Channel Myanmar

Kim Hye-seong

71: Into the Fire (2010) 7.3
71: Into the Fire (2010) 71: Into the Fire (2010) *********************** နာမည်ကြီး ရုပ်ရှင်မင်းသားကြီးတွေဖြစ်တဲ့ Cha Seung-won၊ Kwon Sang-woo၊Kim Seung-woo နဲ့ T.O.P တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာတောင်-မြောက်ကိုရီးယားစစ်ပွဲကာလအတွင်း ၁၉၅၀ ခုနှစ် သြဂုတ် ၁၁ ရက်ဖိုဟန်တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြတဲ့ တောင်ကိုရီးယားကျောင်းသားလေး ၇၁ ယောက်ရဲ့ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-ယုံးဒေါ့နယ်က အူတူတူအတတ စစ်သင်တန်းသား အိုဂျန်ဘုံးဟာလက်တိုလက်တောင်းအကူအညီပေးရတဲ့ စစ်သားလေးပဲဖြစ်ပါတယ်။တိုက်ပွဲပြင်းထန်လာတဲ့တစ်ရက် အသက်အန္တရာယ်နဲ့ ကြုံလာရချိန်မှာသူ့ရဲ့ဗိုလ်မှူးဟာ သူ့ကိုကာကွယ်ပေးရင်း အသက်ပေးလိုက်ရတဲ့အတွက်စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီးနေနေတဲ့သူပါ။တောင်-မြောက် စစ်ပွဲတွေ ပြင်းထန်လာပြီး စစ်သားမလုံလောက်မှုတွေ ဖြစ်လာတဲ့အခါမှာအမိမြေကိုကာကွယ်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ကျောင်းသားလေးတွေဟာကိုယ့်ဆန္ဒနဲ့ကိုယ် တပ်ထဲကို ဝင်‌ရောက်လာကြပါတယ်။ထိုအချိန်မှာ အလယ်တန်းကျောင်းမှာ စခန်းချနေတဲ့ တောင်ကိုးရီးယားတပ်မဟာအနေနဲ့နက်ဒုံမြစ်ဘက်မှာ စစ်ပွဲရင်ဆိုင်ဖို့သွားရချိန် ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်တွေကိုဦးဆောင်ဖို့နဲ့ စခန်းကိုစောင့်ကြပ်ရေးတာဝန်ကို တောင်စစ်တပ်စု (၃)ရဲ့ ခေါင်းဆောင်ဗိုလ်ကြီးဟာအိုဂျန်ဘုံးကို ပေးအပ်လိုက်ပါတော့တယ်။မိမိစီနီယာသေဆုံးသွားလို့ ယုံကြည်ချက်မဲ့နေတဲ့ အိုဂျန်ဘုံးတစ်ယောက်ဟာအသစ်ဝင်ရောက်လာတဲ့ ...
movie

71: Into the Fire (2010)

Jenny, Juno (2005) 6.3
Jenny, Juno (2005) Jenny, Juno ( 2005 )ဂျယ်နီဂျူနိုဟာ ၁၅နှစ်ကလေးတွေရဲ့ အချစ်ဇာတ်လမ်းလို့ပြောရမလား။ ဒါမှမဟုတ် ၁၅နှစ်ကလေးတွေရဲ့ အမှားတွေအကြောင်းလို့ပြောရမလား။ ကလေးတွေရဲ့အသိစိတ်နဲ့ လူကြီးတွေရဲ့အသိစိတ်ကြားက သဘောထားကွဲလွဲမှုဇာတ်လမ်းလို့ပြောရမလား ခေါင်းစဉ်တပ်ရတော့ခက်တယ်။ ဂျယ်နီဂျူနိကို ရိုက်တဲ့ဒါရိုက်တာက ကင်ဟိုဂျွန်း။ လက်ရှိ အသက်အစိတ် ၃၀နားကပ်နေတဲ့လူတွေတော့ သူ့ကို မသိတောင် သူ့ကားတွေကို ရင်းနှီးကြမှာပဲ။ ကင်ရေဝန်း မွန်ဂန်ယောင်းနဲ့ ရှင်းဆယ်ဂယောင်းတို့ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ My Little Bride ( 2004 )လိုကားမျိုးတွေ , Love Match (2014)တို့ , Touch By Touch (2015)တို့လို ၁၈ပလပ်ဆန်ဆန်ကိုရီးယားတွေ ရိုက်ခဲ့ဖူးတဲ့လူပါပဲ။ Love Match (2014)ကိုတော့ ကြည့်ဖူးတဲ့လူတွေ ငြိခဲ့ဖူးကြမှာပါ။ ဘာလို့လဲမသိ ဒီကားတွေမှာ တူညီတဲ့အချက်က မိန်းကလေးငယ်ငယ်လေးတွေနဲ့ လိင်မှုကိစ္စခန်းတွေပါနေတာပါပဲ။ My Little Bride ( 2004 ) နဲ့ အခုရုပ်ရှင် Jenny, Juno ( 2005 )ကတော့ အထက်တန်းကျောင်းသူ ကလေးမလေးတွေနဲ့ ဇာတ်လမ်းဖြစ်ကြတာကို ...
movie

Jenny, Juno (2005)

2005
The Chosen: Forbidden Cave (2015) 5.5
The Chosen: Forbidden Cave (2015) The Chosen: Forbidden Cave (2015)ဒဏ္ဍာရီအဆိုတွေ ရှိခဲ့တဲ့ တားမြစ်ထားရလောက်တဲ့ထိ ကြောက်စရာကောင်းတဲ့ မြွေလိုဏ်ဂူတစ်ခု...အဲ့ဒီဂူထဲက အငြိုးကြီးတဲ့မကောင်းဆိုးဝါးတစ်ကောင်ဟာ မျိုးရိုးစဉ်ဆက်အလိုက် ရွေးချယ်ထားသူ နတ်ဆရာမျိုးရိုးမှာ ကူးပြောင်းလာရင်းဂင်ဂွန်းဂျူဆိုတဲ့ အမျိုးသမီးဆီရောက်လာတဲ့အခါ ဂွန်းဂျူက လက်ခံဖို့ ငြင်းဆန်လိုက်တဲ့အခါမှာတော့မိသားစုမှာ ကံဆိုးမှုတွေကြုံတွေ့ပြီး နောက်ဆုံး သမီးဖြစ်သူဆီ မကောင်းဆိုးဝါးက ကူးပြောင်းသွားတဲ့အခါ...ကူညီပေးမယ့် စိတ်ရောဂါဆရာဝန်ဖြစ်ရုံသာမက ဝိဉာဉ်လောကကိုပါ သိကျွမ်းတဲ့ ပါမောက္ခ ရှင်းဂျင်မြောင်နဲ့အတူ သူတို့အခက်အခဲကို ကျော်ဖြတ်သွားနိုင်မလားဆိုတာ ကြည့်ရှုလိုက်ကြရအောင်ပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ )File Size__(1GB) Quality__720p IMDb Rating__5.5/10 Format__mp4 Duration__01:46:00 Type__Horror , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded by Naing Aung Latt
movie

The Chosen: Forbidden Cave (2015)

Paper Flower (2019)
Paper Flower (2019) ၂၀၁၉ခုနှစ်ကထွက်ထားတဲ့ ဒီ Paper Flowerဆိုတဲ့ကားလေးကတော့ မိသားစု Drama ကားလေးတစ်ကားဖြစ်ပြီး ဒီကားထဲမှာ အခု Penthouse ထဲကမင်းသမီး Eugene နဲ့ မင်းသားကြီး Ahn Sung-Ki တို့ ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သုဘရာဇာ(အလောင်းပြင်ပေးရတဲ့ သူတစ်ယောက်)အကြောင်းနဲ့ ဇာတ်အိမ်တည်ထားပါတယ်။လူဆိုတာ တစ်နေ့သေမျိုးချည်းပါပဲ။ဆင်းရဲရဲချမ်းသာချမ်းသာ သေရင်တော့အကုန်လုံးမြေကြီးထဲရောက်သွားရင် အတူတူပါပဲ။ဒီဇာတ်ကားရဲ့အဓိက msg ကတော့သုဘရာဇာတစ်ယောက်ဖြစ်လာရင် ပတ်ဝန်းကျင်က မြင်ကြပုံ အမြင်တွေ၊ သုဘရာဇာတစ်ယောက်ရဲ့ဘဝကိုလူအများနားလည်နိုင်အောင် ဇာတ်လမ်းဆင်ထားပြီး အဲ့ဒီသုဘရာဇာကြီးအိမ်မှာ မသန်မစွမ်းသားဖြစ်သူကို ပြုစုစောင့်ရှောက်ဖို့ ကလေးတစ်ယောက်အမေ သူနာပြုတစ်ယောက်ရောက်လာခဲ့ရာကနေ အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာမယ်ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ကြရမှာဖြစ်ပါတယ်။ ဘဝသင်ခန်းစာလည်းရသလို ဒရမ်မာတစ်ကားအနေနဲ့ ဇာတ်လမ်းလေးနည်းနည်းအေးတယ် ထင်ရပေမယ့် သင်ခန်းစာယူစရာလေးတွေနဲ့ ကြည့်လို့လည်းကောင်းမယ့် ဇာတ်ကားလေးတစ်ကားဖြစ်မယ်လို့ညွှန်းပေးချင်ပါတယ်။ Translated by : Moe Pwint Encoded by : YKQuality : 720pFile Size : 1.1GB
movie

Paper Flower (2019)

2019