Channel Myanmar

Kim Kkob-bi

The City of Violence (2006) 7.0
The City of Violence (2006) The City of Violence(2006)IMDb Rating (6.6) / Rotten Tomatoes (100%)My Wife is Gangster မင်းသားကြီး Lee Beom-soo , မာဒုံဆော့ရဲ့ FDA မင်းသားကြီး Park Ji-hwan , အက်ရှင်လူကြမ်းမင်းသား Jung Doo-hong တို့လို့ တကယ့်ဇော်ရုပ်တွေနဲ့ အကြမ်းပတမ်းရိုက်ကူးထားတဲ့ ကိုရီးယားအက်ရှင်ကားပါ။ဇာတ်လမ်းကတော့....ဆိုးလ်မြို့ရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့မှ ထယ်ဆိုး တစ်ယောက်သူငယ်ချင်းဟောင်းဖြစ်သူ ဝမ်းဂျယ်ရဲ့စျာပနာပွဲကိုတက်ရောက်ဖို့အတွက် မွေးရပ်မြေကိုပြန်လာခဲ့ပါတယ်။ မထင်မှတ်ဘဲ သူငယ်ချင်းရဲ့ ဈပနပွဲမှာ မသာမှုတချို့ကို သတိထားမိသွားခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူဝမ်းဂျယ်ရဲ့သေဆုံးမှုဟာ သံသယဖြစ်စရာကောင်းတဲ့အတွက် ထယ်ဆိုးနဲ့ဆော့ဟွမ်းတို့ဟာ သူ့နည်းသူ့ဟန်နဲ့စုံစမ်းကြည့်ကြတဲ့အခါ... ဒီသေဆုံးမှုရဲ့နောက်ကွယ်မှာ မမျှော်လင့်ထားတဲ့သူတွေနဲ့ဆက်နွယ်နေတာကို တွေ့လိုက်ရပါတော့တယ်။ မတရားမှုတွေကို ထယ်ဆိုးတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ... သူမထင်ထားတဲ့သူတွေဆိုတာကရော ဘယ်သူတွေများဖြစ်မလဲဆိုတာ........။ကိုရီးယားအက်ရှင်ကြိုက်သူတွေအတွက်တော့ Rating မြင့်ပြီး လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ပါပဲ။ File size…(5.2 GB )/(2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:33:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated ...
movie

The City of Violence (2006)

Midnight Ballad for Ghost Theater (2006) 6.5
Midnight Ballad for Ghost Theater (2006) Midnight Ballad for Ghost Theater (2006) ============================= IMDb Rating - 6.5/10၂၀၀၆ ခုနှစ်ကထွက်ခဲ့တဲ့ ဇာတ်လမ်းဟောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ဂီတရုပ်ရှင် ပုံစံလေးမို့လို ပြဇာတ်သီချင်းပုံစံလေးတွေ အများကြီးပါဝင် ပါတယ်။ဇာတ်လမ်းအကျဉ်း ---------------------- ဆောင်းဆိုဒန်ဆိုတဲ့ကောင်မလေးဟာ မိဘတွေမရှိဘဲ အဘွား ဖြစ်သူနဲ့ ကြီးပြင်းလာခဲ့တယ်။ တစ်ရက်မှာတော့ သူမရဲ့အဘွားက ရုတ်တရက်ကြီးပျောက်ဆုံးသွားခဲ့ပါတယ်။ မပျောက်ဆုံးခင် တစ်ရက်မှာ ဆမ်ဂေါအီဇာတ်ရုံကိုသွားမယ်လို့ အဘွားက ပြော သွားခဲ့တာကြောင့် ပျောက်ဆုံးသွားတဲ့အဘွားက ဆမ်ဂေါအီကို ကျိန်းသေပေါက်လာမယ်လို့ ဆိုဒန်တစ်ယောက်ထင်နေခဲ့ပါတယ်။ ဒါကြောင့် ဆမ်ဂေါအီဇာတ်ရုံရဲ့ လက်မှတ်ရုံစာရေးအဖြစ် အလုပ် လျှောက်ခဲ့ပါတယ် ။အလုပ်လျှောက်ပြီးသိပ်မကြာခင်မှာပဲ ဆိုဒန်တစ်ယောက် ဇာတ်ရုံ ထဲက သရဲတွေနဲ့ တွေ့တော့တယ်။ အစပိုင်းမှတော့ သရဲတွေကို ကြောက်ရွံနေပေမဲ့ နောက်ပိုင်းမှတော့ သရဲတွေနဲ့ ရင်းနှီးသွားပြီး အဲဒီဇာတ်ရုံကနေ မပြန်ဘဲနေခဲ့တာပေါ့။ ဆိုဒန်ရဲ့အဘွားက ငယ် ရွယ်စဉ်တုန်းက မင်းသမီးတစ်ယောက်ဖြစ်ခဲ့တာကိုသိလို့ အဘွား ပါဝင်ထားတဲ့ဇာတ်ကားကို ဒီဇာတ်ရုံမှာပြနိုင်ဖို စီစဉ်ခဲ့တာပေါ့။ ဒါပေမဲ့ ဒီဇာတ်ရုံကိုရောင်းပစ်လိုက်ဖို့ ဖြစ်လာတဲ့အခါမှာ ဆိုဒန် တစ်ယောက် ဇာတ်ရုံမရောင်းပစ်ရဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hay Thar ဖြစ်ပါတယ်)File Size..........(2.13 GB) / (708 ...
movie

Midnight Ballad for Ghost Theater (2006)

2006
The King of Pigs (2011) 6.7
The King of Pigs (2011) The King of Pigs (2011) ဇာတ်လမ်းအညွှန်း **********************************ဦးစွာပထမပြောချင်တာကတော့ ဒီကားဟာ Animation ကားဆိုပေမဲ့ တော်တော်လေးကို Deep ဖြစ်တဲ့ဘက်ကို သွားထားတဲ့ Psychological, Drama, Thriller Film အမျိုးအစားပဲဖြစ်ပါတယ်။ ကိုရီးယားမှာ Animation ကားတွေသိပ်မပေါ်လာသေးတဲ့အချိန် ဒါရိုက်တာက လက်တွေ့ဖြစ်ရပ်တွေ၊ အတွေ့အကြုံတွေကိုပါ ပေါင်းစပ်ပြီး အကောင်းဆုံးဖြစ်အောင် တင်ဆက်ထားနိုင်တာမလို့ ဆုတွေအများကြီးဆွတ်ခူးထားနိုင်တဲ့ကားပါ။ ဒီကားက 2011 တုန်းကတည်းက ထွက်ရှိထားခဲ့တာဖြစ်ပြီး အခုလက်ရှိ 2022 မှာလည်း ဒါကို Adaptation ပြန်လုပ်ထားတဲ့ Serie ကို နာမည်ကြီးမင်းသားတွေရဲ့ သရုပ်ဆောင်ပီပြင်မှုနဲ့အတူ ခံစားကြည့်ရှုလို့ရနေပါပြီ။Animation ကားဆိုပြီး အထင်မသေးသင့်တဲ့အပြင် ရင့်သီးတဲ့စကားအသုံးအနှုန်းတွေနဲ့အတူ လက်ရှိဘဝက ထိတ်လန့်စရာအမှန်တရားတွေကိုပါ ထင်ဟပ်အောင်ပြသထားနိုင်တဲ့အတွက် အသည်းငယ်သူတွေမကြည့်သင့်ကြောင်း ကြိုပြီးသတိပေးထားပါရစေ။ Suicidal သဘောတရားတွေပါ ပါနေတာမလို့ စိတ်ဓာတ်ကျရောဂါအခံရှိသူများလည်း ကြည့်ရှုဖို့မသင့်ပါကြောင်း ထပ်လောင်းပြောကြားပါရစေ။ဇာတ်လမ်းအကြောင်းအရာကတော့...ကျောင်းမှာ အားကြီးတဲ့သူက အားနည်းသူကို အနိုင်ကျင့်နေကြဖြစ်တဲ့ Bully case ...
movie

The King of Pigs (2011)

Maggie (2018) 6.2
Maggie (2018) Maggie 2018 ============လူတွေရဲ့ ယုံကြည်မှုဟာ ဘယ်လောက်ထိ အရေးပါလဲတစ်ခုခု ယုံကြည်ချက်ရှိတယ်ဆို ကိုယ့်ယုံကြည်မှုအတိုင်းဆက်လုပ်မလားယုံကြည်မှုဟာ ဘာတွေနဲ့ သက်ဆိုင်လဲဘာတွေအပေါ်မှာ မူတည်နေလဲဒီဇာတ်လမ်းလေးမှာတော့ Itaewon class က စားဖိုမှူးမလေးကိုသူနာပြု ဆရာမလေး ယောယွန်ယောင်းအဖြစ် တွေ့ရမှာဖြစ်ပါတယ်ဒီဇာတ်ကားဟာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်း ၆ ဆု ရရှိထားတာဖြစ်ပါတယ်ဇတ်လမ်းအကျဉ်း"မာရီယာရဲ့ အချစ်"လို့ အမည်ရတဲ့ ဆေးရုံတစ်ရုံရဲ့ ဓာတ်မှန်ခန်းထဲက.....လူ၂ယောက် လိင်ဆက်ဆံတာကို ရိုက်ထားတဲ့ ဓာတ်မှန်ပုံကြီး ထွက်လာခဲ့ပါတယ်အဲ့့ပုံထွက်လာပြီးနောက်နေ့မှာပဲ ဆေးရုံမှာရှိသမျှ ၀န်ထမ်းတွေအကြောင်းအမျိုးမျိုးပြပြီး ခွင့်ယူသွားခဲ့တယ်ဒုဆေးရုံအုပ်နဲ့ သူနာပြုယောယွန်ယောင်းပဲ အလုပ်မှာရှိနေခဲ့ပါတယ်လူတွေကို သံသယ၀င်တတ်လွန်းတဲ့ ဒုဆေးရုံအုပ်နဲ့ ယုံကြည်တတ်လွန်းသူ ယောယွန်ယောင်း.....သူတို့တွေဟာ လူတွေအပေါ်မှာထားတဲ့ သူတို့ယုံကြည်မှုတွေမှန်ကန်ရဲ့လား စစ်ဆေးခဲ့တယ်အဲ့ထဲမှာ သူနာပြုယောယွန်ယောင်းရဲ့ ချစ်သူလည်းပါ၀င်ခဲ့ပါတယ်သူတို့ရဲ့ယုံကြည်မှုဟာ မှန်ကန်ရဲ့လားဘယ်သူတွေကို ယုံကြည်ဖို့ ရွေးချယ်လိုက်မလဲဆိုတာဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော် File Size – 1.4 GB Quality – 1080p FHDRip File Type – mp4 Duration – 1h ...
movie

Maggie (2018)

2019