလည်းအတော်ပိုင်ပါတယ်.. A Hard Day (2014) ထဲမှာလည်း ဒီပုံစံမျိုးသရုပ်ဆောင်ထားတယ်..ဒီကားနဲ့တော့ ဇာတ်လမ်းက အတော်ကွဲပါတယ်... တစ်ခုတော့ ကြိုပြောထားမယ်... ဗီလိန်နေရာက အဓိကထားရိုက်တဲ့အပြင် အန္တရယ်ဇုံထဲမှာ မလှုပ်သာ မလူးသာ ဖြစ်နေတဲ့နေရာကို ကြည့်ရှုသူ ကိုင်တိုင်ရောက်ရှိနေပြီး တကားလုံးစိတ်လှုပ်ရှားနေရလို့ ရင်မောနေရပါလိမ့်မယ်... အက်ရှင်မှုခင်းကားကြိုက်သူတို့အဖို့ ခံစားကြည့်လိုက်ဦးဗျို့... File Size : (1GB) and (423 MB) Quality : WEB-DL 720p, Format…mp4 Duration…02:07:00 Genre :  Action Subtitle ...
movie
2019
The Unjust (2010) 6.7
The Unjust (2010) ဒီကားလေးကတော့မင်းသားကြီး    jung-min Hang နဲ့ dong-seok Ma တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုရီးယားအက်ရှင်ကားလေးပါ ဇာတ်လမ်းလေးကတော့  ကျောင်းသူ၅ယောက်မုဒိမ်းကျင့်အသတ်ခံရတဲ့အမှုကြီးကြောင့် ကိုရီးယားပြည်သူတစ်ရပ်လုံးဒေါသထွက်ကြရပါတယ်။ သမ္မတကြီးပါပါဝင်ပတ်သတ်လာပြီး ကိုရီးယားရဲဌာနကို တရားခံအစစ်မိရေးအတွက်ဖိအားပေးထားပါတယ်။ ရဲဌာနကချွဲအရာရှိဟာထက်မြက်တဲ့ရဲသားတစ်ဦးဖြစ်ပေမယ့် အကယ်ဒမီကျောင်းဆင်းမဟုတ်လို့ရာထူးမတက်နိုင်ရသေးသူလဲဖြစ်တယ်။ တစ်ဖက်မှာလဲအဓိကသံသယရှိသူတရားခံတစ်ဦးကို မစစ်ဆေးရသေးခင်ပစ်ခတ်မှုတွေကြောင့်ပွဲချင်းပြီးသေဆုံးခဲ့ရတယ်။ အထက်ကဖိအားတွေနဲ့ရဲဌာနမှူးဟာအကယ်ဒမီကျောင်းဆင်းမဟုတ်တဲ့ချွဲအရာရှိကို တရားခံအဖြစ်သရုပ်ဆောင်ရှာခိုင်းလိုက်ရာကနေဘာတွေဆက်ဖြစ်မလဲ။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပြည်သူ့ဝန်ထမ်းတွေကြားကလာဘ်ပေးလာဘ်ယူကိစ္စတွေက နေလူသတ်မှုတွေဖြစ်စေတဲ့ထိကြီးထွားလာတာတွေ ညီနောင်သံယောဇဉ်နဲ့တစ်ကိုယ်ကောင်းဆန်စွာရာထူးတက်ရေးဘာကိုရွေးချယ်မလဲဆိုတာကိုတော့..... (ဇာတ်လမ်းနဲ့အညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnyot Myet ဖြစ်ပီး Arkar Phyo မှ Encoded ပေးထားပါတယ်)  File Size : (944MB) & (481MB) Quality : .1080p.BluRay Running Time :1hr  54min Format : Mp4 Genre    : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnyot Myet Encoded by Arkar Phyo (Yrfatt)
movie
The Unjust (2010)
2010
Unstoppable (2018) N/A
Unstoppable (2018) ဒုန်ချွဲ နဲ့ ဂျီဆူး တို့ဟာ သာယာပျော်ရွှင်နေတဲ့ ဇနီးမောင်နှံဖြစ်ပြီး အေးအတူ ပူအမျှ နေတက်ကြသူတွေပါ ဒုန်ချွဲ က အရမ်းရိုးသားလွန်းတော့ အမြဲတမ်းလူလိမ်ခံရပါတယ် ချစ်ဇနီးလေး ဂျီဆူး အချိန်ပြည့်အလုပ်လုပ်နေရတာ မကြည့်ရက်တဲ့အတွက် သူကိုယ်တိုင်လဲ အပင်ပန်းခံပြီး ပိုက်ဆံရှာနေရပါတယ်... ဒုန်ချွဲဟာ ဂျီဆူး နဲ့ မတွေ့ခင်တုန်းက လူတိုင်းတုန်လှုပ်ရတဲ့ အတိုက်အခိုက်သမား တစ်ယောက်ဖြစ်ပြီး မတရားတာမြင်ရင် မနေတက်သလို စိန်ခေါ်ရင် ရေမြေဆုံးထိ လိုက်တက်သူပါ မိန်းမ ရပြီးမှ အရင်လို မဟုတ်တော့ပဲ ငါးရောင်းပြီး အေးဆေးနေတက်သူ ဖြစ်သွားခဲ့တာပါ... တစ်ရက်မှာတော့ ဒုန်ချွဲ တို့ ဇနီးမောင်နှံဆီကို ကံကြမ္မာဆိုး တစ်ခု ၀င်ရောက်လာပါတယ်... ဒုန်ချွဲ ငွေတွေ အလိမ်ခံရလို့ နှစ်ယောက်သား စကားများကြပြီး ဂျီဆူး က အိမ်ကို အစောကြီး ပြန်သွားခဲ့ပါတယ်.... စိတ်ကောက်နေတဲ့ ဂျီဆူး ကိုချော့ဖို့ ဒုန်ချွဲ ရောက်လာခဲ့ပေမဲ့ နောက်ကျသွားခဲပါပြီ အိမ်ထဲထိ ၀င်ရောက်ပြီး လူဆိုးဂိုဏ်းတစ်ခုက ဂျီဆူး ကို ပြန်ပေးဆွဲသွားခဲ့ပါတယ်.... ဒုန်ချွဲ တစ်ယောက် ရဲတိုင်ခဲ့ပေမဲ့ တကယ်အလုပ်မလုပ်တဲ့ ရဲတွေကြောင့် မိန်းမ ဖြစ်သူကို ကိုယ်တိုင်လိုက်ရှာဖို့ အမှောင်လောက ထဲသို့ ပြန်လည်ဝင်ရောက်ခဲ့သော် အခါ... ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ ThinZar Htet ဖြစ်ပါတယ်
movie
Unstoppable (2018)
2018
The Beauty Inside (2015) 7.4
The Beauty Inside (2015) လူတစ်ယောက်အထီးကျန်တယ်ဆိုတာ ဘယ်လိုမျိုးလဲ?အခုခေတ်မှာ ကျွန်တော်တို့ FA, FA နဲ့ အလွယ်တကူသုံးနေကြတယ်ရည်းစားမရှိရင်ကို FA လို့ ခေါ်ကြတော့တာပဲပုံမှန်လူတစ်ယောက်ရဲ့ဘဝကို အကြမ်းဖျင်းတွက်ကြည့်ရအောင်ပုံမှန်လူတစ်ယောက်ဟာ မွေးလာတာနဲ့ မိသားစုရှိတယ် ဆွေမျိုးရှိတယ် ကိုယ့်အိမ်ပတ်ဝန်းကျင် ရပ်ကွက်ထဲက အသိတွေရှိမယ်မူကြိုကနေ တက္ကသိုလ်ရောက်တဲ့အထိ သိလာတဲ့သူငယ်ချင်းတွေရှိမယ်အလုပ်လုပ်တော့လဲ အလုပ်ကမိတ်ဆွေတွေရှိမယ် စသဖြင့်...ပုံမှန်လူတစ်ယောက်ဟာ ဘဝမှာသိကျွမ်းတဲ့လူ ၅၀၀ လောက်တော့ အနည်းဆုံးရှိလိမ့်မယ်ထင်တယ်ပျမ်းမျှအကြမ်းဖျင်းပေါ့လေ တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ဘူးပေါ့အဲ့တော့ပြောရရင်တော့ ဒီကမ္ဘာပေါ်မှာခင်ဗျားအသက်ရှင်နေတယ်ဆိုတဲ့ ဖြစ်တည်မှုကိုသိတဲ့လူ အနည်းဆုံးတော့ အယောက် ၅၀၀ လောက်ရှိတယ်အဲ့ဒါကို တကယ်တမ်း Forever Alone လို့ သတ်မှတ်လို့ရပါ့မလား?စဉ်းစားကြည့်စမ်းပါ...ခင်ဗျားရဲ့ဖြစ်တည်မှုကိုသိတဲ့သူ ၅ ယောက်တောင်မပြည့်တဲ့ ဘဝမျိုးမှာနေရမယ်ဆိုရင် ဘယ်လိုတွေဖြစ်လာမလဲလို့ ?ဘယ်သူမှ ခင်ဗျားကို မသိဘူးဗျာလမ်းမှာ အသိနဲ့တွေ့လို့ နှုတ်ဆက်တယ်ဆိုတာမျိုးလဲ ရှိနိုင်မှာမဟုတ်ဘူးတစ်ခါတစ်လေမှာတော့ လူတွေကြားထဲသွားလာနေတာပဲဒါမဲ့ဒီနေ့တွေ့တဲ့လူတွေက မနက်ဖြန်ကျရင်ခင်ဗျားကိုမသိတော့ဘူးနောက်ဆုံး ကိုယ့်ကိုမွေးထားတဲ့ အမေကတောင် ခင်ဗျားအသက်ရှင်နေတယ်ဆိုတာကိုပဲသိတယ်ရှေ့မှာမြင်နေရရင်တောင်မှ ခင်ဗျားမှန်းမမှတ်မိနိုင်တဲ့ဘဝမျိုးကိုယ်ဘယ်သူလဲဆိုတာကို ကိုယ်တစ်ယောက်ထဲပဲသိတဲ့ဘဝအဲ့လိုဘဝမျိုးမှာ ခင်ဗျားဆိုရင်ရော နေနိုင်မလား?အကြောင်းရင်းကတော့ ဒီဇာတ်ကားလေးထဲကမင်းသား ကင်ဝူဂျင်းဆိုတဲ့လူကနေ့တိုင်း မနက်တိုင်း ...
movie
The Beauty Inside (2015)
2015
Psychokinesis (2018) 6.7
Psychokinesis (2018) Psychokinesis ကိုးရီးယားရုပ်​ရှင်​ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဇန်​နဝါရီက ထွက်​ရှိထားတဲ့ ဟာသအက်​ရှင်​ကား​လေးဖြစ်​ပါတယ်​Imdb rating အ​နေနဲ့ 5.8/10ရရှိထားပြီး ဇာတ်​လမ်​းကြာမြင်​့ချိန်​ ၁နာရီ မိနစ်​​၄ဝရှိပါတယ်​ဒီဇာတ်​ကားကိုရိုက်​ကူးထားတဲ့ ဒါရိုက်​တာက​တော့ နာမည်​ကြီး Train to Busan ဇာတ်​ကားကို အသက်​သွင်​းခဲ့တဲ့ Yeon Sang Ho ဖြစ်​ပါတယ်​ဇာတ်​လိုက်​မင်​းသားကြီး​နေရာမှာ တော့ဝါရင့် သရုပ်​​ဆောင်​ Ryun Seung Ryong မှပါဝင်ပေးထားပါတယ်။မင်​းသမီးက​တော့Shim Eun Kyung ဖြစ်​ပါတယ်​ဒီဇာတ်​ကားဟာ သာမန်​အက်​ရှင်​ကား​တွေလို တိုက်​ခိုက်​ခန်​း​တွေ မင်​းသားနဲ့မင်​းသမီးချစ်​ကျွမ်​းဝင်​တာ စတာ​တွေကို ရိုက်​ကူးထားတာမဟုတ်​ပါဘူး.....သဘာဝလွန်​စွမ်​းအားကိုမ​တော်​တဆရရှိသွားတဲ့ဖခင်​ဖြစ်​သူက သမီး​လေးကို ကာကွယ်​ဖို့ကြိုးစားအားထုတ်​ပုံ.....တစ်​ခြားသူ​တွေကိုတက်​နိုင်​သ​လောက်​ကူညီ​ပေးပုံစတာ​တွေကိုရိုက်​ကူးထားတာဖြစ်​ပါတယ်​....ပိုစတာမှာပြထားသလို ​ကောင်​းကင်​ယံမှပျံဝဲ​နေတဲ့ လူကြီးတစ်​​ယောက်​ဟာ ဘယ်​လို​တွေအစွမ်​းပြသွားမလဲဆိုတာ ပရိသတ်​​တွေကြည်​့ရှုလိုက်​ပါဦး​နော်(ဘာသာပြန်သူကတော့ မေသဇင်မြင့်ပါ) File Size : (850 MB) and (350 MB) Quality : HDRip 720p Running Time : 1hr 41min Format : Mp4 Genre ...
movie
Psychokinesis (2018)
2018
How to Use Guys with Secret Tips (or) Mens Manual (2013) 6.7
How to Use Guys with Secret Tips (or) Mens Manual (2013) ဇာတ်ကားနာမည်က How to use guys with secret tips (သို့မဟုတ်) Men's Manual  ပါတဲ့။နွားတစ်ကောင်အသုံးပြုနည်း..အဲလေ...ယောင်္ကျားတို့အားကိုင်တွယ်နည်းလို့ ဆိုရမပေါ့။မင်းသမီးချော Lee Si-young က Choi Bo‑na အဖြစ်အဓိကသရုပ်ဆောင်ထားပြီး မင်းသား Oh Jung‑se , Ji Chang‑wook တို့ပါဝင်ထားပါတယ်။ရိုးရိုးကုတ်ကုတ်နဲ့ အလုပ်ပဲလုပ်နေတတ်တဲ့ Choi Bo‑na တစ်ယောက် အချစ်ဦးကဆော်ပလော်တီးသွားလို့ အချစ်ဆိုတာကို ကြောက်နေခဲ့ပေမယ့် ယောင်္ကျားတို့အားကိုင်တွယ်နည်းလမ်းညွှန်ရသွားတဲ့အခါမှာ ဘာတွေပြောင်းလဲသွားမလဲဆိုတာ...။IMDb Rating (6.6) ရရှိထားတဲ့ Comedy,Romance ဇာတ်ကားလေးဖြစ်ပါတယ်။  File size…(900 MB) and (380MB) Quality…HD Rip 720p Format…mp4 Duration….01:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Black Rose 
movie
2013
The Truth Beneath (2016) 6.8
The Truth Beneath (2016) ​တောင်​ကိုရီးယားနိုင်​ငံရဲ့ ၂၁ရာစု အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲကြီးအတွက်​ အပြိုင်​အဆိုင်​ဒိတ်​ဒိတ်​ကြဲဖြစ်​​နေတဲ့ အမတ်​​လောင်း ကင်​ဂျုံချန်​နဲ့ အမတ်​​လောင်း နိုဂျယ်​ဆွန်းတို့နှစ်​​ယောက်​။ပထမဦးဆုံးမဲဆွယ်​စည်းရုံးတဲ့​နေ့မှာဘဲ အမတ်​​လောင်းကင်​ဂျုံချန်​ရဲ့ သမီး​လေးကင်​မင်​ဂျင်​​ပျောက်​ဆုံးသွားခဲ့တယ်​။သမီး​လေးကင်​မင်​ဂျင်​​ပျောက်​ဆုံးသွားတာနဲ့ပက်​သက်​ပြီး ​သောက​ရောက်​​နေတဲ့မိခင်​ မစ္စကင်​နဲ့ သမီး​ပျောက်​တာကိုသိပ်​အ​ရေးမစိုက်​ဘဲ မဲဆွယ်​စည်းရုံးတဲ့အလုပ်​ကိုဆက်​လုပ်​​နေတဲ့ ဖခင်​ကင်​ဂျုံချန်​တို့ရဲ့အိမ်​​ထောင်​​ရေးအ​ခြေအ​နေက​တော့ သမီး​ဖြစ်​သူ​သေဆုံးသွားသည်​ကိုသိပြီး​နောက်​ပိုင်း ပိုဆိုးဝါးလာခဲ့တယ်​။အရမ်းကိုပူ​ဆွေး​သောက​ရောက်​ပြီးရူးမတတ်​ဖြစ်​​နေတဲ့မိခင်​မစ္စကင်​က​တော့ သမီးနဲ့ပက်​သက်​သမျှအချက်​အလက်​​တွေကို ပိုက်​စိပ်​တိုက်​နည်းအမျိုးမျိုးဖြင့်​လိုက်​ရှာကာ သမီးဖြစ်​သူ၏အချစ်​ဆုံးသူငယ်​ချင်းချွဲမီအို့ကို မသင်္ကာသူလို့ထင်​​ပြီးစစ်​​ဆေးမှု​တွေလုပ်​ခဲ့တယ်​။သမီး​လေးရဲ့အခန်းမှာခိုးပြီးတပ်​ထားတဲ့အသံဖမ်းစက်​​တွေက သူတို့ရဲ့ပြိုင်​ဖက်​နိုဂျယ်​ဆွန်းတို့နဲ့ပက်​သက်​​နေတယ်​လို့လဲသိထားခဲ့တယ်​။ဒါဆိုရင်​ ဒီသမီးဖြစ်​သူကင်​မင်​ဂျင် အသတ်​ခံရတဲ့အ​ကြောင်းအရင်းနဲ့ သတ်​ခဲ့တဲ့အဓိကတရားခံဟာ သူ့အချစ်​ဆုံးသူငယ်​ချင်းလား?ဒါမှမဟုတ်​ အမတ်​​လောင်းနိုဂျယ်​ဆွန်းတို့ဘက်​ကလား ဆိုတာက​တော့....  (ဘာသာပြန်သူကတော့ Htet Thin Zar Maung ပါ)  File Size : (850 MB) Quality : WEB-DL 720p Running Time : 1hr 42min Format : Mp4 Genre :Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Htet Thin ...
movie
The Truth Beneath (2016)
2016
Helpless (2012) 6.7
Helpless (2012) IMDb Rating (6.7) ရရှိထားတဲ့ ဒီကိုရီးယားဇာတ်ကားထဲမှာ The Handmaiden ဇာတ်ကားရဲ့ မင်းသမီး Kim Min-hee နဲ့ မင်းသား Lee Sun Gyun တို့မှ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။Psychological mystery/thriller အမျိုးအစားဇာတ်ကားဖြစ်ပြီးတော့ နာမည်ကျော်ဂျပန်စာရေးဆရာမ Miyuki Miyabe ရဲ့ နာမည်ကြီးဝတ္ထု "Kasha" ကို အသက်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ အတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းပါ။ဝတ္ထုကနာမည်ကြီးသလို ဒီဇာတ်ကားကလဲ ကိုရီးယားဝါရင့်သရုပ်ဆောင်တွေကြောင့် ဝေဖန်မှုကောင်းတွေရရှိထားပါတယ်။~ သင့်မှာလက်ထပ်တော့မယ့် ချစ်သူတစ်ယောက်ရှိတယ်။~ အဲ့ဒီချစ်သူဟာ နောက်ကြောင်းမရှင်းတဲ့သူ ... လျှို့ဝှက်သူ... ကုန်ကုန်ပြောရရင် အစားထိုးခံထားရသူဆိုတာ သင်သိလာခဲ့ရင်...........။ဇာတ်လမ်းလေးကို ဆက်လက်ရှုစားကြရအောင်နော်။  File Size…(900MB) and (380MB)Quality…BluRay Rip 720pFormat…mp4 Duration…01:57:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung   
movie
Helpless (2012)
2012
No Tears for the Dead (2014) 6.8
movie
2014