Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kim Jong-goo
6.4
Champion (2018) Chaem-pieon
ကိုရီးယား ဒရာမာဆန်ဆန် ဇာတ်လမ်းကောင်းတွေကို ကြည့်ရှူချင်ကြသူတွေအတွက် ဝတုတ်မင်းသားလို့ခေါ်ကြတဲ့ ကိုရီယားမင်းသား Ma Dong-Seok ရဲ့ ၂၀၁၈ ထွက်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်…မာ့ခ် လို့ခေါ်တဲ့ ကိုရီယားလူမျိုး တစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် အမေရိကန်လူမျိုးမိသားတစ်စုရဲ့ မွေးစားခြင်းကိုခံရပြီး အမေရိကန် နိုင်ငံမှာပဲ ကြီးပြင်းခဲ့ပါတယ်..သူဟာငယ်စဉ်ကတည်းက လက်မောင်းလှဲအားကစားကို ရူးသွပ်ပြီး ချန်ပီယံတစ်ယောက် ဖြစ်ချင်ခဲ့တာပါ…ဒီလိုနဲ့အရွယ်ရောက်လာချိန်မှာ အမေရိကန် လက်မောင်းလှဲ အားကစားအသင်းတစ်ခုမှာ ဝင်ရောက်ကစားကာ အောင်ပွဲတွေဆက်တိုက်ယူနေရင်း အကြောင်းတစ်ခုကြောင့် ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ သူဟာ ကလပ်တွေ ဘားတွေ ဈေးဆိုင်တွေမှာ လုံခြုံရေးအဖြစ် ကြုံရာ လုပ်ကိုင်နေထိုင်ခဲ့ရပါတယ်တစ်ရက်တော့ ညီအစ်ကိုလိုချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ကိုရီးယားမှာ လက်မောင်းလှဲပြိုင်ပွဲကြီးရှိတဲ့အတွက် သူ့ကို ကိုရီးယားကိုခေါ်ပါတော့တယ်….မာ့ခ်တစ်ယောက် ပြိုင်ပွဲဝင်ဖို့ကိုရီးယားရောက်လာပြီး သူ့ရဲ့ပျောက်ဆုံးနေတဲ့မိသားစုကို ပြန်လည်ရှာဖွေရင်း ချန်ပီယံတစ်ယောက်ဖြစ်လာနိုင်ပါမလား….။အရမ်းကိုကြည့်ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပြီး အသည်းနုသူတွေအတွက် မျက်ရည်ဝဲစေမယ့်ကားလေးတစ်ကားဖြစ်ပါတယ်လို့ အာမခံပေးပါရစေ။Rating တွေအနေနဲ့ကတော့ IMDb- 6.4/10….Rotten Tomatoes – 89 %။ File size…(2.7 GB ...
movie
Champion (2018) Chaem-pieon
2018
5.8
Room No.7 (2017)
Room No. 7 (2017) (အညွှန်း) ==================== လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က DVD ရုံဖွင့်ရင်း စီးပွါးဖြစ်ပြီးချမ်းသာသွားတဲ့အသိတစ်ယောက်အကြောင်းကို ကြားဖူးထားတဲ့ “ဒူရှစ်” ဟာ အရင်လုပ်နေတဲ့ဟင်းသီးဟင်းရွက်ဆိုင်ပြုတ်ပြီး မိန်းမဖြစ်သူရဲ့အစွန့်ပစ်ခံလိုက်ရပြီးနောက် DVD ရုံဖွင့်မယ်ဆိုပြီး ဆိုးလ်ကိုတက်လာပါတော့တယ်။ ရှိစုမဲ့စုပိုက်ဆံလေးရယ် ချေးငွေယူထားတဲ့ပိုက်ဆံရယ်နဲ့ အပ်ဂူဂျောင်မှာ “ဟောလိဝုဒ်” DVD ရုံကိုဖွင့်လိုက်ပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကလောက် ခေတ်မစားတော့တဲ့ DVD ရုံလုပ်ငန်းက စီးပွါးလုံးဝမဖြစ်ပြန်ပါဘူး။ ဒီလိုနဲ့ပေးစရာရှိတဲ့အကြွေးတွေမပေးနိုင်တဲ့အပြင် တစ်ဦးတည်းသောအချိန်ပိုင်းအလုပ်သမား “ထယ်ဂျောင်း” ကိုလည်း လစာမပေးနိုင်တော့ဘဲ DVD ရုံကိုရောင်းနိုင်ဖို့ အသေအလဲကြိုးစားပါတော့တယ်။တစ်ဖက်မှာလည်း လူမိုက်တွေအပေါ်အကြွေးတင်နေတဲ့ “ထယ်ဂျောင်း” မှာလည်း သူတို့ရဲ့မူးယစ်တွေကိုသိမ်းပေးရင် “ထယ်ဂျောင်း” ရဲ့အကြွေးတွေကိုချေပေးမယ်ဆိုတဲ့ကတိကြောင့် DVD ရုံရဲ့ အခန်းနံပါတ် ၇ မှာ မူးယစ်ဆေးတွေကိုဖွက်ထားဖို့ဖြစ်လာပါတော့တယ်။ စီးပွါးမဖြစ်လို့ ရောင်းရခက်နေတဲ့ဆိုင်ရယ် .. အဲဒီဆိုင်ရောင်းရမှာပဲအသက်ရှူချောင်မှာမို့ ဆိုင်ရောင်းထွက်ဖို့အရေး ဘာမဆိုလုပ်ဖို့အသင့်ဖြစ်နေတဲ့ “ဒူရှစ်” ရယ် .. ဖွက်ထားတဲ့မူးယစ်ဆေးတွေကြောင့် ရတက်မအေးနိုင်ဖြစ်နေရှာတဲ့ “ထယ်ဂျောင်း” ရယ် .. ထယ်ဂျောင်းဖွက်ထားတဲ့မူးယစ်ဆေးတွေအပြင် တခြားမထင်မှတ်ထားတဲ့လျှို့ဝှက်ချက်တွေရှိနေပြန်တဲ့ အခန်းနံပါတ် ၇ ရယ် .. ...
movie
Room No.7 (2017)
2017
Extreme Festival (2023)
မန်ဂျင်းမှာလုပ်မဲ့ ဒေသပွဲတော်တစ်ခုက မကျင်းပခင် တစ်ပတ်အလိုမှာပဲဂျောင်ဂျုံးယဉ်ကျေးမှုပွဲတော်ကနေ ယွန်းဆန်းဂွန်းယဉ်ကျေးမှုပွဲတော်အဖြစ် နာမည်ပြောင်းသွားပါတယ်။အဆိုပါပွဲတော်ကို စီစဉ်သူကတော့ "သ၀န်တိုမှုက ငါ့ရဲ့အင်အား" လို့ခေါ်တဲ့start up ကုမ္ပဏီလေးရဲ့ ကိုယ်စားလှယ်အီဟယ်ဆူပဲဖြစ်ပါတယ်။ဆိုးတာတစ်ခုက ပွဲတော်နေ့မှာ ပွဲကြည့်ထိုင်ခုံတွေက အလွတ်တွေချည်းဖြစ်နေပြီးဖိတ်ကြားထားတဲ့ ဧည့်သည်အဆိုတော်ကလည်း ရောက်မလာဇာတ်ညွှန်းပြောင်းသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြဇာတ်အဖွဲ့ကလည်း ဆန္ဒပြ...မျှော်မှန်းထားသလို တစ်ခုမှဖြစ်မလာတဲ့ ပွဲတော်လေးကို ဟယ်ဆူတစ်ယောက်အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ပြီးဆုံးအောင် ကျင်းပနိုင်မလား....ဘယ်လို ရယ်စရာအလွဲလေးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦးနော်... File Size : 1.2GB, 527MB Quality : WEB-DL1080P,720p Format : mp4 Duration : 01:34:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by Tiff
movie
Extreme Festival (2023)
2023
6.2
Bear Man (2023)
Bear Man / Ungnami (2023)ထီလက်မှတ်တစ်စောင်နဲ့ တိုင်ပတ်ခဲ့တဲ့ ဂင်ချားနားအပြီးမှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ နောက်ထပ်ဟာသကားသစ်လေးနဲ့ ဂင်ချားနားတစ်ယောက် ရောက်လာပြန်ပါပြီ။ဒီတစ်ခါတော့ ထီလက်မှတ်နဲ့မဟုတ်ဘဲ ဝက်ဝံလူသားနဲ့တိုင်ပတ်ကြတော့မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ငယ်ငယ်လေးတုန်းကကြားဖူးနေကျ ကျေးညီနောင်နှစ်ကောင်လိုပါပဲ။ ဇီဝပညာရှင်တွေရဲ့ စမ်းသပ်စီမံမှုကြောင့် ဝက်ဝံကနေ လူအဖြစ်အသွင်ပြောင်းလာခဲ့ကြတဲ့ ဝက်ဝံညီနောင် အွန်းနမ်နဲ့အွန်းဘို့တို့ရဲ့ အကြောင်းပါ။အွန်းနမ်ကိုတော့ သူ့ကိုစီမံခဲ့တဲ့ ဇီဝပညာရှင်လင်မယားကပဲ သားအရင်းတစ်ယောက်လို ကျွေးမွေးစောင့်ရှောက်ထားခဲ့ပေမဲ့ အွန်းဘို့ကတော့ လူဆိုးတစ်ယောက်ရဲ့လက်ထဲမှာ အခိုင်းအစေသာသာနဲ့ ဒုစရိုက်မှုတွေလုပ်ရင်း ကြီးပြင်းလာခဲ့ရပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ အွန်းနမ်ဟာ အွန်းဘို့အဖြစ်ဟန်ဆောင်ပြီး အမှုကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်ဖို့ဖြစ်လာတဲ့အခါ ဒီညီအစ်ကိုနှစ်ယောက်ရဲ့ကံကြမ္မာက ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုကြရမှာပါ။Casts တွေအနေနဲ့ ဝါရင့်သရုပ်ဆောင် Park Sung Woong အပါအဝင် မျက်နှာမြင်ရုံနဲ့တင် ရယ်ချင်တဲ့ ဂင်ချားနားလည်း ပါဝင်ထားတာမို့ ဟာသကားကြိုက်တဲ့ပရိသတ်ကြီး လက်လွှတ်မခံကြပါနဲ့ဦးနော်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy Quality…. 1080p | ...
movie
Bear Man (2023)
2023
7.0
Exit (2019)
Exit (2019)IMDb - 7.0/10_____Rotten - 83% CM Fan တွေအတွက် ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ မကြာသေးမှီ အပတ်တွေက ရုံတင်သွားခဲ့တဲ့ Exit ဆိုတဲ့ ကိုရီးယား ရုပ်ရှင်ဇတ်လမ်း ကို CM က ရုပ်ထွက်အကြည်နဲ့ တင်ဆက်ပေးလိုက်ပါပြီ။ ဇတ်လမ်းပုံစံကတော့... ယောင်နမ် ဆိုတဲ့ အသက်လတ်ပိုင်း အရွယ် လူပျိုကြီးဖြစ်ခါစ တောင်တက်သမားဟောင်း ကနေ ဇတ်လမ်းစရမှာပဲ... အားကစားအလုပ်ကိုသာ စွဲမြဲ လုပ်ပြီး ဘယ်ကောင်မလေးကမှလဲမကြိုက် အလုပ်လဲ မယ်မယ်ရရ မရှိ အင်တာဗျူးတိုင်း မအောင် စိတ်ဓါတ်မကျအောင်နေပြီး အိမ်က အဖေ နဲ့ အမေ ဆီ ကပ်စားနေတဲ့ သူ တစ်ယောက်ပေါ့ :D ယောင်နမ် မှာ အစ်မ တွေ ရှိပြီး အကုန်အိမ်ထောင်ကျကုန်ပေမဲ့ ယောင်နမ် တစ်ယောက်သာ ဂေါ်မစွံ လူပျိုကြီး လုပ်နေပြီး အိမ်ကနေ မခွာနိုင် ဖြစ်နေခဲ့တာပါ.... တစ်ရက်မှာတော့ ယောင်နမ်တို့ အမေ ရဲ့ မွေးနေ့ အဖြစ် ဟိုတယ် တစ်ခုမှာ အခန်းငှားပြီး မွေးနေ့ ...
movie
Exit (2019)
2019
HEVC 1080p
6.9
A Girl at My Door (2014)
[Unicode]IMDb Rating - 6.9/10သင်က Psychological Drama တွေကိုနှစ်သက်တဲ့သူဆိုရင်တော့ ဒီကားကိုအကြိုက်တွေ့နိုင်ပါတယ်။ Lesbianတစ်ယောက်နဲ့ ၁၄နှစ်အရွယ်ကောင်မလေးရဲ့ကြားကချစ်ခြင်းမေတ္တာအကြောင်းရိုက်ကူးထားတာဖြစ်တဲ့အပြင် ဒွိဟဖြစ်စေတဲ့ဆက်ဆံရေးကိုရိုက်ကူးထားတာကြောင့် Low Budgetရိုက်ကူးရေးဖြစ်ခဲ့တဲ့အပြင် ပါဝင်ခဲ့နဲ့ Bae Doonaနဲ့ Kim Sae Ronတို့ ၂ယောက်လုံးက အနုပညာကြေးမယူဘဲရိုက်ကူးပေးခဲ့တဲ့ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိတစ်ဦးဖြစ်တဲ့"လီယောင်းနမ်"ဟာ သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကြောင့် အထင်လွဲခံရပြီး ဆိုးလ်ကနေကမ်းခြေမြို့လေးဆီ ရာထူးရွှေ့ပြောင်းခံခဲ့ရပါတယ်။ မြို့ကိုရောက်တဲ့အခါ ၁၄နှစ်အရွယ် "ဒိုဟီး"ကို ပထွေးနဲ့အဘွားကအမြဲနှိပ်စက်နေတာကို စပြီးတွေ့မြင်ခဲ့ရပါတယ်။"ဒိုဟီး"ကို ပထွေးကထပ်ပြီးနှိပ်စက်မှာကိုစိုးရိမ်တဲ့အတွက်ကြောင့် "ယောင်းနမ်"က နွေရာသီကျောင်းပိတ်ရက်အတွင်းမှာ သူ့အိမ်မှာလာနေဖို့ "ဒိုဟီး"ကိုခေါ်ထားခဲ့ပါတယ်။ဘဝတစ်လျှောက်လုံး သူ့ကိုဂရုစိုက်တဲ့သူမရှိခဲ့တဲ့"ဒိုဟီး"ကို "ယောင်းနမ်"ကမိသားစုဝင်တစ်ယောက်လိုဆက်ဆံတဲ့အခါ သူ့ကိုခင်တွယ်လာပါတယ်။ ဒီလိုနဲ့ကလေးမလေးရဲ့အကြောင်းတွေကိုပိုပြီးသိလာရတဲ့အခါမှာတော့ ရိုးအတဲ့ သာမန်ကလေးမလေးမဟုတ်တာကိုသိလာရပါတယ်။တစ်ဖက်မှာလည်း ပထွေးရဲ့လုပ်ငန်းမှာ တရားမဝင်လုပ်သားတွေကိုခိုင်းတာကြောင့်ပထွေးကိုဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရဲအရာရှိဖြစ်သူယောင်းနမ်နဲ့ အချေအတင်ဖြစ်လာပါတယ်။သူ့အလုပ်ကိုထိခိုက်လာတဲ့အတွက် ပထွေးက"ယောင်းနမ်က ဒိုဟီးနဲ့လိင်ပိုင်းဆိုင်ရာပတ်သက်မှုရှိပါတယ်"ဆိုပြီး တိုင်ချက်ပြန်ဖွင့်တဲ့အခါမှာတော့Lesbianတစ်ယောက်ဖြစ်တဲ့ယောင်းနမ်ကဒိုဟီးကို စိတ်သန့်သန့်နဲ့စောင့်ရှောက်ခဲ့တယ်ဆိုတာကိုဘယ်လိုသက်သေပြမှာလဲ ဒီလိုပြစ်မှုကြောင့်ပဲနယ်ပြောင်းခံရတဲ့ယောင်းနမ်နဲ့ စိတ်ဒဏ်ရာရှိတဲ့ဒိုဟီးတို့ကြားမှာဘာတွေဆက်ဖြစ်သွားမလဲ မထင်ထားတဲ့ထွက်ဆိုချက်တွေကြားမှာ ယောင်းနမ်တစ်ယောက် ပြစ်မှုကနေလွတ်မြောက်နိုင်မလားဆိုတာကို ဒီဇာတ်ကားမှာဆက်လက်ကြည့်ရှုနိုင်ပါပြီ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ) [Zawgyi]IMDb Rating - ...
movie
A Girl at My Door (2014)
5.7
For the Emperor (2014)
[Unicode]ဒီတစ်ခေါက်မှာတော့ ခပ်မိုက်မိုက် Action ကားလေးတစ်ကား တင်ဆက်ပေးမှာပါRugal က မင်းသားကြီး Park Sung-Woong နဲ့ The lies within က မင်းသား Lee Min-Ki တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းအီဟွမ်ဟာ ဘေ့စ်ဘော ကစားသမားတစ်ယောက်ဖြစ်ပါတယ်လက်ဒဏ်ရာကြောင့် အဆင့်ကျပြီး ကစားသမားဘဝက ထွက်ခဲ့ရသူပါဆန်းဟာကတော့ ငွေတိုးချေးစားတဲ့ လူမိုက်သူဌေးတစ်ယောက်ဖြစ်ပြီး လောင်းကစားဝိုင်းတွေလည်း ထောင်ထားပါတယ်အီဟွမ်နဲ့ သူဌေးဆန်းဟာ တို့ တွေ့ဆုံပြီးတဲ့နောက် လူမိုက်လောကမှာ အီဟွမ်ကို ဘယ်လိုလက်သတ်မွေးမလဲ...သူတို့ဖြစ်ချင်တဲ့ အတိုင်းဖြစ်လာပါ့မလားဆိုတာ အကြမ်းစား အလန်းစား ရိုက်ပြထားတဲ့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုခံစားကြရအောင်..။*** 18+ ဇာတ်ဝင်ခန်းများပါဝင်တဲ့အတွက် မိသားစုနဲ့ တူတူကြည့်ရှုဖို့ မသင့်တော်ပါဘူး ***( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Seung ဖြစ်ပါတယ် ) [Zawgyi]ဒီတစ်ခေါက်မှာတော့ ခပ်မိုက်မိုက် Action ကားလေးတစ်ကား တင်ဆက်ပေးမှာပါRugal က မင်းသားကြီး Park ...
movie
For the Emperor (2014)
5.9
Sword in the Moon (2003)
[Unicode]Sword in The Moon (2003)ဂျိုဆောင်ခေတ်ကာလ စစ်သားနှစ်ဦးအကြောင်း Action-Adventure ကားတစ်ခုဖြစ်ပါတယ်။လရောင်ပေါ်ကဓား လို့ အမည်တွင်တဲ့ ဘုရင့်စစ်တပ်အဖွဲ့က ချွဲဂျီဟွမ်နဲ့ ချိုဂူယဲ နှစ်ယောက်ဟာ ညီအစ်ကိုလို သံယောဇဉ်အခိုင်အမာနဲ့ ခင်မင်ရင်းနှီးခဲ့ကြပေမယ့်...တစ်နေ့ လက်ရှိဘုရင်ကို ဖြုတ်ချပြီး ဘုရင်အသစ် နန်းတက်တဲ့အခါ ချိုဂူယဲဟာ သူ့တပ်ဖွဲ့ကိုငဲ့ကာ လက်ရှိဘုရင်ဆီ သစ္စာခံလိုက်ရပြီးချွဲဂျီဟွမ်ကတော့ အရင်ဘုရင်ဟောင်းဘက် သစ္စာခံရင်း ပျောက်ကွယ်သွားခဲ့ပါတယ်။နှစ်အတော်ကြာတဲ့အခါ ချိုဂူယဲဟာ ရက်စက်ကြမ်းကြုတ်တဲ့ ကွက်မျက်သူ အဖြစ် အမည်တွင်ကာ ဘုရင်သစ်ထံ အမှုထမ်ဆောင်နေရင်း ချွဲဂျီဟွမ်ဟာ ဘုရင်ဟောင်းအတွက် ကလဲ့စားချေဖို့ ပြန်ထွက်ပေါ်လာတဲ့အခါ...ဆန့်ကျင်ဘက်ဖြစ်သွားတဲ့ ညီအစ်ကိုလို ခင်မင်ကြသူ စစ်သားနှစ်ဦးရဲ့ အားပြိုင်မှုနဲ့အတူ အဆုံးသတ်ဟာ သူတို့အချင်းချင်း ရန်သူလုံးဝ ဖြစ်သွားမလား ထာဝရမိတ်ဆွေအဖြစ် ရှိနေမလား ဆိုတာကို အတိုက်အခိုက်တွေကြားက န်ုင်ငံရေးအရှုပ်တော်ပုံဆန်ဆန် ကြည့်ရှုရမှာပါ ။( အညွှန်းရေးသားထားသူကတော့ Deer ပါ ) [Zawgyi]Sword in The Moon ...
movie
Sword in the Moon (2003)
7.1
Nameless Gangster: Rules of the Time (2012)
1961 ခုနှစ်မှာ ကိုရီးယားနိုင်ငံအတွင်းရှိ မြေအောက်ဂိုဏ်းတွေ ဖြိုခွင်းခဲ့တာကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ လူ့သဘော လူ့သဘာဝတွေ ထင်ဟပ်နေတဲ့ ဇာတ်ကားဖြစ်ပြီး IMDb Rating (7.2/10) ရရှိထားပါတယ်။File size...994MB Quality....Blu-ray Rip 720p Format...mp4 Duration....02:13:49 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung
movie
Nameless Gangster: Rules of the Time (2012)