Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kim Ki-hyeon
6.5
Seducing Mr. Perfect (2006)
Seducing Mr. Perfect (2006) ============================ဒီနေ့မှာတော့ ၂၀၀၆ ခုနှစ်အချိန် မမ Uhm Jung Hwa တို့ ငယ်ရွယ်ခဲ့စဥ် အခုလိုလန်းမြဲလန်းခဲ့စဥ်က ကိုကို Daniel Henney နဲ့ အတွဲညီညီသရုပ်ဆောင်ထားတဲ့ Romance, Drama ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အချစ်စစ်အချစ်မှန်ဆိုတာ တကယ်ရှိတယ်ဆိုပြီး တထစ်ချယုံကြည်တဲ့ မင်ဂျွန်းက တွဲသမျှရည်းစားတိုင်းရဲ့ထားခဲ့ခြင်းကိုခံရပြီး အချစ်ကံခေသူကောင်မလေးပေါ့။ လက်ရှိရည်းစားရဲ့သစ္စာဖောက်စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ မင်ဂျွန်းတို့ကုမ္ပဏီကို တစ်နေ့ကျ သူဌေးအသစ်ဖြစ်တဲ့ ရော်ဘင် ရောက်လာပါတော့တယ်။ (မင်ဂျွန်းဘေးကို ရှင်ဘုရင်ရောက်လာဖို့ သူတောင်းစားကောင်က ဖယ်ပေးလိုက်ရတယ်ဆိုပါတော့:3) သိပ်ချစ်တတ်လွန်းတဲ့ မင်ဂျွန်းက သူချစ်ပြီဆိုရင် မိန်းကလေးမာနရယ်လို့ ဂုဏ်သိက္ခာရယ်လို့ ထည့်မတွက်ဘဲ သူကပဲ အရင်ဖုန်းခေါ်, သူကပဲ အရင်ပြေးတွေ့နဲ့ ရယူခြင်းထက် ပေးဆပ်ခြင်းကို ပိုခုံမင်တဲ့ကောင်မလေးပေါ့။ ဒီလိုမင်ဂျွန်းရဲ့ပုံစံကို ရော်ဘင်ကနည်းနည်းလေးမှ သဘောမတွေ့ပါဘူး။ ဒီလိုနဲ့ နှစ်ယောက်သားတွေ့လိုက်တာနဲ့ စကားနိုင်လုကြရာကနေ ရော်ဘင်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် အရှိုက်ထိသွားရတဲ့မင်ဂျွန်းက “Mr. Perfect ကြီးကို ဖမ်းစားပြမယ်” ဆိုပြီး စိန်ခေါ်ရာကနေ နှစ်ယောက်သားရဲ့ဖူးစာဇာတ်လမ်းလေး အစပြုလာပါတော့တယ်။ကြည့်ဖူးပြီးသားသူတွေလည်း အလွမ်းပြေပြန်ကြည့်နိုင်သလို မကြည့်ဖူးသေးတဲ့သူတွေအနေနဲ့လည်း တစ်မျိုးလေးကြည့်ပျော်တဲ့ ရိုမန့်စ်ကားလေးပါ။ အထူးသဖြင့် ကိုကို ...
movie
Seducing Mr. Perfect (2006)
2006
6.7
The Flu (2013)
[Unicode]The Flu (2013)လက်ရှိဝူဟန်ဗိုင်းရပ်စ်ဖြစ်နေတဲ့အချိန်မှာ ၂၀၁၃လောက်ကထွက်ထားတဲ့Flu လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ဇာတ်လမ်းကတော့ တရုတ် ဖိလစ်ပိုင် စတဲ့မတူတဲ့နိုင်ငံတွေကနေကိုရီးယားကို တရားမဝင်လူကုန်ကူးတဲ့ကွန်တိန်နာပေါ်ကပါလာတဲ့ နိုင်ငံခြားသားလူမျိုးတွေဆီမှာ H5N1ဆိုတဲ့ဗိုင်းရပ်စ်အဖျားပိုးပါလာခဲ့တယ်...တောင်ကိုရီးယားဆိပ်ကမ်းကို ကွန်တိန်နာရောက်ရှိလာတဲ့အချိန်မှာ ကိုးရက်တာကြာခဲ့ပြီး ကိုးရက်တာအတွင်းအလုံပိတ်ကွန်တိန်နာထဲမှာရှိတဲ့အဖျားပိုးက ရောဂါအညစ်အကြေးဘာညာစတာတွေကြောင့် Avian Virusဆိုတဲ့တုတ်ကွေးဗိုင်းရပ်စ်အဖြစ်သန္ဓေပြောင်းခဲ့တယ် ၊နိုင်ငံတကာမှာ H5N1 ဝက်တုတ်ကွေးစတဲ့ဗိုင်းရပ်စ်တွေဖြစ်ပြီး လူအသေပျောက်ရှိခဲ့ပေမယ့် ရာသီတုတ်ကွေးလောက်သာဖြစ်ပြီး ကြီးကြီးမားမားဖြစ်ဖူးတာမျိုးမရှိတဲ့တောင်ကိုရီးယားနိုင်ငံ ဘူဒန်မြို့ကို ထိုဗိုင်းရပ်စ်ရောက်ရှိလာတဲ့အချိန်မှာတော့....ကန်ဂျီဂူးဆိုတဲ့ ကယ်ဆယ်ရေးအဖွဲ့ကဝန်ထမ်းလေးနဲ့ ရောဂါရှာဖွေရေးကဆရာမကင်အင်ဟေးနဲ့သမီးဖြစ်သူ ကင်မီရီဆိုတဲ့ ဇာတ်ကောင်တွေနဲ့ ဒီဇာတ်လမ်းကိုပိုအသက်ဝင်အောင်ပုံဖော်ထားပါတယ် ။တစ်ကယ်ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းလေးမို့ လက်ရှိ coronaဒဏ်ကိုအံတုနေရတဲ့ တရုတ်နိုင်ငံကြီးဘေးကင်းပါစေလို့ဆုတောင်းရင်း တင်ဆက်ပေးလိုက်ပါတယ်...။(အညွှန်းနဲ့ဘာသာပြန်သူကတော့ Myint Myat Thinn ဖြစ်ပါတယ် )File Size__(3GB) / (1.6B) Quality__Bluray_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__01:27:00 Type__Drama, Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by Myint Myat Thinn Encoded by Naing Aung Latt
movie
The Flu (2013)
2013
5.4
[18+] A Tale of Legendary Libido (2008)
Penthouse ရဲ့ ရှေ့နေလီ တဖြစ်လဲ မင်းသားကြီး Bong Tae-gyu ဟာရုပ်မြင်တာနဲ့ ရယ်ရတဲ့ ဟာသသရုပ်ဆောင်ကောင်းတစ်ယောက်ပါ။အခုလဲ သူ့ရဲ့ 18+ ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်း အကျဉ်းလေးကတော့... ငယ်စဉ်ကတည်းက မိဘဖြစ်သူတွေ မရှိတော့လို့ အစ်ကိုဖြစ်သူနဲ့သာကြီးပြင်းနေထိုင်ခဲ့ရတဲ့ဗြောင် ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်ကတည်းက အစ်ကိုဖြစ်သူနဲ့မတူဘဲ အင်္ဂါသေးပြီး ဗုဒ္ဓဟူးကြီးနေရှာတာပါ။ ဒီလိုနဲ့ တနေ့မှာ ကံကြမ္မာအလှည့်ပြောင်းပြီး ရှေးနှစ်ပေါင်းများစွာကတည်းက ဖော်စပ်ထားတဲ့ ဆေးတော်ကြီးနဲ့ တွေ့လိုက်တဲ့အခါမှာတော့ အဲ့ကောင်လေးရဲ့ မြုံနေတဲ့ပန်းကြီးပွင့်လန်းလာခဲ့ပါတော့တယ်။ တိုက်ဆိုင်ချင်တော့ ရွာထဲမှာ ယောကျာ်းတွေအကုန်နီးပါး စစ်မှုထမ်းဖို့ တစ်အိမ်တစ်ယောက်နဲ့ စစ်ထဲပါသွားကြပြီး တစ်ရွာလုံး မာတုကာမတွေချည်းသာကျန်ပါတော့တယ်။ ကိုင်း...နတ်ဆေးတွေ့ထားတဲ့ ဗြောင်ဆိုတဲ့ကောင်လေးနဲ့ တရွာလုံးက မိန်းမတွေ တွေ့ကြတဲ့အခါမှာတော့....။ (BluRay Quality 1080p 5.1 CH နဲ့ စာတန်းထိုးအမှန်အကန်နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။)File size…(1.8 GB) / (1.1 GB) / (500 MB) Quality…BluRay 1080p /720p / Format…mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by JJ
movie
[18+] A Tale of Legendary Libido (2008)
2008