Channel Myanmar

Kim Ji-hoon

The Roundup: Punishment (2024) 7.0
The Roundup: Punishment (2024)  အားလုံးစောင့်မျှော်နေကြတဲ့ မာဒုန်ဆော့ ကားသစ်ကြီးလာပါပြီ....ဒီတစ်ခါတော့ အမှုသစ်ကတော့ မူးယစ်ဆေးနဲ့အွန်လိုင်းဂိမ်းလိမ်လည်တဲ့အမှုတွေကိုဖော်ထုတ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်...အစပထမက အမှုသေးလေးလို့ထင်ခဲ့ပေမဲ့ လူသေမှုပေါင်းများစွာဟာ လောင်းကစားဂိမ်းနဲ့ဆက်စပ်နေတာကိုသိတဲ့အခါမှာတော့စုံထောက်မာတို့ နည်းလမ်းမျိုးစုံနဲ့အမှုလိုက်ဖို့ကြိုးစားပါတော့တယ်...ဒီကားက ရယ်ရတဲ့အခန်းတွေများသလို အက်ရှင်ခန်းတွေလည်း တော်တော်ကြီးကိုကောင်းတာမို့ စောင့်မျှော်ရကြိုးနပ်လိမ့်မယ်လို့ထင်ပါတယ်... File size… 1.74GB / 871MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1hr 49min Genre ….. Action, Crime,Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miri Stary, Hnin Wai, Treasure Htet & Tiff    
movie

The Roundup: Punishment (2024)

The Whistleblower (2014) 6.8
The Whistleblower (2014) The Whistleblower 2014သုတေသနဓါတ်ခွဲခန်းတစ်ခုကနေ အလုပ်ထွက်လာတဲ့ သုတေသီတစ်ဦးက သတင်းသမားတစ်ယောက်ကို ဒီစကားပြောခဲ့ပါတယ်။ "ကျွန်တော့်မှာ ဘာသက်သေမှ မရှိပါဘူး ဒီလိုဆိုရင်တောင် ကျွန်တော့်စကားကို ယုံပေးမလား"2005 ခုနှစ်တုန်းက တောင်ကိုရီးယား သုတေသနပညာရှင်တစ်ဦးနဲ့ သူ့ရဲ့ လုပ်ကြံဖန်တီးမှုတွေအပြင် ဖော်ထုတ်ခံလိုက်ရတဲ့ အမှန်တရားဇာတ်ကွက်အားလုံးကို တစ်ပုံစံတည်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာ ဇီဝနည်းပညာဘာဘာသာရပ်နဲ့ သက်ဆိုင်တဲ့ အသိပညာဗဟုတုတတွေကို ထည့်သွင်းထားတဲ့အပြင် မျက်မှောက်ခေတ်မှာ တွေ့နေရတဲ့ ဆေးပညာသစ်တွေနဲ့ လက်တွေ့စမ်းသပ်မှု ပြုလုပ်လာကြတဲ့အပေါ် အမှားနဲ့အမှန်ကို သေချာပိုင်းခြားတတ်ဖို့ ပညာပေးထားတာကိုပါ ခံစားမိမှာပါ။ပင်မဆဲလ်ပုံတူပွားယူခြင်းဆိုင်ရာ စာတမ်းတစ်ခုကို ပြင်ဆင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ပါမောက္ခတစ်ဦး။ ကုသလို့မရနိုင်တဲ့ ရောဂါကိုခံစား‌နေရတဲ့ လူနာတွေအတွက် ပင်မဆဲလ်အစားထိုးကုသမှုက မျှော်လင့်ချက်လိုဖြစ်နေတဲ့အတွက် နိုဘယ်ဆုရှင်အဖြစ်ပါ သတင်းထွက်နေတဲ့ ပါမောက္ခပါ။ ဒိတ်ဒိတ်ကြဲ ပါမောက္ခကြီးရဲ့ ဒီဇီဝနည်းပညာဟာ ထင်ထားသလောက် မရိုးရှင်းပါဘူး။ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဒါကို လက်မခံနိုင်တဲ့ သုတေသီတစ်ဦးက သက်သေအခိုင်အမာမရှိတဲ့အတွက် မတတ်နိုင်တဲ့အဆုံး အမှန်တရားမှန်သမျှကို အတွင်းကျကျ ဖော်ထုတ်တဲ့ ပရိုဂရမ်တစ်ခုရဲ့ ...
movie

The Whistleblower (2014)

The Recipe (2010) 6.6
The Recipe (2010)  Genre – Drama, Romance, Mystery IMDB – 6.6/10 အမြီး ၉ ချောင်း မြေခွေးအလန်းစားကြီး Lee Dong-Wook ရဲ့၂၀၁၀ ခုနှစ်တုန်းက လွမ်းဆွတ်ကြည်နူးဖွယ်ရာ ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ချင်ပါတယ်။ အတိအကျပြောရမယ်ဆို ပဲပိစပ်ဟင်းရည် ဒွမ်ဂျန်ဆိုတဲ့ ရိုးရာ ဟင်းတစ်ခွက်ကိုအသုံးချပြီး Marketing ကောင်းကောင်းထည့်ပြီး ဖန်တီးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း အစပိုင်းမှာ စိတ်လှုပ်ရှားဖွယ်မှတ်တမ်းရုပ်ရှင်အထာနဲ့ တဖြည်းဖြည်းချင်း ဇာတ်ကို ပံ့ပိုးထားပြီးနောက်ပိုင်းမှ လျှို့ဝှက်ချက်တွေကို ဇာတ်ထုပ်ပြန်ဖြည်တဲ့ စတိုင်မျိုးပါ။ ဇာတ်လမ်းလေးကတော့ တောင်ကိုရီးယားမှာ လူ ၁၂ ယောက်ကိုသွေးအေးအေးနဲ့သတ်ဖြတ်ပြီး အာဏာပိုင်တွေလက်အောက်ကနှစ်ပေါင်းကြာရှည်စွာ ထွက်ပြေးတိမ်းရှောင်နေတဲ့ လူသတ်သမားကြီးကတောထဲတောင်ထဲက စားသောက်ဆိုင်လေးထဲ ရဲတွေလာဖမ်းတာကိုအသာတကြည်နဲ့ ပြန်မခုခံပဲ အေးဆေး အဖမ်းခံခဲ့ပါတယ်။ အဲဒါနဲ့သေဒဏ်ပေးခါနီး နောက်ဆုံးဆန္ဒကို ပြောပါဆိုတော့ ဘာပြောတယ်ထင်လဲ…”အဲဒီဆိုင်က ဒွမ်ဂျန်ဟင်းရည် သောက်ချင်တယ်” တဲ့ဗျာ။အဲဒါနဲ့ သေခါနီးလူတစ်ယောက်ရဲ့နောက်ဆုံးဆန္ဒက ထူးထူးခြားခြားဒီဒွမ်ဂျန်ကို သောက်ချင်ရအောင် ဘာတွေများ ထူးခြားနေလို့လဲဆိုပြီးသတင်းထောက်ကြီးဟာ အဖြေကိုလိုက်ရှာတဲ့အချိန် နောက်ကွယ်ကလွမ်းဆွေးဖွယ် ...
movie

The Recipe (2010)

Missing(2016) 6.7
Missing(2016) Missing(2016) အညွှန်း*******************ဂျီဆွန်းဆိုတဲ့အမျိုးသမားဟာ လက်ရှိမှာ အိမ်ထောင်ကွဲနေတယ်..သမီးလေးတစ်ယောက်နဲ့ ဘဝကိုရုန်းကန်နေရတာပေါ့..အလုပ်ကလည်းတစ်ဖက်ဆိုတော့ ကလေးထိန်းအမျိုးသမီးတစ်ယောက်နဲ့တစ်နေကုန်ထားခဲ့ရပြီး ညမှသာ အိမ်ပြန်လာရတယ်..တစ်ဖက်မှာလည်း ခင်ပွန်းဟောင်းက သမီးကိုပြုစုထိန်းသိမ်းခွင့်လျှောက်တော့ တရားရင်ဆိုင်နေရပြန်တယ်..ဒီလိုနဲ့ တစ်နေတော့ ကလေးထိန်းရော သမီးလေး ရုတ်တရက်ပျောက်သွားတဲ့အခါမှာတော့..ဘယ်သူတွေပြန်ပေးဆွဲသွားတာလဲ..ကလေးထိန်းနဲ့ သမီးလေးကို ဘေးမသီရန်မခဘဲ ကယ်တင်နိုင်မလားဆိုတာကိုတော့..File Size :(1.6GB) (771 MB) and (126MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:40:00 Genre : Drama, Myastery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Encoded by Phyo Pyae
movie

Missing(2016)

The Age of Blood (2017) 7.0
The Age of Blood (2017) The Age of Blood ဇာတ်ကားဟာ 2017 ခုနှစ်ကထွက်ရှိထားတဲ့ ကိုးရီးယားဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်ဂျိုဆွန်းခေတ်သမိုင်းဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့အက်ရှင်ဇာတ်ကားလေးပါဇာတ်လမ်းအကျဉ်းကတော့ ဂယောင်ဂျုံးမင်းကြီးကိုလုပ်ကြံပြီး ယောင်းဂျိုမင်းကြီးနန်းတက်တာကြောင့် ဆိုရွန်အမတ်များအဖွဲ့မှ ပုန်ကန်ခြားနားပါတော့တယ်ခေါင်းဆောင်ကတော့ လီအင်ဂျွာပါ သို့ပေမယ့် ဘုရင့်တပ်များနှိမ်နင်းခြင်းခံရပြီး ဖမ်းဆီးထောင်သွင်းအကျဉ်းချခံလိုက်ရပါတော့တယ်လီအင်ဂျွာတစ်ယောက် ထောင်ထဲရောက်နေပေမယ့် ပုန်ကန်ရန်ထပ်မံကြံစည်ပုံ.........အရာရှိရာထူးကနေပြုတ်ကျပြီးသာမန်ထောင်စောင့်လေးဖြစ်ေနေတဲ့ ကင်ဟိုတစ်ယောက် ပုန်ကန်မှုကိုတားဆီးပုံ......သွေးချောင်းစီးမယ့်ပုန်ကန်မှုကြီးမှာပါဝင်နေတဲ့ နောက်ကွယ်ကလက်များ.......အရေးသာချိန်မှာကိုယ့်ဘက်ပါပေမယ့် အရေးနိမ့်ချိန်မှာကိုယ့်ကိုစွန့်ပစ်တဲ့လူ့သဘောသဘာဝတွေ.........စတာတွေနဲ့အတူ သိုင်းချခန်းကောင်းကောင်းတွေကို တစ်ဝကြီးခံစားရမှာပါ၁၇၂၈ ယောင်းဂျိုနန်းသက်လေးနှစ်မှာဖြစ်ပွားတဲ့ သွေးချောင်းစီးပုန်ကန်မှုကြီးကို အခြေခံပြီးရိုက်ကူးထားတဲ့ အက်ရှင်ကားတစ်ကားဖြစ်ပါတယ်File Size : (950 MB) and (370 MB) Quality : HDRip 720p Running Time : 1hr 42min Format : Mp4 Genre :Action,Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p HDRip H264 AAC-JAYENT Translated by Ei Pa Pa San Encoded ...
movie

The Age of Blood (2017)

Northern Limit Line (2015) 6.6
Northern Limit Line (2015) Northern Limit Line (2015)_____IMDb - 6.6/10   ကိုယ်က ရုပ်ရှင်ကြည့်တာ ဝါသနာပါတော့ ကိုယ့်အားလပ်ချိန်တွေမှာ အချိန်ရရင်ရသလို ရုပ်ရှင်ကားကောင်းတွေကို ကြည့်လေ့ရှိပါတယ်။ ဒီတစ်ပတ်ကြည့်ဖြစ်တာက“Northern Limit Line”သာမန်အားဖြင့် ကိုရီးယားကားတွေ၊ ဇာတ်လမ်းတွဲတွေကို ကြည့်လေ့ မရှိပေမယ့် ဒီတစ်ကားတော့ ကြည့်ဖြစ်သွားတယ်၊ စစ်ကားဖြစ်နေတာလည်း ပါမှာပေါ့လေ။ဇာတ်လမ်းက ၂၀၀၂ခုနှစ် ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲကို တောင်ကိုရီးယားမှာ ကျင်းပတဲ့အချိန် တောင်နဲ့ မြောက်ကိုရီးယားနိုင်ငံကြား ပင်လယ်ဝါထဲက Northern Limit Line မှာ ရေတပ်ချင်း ထိတွေ့မှုဖြစ်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို ပြန်ရိုက်ကူးထားတာပါ။ရုပ်ရှင်အကြောင်းကို မပြောခင် ‪#‎Northern Limit Line‬ (NLL) ဆိုတာဘာလဲဆိုတာကို ပြောချင်ပါတယ်။ ‪#‎NLL‬  ဆိုတာ တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား ပင်လယ်ဝါအတွင်း ရေပြင်ပိုင်ဆိုင်မှု အငြင်းပွားဆဲ နေရာကို ဖြတ်သန်းရေးဆွဲထားတဲ့ စိတ်ကူးမျဉ်းဖြစ်ပါတယ်။ ဒီလို ပိုင်းခြားသတ်မှတ်ထားတာကို မြောက်ကိုရီးယားက အသိအမှတ်ပြုခြင်းမရှိပါဘူး။ထို့ကြောင့် မြောက်ကိုရီးယား ငါးဖမ်းလှေ၊ သင်္ဘောတွေဟာ စစ်ရေယာဉ်များ အစောင့်လိုက်ပါပြီး ...
movie

Northern Limit Line (2015)

2015